ေအးသာယာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 30, 2019

ေအးသာယာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြား


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၊ အထက (၁) ေက်ာင္းအနီးတြင္ ဇူလိုင္လ ၂၉ ရက္၊ နံနက္ပိုင္းက အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
.
ေအးသာယာၿမိဳ႕၊ အထက (၁) ေက်ာင္းေရွ႕၊ လမ္းေဘးသစ္ပင္တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် ေသဆံုးေနေၾကာင္း သတင္းအရ ေအးသာယာနယ္ေျမရဲစခန္းမွဴး ရဲအုပ္ဝင္းႏိုင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ အဆိုပါေက်ာင္းေရွ႕ရွိ အျမင့္ ၁၅ ေပခန္႔ရွိ စိန္ပန္းပင္၏ အကိုင္းတြင္ ပလတ္စတစ္ႀကိဳးျဖင့္ ႀကိဳးဆြဲခ်ေသဆံုးေနျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရၿပီး ေသဆံုးသူမွာ ေအးသာယာၿမိဳ႕၊ ၿမိဳ႕ဦးဓမၼာ႐ံု လမ္းေန မ်ိဳးလြင္ (၄၇ ႏွစ္) ဆိုသူ ျဖစ္ေၾကာင္း သိရွိရသည္။
.
ဆက္လက္ၿပီး ေသဆံုးသူအား စစ္ေဆးရာ ၎၏ အက်ႌယာဘက္အိပ္ကပ္အတြင္း ကိုယ္တိုင္ေရးသားထားေသာ ေသတမ္းစာ တစ္ေစာင္အား ေတြ႕ရွိရၿပီး အိမ္ေထာင္ေရး၊ စီးပြားေရး အဆင္မေျပမႈမ်ားေၾကာင့္ ႀကိဳးဆြဲခ်ေသဆံုးျခင္း ျဖစ္ေၾကာင္း သံုးသပ္ေတြ႕ရွိရသျဖင့္ အေလာင္းအား ရဲေဆးစာျဖင့္ စဝ္စံထြန္းေဆး႐ံုသို႔ ေပးပို႔ခဲ့ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ မ်ိဳးလြင္ ေသဆံုးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ သိရွိႏိုင္ရန္ ေအးသာယာ နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၁/၂၀၁၉ ဖြင့္လွစ္ကာ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
အေးသာယာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အထက (၁) ကျောင်းအနီးတွင် ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အေးသာယာမြို့၊ အထက (၁) ကျောင်းရှေ့၊ လမ်းဘေးသစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ အေးသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါကျောင်းရှေ့ရှိ အမြင့် ၁၅ ပေခန့်ရှိ စိန်ပန်းပင်၏ အကိုင်းတွင် ပလတ်စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး သေဆုံးသူမှာ အေးသာယာမြို့၊ မြို့ဦးဓမ္မာရုံ လမ်းနေ မျိုးလွင် (၄၇ နှစ်) ဆိုသူ ဖြစ်ကြောင်း သိရှိရသည်။
.
ဆက်လက်ပြီး သေဆုံးသူအား စစ်ဆေးရာ ၎င်း၏ အကျႌယာဘက်အိပ်ကပ်အတွင်း ကိုယ်တိုင်ရေးသားထားသော သေတမ်းစာ တစ်စောင်အား တွေ့ရှိရပြီး အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေမှုများကြောင့် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အလောင်းအား ရဲဆေးစာဖြင့် စဝ်စံထွန်းဆေးရုံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မျိုးလွင် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အေးသာယာ နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၉ ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats