ေအာင္ပန္းၿမိဳ႕ရွိ နာရီစင္ႏွင့္ မီးပြိဳင့္အား လတ္တေလာ ျပန္လည္ တည္ေဆာက္ေပးရန္မရွိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

ေအာင္ပန္းၿမိဳ႕ရွိ နာရီစင္ႏွင့္ မီးပြိဳင့္အား လတ္တေလာ ျပန္လည္ တည္ေဆာက္ေပးရန္မရွိဟု ဆို


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕ရွိ နာရီစင္ႏွင့္ မီးပြိဳင့္မ်ားအား လတ္တေလာတြင္ အသစ္ ျပန္လည္တည္ေဆာက္ေပးရန္ အစီအစဥ္မရွိေသးေၾကာင္း ေအာင္ပန္းၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး ဦး ျမင့္ေဇာ္ထံမွ သိရသည္။
.
 .
“လတ္တေလာမွာ ေဆာင္ရြက္ေပးႏိုင္ျခင္း မရွိေသးပါဘူး။ လမ္းၿပီးသြားရင္ေတာ့ စည္ပင္နဲ႔ျပန္လုပ္သြားမွာပါ။ ရက္ကေတာ့ ေျပာလို႔မရေသးပါဘူး။ အခုကေတာ့ ယာဥ္ထိန္း ရဲေတြက တာဝန္ယူၿပီး ထိန္းသိမ္း ေဆာင္ရြက္ ေပးေနပါတယ္”ဟု ဦး ျမင့္ေဇာ္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ ကေလာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခင္မင္းကလည္း လတ္ေတာတြင္ မီးပြိဳင့္မ်ား ျပန္လည္တပ္ဆင္ေပးရန္ အစီအစဥ္မရွိေသးေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့သည္။
.
ေအာင္ပန္းၿမိဳ႕တြင္ ယာဥ္အသြားအလာ မ်ားျပားၿပီး ယာဥ္ေၾကာ႐ႈပ္ ေထြးမႈမ်ား မၾကာခဏ ျဖစ္ပြားေလ့ ရွိသျဖင့္ ယခင္က မီးပြိဳင့္ ၂ ခု ထား ရွိခဲ့ေသာ္လည္း ယခုအခါ လမ္းအဆင့္တိုးျမႇင့္ ခ်ဲ႕ထြင္ျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းေၾကာင့္ ယင္းမီးပြိဳင့္မ်ားအား ဖ်က္သိမ္းထားရွိေၾကာင္း သိရသည္။
.
“လမ္းဆံုမွာက စိုးရိမ္စရာေတြ ရွိတယ္။ အရင္က မီးပြိဳင့္ေလးရွိေတာ့ နည္းနည္း အဆင္ေျပတယ္။ သက္ ႀကီးရြယ္အိုေတြလည္း လမ္းျဖတ္ကူး တဲ့အခါ လြယ္ကူတာေပါ့။ အခုဆိုရင္ အခက္အခဲ ျဖစ္ရတယ္။ မီးပြိဳင့္ကို အျမန္ျပန္ လုပ္ေစခ်င္တယ္” ဟု ေအာင္ပန္းေဒသခံ ဦးေလာဝ္မိန္းက ၎၏အျမင္ကို ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ကေလာ-ေအာင္ပန္းလမ္း အဆင့္ျမႇင့္တင္ ေဆာင္ရြက္မႈေၾကာင့္ ေအာင္ပန္းၿမိဳ႕ရွိ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ ေက်ာက္တိုင္၊ ၿမိဳ႕တည္ႏွစ္ ၁၀ဝ ျပည့္ နာရီစင္ႏွင့္ မီးပြိဳင့္မ်ားအား မတ္လကုန္ပိုင္းက လမ္းနယ္ႏွင့္ မလြတ္ကင္း သည့္အတြက္ ၿဖိဳဖ်က္ခဲ့ ျခင္းျဖစ္ၿပီး လက္ရွိတြင္ ဗိုလ္မွဴးႀကီး ဗထူး အထိမ္းအမွတ္ ေက်ာက္တိုင္ကို ျပန္လည္တည္ေဆာက္ေနၿပီျဖစ္ေသာ္လည္း နာရီစင္ႏွင့္ မီးပြိဳင့္မ်ားကိုမူ ျပန္လည္ တည္ေဆာက္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။
.
ေအာင္ပန္းၿမိဳ႕၊ မိုးေကာင္းရပ္ကြက္၊ မိုးေကာင္းလမ္းဆံု၊ ကုတင္ ၇၀ဝ ဆံ့ ေဆး႐ံုႏွင့္ ပုဂၢလိကဘဏ္ ေရွ႕ မ်ားတြင္ ယာဥ္တိုက္မႈ ေလ်ာ့က်ေစ ေရးအတြက္ မီးပြိဳင့္မ်ား တပ္ဆင္ေပး ရန္ လိုအပ္ေနေၾကာင္းျဖဴစင္ေမတၲာ လူမႈကူညီေရးအသင္းမွ ဦးစိန္ဝင္းကလည္း ေျပာဆိုခဲ့သည္။
.
ေအာင္ပန္းၿမိဳ႕သည္ ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ျမန္မာျပည္ အလယ္ပိုင္း ေဒသမ်ားသို႔ ဆက္သြယ္ရာ မီးရထားလမ္း၊ ကားလမ္းဆံုရာ ေနရာတြင္ တည္ရွိေနၿပီး ယာဥ္အသြားအလာ မ်ားျပားသည့္အတြက္ ယာဥ္အႏၱ ရာယ္ လမ္းအႏၱရာယ္ ကင္းရွင္းေစ ေရးအတြက္ မီးပြိဳင့္မ်ား တပ္ဆင္ေပး ရန္ လိုအပ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
.
============================================================
အောင်ပန်းမြို့ရှိ နာရီစင်နှင့် မီးပွိုင့်အား လတ်တလော ပြန်လည် တည်ဆောက်ပေးရန်မရှိဟု ဆို
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ နာရီစင်နှင့် မီးပွိုင့်များအား လတ်တလောတွင် အသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးကြောင်း အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး ဦး မြင့်ဇော်ထံမှ သိရသည်။
.
“လတ်တလောမှာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ လမ်းပြီးသွားရင်တော့ စည်ပင်နဲ့ပြန်လုပ်သွားမှာပါ။ ရက်ကတော့ ပြောလို့မရသေးပါဘူး။ အခုကတော့ ယာဉ်ထိန်း ရဲတွေက တာဝန်ယူပြီး ထိန်းသိမ်း ဆောင်ရွက် ပေးနေပါတယ်”ဟု ဦး မြင့်ဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းကလည်း လတ်တောတွင် မီးပွိုင့်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်မရှိသေးကြောင်း အတည်ပြု ပြောကြားခဲ့သည်။
.
အောင်ပန်းမြို့တွင် ယာဉ်အသွားအလာ များပြားပြီး ယာဉ်ကြောရှုပ် ထွေးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသဖြင့် ယခင်က မီးပွိုင့် ၂ ခု ထား ရှိခဲ့သော်လည်း ယခုအခါ လမ်းအဆင့်တိုးမြှင့် ချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ယင်းမီးပွိုင့်များအား ဖျက်သိမ်းထားရှိကြောင်း သိရသည်။
.
“လမ်းဆုံမှာက စိုးရိမ်စရာတွေ ရှိတယ်။ အရင်က မီးပွိုင့်လေးရှိတော့ နည်းနည်း အဆင်ပြေတယ်။ သက် ကြီးရွယ်အိုတွေလည်း လမ်းဖြတ်ကူး တဲ့အခါ လွယ်ကူတာပေါ့။ အခုဆိုရင် အခက်အခဲ ဖြစ်ရတယ်။ မီးပွိုင့်ကို အမြန်ပြန် လုပ်စေချင်တယ်” ဟု အောင်ပန်းဒေသခံ ဦးလောဝ်မိန်းက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလော-အောင်ပန်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်မှုကြောင့် အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်၊ မြို့တည်နှစ် ၁ဝဝ ပြည့် နာရီစင်နှင့် မီးပွိုင့်များအား မတ်လကုန်ပိုင်းက လမ်းနယ်နှင့် မလွတ်ကင်း သည့်အတွက် ဖြိုဖျက်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ် ကျောက်တိုင်ကို ပြန်လည်တည်ဆောက်နေပြီဖြစ်သော်လည်း နာရီစင်နှင့် မီးပွိုင့်များကိုမူ ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ မိုးကောင်းလမ်းဆုံ၊ ကုတင် ရဝဝ ဆံ့ ဆေးရုံနှင့် ပုဂ္ဂလိကဘဏ် ရှေ့ များတွင် ယာဉ်တိုက်မှု လျော့ကျစေ ရေးအတွက် မီးပွိုင့်များ တပ်ဆင်ပေး ရန် လိုအပ်နေကြောင်းဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ ဦးစိန်ဝင်းကလည်း ပြောဆိုခဲ့သည်။
.
အောင်ပန်းမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများသို့ ဆက်သွယ်ရာ မီးရထားလမ်း၊ ကားလမ်းဆုံရာ နေရာတွင် တည်ရှိနေပြီး ယာဉ်အသွားအလာ များပြားသည့်အတွက် ယာဉ်အန္တ ရာယ် လမ်းအန္တရာယ် ကင်းရှင်းစေ ရေးအတွက် မီးပွိုင့်များ တပ်ဆင်ပေး ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment