ေအးသာယာအထက္တန္းေက်ာင္း (ခြဲ) (စက္မႈဇုန္) အား အေျခခံပညာအထက္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 31, 2019

ေအးသာယာအထက္တန္းေက်ာင္း (ခြဲ) (စက္မႈဇုန္) အား အေျခခံပညာအထက္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္


ေမာင္ေမာင္သန္း (ေတာင္ႀကီး)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း (ခြဲ) (စက္မႈဇုန္) အား အေျခခံပညာအထက္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ျခင္းအခမ္းအနားကို ယေန႔ ဇူလိုင္လ ၃၁ ရက္၊ နံနက္ပိုင္းက အဆိုပါေက်ာင္း၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
ေက်ာင္းအဆင့္ျမႇင့္တင္မႈ ဖြင့္ပြဲအခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္ပညာေရး ၫႊန္ၾကားေရးမွဴး ဦးဝင္းေမာင္၊ စက္မႈဇုန္စီမံခန္႔ခြဲေရးဥကၠဌ ဦးဝင္းေသာ္တို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၿပီး ေက်ာင္းဆိုင္းဘုတ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ တာဝန္ရွိသူမ်ားက ဆိုင္းဘုတ္အား အေမႊးနံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းေပးခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္ၿပီး အခမ္းအနား ဒုတိယပိုင္းကို က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ႏိုင္ငံေတာ္အေနျဖင့္ ပညာေရးက႑ကို အထူးအေလးေပးၿပီး အမ်ိဳးသားပညာရည္ ျမင့္မားေရး လုပ္ငန္းမ်ားကို အစီအစဥ္ခ်မွတ္၍ ေက်ာင္းေနအရြယ္ကေလးတိုင္း ေက်ာင္းေနနိုင္ေရး၊ နိုင္ငံသားတိုင္းအေျခခံပညာကို မူလတန္းအဆင့္မွ အလယ္တန္းအဆင့္၊ အထက္တန္းအဆင့္ပညာရပ္မ်ားျဖင့္ အဆင့္ဆင့္သင္ၾကားခြင့္ ရရွိနိုင္ေရးကို အထူးအေလးထား ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းေန အရြယ္ကေလးတိုင္း ပညာသင္ၾကား ိုင္ေရးအတြက္ နိုင္ငံေတာ္က မူလတန္းအဆင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားအား ပုံႏွိပ္စာအုပ္မ်ား၊ ဗလာစာအုပ္ မ်ား၊ အလယ္တန္းႏွင့္ အထက္တန္းေက်ာင္းသား/ ေက်ာင္းသူမ်ားအား ပုံႏွိပ္စာအုပ္မ်ားကို အခမဲ့ေဝငွေပးခဲ့ ပါေၾကာင္း အမွာစကား ေျပာၾကားခဲ့သည္။
.
ထို႔ေနာက္ ျပည္နယ္ပညာေရးညႊန္ၾကားေရးမႉး ဦးဝင္းေမာင္မွ အမွာစကားေျပာၾကားၿပီး စက္မႈဇုန္ စီမံခန႔္ခြဲေရး ေကာ္မတီဥကၠဌ ဦးဝင္းေသာ္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားကာ အလႉရွင္မ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္တြင္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္း အထက (ခြဲ)မွ အထက အဆင့္သို႔ ၁ ေက်ာင္း၊ အလက မွ အထက (ခြဲ)အဆင့္သို႔ ၄ ေက်ာင္း၊ အလက (ခြဲ)မွ အလက အဆင့္သို႔ ၇ ေက်ာင္း၊ မူလတန္းလြန္မွ အလက (ခြဲ)အဆင့္သို႔ ၁၂ ေက်ာင္း၊ အမက မွ မူလတန္းလြန္အဆင့္သို႔ ၇ ေက်ာင္း၊ အမက (ခြဲ)မွ အမက အဆင့္သို႔ ၁ ေက်ာင္း၊ စုစုေပါင္း ၃၂ ေက်ာင္းကို အဆင့္တိုးျမႇင့္ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
.
============================================================
အေးသာယာအထက်တန်းကျောင်း (ခွဲ) (စက်မှုဇုန်) အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်
.
မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (စက်မှုဇုန်) အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ကျောင်းအဆင့်မြှင့်တင်မှု ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ စက်မှုဇုန်စီမံခန့်ခွဲရေးဥက္ကဌ ဦးဝင်းသော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးပေးပြီး အမျိုးသားပညာရည် မြင့်မားရေး လုပ်ငန်းများကို အစီအစဉ်ချမှတ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ နိုင်ငံသားတိုင်းအခြေခံပညာကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ပညာရပ်များဖြင့် အဆင့်ဆင့်သင်ကြားခွင့် ရရှိနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ကြား နိုင်ရေးအတွက် နိုင်ငံတော်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် များ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်များကို အခမဲ့ဝေငှပေးခဲ့ ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်မှ အမှာစကားပြောကြားပြီး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးဝင်းသော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အလှူရှင်များအား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် တောင်ကြီးမြို့နယ်အတွင်း အထက (ခွဲ)မှ အထက အဆင့်သို့ ၁ ကျောင်း၊ အလက မှ အထက (ခွဲ)အဆင့်သို့ ၄ ကျောင်း၊ အလက (ခွဲ)မှ အလက အဆင့်သို့ ၇ ကျောင်း၊ မူလတန်းလွန်မှ အလက (ခွဲ)အဆင့်သို့ ၁၂ ကျောင်း၊ အမက မှ မူလတန်းလွန်အဆင့်သို့ ၇ ကျောင်း၊ အမက (ခွဲ)မှ အမက အဆင့်သို့ ၁ ကျောင်း၊ စုစုပေါင်း ၃၂ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats