ကလေးများဘဝ လုံခြုံဘေးကင်းရေးသည် ပထမ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

ကလေးများဘဝ လုံခြုံဘေးကင်းရေးသည် ပထမ


ကောင်းမြင့်မြတ်စိန်
.
ကဗျာဆရာ ကိုကောဇာ၏ 'သမီးရဲ့ သမီးအတွက်'' ခေါင်းစဉ်ဖြင့် ကဗျာလေးကို ဖတ်ရှုခံစားပြီး ဝေမျှချင်စိတ် ဖြစ်လာမိပါသည်။ (သမီးရေ ညည်းမွေးထားတဲ့ ကလေး၊ သမီး မိန်းကလေးနော်၊ အရွယ် ငယ်သေးတယ်လို့ အမြင် မမှား၊ မျက်ကွယ်ရာမှာ လွှတ်ထားလို့၊ တစ်ယောက်ထဲ မကစားပါစေနဲ့ကွယ်။ သမီးရေ ညည်းတို့ မိသားစု၊ ဘဝတစ်ခုအတွက် နှစ်ယောက်လုံး ရုန်းကန်၊ အိမ်မှာ ကျန်ခဲ့တဲ့ သမီး မိန်းကလေး၊ ကချော်ကတိမ်း မဖြစ်ရ အောင်၊ ဘယ်သူ့ကို ထိန်းခိုင်း ထားသလဲကွယ်။ သမီးရေ ညည်းကလေးရဲ့ စာသင်ကျောင်း၊ ပြယုဂ် ဘယ်လောက် ကောင်းကောင်း၊ လာလာ ချောင်းနေတဲ့ ကာမငန်းရူး၊ လည်ပင်းနဲ့ နဖူးမှာ စာမကပ်၊ လူအပြတ်ကို စောင့်ကြည့်နေတယ် ဆိုတာ၊ အမြဲ သတိရှိပါကွယ်။ သမီးရေ ညည်း တို့ရဲ့ အိမ်ဝန်းကျင်၊ ယုန်ထင် ကြောင်ထင် မမြင်နိုင်ပေမယ့် သိက္ခာထိုင်ကြောင်သူတော် ကြွက်သူခိုး၊ ဖုန်းပွတ်တဲ့ တန်ခိုးတွေနဲ့ ရမက်ဘိုး အကျင့်ယုတ်ဖို့အတွက် ညစ်ပတ်တဲ့ အကြံတွေ ထုတ်နေတယ်ဆိုတာ ကြိုတင်ဖမ်းအုပ်နိုင်ပါ ကွယ်။ သမီးရေ ညည်းသိထားဖို့က လိုဘတွေ ဇောတိုက်၊ လောင်မြိုက်နေတဲ့ ရာဂနဲ့၊ ဇောင်း ထနေတဲ့ တဏှာသွေးသားကို တိရစ္ဆာန်တစ် ကောင်နဲ့ မခြား။ ဦးနှောက်ဉာဏ် မစဉ်းစားဘဲ။ အရွယ်မထား အချက်မသိ၊ ကာမအကြည့်နဲ့သာ ထိတွေ့မှားချင်နေတဲ့ လူဗလ၊ လူ့အတ္တ နွားအ တွေအတွက် ပေးချင်တဲ့ လက်ဆောင်အကြံက တော့ ငရဲခံသေဒဏ်ပါကွယ်)။ ထို ကဗျာလေးမှာ တစ်နှစ်ထက်တစ်နှစ် အဖြစ်များလာအောင်  ''သက်ငယ်မုဒိမ်း''ကိစ္စကို မီးမောင်းထိုးပြနေလေသည်။
.


.
ပြည်ထဲရေး ဒုတိယဝန်ကြီးက သက်ငယ် မုဒိမ်းအမှုများ ၂ဝ၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂ဝ၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂ဝ၁၈ ဧပြီ လအထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း ပြော ခဲ့ရာ ဖြစ်ပွားနှုန်းက တစ်နှစ်ထက် တစ်နှစ်ပိုမို အဖြစ်များလာနေသည်။ ''မြင့်မိုရ်မေတ္တာ နားခို ရာ''(Single Mother Home) တည်ထောင်သူ ဒေါက်တာမြတ်သန့်က (အဲဒီ ကိန်းဂဏန်း တွေထက်တောင် ပိုပြီး ဖြစ်နေပါတယ်။ တချို့ မိန်းကလေး မိဘတွေက ရဲကို မတိုင်ဘူး။ ရှက် လို့။ တချို့မိဘတွေကျတော့ မသိနားမလည်ကြ ဘူး။ လူမသိအောင် ဖုံးဖိနေကြတာတွေလည်း ရှိတယ်) ဟုဆိုသည်။ တရားဥပဒေ စိုးမိုးမှုအား နည်းခြင်း၊ တရားဥပဒေအကြောင်းကို မသိနား မလည်ခြင်း၊ တရားဥပဒေကို မယုံရဲခြင်းများ ကြောင့် ရင်နှင့် ကြေကွဲဖွယ် အဖြစ်ဆိုးများ အမှန် တကယ်လည်း ရှိနေပါသည်။ ငွေများ တရားနိုင် ဆိုသကဲ့သို့ ငွေဖြင့်ဖိသောအဖြစ်ဆိုး များလည်း ရှိသည်။ ထိုအဖြစ်ဆိုးမျိုး ကယား ပြည်နယ် မော်ချီးမိုင်းတွင် ၂ဝဝ၈ ခုနှစ် တစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်မှာ တစ်ကြိမ် ဖြစ်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်မှာ မုဆိုးမမိသားစု တစ်စုအိမ်တွင် လာရောက်တည်းခိုသော လူယုတ်မာက အိမ် ရှင်မုဆိုးမ၏ မြေးငယ် ၃ တန်းကျောင်းသူလေးကို အဓမ္မပြုကျင့်ခြင်း ဖြစ်သည်။ ထို လူယုတ်မာက အာဏာရှိ နောက်ခံ အသိုင်းအဝိုင်းအားဖြင့် ငွေသိန်းအနည်းငယ်မျှသာ အလျော်ပေးကာ ကျေအေးစေခဲ့သည်။ မုဆိုးမ မိသားစုခမျာ ပေးသမျှဖြင့် ကျေနပ်ခဲ့ရသည်။ ၂ဝဝ၉ ခုနှစ်တွင် အယောင်ဆောင် ဘုန်းကြီးဝတ်၍ ကျောင်း ထိုင်ကိုယ်တော် လုပ်နေသူကကျောင်းမှကျောင်း သားငယ် ၇ နှစ်သားကို အဓမ္မပြုကျင့်ကာထွက် ပြေးသွားခဲ့သည်။ ထိုသူသည် ယခင်ကလည်း အမြဲ မူးရူးသောက်စားနေသူ ဖြစ်သည်။ အလုပ်ကို လက်ကြောတင်းအောင် လုပ်သူ မဟုတ်ချေ။ အစားချောင်၊ အနေချောင်အောင်၊အယောင် ဆောင် ဘုန်းကြီးဝတ်နေခြင်း ဖြစ်သည်။ ယုံ လွယ်သော မြန်မာလူမျိုးတို့ ထုံးစံအတိုင်း၊ ကိုး ကွယ်ထားကြရာ ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ ကြလေသည်။ ကလေး၏ မိဘများက မခံနိုင် ၍ လိုက်ရှာကြသော်လည်း ထိုဘုန်းကြီး အ ယောင်ဆောင် လူယုတ်မာကို ရှာမတွေ့ခဲ့ပါ။ လက်လုပ်လက်စား ဆင်းရဲသားများ ဖြစ်၍ မိမိ တို့၏ စားဝတ်နေရေးအတွက်လည်း ရုန်းကန် နေရသဖြင့် ဆက်မရှာခဲ့နိုင်ပါ။
.
ကလေးငယ်များအတွက် လုံခြုံဘေးကင်း သော ပတ်ဝန်းကျင်ကောင်းများ အရေးတကြီး ပင် လိုအပ်နေပါပြီ။ မကြားဝံ့ မနာသာ သတင်း များက နားနှင့်မဆံ့အောင် ကြားနေကြရသည်။ Victoria ကလေး၏ ကိစ္စနှင့် ပတ်သက်၍ အမှု မှန် ပေါ်ပေါက်ရေး၊ တရားမျှတမှု ရှိရေး၊နောက် ထပ် ဤကိစ္စမျိုး မပေါ်ပေါက်ရေးတို့အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသော မြို့ကြီး များနှင့် အခြားမြို့များတွင် ပြည်သူလူထုက ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လာကြသည်။ ဒီမို ကရေစီခေတ်၏ အားသာချက် ကောင်းကွက်များပင် ဖြစ်သည်။ အများအကျိုးအတွက် ပြည် သူလူထုက မှန်ကန်သောနည်းဖြင့် စည်းလုံးညီ ညွတ်စွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ တ ရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေးကို တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။ ယိုင်နဲ့နေသောတရားရေး မဏ္ဍိုင်ကို ပြည်သူလူထုက ထိန်းကိုင်ပေးရခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲတွင် ခေါင်းဆောင်သူ တစ်ဦးက ကလေးငယ်များ၏ မိဘများကို တပ်လှန့်နှိုးဆော်သော စကားကို ပြောခဲ့သည်။
.
''ဒီလို သက်ငယ် မုဒိမ်းကိစ္စတွေ မဖြစ်လာ နိုင်အောင် မိဘတိုင်းက ကလေးတွေကို ကြို တင်ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။ ဖြစ်ပြီးမှ လုပ်ကိုင်နေကြတာထက် မဖြစ်ခင်ကာ ကွယ်တာက ပိုအဓိပ္ပါယ်ရှိပါတယ်''
.
မှန်ပါသည်။ ကလေးများ ဘေးကင်းလုံခြုံ ရေးအတွက် မိဘတိုင်းသာမက၊ အစ်ကိုအစ်မ များ၊ ဆွေမျိုးမိတ်ဆွေ အသိုင်းအဝိုင်း၊ အိမ်နီး ချင်း၊ တစ်ရပ်ထဲသားချင်းများကလည်း ဝိုင်းဝန်း လုပ်ဆောင်ကြရပါမည်။ ဆရာ၊ ဆရာမများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်ရွာလူကြီး များ၊ ရပ်မိရပ်ဖများပါမကျန် ကလေးငယ်တိုင်း ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရပါမည်။ မိဘချင်း သားသမီးချင်း စာနာကြသဖြင့် ကူညီ ထိန်းကျောင်းပေးသင့်ကြသည်။
.

''ကလေးငယ်တွေကို ဒီလိုအဓမ္မ ပြုကျင့်ခံ နေရတာဟာ ပတ်ဝန်းကျငှ်ေ်န မဖြစ်လို့ပါ။ှေ်န ဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားနေခဲ့ တာ ကြာပါပြီ''ဟု(Single Mother Home) တည်ထောင်သူ ဒေါက်တာမြတ်သန့်က ပြောသည်။ မြန်မာ စကားပုံတွင် ပတ်ဝန်းကျင်ကောင်းလျှင် အကူအညီကောင်း ရပုံကို (အိမ်နီးချင်းကောင်းရင် လင်ကောင်းရတယ်)ဟူ၍ ပြောဆို သုံးနှုန်းကြသည်။ ပတ်ဝန်းကျင်ကောင်း ရချင် လျှင် မိမိတို့ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်ရန် လိုသည်။ ပတ်ဝန်းကျင်သည် လူမှုပတ်ဝန်းကျင်၏ အဓိကဖြစ်ပေရာ ပေါင်းသင်းဆက်ဆံကြရာတွင် ကူညီဖေးမတတ်ဖို့ ဖော်ရွေ စွာခေါ်ပြော နှုတ်ဆက်ဖို့၊ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် အနည်းဆုံး ပြုံးပြတတ်ဖို့တော့ လိုပါသည်။ ခင်မင်ရင်းနှီးမှုများရအောင် ဆက်ဆံနေထိုင်ကြ သင့်သည်။ နွေးနွေးထွေးထွေး ပေါင်းသင်းသင့် ကြသည်။ စိမ်းမနေသင့်၊ ခပ်တန်းတန်း မနေ သင့်ကြပေ။ ကျွန်တော်နေထိုင်ရာ အေးသာယာ မြို့ အမှတ် (၁ဝ)ရပ်ကွက် အိမ်နီးချင်း အမျိုးသ မီးသည် (တစ်ရွာလုံးနဲ့ ဝိုင်းစိန်တစ်ယောက် တည်း မတည့်သူ)ဖြစ်ရာ သူက ''ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်ရှိမှ ကိုယ်စားရတာ ငါတို့ ကတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး''ဟု အမြဲ ပြောကာ အိမ်နီးချင်းများနှင့်လည်း သင့်မြတ် သောအခါ ရပ်ကွက်ထဲမှ မည်သူမျှ မလာတော့ ချေ။ ခြောက်ကပ် တိတ်ဆိတ်နေ၏။ သို့ဖြစ်၍ လူမှုပတ်ဝန်းကျင်ကောင်းကို မိမိတို့ ကိုယ်တိုင် ကလည်း စတင်ဖန်တီး တည်ဆောက်ရမည်ဖြစ် သည်။
.
အိမ်နီးချင်း မကောင်းလျှင်၊ လူမှုပတ်ဝန်း ကျင်မကောင်းလျှင် ယခုခေတ်သည် ပို၍ဘေး ရန် များလှပါသည်။ မြို့ကြီးများဆိုလျှင် အထပ် မြင့်တိုက်ကြီးများတွင် တိုက်ခန်းများဖြင့် နေထိုင် ကြရာ အခန်းနီးချင်းပင် မသိကြချေ။ မရင်းနှီးကြ ချေ။ လုံးဝ မဖြစ်သင့်ပါ။ မိမိနေထိုင်လုပ်ကိုင်ကြ ရာ ပတ်ဝန်းကျင်တိုင်းတွင် လူအချင်းချင်းပြော ဆို ဆက်ဆံနေကြရသည်ဖြစ်ရာ အပြန်အလှန် ဖေးမကူညီ စောင့်ရှောက်မှုများ ရှိလျှင်ပျော်စရာ ကောင်းလေသည်။ ဘေးကင်းလုံခြုံသည်။ သို့ သော် ယခုအခါ ဖုန်းများ (လက်ကိုင်ဖုန်း)ကို လူတိုင်း အသုံးပြုနေကြသဖြင့် မိမိအိမ်ရှိ မိ သားစု အချင်းချင်းပင် စကားမပြောမိကြချေ။ လက်ဖက်ရည်ဆိုင်သို့ သူငယ်ချင်းများနှင့် အ တူထိုင်လျှင်ပင် ကိုယ့်ဖုန်းကိုယ် ပွတ်နေကြသဖြင့် ယခင်ကလို ရင်းနှီးကျွမ်းဝင်စွာ မပြောဆိုမိ ကြတော့ပေ။ လူမှုဆက်ဆံရေးများ အေးစက်နေ ကြသည်။ ထို့ပြင် လူတိုင်းစားဝတ်နေရေးအတွက် နေ့စဉ် ပြေးလွှားရုန်းကန် ရှာဖွေနေကြရ သဖြင့် မိမိတို့၏ သားငယ်သမီးငယ်များကို ရင် အုပ်မကွာ မပြုစု၊ မထိန်းကျောင်းနိုင်တော့ပေ။ မူကြိုကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင် ကျောင်း တတ်နိုင်သူက ထိုကျောင်းများ ပို့ထား ရသည်။ တစ်နေကုန် မိဘနှင့် ကင်းကွာနေကြရသည်။ ညရောက်တော့လည်း မိဘက နွေးနွေးထွေးထွေး မပြုစုနိုင်တော့။T.V ကြည့် လက်ကိုင်ဖုန်းပွတ်ပြီး အိပ်ယာဝင်ကြလေသည်။ ကလေးများကို ဆုံးမသွန်သင်မှု နည်းလာကြ၏။ မိဘများလည်း မပေါ့ဆသင့်၊ မိဘသည်(လက် ဦးဆရာ)ပင် ဖြစ်သည်။
.
ကလေးများအတွက် ဒုတိယအရေးကြီး ပုဂ္ဂိုလ်များမှာ ဆရာ/ဆရာမများပင် ဖြစ်သည်။ ကလေးများ လုံခြုံဘေးကင်းရေးသည် ဆရာ/ ဆရာမတို့၏ အဓိက တာဝန်ဖြစ်သည်။ လိမ္မာ ရေးခြားရှိရေး၊ အသိဉာဏ်ပညာ မြင့်မားရေး သည် ဆရာ/ဆရာမတို့၏ ဝတ္ထရားဖြစ်သည်။ ယနေ့ခေတ်တွင် ဆရာ/ဆရာမများသည် မိဘ များထက် ပို၍ ကလေးများနှင့် ထိတွေ့ဆက်ဆံ သင်ပြနေရသည်။ မိဘအများစုက ယုံကြည် အားကိုးစွာ ငွေကုန်ကြေးကျ ခံကာ ဆရာ၊ ဆရာမများထံ အပ်နှံထားကြပြီး စီးပွား ရှာ နေကြရသည်။ ထို့ကြောင့် ဆရာ၊ ဆရာမ များသည် ဒုတိယမိဘများပင် ဖြစ်သည်။ မိဘ၏ တာဝန်ဝတ္တရားကိုပါ ထမ်းဆောင် နေကြရသူများ ဖြစ်လေသည်။ အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး တစ်ဦးက (ကျွန်တော်ကတော့ ဆရာ/ဆရာမတွေကို ကလေးတွေကို ချစ်တတ်ဖို့ အမြဲသတိပေး ခဲ့တယ်။ ကိုယ့် သားသမီးနဲ့ မခြား ချစ်ဖို့၊ ကလေးကို ချစ်တတ်လာရင် စာသင်ရတာ အောင်မြင်လာမယ်။ ကလေးတွေက ကိုယ့်ကိုယ် ချစ်ခင်အားကိုးလာမယ်လို့ အမြဲလမ်းညွှန် ပြခဲ့တယ်။ ဒါကလည်း ကျွန်တော့်ကိုယ်တွေ့ ဖြစ်လို့ပါ။ ကျွန်တော်ကိုယ်တိုင် ကလေးတွေကို ချစ်တတ်တယ်။ ကလေးတွေကို ကျွန်တော်စာ သင်ရင် တတ်လွယ်တယ်။ ကလေးတိုင်းက ကျွန် တော့်စကားကို နားထောင်ကြတယ်။ ကလေး တွေကလည်း ကျွန်တော့်ကိုချစ်ကြတယ်)။ ဟု ဆိုလေသည်။ ''မေတ္တာခြုံလျှင် လုံသည်''။   ''မေတ္တာဆောင်လျှင် အောင်သည်''ဟူ၍ အဆုံး အမများရှိရာ လိုက်နာကျင့်သုံးရပေမည်။
.
ယခုခေတ်မှာ လိင်မှုဆိုင်ရာ ပြဿနာများ ရှုပ်ထွေးပွေလီလျက်ရှိရာ လိင်မှုဆိုင်ရာ အသိပ ညာပေးမှုများလည်း လိုအပ်လာပါသည်။ က လေးစာပေများ ပြုစု၊ ထုတ်ဝေသူ၊ ဆရာမနွယ် နီကံဝင်းက ''ကလေးတွေကို အသက်အရွယ်အ လိုက် Sex Education သင်ပေးရပါမယ်။ ဒီလိုမျိုး သင်ပေးရင်တော့ ကောင်းကျိုးတွေ များပါတယ်။ မဖြစ်သင့်တာ မဖြစ်အောင် ကြိုတင်ကာကွယ် နိုင်ပါတယ်''ဟု ဆိုသည်။ ကလေးများ ရှောင်သင့် ဆောင်သင့်သော အချက်များကို သိရှိ နားလည် ထားရန်မှာ အမှန်ပင် လိုအပ်ပါသည်။ ယခုခေတ် က လေးများသည် လွန်စွာ သိလွယ်၊ တတ် လွယ်၊ အတု ခိုးလွယ်ကြသဖြင့် မှန်ကန်သော (လိင်မှုဆိုင်ရာ အသိအမြင်များ) သိရှိကြစေရန် သင်ကြားရပါမည်။ ကမ္ဘာရွာကြီးတွင် အနောက် တိုင်း၊ အရှေ့တိုင်း ယဉ်ကျေးမှု ကူးလူးယှက် နွယ်မှု လျင်မြန်နေသဖြင့် အနောက်တိုင်း ယဉ် ကျေးမှု လူနေမှုစရိုက်များက တစ်နေ့တစ်ခြား မြန်မာပြည်အတွင်း ထိုးဖောက်နေသည်။ အမေ နှင့်သား၊ အဖေနှင့် သမီး အတူထိုင်၍ မကြည့် ရဲသော (အပြနှင့် အပြုများ)ကို ယခုအခါTV များမှာပင် မြင်နေရပေပြီ။ မိသားစုအားလုံး အတူ ထိုင်ကြည့် နေကြရပြီ။ ထို့ပြင် လက်ကိုင်ဖုန်း ဖန်သားပြင်များမှာ ညစ်ညမ်း Vedios များ၊ Page များက ပ လူပျံနေသည်။ Sex Education သင်ပြမှု မခံရသော ကလေးများ၊ လူငယ်များအတွက် ရင်လေးဖွယ်ပင်။ အသက်ကြီးပြီး အသိမကြီးသော လူကြီးများပင် မိုက်မှားစွာ ကြည့်ရှု၊ အကုသိုလ်ပွားနေကြသည်။ Facebook များမှ ထို ညစ်ညမ်း Vedios များ Page များ ကိစ္စကို လည်း ဝိုင်းဝန်းရှုတ်ချ ဝိုင်းပယ်ဖို့ လိုအပ်နေပါ ပြီ။ လူသည် အသိတရားရှိသော သတ္တဝါဖြစ် သော်လည်း ထိုအသိတရားသည် မှားယွင်း သောအသိတရား ဖြစ်နေလျှင် လူ့လောကကြီး ကို အန္တရာယ်ပြုပါသည်။ မှန်ကန်သော အသိ တရားဖြစ်အောင် ပညာပေးမှု၊ သင်ပြမှုများ လို အပ်လှပါသည်။ ဘာသာရေး အဆုံးအမများ၊ လောကနီတိများ၊ လူ့ယဉ်ကျေးမှု အစဉ်အလာ များကို သိရှိနားလည် လက်ခံလာရန် မိဘဆ ရာသမားများနှင့် ခေါင်းဆောင်များ လူကြီးများ တွင် တာဝန်ရှိပါသည်။ လူတိုင်း လူတိုင်းပင်မှန် ကန်သော လိင်ပိုင်းဆိုင်ရာ အသိပညာများ သိ ရှိထားသင့်ပါလေပြီ။ ယခုအခါ ဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုများနှင့် အခြားမုဒိမ်းမှုများ သည် မှားယွင်းသော လိင်ပိုင်းဆိုင်ရာ အသိ အမြင် အတွေးအခေါ်များကြောင့်ပင် ဖြစ် လေသည်။
.
နာမည်ကျော် ကာတွန်းဆရာ မောင်မောင် အောင်ကDVB နှင့် တွေ့ဆုံဆွေးနွေးစဉ် ''ဒီ ကနေ့ ကလေးတွေမှာ ဖတ်စရာ ကလေးစာပေ မရှိဘူး။ ကာတွန်းစာအုပ်တွေ အထွက်နည်း သွားပြီ။T.V ကလွင့်တဲ့ အစီအစဉ်တွေမှာလည်း ကလေးတွေအတွက် အစီအစဉ်က အတော်နည်းပါတယ်။ ကျောင်းတွေမှာ သင်တဲ့သင်ခန်း စာတွေမှာ ကလေးတွေ စာဖတ်လာအောင် လေ့ကျင့်သင်ကြားပေးတဲ့ သင်ခန်းစာတွေထည့်ပေး သင့်ပါတယ်။ ကလေးတွေ စာဖတ်လာအောင်၊ စာပေနဲ့ မွေ့ပျော်အောင် လုပ်ပေးသင့်ပါတယ်။ မိဘတွေကလည်း စာအုပ်တွေ၊ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်တွေ ဝယ်ပေးသင့်တယ်။ အိမ်မှာ စာအုပ်စင် ထားရှိသင့်တယ်။ ဒါပေမဲ့ ခုခေတ်မိဘတွေက ကိုယ်တိုင်လည်း ဖုန်းပွတ်နေ ကြတယ်။ သားသမီးကိုလည်း စာအုပ်ဝယ်ပေး မယ့်အစား ဖုန်းပဲ ဝယ်ပေးနေကြတယ်။ မှန် ကန်တဲ့ အသိအမြင်ရအောင် လုပ်မပေးနိုင်ကြ ဘူး''ဟု ဆွေးနွေးခဲ့သည်။
.
''ကံကော်မြေမှ တွဲလက်များ''ပညာရေး ထောက်ကူပြု အသင်းက သက်ငယ်မုဒိမ်းမှုများ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေသဖြင့် မိဘများနှင့် ကလေးများ လိုက်နာသတိပြုရန်အ ချက်များကို မျှဝေထားသည်။
.
ကလေးငယ်များ သတိပြုရန်
  နေအိမ်မှ ဝေးရာသို့ မိဘ၊ အုပ်ထိန်းသူ မ သိဘဲ လုံးဝမသွားပါနှင့်။
  နေအိမ်မှ အပြင်ဘက်သို့ ထွက်ကစားလျှင် မိဘ၊ အုပ်ထိန်းသူများကို အသိပေးပြီးမှသွားပါ။
  ကျောင်း၊ သင်တန်း၊ ကျူရှင်မှ ပြန်လျှင်အိမ် သို့ တန်းပြန်ပါ။ ဖြစ်နိုင်လျှင် အဖော်နှင့် ပြန်ပါ။
  မိမိမသိသော နေရာသို့ မည်သူက ခေါ်ခေါ် မလိုက်ပါနှင့်။
  မိမိမသိသော သူစိမ်းများနှင့် လုံးဝ စကား မပြောပါနှင့်။
  မိမိ မသိသော သူများ ကျွေးသည့်အစား အစာ၊ အအေး၊ အချိုရည်များကို လုံးဝမစား သောက်ပါနှင့်။
  လူထူထပ်သော နေရာများသို့ တစ်ယောက် တည်း မသွားပါနှင့်။
  မိမိ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မိ ခင်မှလွဲ၍ မည်သူ့ကိုမျှ ပေးမကိုင်ပါနှင့်။ ဓာတ် ပုံရိုက် မခံပါနှင့်။  (နှုတ်ခမ်း၊ ရင်ဘတ်၊ ပေါင် နှစ်ဖက်ကြား၊ တင်ပါးတို့ကို မထိမကိုင်စေနှင့်)။
  ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို မည်သူလာပြပြ လုံးဝ မကြည့်ပါနှင့်။
 လူရှင်းသော လမ်းများ၊ မှောင်နေသော နေရာများသို့ တစ်ယောက်တည်း လုံးဝမသွားပါ နှင့်။

မိဘများ/အုပ်ထိန်းသူများ သတိပြုရန်
 ကလေးများကို နေအိမ်နှင့် ဝေးရာသို့ ခိုင်း စေခြင်း၊ စေလွှတ်ခြင်း၊ လုံးဝ မပြုလုပ်ပါနှင့်။
 မှောင်မိုက်သော ညအချိန်တွင် ကလေးတစ် ယောက်တည်း မည်သည့်နေရာမှ မလွှတ်ပါနှင့်။ မ   မူးယစ်ဆေးဝါး/အရက်သေစာ သောက်စား သူများအနီး ကလေးကို လုံးဝမထားပါနှင့်။
  အခြားသူများကို ယုံကြည်ပြီး ကလေးကို ဘယ်နေရာသို့မျှ မထည့်ပါနှင့်။
 ကလေးကို အခြားသူများနှင့် ထားခဲ့ခြင်း၊ အခြားသူများအား စောင့်ကြည့်ခိုင်းခြင်း လုံးဝ မလုပ်ပါနှင့်။
 ကျောင်း၊ အသင်း၊ ကျူရှင်သို့ တစ်ယောက် တည်း လုံးဝ မလွှတ်ပါနှင့်
 ကလေးရှေ့တွင် လိင်ပိုင်းဆိုင်ရာ အပြုအမူ များ မလုပ်မိစေရန် သတိထားရှောင်ကြဉ်ပါ။
 ကလေးတွင် ပြောင်းလဲလာသော အပြုအမူ၊ အနေအထိုင်များ ရှိလာပါက ချက်ချင်းမေးမြန်း ပါ။
 ကလေးရင်ဖွင့်သည့်၊ ပြောပြသည့် စကား များကို အလေးထား နားထောင်ပေးပါ။
 လိင်မှုဆိုင်ရာ သိမှတ်စရာများကို ကလေး သိတတ်သည့်အရွယ်မှစ၍ ဗဟုသုတ အဖြစ် ပြောပြပါ။
.
ဖော်ပြပါ အချက်များသည် မိဘတိုင်းအုပ် ထိန်းသူတိုင်း၊ ဆရာ/ဆရာမတိုင်း သိထားသင့် ပါသည်။ ကလေးများကိုလည်း ရှင်းပြပေးထား ရပါမည်။ မိမိ ပတ်ဝန်းကျင်ကိုလည်း ဝေမျှအသိ ပေးသင့်သည်။ အနာဂတ်တွင် လူကြီးများ၊ ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများအ ရေးသည် တိုင်းပြည်အရေး ဖြစ်သည်။ ကလေး များ ဘေးကင်းလုံခြုံရေး၊ အေးချမ်းစွာ ပညာ သင်ကြားရေး အသိဉာဏ်မြင့်မားရေး၊ အတွေး အခေါ်မှန်ကန်ရေးတို့သည် ပြည်သူလူထု တစ် ရပ်လုံး ဝိုင်းကူလက်တွဲ လုပ်ဆောင်ကြမည့် ကိစ္စဖြစ်သည်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုး လုပ်ဆောင်ခြင်းသည်သာ လက်တွေ့ အကျိုး ရှိလေသည်။ တကယ့်အရေး၊ တကယ့် ဘေး ဖြစ်လာလျှင် မည်သူ့ကိုမှ အားမကိုးရ သော ကာလတွင် ကလေးများအတွက် ကြိုတင် ကာကွယ်ထားခြင်းသာ အကောင်းဆုံး ဖြစ်ပေသည်။
.
 =============================================
 
.
.
.
.
.
.
.
.
.
.
.
.
  မိမိမသိသော နရောသို့ မညျသူက ခေါ်ခေါ် မလိုကျပါနငျ့။

.
.

No comments:

Post a Comment

Journal Download

Photo of three cats