အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ တရားစဲြထားသည့္ လား႐ႈိးလ၀က၀န္ထမ္းမ်ား၏ အမႈႏွင့္ ပတ္သက္၍ သက္ေသမ်ားအား စစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 24, 2019

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ တရားစဲြထားသည့္ လား႐ႈိးလ၀က၀န္ထမ္းမ်ား၏ အမႈႏွင့္ ပတ္သက္၍ သက္ေသမ်ားအား စစ္ေဆး


အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္မွ ဇြန္လ ၁၂ ရက္က လား႐ႈိးၿမဳိ႕မရဲစခန္းတြင္ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ ျဖင့္ တရားစဲြဆိုထားသည့္ အမႈႏွင့္ ပတ္သက္၍ သက္ေသမ်ားအား ရွမ္းျပည္နယ္တရားလႊတ္ေတာ္၌ ယေန႔ ဇူလိုင္လ ၂၄ ရက္၊ နံနက္ပိုင္းတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္တရားလႊတ္ေတာ္၌ စစ္ေဆးခဲ့သည့္ သက္ေသမ်ားမွာ လား႐ႈိးၿမဳိ႕မရဲစခန္းမွ ရဲအုပ္ စိုးမိုးေဌး၊ လား႐ႈိးၿမဳိ႕၊ ရပ္ကြက္(၁) အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းသန္းထြန္း၀င္း၊ ရပ္ကြက္(၈) အုပ္ခ်ဳပ္ေရးမွဴး ဦး၀င္းျမ၊ ရပ္ကြက္(၁၁) အုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္းတို႔ ျဖစ္ၾကၿပီး ၄င္းတို႔အား ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီး ဦးခင္ေမာင္ေဌးႏွင့္ ရွမ္းျပည္နယ္ ဥပေဒရံုးမွ ဒုညႊန္ၾကားေရးမွဴး ေဒၚတင္တင္လွတို႔က တရားခြင္အတြင္း စစ္ေဆးခဲ့ျခင္း ျဖစ္သည္။
.
ယင္းကဲ့သို႔ စစ္ေဆးရာတြင္ တရားခံေျပးမ်ား ျဖစ္ၾကသည့္ လား႐ႈိးလ၀ကမွ ၿမဳိ႕နယ္ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း၊ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးေက်ာ္သူဟိန္းလက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးထက္ဝင့္ေအာင္လက္ေထာက္ လူဝင္မႈ ႀကီးၾကပ္ေရးမွဴး ေဒၚအိအိမြန္ေအာင္ဒုတိယလူဝင္မႈ ႀကီးၾကပ္ေရးမွဴး ေဒၚၾကည္ၾကည္ညြန႔္ဒုတိယ လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးရန္ဝင္းေအာင္တို႔အား လား႐ႈိးၿမဳိ႕မရဲစခန္းမွ ရဲအုပ္ စိုးမိုးေဌး ဦးေဆာင္ေသာ ရဲတပ္ဖဲြ႕၀င္မ်ားသည္ သက္ေသမ်ား ျဖစ္သည့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္အတူ ဇူလိုင္လ ၁၀ ရက္ႏွင့္ ၂၂ ရက္တို႔တြင္ ရွမ္းျပည္နယ္တရားရံုးမွ ထုတ္ဆင့္သည့္ ဖမ္း၀ရမ္းမ်ားအား အတည္ျပဳရန္အတြက္ သြားေရာက္ ေဆာင္ရြက္ရာတြင္ တရားခံေျပးမ်ားအား ေတြ႕ရွိရျခင္း မရွိဘဲ ေရွာင္တိမ္းေနသည္ဟု ထြက္ဆိုခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ ဖမ္း၀ရမ္းမ်ားကို အတည္ျပဳႏိုင္ျခင္း မရွိသည့္အတြက္ တရားရံုးသို႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးမ်ား၏ ေထာက္ခံစာမ်ားႏွင့္အတူ ျပန္လည္ တင္သြင္းခဲ့သျဖင့္ တရားရံုးမွ ဖမ္း၀ရမ္းမ်ားကို သက္ေသခံ(က)အျဖစ္ လည္းေကာင္း၊ ေထာက္ခံစာမ်ားအား သက္ေသခံ(က-၁)အျဖစ္ လည္းေကာင္း လက္ခံခဲ့သည္။
.

ထို႔အတူ ရဲအုပ္ စိုးမိုးေဌးမွ တရား႐ံုး၌ သက္ေသအျဖစ္ ထြက္ဆိုရာတြင္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံေျပးမ်ား ျဖစ္ၾကေသာ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း အပါအ၀င္ ၀န္ထမ္း ၆ ဦးလံုးအား ဖမ္းဆီးရႏိုင္သည့္ အေျခအေန မရွိေၾကာင္းကိုလည္း ထြက္ဆိုခဲ့သည္။
.
ရဲအုပ္ စိုးမိုးေဌးမွ တရား႐ံုး၌ သက္ေသအျဖစ္ ထြက္ဆိုရာတြင္ ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံေျပးမ်ား ျဖစ္ၾကေသာ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း အပါအ၀င္ ၀န္ထမ္း ၆ ဦးလံုးအား ဖမ္းဆီးရႏိုင္သည့္ အေျခအေန မရွိေၾကာင္းကိုလည္း ထြက္ဆိုခဲ့သည္။
 
အဆိုပါ ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံေျပးမ်ားအနက္ ဦးေက်ာ္ေက်ာ္လင္းသည္ လား႐ႈိးၿမဳိ႕၊ ရပ္ကြက္(၁)အတြင္း၌ အိမ္းငွါးျဖင့္လည္းေကာင္း၊ ဦးေက်ာ္သူဟိန္းသည္ ရပ္ကြက္(၈)ရွိ ေယာကၡမျဖစ္သူ၏ ေနအိမ္တြင္ လည္းေကာင္း၊ ဦးရန္၀င္းေအာင္သည္ ရပ္ကြက္(၁၁)အတြင္းရွိ ၄င္းပိုင္ ေနအိမ္တြင္ လည္းေကာင္း၊ က်န္သူမ်ားျဖစ္သည့္ ေဒၚအိအိမြန္ေအာင္၊ ေဒၚၾကည္ၾကည္ညြန္႔၊ ဦးထက္၀င့္ေအာင္တို႔သည္ လ၀က၀န္ထမ္း အိမ္ရာတြင္ လည္းေကာင္း ေနထိုင္ၾကသူမ်ား ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီး ဦးခင္ေမာင္ေဌးမွ သက္ေသ ၄ ဦးအား စစ္ေဆးၿပီးေနာက္ အမႈအား လာမည့္ ၾသဂုတ္လ ၇ ရက္တြင္ ဆက္လက္ စစ္ေဆးသြားမည္ဟု ေၾကညာခဲ့သည္။
.
လား႐ိႈးၿမိဳ႕နယ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ႐ံုး (လဝက)မွ ၿမိဳ႕နယ္ ဦးစီးမွဴး ဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္လင္းႏွင့္ ဝန္ထမ္း ၆ ဦး၊ အက်ိဳးေဆာင္ ၁ ဦးတို႔သည္ အိမ္ေထာင္စုဇယား ျပဳလုပ္ျခင္းႏွင့္ ေမြး/တိုးစာရင္း ျပဳလုပ္ျခင္းတို႔အေပၚ ေငြေၾကးေတာင္းခံရယူေဆာင္ရြက္ေနသည္ဟု ဆိုကာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္မွ အဂတိလိုက္စားမႈ ဥပေဒ ျဖင့္ ဇြန္လ ၁၂ ရက္တြင္ လား႐ႈိးၿမဳိ႕မရဲစခန္း၌ အမႈ ဖြင့္လွစ္ၿပီးေနာက္ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚခင္ေမထြန္းႏွင့္ ေဒၚမာေရွာက္ဆန္းတို႔အား ဖမ္းဆီးထားရွိၿပီး သက္ေသမ်ား စစ္ေဆးၿပီးေနာက္တြင္ ၄င္းတို႔ ၂ ဦးအား ဆက္လက္ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

==================

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲထားသည့် လားရှိုးလဝကဝန်ထမ်းများ၏ အမှုနှင့် ပတ်သက်၍ သက်သေများအား စစ်ဆေး
.
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဇွန်လ ၁၂ ရက်က လားရှိုးမြို့မရဲစခန်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ သက်သေများအား ရှမ်းပြည်နယ်တရားလွှတ်တော်၌ ယနေ့ ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော်၌ စစ်ဆေးခဲ့သည့် သက်သေများမှာ လားရှိုးမြို့မရဲစခန်းမှ ရဲအုပ် စိုးမိုးဌေး၊ လားရှိုးမြို့၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းသန်းထွန်းဝင်း၊ ရပ်ကွက်(၈) အုပ်ချုပ်ရေးမှူး ဦးဝင်းမြ၊ ရပ်ကွက်(၁၁) အုပ်ချုပ်ရေးမှူး ဦးလှသိန်းတို့ ဖြစ်ကြပြီး ၄င်းတို့အား ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်ဌေးနှင့် ရှမ်းပြည်နယ် ဥပဒေရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်တင်တင်လှတို့က တရားခွင်အတွင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ စစ်ဆေးရာတွင် တရားခံပြေးများ ဖြစ်ကြသည့် လားရှိုးလဝကမှ မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်လင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်တို့အား လားရှိုးမြို့မရဲစခန်းမှ ရဲအုပ် စိုးမိုးဌေး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ဖြစ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ဇူလိုင်လ ၁၀ ရက်နှင့် ၂၂ ရက်တို့တွင် ရှမ်းပြည်နယ်တရားရုံးမှ ထုတ်ဆင့်သည့် ဖမ်းဝရမ်းများအား အတည်ပြုရန်အတွက် သွားရောက် ဆောင်ရွက်ရာတွင် တရားခံပြေးများအား တွေ့ရှိရခြင်း မရှိဘဲ ရှောင်တိမ်းနေသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဖမ်းဝရမ်းများကို အတည်ပြုနိုင်ခြင်း မရှိသည့်အတွက် တရားရုံးသို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများနှင့်အတူ ပြန်လည် တင်သွင်းခဲ့သဖြင့် တရားရုံးမှ ဖမ်းဝရမ်းများကို သက်သေခံ(က)အဖြစ် လည်းကောင်း၊ ထောက်ခံစာများအား သက်သေခံ(က-၁)အဖြစ် လည်းကောင်း လက်ခံခဲ့သည်။
.


ထို့အတူ ရဲအုပ် စိုးမိုးဌေးမှ တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုရာတွင် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများ ဖြစ်ကြသော ဦးစီးမှူး ဦးကျော်ကျော်လင်း အပါအဝင် ဝန်ထမ်း ၆ ဦးလုံးအား ဖမ်းဆီးရနိုင်သည့် အခြေအနေ မရှိကြောင်းကိုလည်း ထွက်ဆိုခဲ့သည်။
.
ရဲအုပ် စိုးမိုးဌေးမှ တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုရာတွင် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများ ဖြစ်ကြသော ဦးစီးမှူး ဦးကျော်ကျော်လင်း အပါအဝင် ဝန်ထမ်း ၆ ဦးလုံးအား ဖမ်းဆီးရနိုင်သည့် အခြေအနေ မရှိကြောင်းကိုလည်း ထွက်ဆိုခဲ့သည်။
 
အဆိုပါ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများအနက် ဦးကျော်ကျော်လင်းသည် လားရှိုးမြို့၊ ရပ်ကွက်(၁)အတွင်း၌ အိမ်းငှါးဖြင့်လည်းကောင်း၊ ဦးကျော်သူဟိန်းသည် ရပ်ကွက်(၈)ရှိ ယောက္ခမဖြစ်သူ၏ နေအိမ်တွင် လည်းကောင်း၊ ဦးရန်ဝင်းအောင်သည် ရပ်ကွက်(၁၁)အတွင်းရှိ ၄င်းပိုင် နေအိမ်တွင် လည်းကောင်း၊ ကျန်သူများဖြစ်သည့် ဒေါ်အိအိမွန်အောင်၊ ဒေါ်ကြည်ကြည်ညွန့်၊ ဦးထက်ဝင့်အောင်တို့သည် လဝကဝန်ထမ်း အိမ်ရာတွင် လည်းကောင်း နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်ဌေးမှ သက်သေ ၄ ဦးအား စစ်ဆေးပြီးနောက် အမှုအား လာမည့် သြဂုတ်လ ၇ ရက်တွင် ဆက်လက် စစ်ဆေးသွားမည်ဟု ကြေညာခဲ့သည်။
.
လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက)မှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်း ၆ ဦး၊ အကျိုးဆောင် ၁ ဦးတို့သည် အိမ်ထောင်စုဇယား ပြုလုပ်ခြင်းနှင့် မွေး/တိုးစာရင်း ပြုလုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူဆောင်ရွက်နေသည်ဟု ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဂတိလိုက်စားမှု ဥပဒေ ဖြင့် ဇွန်လ ၁၂ ရက်တွင် လားရှိုးမြို့မရဲစခန်း၌ အမှု ဖွင့်လှစ်ပြီးနောက် လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းနှင့် ဒေါ်မာရှောက်ဆန်းတို့အား ဖမ်းဆီးထားရှိပြီး သက်သေများ စစ်ဆေးပြီးနောက်တွင် ၄င်းတို့ ၂ ဦးအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats