သံလြင္ျမစ္အတြင္း ေရစီးျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရးအတြက္ ျပင္သစ္လွ်ပ္စစ္ထုတ္လုပ္ေရးကုမၸဏီမွ လာေရာက္ေလ့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 1, 2019

သံလြင္ျမစ္အတြင္း ေရစီးျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရးအတြက္ ျပင္သစ္လွ်ပ္စစ္ထုတ္လုပ္ေရးကုမၸဏီမွ လာေရာက္ေလ့လာ


မင္းေဇာ္မင္း
.
သံလြင္ျမစ္ေပၚ မိုင္းပန္ႏွင့္ မိုင္းတုံၿမိဳ႕နယ္ အၾကားတြင္ ေရစီးျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရးအတြက္ ကမၻာ့အႀကီးဆုံး ျပင္သစ္ လွ်ပ္စစ္ထုတ္လုပ္ေရး ကုမၸဏီတစ္ခု ျဖစ္ေသာ Construction Mechani-cal Normandy-CMN(Naval Ship Design and Construction- Marine Energy)မွ လာေရာက္စမ္း သပ္ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
.
 .
သံလြင္ျမစ္အတြင္း ျမစ္ေရစီးျဖင့္ လွ်ပ္စစ္ထုတ္လုပ္ႏိုင္ေရး ျဖစ္ႏိုင္ေျခ ကို လာေရာက္စမ္းသပ္ေနျခင္း ျဖစ္ ၿပီး ထုတ္လုပ္မႈမ်ား ေအာင္ျမင္ႏိုင္သည့္ အေျခအေနတြင္ ရွိေနေၾကာင္း Hydroquest Technologies, CMN +EDF တို႔ႏွင့္ပူးေပါင္း လုပ္ ေဆာင္ေနသည့္ ျမန္မာႏိုင္ငံအေျခ စိုက္ ႀေပေည ြမနနည ွနမလငခန် ကုမၸဏီမွ မန္ေနးဂ်င္းဒါ႐ိုက္တာ ေဒၚအိ ခင္ခင္က ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
''ဒီ နည္းစနစ္က ေရကာတာ ေတြလို သဘာဝပတ္ဝန္းက်င္ကို လုံးဝထိခိုက္မႈ မရွိေစသလို တည္ေဆာက္ၿပီး ေနာက္ပိုင္း စရိတ္ျဖစ္တဲ့ စက္သုံးဆီ စတာေတြ လုံးဝကုန္က် တာ မရွိတဲ့ နည္းစနစ္ပါ။ ေရေပၚမွ ေရစီးႏႈန္းနဲ႔ တာဘိုင္ကိုတင္ၿပီး ထုတ္လုပ္တဲ့နည္းပညာျဖစ္ပါတယ္။ အခု က ၄ ႀကိမ္ေျမာက္ စမ္းသပ္တာ ျဖစ္ပါတယ္။ အစိုးရကို တင္ျပၿပီး ရင္းႏွီးျမႇဳပ္ႏွံဖို႔ ျပည့္စုံတာနဲ႔ ၂ ႏွစ္အတြင္း လုပ္ငန္းစႏိုင္ပါၿပီ။ လွ်ပ္စစ္လည္း တစ္ေနရာခ်င္းက ထုတ္လုပ္ ႏိုင္ၿပီး ထိန္းသိမ္းေစာင့္ေရွာက္မႈ စ ရိတ္ အရမ္းနည္းတဲ့ နည္းပညာတစ္ ခုျဖစ္လို႔ စိတ္ပါဝင္စားတဲ့သူတိုင္း ေလ့လာႏိုင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဖိတ္ေခၚပါတယ္''ဟု ေဒၚအိခင္ခင္က ေျပာသည္။
.
၎တို႔အဖြဲ႕အေနျဖင့္ မိုင္းတုံၿမိဳ႕နယ္၊ သံလြင္ျမစ္ကူးတံတား(တာဆန္း)ႏွင့္ မိုင္းပန္ၿမိဳ႕နယ္ တာဆြတ္တိန္း ကူးတို႔တစ္ဝိုက္တြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ရာ တာဆန္းတံတား၏ အထက္ေအာက္ ၂ ေနရာတြင္ ၈ မီဂါဝပ္၊ တာဆြတ္တိန္းကူးတို႔၏ အထက္ဘက္ ကီလိုမီတာ ၃ဝ ခန္႔ အကြာရွိ ေနရာ ၃ ခု၌ ၃ဝ မီဂါဝပ္မွ် လွ်ပ္စစ္အား ထြက္ရွိႏိုင္ေၾကာင္း စမ္းသပ္ေတြ႕ရွိခဲ့ျခင္း ျဖစ္ၿပီး အျခား ေနရာ ၂ဝ ခန္႔တြင္လည္းထြက္ ရွိ ႏိုင္ေျခ ရွိေၾကာင္း၊ အျခားလ်ာထား ခ်က္ ရွိသည့္ ေနရာ ၂ဝ ခန္႔တြင္ လည္း စမ္းသပ္သြားရန္ ရွိေၾကာင္း၊ သံလြင္ျမစ္တစ္ေလွ်ာက္ ေရစီးသန္ သည့္ ေနရာမ်ားတြင္ အဆိုပါနည္း ပညာျဖင့္ ေရအားလွ်ပ္စစ္ ထုတ္လုပ္ ႏိုင္မည္ျဖစ္ေၾကာင္း ၎ကဆက္ လက္ေျပာၾကားခဲ့သည္။
.
ထို႔အျပင္ ေရကာတာ နည္းစနစ္ မွာ Vertical နည္းစနစ္အရ ထုတ္လုပ္ျခင္းျဖစ္သျဖင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ မ်ားျပားကာ တည္ေဆာက္မႈ စရိတ္ျမင့္မားေသာ္လည္း ယခု နည္းပညာမွာ ေရစီးႏႈန္းအေပၚ အေျခခံသည့္ Horizontal နည္းပညာအရ ထုတ္လုပ္ျခင္းျဖစ္သည့္ အတြက္ တည္ေဆာက္မႈစရိတ္မွာ အၾကမ္းဖ်ဥ္းခန္႔မွန္း 1 MW=3 to 5 million USD(Norminal Elec-tricity Production Cost grostly =5 cent USD=per KWh)  အထိ ကုန္က်ႏိုင္ေသာ္လည္း ေနာက္ပိုင္း စက္သုံးဆီ/ေက်ာက္မီးေသြးစသည့္ Running Cost ကုန္က်စရိတ္မ်ိဳး လုံးဝမရွိသည့္ နည္းပညာျဖစ္ေၾကာင္း၊ တာဆြတ္တိန္းမွ လင္းေခးၿမိဳ႕အထိ ကီလိုမီတာ ၃ဝ ခန္႔သာ ကြာေဝးသ ျဖင့္ ထြက္ရွိလာမည့္ လွ်ပ္စစ္သြယ္ တန္းမႈမွာလည္း အဆင္ေျပ လြယ္ကူ မည္ျဖစ္သလို သံလြင္အေရွ႕ျခမ္း ဘက္ဆီသို႔လည္း ေလ့လာၾကည့္႐ႈ မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
.
''ေရအျမင့္ဆုံး စီးဆင္းႏိုင္တဲ့ စက္တင္ဘာလနဲ႔ ေရအနည္းဆုံး စီး ဆင္းႏိုင္တဲ့ ေဖေဖာ္ဝါရီ/မတ္လေတြ ရဲ႕ ေရစီးအားေတြကို အထပ္ထပ္ တိုင္းတာဖို႔ ပညာရွင္ေတြ တစ္ႏွစ္ ေလာက္ လာေရာက္ စမ္းသပ္ဖို႔ လို အပ္ပါတယ္။ အနည္းဆုံး ၂၅ ႏွစ္ အာမခံခ်က္ရွိႏိုင္တယ္လို႔ သိရၿပီး ႏိုင္ငံေတာ္၊ ေဒသခံ အဖြဲ႕အစည္းနဲ႔ စီးပြားေရးလုပ္ငန္းရွင္ ျပည္သူေတြ  တြက္ေခ်ကိုက္မယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္ႏိုင္တဲ့အျပင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ မႈအတြက္လည္း အဓိက အေထာက္ အကူျဖစ္ေစႏိုင္မယ္လို႔ ေလ့လာသိရွိ ရပါတယ္''ဟု အဆိုပါ အဖြဲ႕ႏွင့္အတူ ကြင္းဆင္းလုပ္ငန္းမ်ားကို လုိက္ပါ ေလ့လာခဲ့သူ ေက်ာက္မဲၿမိဳ႕မွ ဦးတင္ ေမာင္သိန္းက ဆိုသည္။
.
ယင္းအဖြဲ႕သည္ ဇြန္လ ၁၅ ရက္ မွ ၁၉ ရက္အထိ စမ္းသပ္ခဲ့ျခင္းျဖစ္ ၿပီး ရွမ္းျပည္နယ္အစိုးရ၊ ေဒသဆိုင္ ရာ အဖြဲ႕အစည္းမ်ား၏ ခြင့္ျပဳခ်က္၊ ကူညီပံ့ပိုးခ်က္မ်ားျဖင့္ လုပ္ေဆာင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။  
.
သံလွင်မြစ်အတွင်း ရေစီးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပြင်သစ်လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီမှ လာရောက်လေ့လာ
.
မင်းဇော်မင်း
.
သံလွင်မြစ်ပေါ် မိုင်းပန်နှင့် မိုင်းတုံမြို့နယ် အကြားတွင် ရေစီးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့အကြီးဆုံး ပြင်သစ် လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Construction Mechani-cal Normandy-CMN(Naval Ship Design and Construction- Marine Energy)မှ လာရောက်စမ်း သပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
သံလွင်မြစ်အတွင်း မြစ်ရေစီးဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဖြစ်နိုင်ခြေ ကို လာရောက်စမ်းသပ်နေခြင်း ဖြစ် ပြီး ထုတ်လုပ်မှုများ အောင်မြင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း Hydroquest Technologies, CMN +EDF တို့နှင့်ပူးပေါင်း လုပ် ဆောင်နေသည့် မြန်မာနိုင်ငံအခြေ စိုက် ြပေညေ ွမနနည ှနမလငခနျ ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အိ ခင်ခင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
''ဒီ နည်းစနစ်က ရေကာတာ တွေလို သဘာဝပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှု မရှိစေသလို တည်ဆောက်ပြီး နောက်ပိုင်း စရိတ်ဖြစ်တဲ့ စက်သုံးဆီ စတာတွေ လုံးဝကုန်ကျ တာ မရှိတဲ့ နည်းစနစ်ပါ။ ရေပေါ်မှ ရေစီးနှုန်းနဲ့ တာဘိုင်ကိုတင်ပြီး ထုတ်လုပ်တဲ့နည်းပညာဖြစ်ပါတယ်။ အခု က ၄ ကြိမ်မြောက် စမ်းသပ်တာ ဖြစ်ပါတယ်။ အစိုးရကို တင်ပြပြီး ရင်းနှီးမြှုပ်နှံဖို့ ပြည့်စုံတာနဲ့ ၂ နှစ်အတွင်း လုပ်ငန်းစနိုင်ပါပြီ။ လျှပ်စစ်လည်း တစ်နေရာချင်းက ထုတ်လုပ် နိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်မှု စ ရိတ် အရမ်းနည်းတဲ့ နည်းပညာတစ် ခုဖြစ်လို့ စိတ်ပါဝင်စားတဲ့သူတိုင်း လေ့လာနိုင်ပြီး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်''ဟု ဒေါ်အိခင်ခင်က ပြောသည်။
.
၎င်းတို့အဖွဲ့အနေဖြင့် မိုင်းတုံမြို့နယ်၊ သံလွင်မြစ်ကူးတံတား(တာဆန်း)နှင့် မိုင်းပန်မြို့နယ် တာဆွတ်တိန်း ကူးတို့တစ်ဝိုက်တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ တာဆန်းတံတား၏ အထက်အောက် ၂ နေရာတွင် ၈ မီဂါဝပ်၊ တာဆွတ်တိန်းကူးတို့၏ အထက်ဘက် ကီလိုမီတာ ၃ဝ ခန့် အကွာရှိ နေရာ ၃ ခု၌ ၃ဝ မီဂါဝပ်မျှ လျှပ်စစ်အား ထွက်ရှိနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အခြား နေရာ ၂ဝ ခန့်တွင်လည်းထွက် ရှိ နိုင်ခြေ ရှိကြောင်း၊ အခြားလျာထား ချက် ရှိသည့် နေရာ ၂ဝ ခန့်တွင် လည်း စမ်းသပ်သွားရန် ရှိကြောင်း၊ သံလွင်မြစ်တစ်လျှောက် ရေစီးသန် သည့် နေရာများတွင် အဆိုပါနည်း ပညာဖြင့် ရေအားလျှပ်စစ် ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။
.
ထို့အပြင် ရေကာတာ နည်းစနစ် မှာ Vertical နည်းစနစ်အရ ထုတ်လုပ်ခြင်းဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များပြားကာ တည်ဆောက်မှု စရိတ်မြင့်မားသော်လည်း ယခု နည်းပညာမှာ ရေစီးနှုန်းအပေါ် အခြေခံသည့် Horizontal နည်းပညာအရ ထုတ်လုပ်ခြင်းဖြစ်သည့် အတွက် တည်ဆောက်မှုစရိတ်မှာ အကြမ်းဖျဉ်းခန့်မှန်း 1 MW=3 to 5 million USD(Norminal Elec-tricity Production Cost grostly =5 cent USD=per KWh)  အထိ ကုန်ကျနိုင်သော်လည်း နောက်ပိုင်း စက်သုံးဆီ/ကျောက်မီးသွေးစသည့် Running Cost ကုန်ကျစရိတ်မျိုး လုံးဝမရှိသည့် နည်းပညာဖြစ်ကြောင်း၊ တာဆွတ်တိန်းမှ လင်းခေးမြို့အထိ ကီလိုမီတာ ၃ဝ ခန့်သာ ကွာဝေးသ ဖြင့် ထွက်ရှိလာမည့် လျှပ်စစ်သွယ် တန်းမှုမှာလည်း အဆင်ပြေ လွယ်ကူ မည်ဖြစ်သလို သံလွင်အရှေ့ခြမ်း ဘက်ဆီသို့လည်း လေ့လာကြည့်ရှု မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
''ရေအမြင့်ဆုံး စီးဆင်းနိုင်တဲ့ စက်တင်ဘာလနဲ့ ရေအနည်းဆုံး စီး ဆင်းနိုင်တဲ့ ဖေဖော်ဝါရီ/မတ်လတွေ ရဲ့ ရေစီးအားတွေကို အထပ်ထပ် တိုင်းတာဖို့ ပညာရှင်တွေ တစ်နှစ် လောက် လာရောက် စမ်းသပ်ဖို့ လို အပ်ပါတယ်။ အနည်းဆုံး ၂၅ နှစ် အာမခံချက်ရှိနိုင်တယ်လို့ သိရပြီး နိုင်ငံတော်၊ ဒေသခံ အဖွဲ့အစည်းနဲ့ စီးပွားရေးလုပ်ငန်းရှင် ပြည်သူတွေ  တွက်ချေကိုက်မယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်တဲ့အပြင် ဒေသဖွံ့ဖြိုးတိုးတက် မှုအတွက်လည်း အဓိက အထောက် အကူဖြစ်စေနိုင်မယ်လို့ လေ့လာသိရှိ ရပါတယ်''ဟု အဆိုပါ အဖွဲ့နှင့်အတူ ကွင်းဆင်းလုပ်ငန်းများကို လိုက်ပါ လေ့လာခဲ့သူ ကျောက်မဲမြို့မှ ဦးတင် မောင်သိန်းက ဆိုသည်။
.
ယင်းအဖွဲ့သည် ဇွန်လ ၁၅ ရက် မှ ၁၉ ရက်အထိ စမ်းသပ်ခဲ့ခြင်းဖြစ် ပြီး ရှမ်းပြည်နယ်အစိုးရ၊ ဒေသဆိုင် ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်၊ ကူညီပံ့ပိုးချက်များဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
.

No comments:

Post a Comment