အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းသား ၁၀၀ ကို ကမ္ဘောဇပညာသင်ဆု ပေးအပ် - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Comments system
Photo of three cats
Saturday, July 13, 2019
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College)တွင် Business ManagementTourism & Hospitality ManagementJournalism နှင့် English for Professional Purpose ဘာသာရပ်များအား တက်ရောက်သင်ကြားလျက် ရှိသော ကျောင်းသား/ကျောင်းသ၁၀၀ ဦးကို ကမ္ဘောဇဘဏ်က ကမ္ဘောဇပညာသင်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
.
.
ကမ္ဘောဇပညာသင်ဆု လက်ခံရရှိသော scholar များအနေဖြင့်လည်း အကောင်းဆုံး ကြိုးစားခြင်းနှင့် ကိုယ့်ဘဝ ကိုယ် အကောင်းဆုံး ထူထောင်ရင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးရဲ့ လူနေမဘဝကို မြင့်တင်နိုင်အောင်ကိုးစားသွားကြလိမ့်မည်ကို ယုံကြည်ကြောင်း ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဥက္ကဌက ဆက်လက်၍ ပြောကြားသည်။
.
================
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းသား ၁၀၀ ကို ကမ္ဘောဇပညာသင်ဆု ပေးအပ်
.
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College)တွင် Business ManagementTourism & Hospitality ManagementJournalism နှင့် English for Professional Purpose ဘာသာရပ်များအား တက်ရောက်သင်ကြားလျက် ရှိသော ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးကို ကမ္ဘောဇဘဏ်က ကမ္ဘောဇပညာသင်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ကျွန်မရဲ့ ဖေဖေနဲ့ မေမေဟာ ကျောင်းဆရာ၊ ဆရာမများ ဖြစ်ခဲ့ကြတဲ့ အလျောက်၊ ပညာရေးဟာ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများရဲ့ အနာဂတ်ဘဝ တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ဟု ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိုင်းခမ်းက ပြောသည်။
.
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)နှင့် အတူ ကမ္ဘောဇပညာသင်ဆုအား နေရာဒေသစုံမှ ကျောင်းသား/ကျောင်းသူများကို ဘာသာရပ်မျိုးစုံဖြင့် ပြည်တွင်း/ပြည်ပရှိ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန်အတွက် ၁၉၉၉ ခုနှစ်မှ စပြီး နှစ်စဉ်ပေးအပ်လျက်ရှိကြောင်း သိရသည်။
.
အခုလို ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံရဲ့ အရေးတကြီး လိုအပ်နေတဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြု နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ပညာသင်ဆု ရွေးချယ်တဲ့ အခါမှာလည်း အမျိုးသား၊ အမျိုးသမီး ဦးရေ အချိုး ညီဖြစ်စေဖို့ ဆောင်ရွက်ထားရှိပါတယ်။ဟု ဒေါ်နန်းလိုင်းခမ်းက ဆိုသည်။
.
ကမ္ဘောဇပညာသင်ဆု လက်ခံရရှိသော scholar များအနေဖြင့်လည်း အကောင်းဆုံး ကြိုးစားခြင်းနှင့် ကိုယ့်ဘဝ ကိုယ် အကောင်းဆုံး ထူထောင်ရင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးရဲ့ လူနေမှုဘဝကို မြှင့်တင်နိုင်အောင် ကြိုးစားသွားကြလိမ့်မည်ကို ယုံကြည်ကြောင်း ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဥက္ကဌက ဆက်လက်၍ ပြောကြားသည်။
.
မြန်မာနိင်ငံတွင်းရှိ တက္ကသိုလ်များတွင် ကျောင်းသား/ကျောင်းသူပေါင်း ၁၃၀၀ ခန့်၊ ပြည်ပတက္ကသိုလ်များတွင် ၈ ဦး၊ Parami Institute တွင် ၂ ဦး၊ Precollegiate Program တွင် ၆ ဦး၊ United World College of South East Asia တွင် ၂ ဦးနှင့် Myanmar Metropolitan College တွင် ၂ ဦး တို့ကို ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများအား ကမ္ဘောဇအုပ်စုက ပေးအပ်ထားပြီး ဖြစ်သည်။
No comments:
Post a Comment
Journal Download
Photo of three cats