အမှိုက်ကစ ပြဿဒ် မီးမလောင်ပါစေချင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

အမှိုက်ကစ ပြဿဒ် မီးမလောင်ပါစေချင်

စိုင်းကျော်မောင်
.
ဗုဒ္ဓမြတ်စွာဘုရားရှင်မှ ''အာရောဂျံ ဘရမံ လာဘံ''ဟူ၍ တိကျစွာ မိန့်ဆိုဟောပြတော် မူ ခဲ့သည်ကား အားလုံးအသိပင် ဖြစ်ပေသည်။ မှန်ပေသည်။ ကျန်းမာရေးသည် လူသားတိုင်းအ တွက် မရှိမဖြစ်သည့် ထူးခြားမွန်မြတ်လှသည့် လာဘ်လာဘ တစ်ခုပင် ဖြစ်ပေသည်။ မိမိကိုယ် ခန္ဓာ ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်မည် ဖြစ်ပေ သည်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာပြီး ရော ဂါဘယ တစ်မျိုးမျိုး စွဲကပ်နေပါက စိတ်ချမ်း သာမှု ပျော်ရွှင်ကြည်နူးမှု ရရှိနိုင်မည် မဟုတ် ပေ။ ရောဂါတိုင်းသည် စွန့်ပစ်အမှိုက်များမှ စတင်ကာ ဖြစ်ပွားလာရသဖြင့် အမှိုက်များကို စ နစ်တကျ စွန့်ပစ်ရန် အထူးလိုအပ်လှပေသည်။ အမှိုက်သရိုက် ဟူသည် အိမ်တိုင်းမှ အသုံးမပြု တော့သည့် အရာများဖြစ်ကြောင်း အဓိပ္ပါယ် သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။ စာရေး သူအနေဖြင့် ရှမ်းပြည်နယ်၏ ရွှေမြို့တော်တောင် ကြီး၏ နေ့စဉ်ဖြစ်ပျက်ကာ မြင်တွေ့နေရသည့် အမှိုက်ပြဿနာများကို တင်ပြဆွေးနွေးလိုပါ သည်။
.
ရွှေမြို့တော်ကြီးဖြစ်သည့် တောင်ကြီးမြို့ သည် ပင်လယ်ရေ မျက်နှာပြင်ထက် ၄၇၁၂ ပေတွင် တည်ရှိကာ တောင်စဉ်တောင်တန်းများ ဖြင့် ဝန်းရံပြီး ရပ်ကွက်ကြီး ၂၂ ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။ လူဦးရေ အ နေဖြင့်၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ (၂၂)ရပ်ကွက် တွင် နေထိုင်သည့် လူဦးရေ စုစုပေါင်းသည် ၁၈၅၆၄၇ ဦးဖြစ်ပြီး ထွက်ရှိသည့် အမှိုက်သ ရိုက်များသည် နေ့စဉ်နေ့တိုင်း ၃၁ တန်ထိ ရှိ ပေသည်။ ထိုအမှိုက်များကို သိမ်းဆည်းစွန့်ပစ် နိုင်စေရန် မွှေးတောင်ကြီး အမှိုက်သိမ်းကုမ္ပဏီ မှ အမှိုက်သိမ်း ယာဉ်များနှင့် မြို့တော်စည်ပင် မှ အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်း၍ပင် မနိုင်ဝန်အဖြစ် တည်ရှိနေသည်ကို တွေ့ရှိရ သည်။
.


.
''ဟာ ဒီအမှိုက်ကားကလည်း အမှိုက်တွေ ကို အပြည့်အသိပ် တင်လာပြီးတော့ အပေါ်က ဖုံးအုပ်တာ မပါဘူး။ ကားအရှိန် လေတိုက်တဲ့ အရှိန်တွေကြောင့် အမှိုက်တွေက လမ်းပေါ်မှာ ပြန်ကျကုန်ပြီး၊ အကုန်လုံးမြင်မကောင်းအောင် ကို ရှုပ်ပွသွားပြီ။ ဘယ်လိုဟာတွေမှန်းလည်း မ သိဘူး။ အလုပ်တစ်ခုကို ပြီးစလွယ်နဲ့ လုပ်သွား တယ်'' ဟူ၍ စာရေးသူ တောင်ကြီးတက္ကသိုလ် လမ်းကွေ့ ဂိတ်ဟောင်းအနီးရှိ ဝိုင်းဝိုင်းလယ် လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းများနှင့် စု ပေါင်းကာ လက်ဖက်ရည် ထိုင်သောက်နေစဉ် ကျောက်တစ်လုံးသွား လမ်းပေါ်မှ အမျိုးသမီး တစ်ဦး၏ အသံအားကောင်းစွာ ကြားလိုက်ရ သည်။
.
ဆက်လက်၍ အမျိုးသား တစ်ဦးမှလည်း  ''ဟုတ်တယ်ဗျာ။ အမှိုက်လိုက်သိမ်းတယ် သိမ်း တယ် ပြောပြီး အိမ်ဝင်း အပြင်တောင် ကျွန် တော်တို့ မရောက်သေးဘူး၊ သူတို့ကားက ဟို အဝေးကြီးတောင် ရောက်နေပြီး ကားပေါ်မှာ အမှိုက်ကိုလည်း မတန်တဆလည်း တင်သေး တယ်။ အပေါ်မှ မိုးကာစ ဖြစ်ဖြစ် စကာစဖြစ် ဖြစ် အရင်ဆုံး ဖုံးအုပ်ပြီးမှ သွားရမှာပေါ့။ အခု တော့ မဟုတ်တာဗျာ။ အပေါ်က အဖုံးအအုပ် မပါတော့ လေတိုက်ရင်းကျ၊ ကားအရှိန်နဲ့ လမ်း မပေါ်အကုန်ကျတော့ မြင်မကောင်း ရှုမကောင်း နဲ့ဗျာ။ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လည်း မကြီးကြပ် မစီစဉ်ပေးဘူးနဲ့ တူပါတယ်'' ဟူ၍ ကြားသိပါတယ်။
.

ထိုစဉ်တွင် လမ်းမပေါ် လွင့်ကျကျန်ရစ် သည့် အမှိုက်များ ပလတ်စတစ်များမှ လမ်း သွားလမ်းလာများအတွက် ဘေးအန္တရာယ်ဖြစ် ပွားခြင်း မရှိစေရန် မိုးအိန်ဂျယ်လ် အလှပြုပြင် ရေးနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် မယုနှင့် ဆိုင်ဝန်ထမ်း သမီးငယ်များ က တံမြက်စည်း အမှိုက်ကျုံး ဂေါ်ပြားများ ယူ ဆောင်၍ ယင်းကျကျန်ရစ်သည့် အမှိုက်များကို မရွံမရှာ ကျုံး၍ သင့်တော်ရာ နေရာသို့ သွား ရောက်စွန့်ပစ်ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရပေသည်။
.
တစ်ရက်သော ကာလတွင် စာရေးသူသည် ပညာရေး ကိစ္စဖြင့် ပြည်တော်သာရပ်နှင့် နှင်း ဆီလမ်းတွင်ရှိသည့် နွေအရိပ် စာပေသို့ သွား စဉ်တွင် အမှိုက်ကိစ္စဖြင့် မျက်မြင်ကိုယ်တွေ့ကြုံ ခဲ့ရသေးသည်။ စာရေးသူသည် နှင်းဆီလမ်းအ တိုင်း တောင်မှမြောက်သို့ လမ်းလျှောက်ဆင်း လာစဉ် အမှိုက်သိမ်းယာဉ် တစ်စီးနှင့် မျက်နှာ ချင်းဆိုင် ကြုံတွေ့ရပါသည်။ ယင်းအမှိုက်သိမ်း ယာဉ်ပေါ်တွင် အမှိုက်များကို မတန်တဆ အ ပြည့်အသိပ် တင်ကာ မောင်းလာရာ၌ ယင်းမှ အမှိုက်များသည် လေတိုက်ခတ်မှုကြောင့် လွှင့် စင်ကာ ကျလျက်ရှိသည်။ အမှိုက်သိမ်းယာဉ် နောက်မှ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ဆရာမတစ်ဦးမှ ဆိုင်ကယ်မောင်းနှင်ကာ လိုက် ပါလာသည်။ လွှင့်စင်လာသည့် အမှိုက်များသည် ဆရာမ၏ မျက်နှာအား ထိမိသည်ကို တွေ့ရှိရ ပြီး ယင်းဆရာမသည် ကြောက်အားလန့်အား ဖြင့် ဆိုင်ကယ်အား ထိုးရပ်လိုက်ရသည်။ ထိ ခိုက်မှု အန္တရာယ် မဖြစ်၍ များစွာ ကံကောင်း ထောက်မသည်ဟုသာ ဆိုရပေမည်။ အကယ်၍ သာ ယင်းဆိုင်ကယ်နောက်မှ ယာဉ်တစ်စီးစီး သာ ကပ်ပါလာမည် ဆိုပါက ယင်းဆရာမ၏ အခြေအနေသည် မတွေးဝံတော့ပေ။
.
တင်ဒါအောင်မြင်ထားသည့် အမှိုက်သိမ်း ယာဉ်၊ မိလ္လာသိမ်းယာဉ်များသည် စည်ပင်သာ ယာရေး အဖွဲ့မှ သတ်မှတ်ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများ ဥပဒေ နည်းပညာများ ကို တိကျစွာ လေးစားလိုက်နာရန် အထူးလိုအပ် လှပေသည်။ အမှိုက်သိမ်းဆည်းရေး လုပ်ငန်း အား တာဝန်ယူ ဆောင်ရွက်နေသည့် မွှေး တောင်ကြီး အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ကုမ္ပဏီမှ အမှိုက်သိမ်းယာဉ် အများစုသည် အ မှိုက်များကို မတန်တဆ တင်ဆောင်၍ စည်း ကမ်းမဲ့ မောင်းနှင်မှုများကြောင့် လမ်းပေါ်တွင် အမှိုက်များ ကျကျန်ရစ်သည့် ဖြစ်စဉ်များ မကြာ ခဏ ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့်လည်း စီစစ်ကာ ထိန်းသိမ်း ကြပ်မတ်ပေးရန် အထူးလိုအပ်နေပါသည်။
.
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂)အရ သက်ဆိုင်ရာ စည်ပင်သာယာရေး အ ဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများ၏ ထိန်းချုပ်မှုအောက်တွင် တစ် ခုတည်းသော တရားဝင် စီမံခန့်ခွဲခွင့် ရှိသည့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ ယင်းအဖွဲ့အ စည်းသည် ကျေးလက်တောရွာများ ပါဝင်ခြင်း မရှိတော့ဘဲ မြို့ပြ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ရတော့သည်။ ဆိုရလျှင် စည်ပင်သာယာရေး အဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့များကိုသာ တာဝန်ခံရခြင်း ဖြစ်သော ကြောင့် ဒေသန္တရ စီမံခန့်ခွဲခွင့်ရ အစိုးရအဖွဲ့အ စည်း ဖြစ်လာသည်။ စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် အဓိက ရည်ရွယ်ချက်သည်ကား မြို့ ပြနေ ပြည်သူလူထုအား လူမှုဝန်ဆောင်မှု အ မျိုးမျိုးအတွက် တာဝန်ယူ ဆောင်ရွက်ပေးရန် နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို စည်း စနစ်ကျနစွာ သမာသမတ်ရှိရှိဖြင့် စီမံခန့်ခွဲ ပေးရန်ဖြစ်သည်။
.
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတာဝန်များထဲ မှ ရေအရင်းအမြစ်၊ ရေဆိုးစွန့်ပစ်ရေး၊ အမှိုက် သိမ်းဆည်းရေးသည်လည်း ပါဝင်ပြီး အဓိကကျ သည့် တာဝန်ပင် ဖြစ်ပေသည်။ စည်ပင်သာယာ ရေးအဖွဲ့မှ ရွှေမြို့တော်တွင်းတွင် လမ်းတိုင်း၌ ရေစီးရေလာ ကောင်းမွန်စွာ စီးဆင်းနိုင်ရေးအ တွက် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ရေပုပ်ရေ သိုးများကို ဖယ်ရှားရှင်းလင်းနိုင်မည် ဖြစ်သကဲ့ သို့ မိဘပြည်သူအပေါင်းတို့ကလည်း ရွှေမြို့ တော်သားများ ပီသစွာ ကျင့်ကြံနေထိုင်ကြလျက် မိမိတို့အိမ်မှ ထွက်ရှိသော အမှိုက်သရိုက်များကို ရေစီးဆင်းနေသည့် ချောင်းများမြောင်းများ အ တွင်းသို့ လွယ်လင့်တကူ စွန့်ပစ်ခြင်းများ မပြု လုပ်မိကြရန် အထူးလိုအပ်လှပါသည်။ ရေ မြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့နေမည် ဆိုပါက ဘေးပတ်ဝန်းကျင်တွင် ရေလျှံခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အခန့်မသင့်ပါက လူ့အ သက်ကိုပင် အန္တရာယ် ဖြစ်ပေါ်တတ်ပါသည်။  ပုံစံပြရမည် ဆိုပါက ၂ဝ၁၈ ခုနှစ် မိုးရာသီကာ လ စက်တင်ဘာလအတွင်းတွင် ကျောင်းသား တစ်ဦး (မူလတန်း ကျောင်းသား)သည် ရေစီး သန်သည့် ချောင်းအတွင်းသို့ ခြေချော်ကျကာ ရေစီးနောက် ပါသွားပြီး အသက်သေဆုံးခဲ့ရ သည်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆုံးနှင့် ကြုံခဲ့ရပေသည်။ ဤသည်ကား အမှိုက်များ ရေမြောင်းအတွင်း ပိတ်ဆို့နေမှုကြောင့် ဖြစ် လာရခြင်း ပင်တည်း။

.
စည်ပင်သာယာရေးအဖွဲ့မှလည်း ရပ်ကွက် တိုင်း နီးစပ်ရာ လမ်းအလိုက် လမ်းဆုံလမ်းခွ အလိုက် အမှိုက်ကန်များကို စီမံချက် ချမှတ်ကာ အကောင်အထည်ဖော်ပေးသင့်လှသည်။ သို့မှ သာ မိဘပြည်သူများကလည်း အမှိုက်များကို စိတ်အေးချမ်းစွာ စွန့်ပစ်နိုင်မည် ဖြစ်သည်။

.
ကမ္ဘောဇတိုင်း သတင်းဂျာနယ်၏ (၁၄- ၃-၂ဝ၁၉)ရက်နေ့ထုတ် ဠသူကာန (၅)ယျှျုကန (၁၁)တွင် ပါဝင်သော ''မနိုင်ဝန် တင်ဆောင် ၍ စည်းကမ်းမဲ့ မောင်းနှင်နေသည့် အမှိုက်သိမ်း ယာဉ်များကို စိစစ်ထိန်းချုပ်ရန် လိုအပ်''ခေါင်း စဉ်ပါ သတင်းတစ်ပုဒ်အား ပြန်လည်ကိုးကား ရမည်ဆိုလျှင် -
.
''အခုလို လမ်းပေါ်မှာ အမှိုက်တွေ ကျကျန် ခဲ့တဲ့ ကိစ္စမျိုးဆိုပါလျှင် စည်ပင်မှာ တာဝန်ရှိ တာပါ။ ကုမ္ပဏီက အမှိုက်သိမ်းစနစ်တွေ အ မှိုက်တွေ မတန်တဆ တင်ဆောင်တာတွေ လုပ် သားအင်အား မမျှတတာတွေကို စည်ပင်က သေချာမကြပ်မတ်ပေးဘူး။ ကားမောင်းတာက လည်း တစ်မြို့လုံးက ပြောနေကြတယ်။ အမှိုက် တွေကျခဲ့ပြန်ရင်လည်း ပြန်ကောက်တာ သန့် ရှင်းရေး လုပ်ပေးတာ မရှိဘူး။ ဒီကိစ္စကို စည် ပင်ကရော သေချာစိစစ် ထိန်းချုပ်ပေးဖို့ လိုအပ် ပါတယ်''ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦး က ပြောသည်။
.
ဟူ၍ ပါရှိခဲ့ပါသည်။ မှန်ပေသည်။ အမှိုက် သိမ်းယာဉ်များသည် အဓိကအားဖြင့် စည်းစနစ် ရှိရန် အထူးလိုအပ်သည်။ အမှိုက်သိမ်းဆည်း ခြင်း၊ တံမြက်စည်း လှဲကျင်း ပေးခြင်းသည် ကောင်းမှုကုသိုလ် တစ်ခုပြုလုပ်နေခြင်း ဖြစ်သ ဖြင့် ကုမ္ပဏီ ဝန်ထမ်းများနှင့် စည်ပင်ဝန်ထမ်း များမှ စေတနာစစ် စေတနာမှန်ဖြင့် ပြုလုပ် ဆောင်ရွက်ပေးရန် လိုအပ်လှသည်။ အမှိုက်များ ကို အမှိုက်သိမ်းယာဉ်ပေါ်သို့ တင်ပြီးလျှင် အ ပေါ်၌ မိုးကာ (သို့မဟုတ်) စကာဖြင့် ဖုံးအုပ်ရန် လိုအပ်လှပေသည်။ သို့မှသာ အမှိုက်စွန့်ပစ်ရာ ဒေသထိတိုင် လမ်းတစ်လျှောက်၌ အမှိုက်များ လွှင့်စင်ခြင်း မရှိနိုင်တော့သည်။

.
အမှိုက်များကို စနစ်တကျ သိမ်းဆည်းပေး ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကိုလည်း ကာ ကွယ်ထိန်းသိမ်းပြီးလည်း ဖြစ်ပေသည်။ မြန်မာ့ စကားပုံ တစ်ခုဖြစ်သည့် ''အမှိုက်ကစ ပြဿဒ် မီးလောင်''ဟူ၍ ရှိခဲ့ပါသည်။ မှန်ပေသည်။ ဘာ မျှမဟုတ်သည့် အမှိုက်ကလေး တစ်စမှ မီး စ တင် လောင်ကျွမ်းနိုင်မိပြီဆိုလျှင် ဘေးပတ် ဝန်းကျင်များ ထိတိုင် ကူးစက်လောင်ကျွမ်းနိုင် ကြောင်း စာရှုသူများ သိရှိပြီး ဖြစ်ပါသည်။ ယခု ၂၁ ရာစု ကာလတွင် ယခင်နှစ်ပေါင်းများစွာက ကြားပင် မကြားဖူးသည့် ရောဂါအမျိုးမျိုးတို့ ဖြစ်ပွားလျက်ရှိ၍ အဓိကအားဖြင့် အမှိုက်များကို မဆင်မခြင် စွန့်ပစ်ရာမှ ပုပ်သိုးဆွေးမြေ့ကာ ဘက်တီးရီးယားများ ရှင်သန်ပေါက်ဖွားလာပြီး ကူးစက်ရောဂါများ ဖြစ်ပွားပြီး တစ်ဦးမှ တစ်ဦး သို့ တစ်ယောက်မှတစ်ယောက်သို့ ကူးစက်ပျံ့ နှံ့သွားသောကြောင့် အသက်ဘေးအန္တရာယ်များ နှင့် ကြုံတွေ့လာကြရတော့သည်။

.
သို့ဖြစ်ပါ၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် မိန့်မှာ ဟောကြားတော်မူခဲ့သည်။ ''ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး'' အား လူတိုင်းစေ့ ပိုင်ဆိုင် စံစားနိုင်ကြစေရန် ရွှေမြို့တော်သား ရွှေမြို့တော် သူများမှ ရောဂါဘယ ကင်းရှင်းပြီး ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် အမှိုက်များကို စည်း ကမ်းရှိရှိဖြင့် စွန့်ပစ်ရန် လိုအပ်သကဲ့သို့အမှိုက် သိမ်းကုမ္ပဏီများကလည်း အမှိုက်များကို သေ ချာစွာ သိမ်းဆည်းပေးခြင်းဖြင့် ရွှေမြို့တော် တောင်ကြီးသည်လည်း သာယာလှပလာမည် ဖြစ်ပေသည်။ အမှိုက်တစ်စကြောင့်လည်း။ ။
.
---------------------------------------------------------------------------------------------------------
.
.
.
.
.
.
.
.
.

.

.
.
.

.

.

No comments:

Post a Comment