လူပုဂၢိဳလ္ဆိုင္ရာ ဥပေဒကို အသံုးျပဳ၍ တရားစြဲဆိုမႈ ၂၈ ခု အထိ ရွိလာေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

လူပုဂၢိဳလ္ဆိုင္ရာ ဥပေဒကို အသံုးျပဳ၍ တရားစြဲဆိုမႈ ၂၈ ခု အထိ ရွိလာေန


မင္းေဇာ္မင္း
.
ႏိုင္ငံသားမ်ား၏ လူပုဂၢိဳလ္ဆိုင္ ရာလြတ္လပ္ခြင့္ႏွင့္ လူပုဂၢိဳလ္ဆိုင္ရာ လံုၿခံဳမႈကို အကာအကြယ္ေပးေရး ဥပေဒကို ျပဌာန္းၿပီးေနာက္ အဆိုပါ ဥပေဒျဖင့္ တရားစြဲဆိုမႈမ်ား ၂၈ မႈ အထိ ရွိလာေနၿပီး တရားစြဲဆို ခံရသူ ၆၈ ဦးအထိ ရွိလာေနၿပီ ျဖစ္သည္ဟု လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ လႈပ္ရွားမႈ (အသံ) အဖြဲ႕က ဇူလိုင္လ ၁၂ ရက္တြင္ ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။
.
 .
အဆိုပါ ဥပေဒျဖင့္ တရားစြဲဆိုမႈ မ်ားအနက္ အစိုးရႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို ေဝဖန္မႈျဖင့္ တရားစြဲဆိုခံရမႈ ၁၀ မႈ၊ ႏိုင္ငံေရးပါ တီဝင္မ်ားက စြဲဆိုမႈ ၅ မႈ၊ စီးပြားေရး လုပ္ငန္းရွင္မ်ားက ေဒသခံ ေတာင္သူမ်ားကို တရားစြဲဆိုထားမႈ ၂ မႈ၊ တပ္မေတာ္က စြဲဆိုထားမႈ ၂ မႈတို႔ ပါဝင္ၾကၿပီး အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔အား ေဝဖန္ ေရးသည္ဟုဆိုကာ ၾကားလူမႈတရား စြဲဆိုထားမႈလည္း ပါဝင္ေနၿပီး တရားစြဲဆိုမႈ ၇ မႈသည္ တိုက္႐ိုက္မဟုတ္ဘဲ ၾကားလူက တရားစြဲဆိုခဲ့ျခင္း ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။
.
“ၾကားလူဆိုတာက ေဒၚေအာင္ဆန္းစုၾကည္ကို အြန္လိုင္းကေဝဖန္တယ္ဆိုၿပီး ပါတီဝင္တစ္ဦးဦးက တရားစြဲတာမ်ိဳးပါ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေဝဖန္တယ္ဆိုၿပီး တစ္ဦးဦးက စြဲတာမွာ ဗိုလ္ခ်ဳပ္က ကြယ္လြန္သြား ၿပီျဖစ္လို႔ ဒီလိုမ်ိဳးက မျဖစ္သင့္ဘူးလို႔ ယူဆပါတယ္”ဟု အသံအဖြဲ႕မွ ဦးရဲေဝၿဖိဳးေအာင္က ေျပာသည္။
.
တရားစြဲဆို ခံရသူမ်ားအနက္ တက္ႂကြလႈပ္ရွားသူ ၁၁ ဦး၊ သာမန္ ျပည္သူ ၃၇ ဦး၊ သတင္းမီဒီယာသမား ၃ ဦး၊ ႏိုင္ငံေရးပါတီဝင္ ၁၀ ဦး ႏွင့္ အျခား ၇ ဦးတို႔ ပါဝင္ေနၿပီး ၁၃ ဦးသည္ လူမႈကြန္ရက္တြင္ ထုတ္ေဖာ္ ေရးသားသည့္အတြက္ တရားစြဲဆို ခံရျခင္း ျဖစ္သည္ဟု သိရသည္။
.
“အျခားဆိုတာက သူတို႔ကို ေဖာ္ ျပရင္ ထိလြယ္ရွလြယ္ ျဖစ္မွာစိုးလို႔ပါ။ ကုမၸဏီ ကိစၥရပ္ေတြ ပါပါတယ္” ဟု ဦးရဲေဝၿဖိဳးေအာင္က ဆက္လက္ေျပာ ၾကားခဲ့သည္။
.
ႏိုင္ငံသားမ်ား၏ လူပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လံုျခံဳမႈကို အကာအကြယ္ေပးေရးဥပေဒကို ၂၀၁၇ ခုႏွစ္၊ မတ္လ ၈ ရက္ က ျပည္ေထာင္စုလႊတ္ေတာ္တြင္ အတည္ျပဳျပ႒ာန္းခဲ့ျခင္း ျဖစ္ၿပီး လက္ရွိ တြင္ ဥပေဒ သက္တမ္း ၂ ႏွစ္ႏွင့္ လ ၄ ျပည့္ ေျမာက္ခဲ့ၿပီ ျဖစ္ေသာ္လည္း ဥပေဒ၏ အဓိက ရည္ရြယ္ခ်က္ျဖစ္ သည့္  ျပည္သူမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လံုၿခံဳမႈ ေပးရာတြင္ ထိေရာက္ျခင္း မရွိဘဲ ျပည္သူမ်ား၏ လြတ္လပ္စြာထုတ္ ေဖာ္ေျပာဆိုခြင့္အား ခ်ိဳးေဖာက္ရန္ အတြက္ အသံုးျပဳျခင္းမ်ားသာ ျဖစ္ေပၚလာသျဖင့္ မ်ားစြာ စိုးရိမ္မိေၾကာင္း အသံအဖြဲ႕မွ ေဖာ္ျပထားသည္။
.
============================================================
လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အသုံးပြု၍ တရားစွဲဆိုမှု ၂၈ ခု အထိ ရှိလာနေ
.
မင်းဇော်မင်း
.
နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင် ရာလွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေကို ပြဌာန်းပြီးနောက် အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုမှုများ ၂၈ မှု အထိ ရှိလာနေပြီး တရားစွဲဆို ခံရသူ ၆၈ ဦးအထိ ရှိလာနေပြီ ဖြစ်သည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု (အသံ) အဖွဲ့က ဇူလိုင်လ ၁၂ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုမှု များအနက် အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဝေဖန်မှုဖြင့် တရားစွဲဆိုခံရမှု ၁၀ မှု၊ နိုင်ငံရေးပါ တီဝင်များက စွဲဆိုမှု ၅ မှု၊ စီးပွားရေး လုပ်ငန်းရှင်များက ဒေသခံ တောင်သူများကို တရားစွဲဆိုထားမှု ၂ မှု၊ တပ်မတော်က စွဲဆိုထားမှု ၂ မှုတို့ ပါဝင်ကြပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဝေဖန် ရေးသည်ဟုဆိုကာ ကြားလူမှုတရား စွဲဆိုထားမှုလည်း ပါဝင်နေပြီး တရားစွဲဆိုမှု ၇ မှုသည် တိုက်ရိုက်မဟုတ်ဘဲ ကြားလူက တရားစွဲဆိုခဲ့ခြင်း ဖြစ် ကြောင်း ဖော်ပြထားသည်။
.
“ကြားလူဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကဝေဖန်တယ်ဆိုပြီး ပါတီဝင်တစ်ဦးဦးက တရားစွဲတာမျိုးပါ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်တယ်ဆိုပြီး တစ်ဦးဦးက စွဲတာမှာ ဗိုလ်ချုပ်က ကွယ်လွန်သွား ပြီဖြစ်လို့ ဒီလိုမျိုးက မဖြစ်သင့်ဘူးလို့ ယူဆပါတယ်”ဟု အသံအဖွဲ့မှ ဦးရဲဝေဖြိုးအောင်က ပြောသည်။
.
တရားစွဲဆို ခံရသူများအနက် တက်ကြွလှုပ်ရှားသူ ၁၁ ဦး၊ သာမန် ပြည်သူ ၃၇ ဦး၊ သတင်းမီဒီယာသမား ၃ ဦး၊ နိုင်ငံရေးပါတီဝင် ၁၀ ဦး နှင့် အခြား ၇ ဦးတို့ ပါဝင်နေပြီး ၁၃ ဦးသည် လူမှုကွန်ရက်တွင် ထုတ်ဖော် ရေးသားသည့်အတွက် တရားစွဲဆို ခံရခြင်း ဖြစ်သည်ဟု သိရသည်။
.
“အခြားဆိုတာက သူတို့ကို ဖော် ပြရင် ထိလွယ်ရှလွယ် ဖြစ်မှာစိုးလို့ပါ။ ကုမ္ပဏီ ကိစ္စရပ်တွေ ပါပါတယ်” ဟု ဦးရဲဝေဖြိုးအောင်က ဆက်လက်ပြော ကြားခဲ့သည်။
.
နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက် က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တွင် ဥပဒေ သက်တမ်း ၂ နှစ်နှင့် လ ၄ ပြည့် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ဥပဒေ၏ အဓိက ရည်ရွယ်ချက်ဖြစ် သည့်  ပြည်သူများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ပေးရာတွင် ထိရောက်ခြင်း မရှိဘဲ ပြည်သူများ၏ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အား ချိုးဖောက်ရန် အတွက် အသုံးပြုခြင်းများသာ ဖြစ်ပေါ်လာသဖြင့် များစွာ စိုးရိမ်မိကြောင်း အသံအဖွဲ့မှ ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats