ေအာင္ပန္းတြင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စာေပေဟာေျပာပြဲ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 15, 2019

ေအာင္ပန္းတြင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စာေပေဟာေျပာပြဲ က်င္းပ


ေဇာ္သိန္းရည္
.
ေအာင္ပန္းၿမိဳ႕၊ စိမ္းလန္းစိုေျပေရးအဖြဲ႕၏ ဒုတိယေျမာက္ေျခလွမ္းအျဖစ္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စာေပ ေဟာေျပာပြဲကို ဇူလိုင္လ ၁၄ ရက္က ေအာင္ပန္းၿမိဳ႕၊ ေအာင္ခ်မ္းသာဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
စာေပေဟာေျပာပြဲတြင္ ေဒါက္တာသန္းမင္းထြဋ္ (ပင္းတယမီးအိမ္ရွင္) မွ ပိေတာက္ႏွင့္ခ်ယ္ရီ ေခါင္းစဥ္ျဖင့္ ေဟာေျပာရာတြင္ ျမန္မာလူမ်ိဳးတို႔\ အထင္ကရ အျမတ္တႏိုးပန္းသည္ ပိေတာက္ပန္း ျဖစ္သကဲ့သို႔ ဂ်ပန္လူမ်ိဳး တို႔၏ အထင္ကရ အျမတ္တႏိုးပန္းသည္ ခ်ယ္ရီပန္းျဖစ္ေၾကာင္း၊ ဂ်ပန္လူမ်ိဳးတို႔သည္ ခ်ယ္ရီပန္းကို အလွၾကည့္ပြဲေတာ္မ်ား က်င္းပ၍ မခူးမဆြတ္ဘဲ အျမတ္တႏိုး တန္ဖိုးထားၾကၿပီး ျမန္မာလူမ်ိဳးတို႔သည္ ပိေတာက္ပြင့္ခ်ိန္ကိုေစာင့္၍ အလုအယက္ သူ႔ထက္ငါ ခုတ္ထစ္ခ်ိဳးဖဲ့၍ ေရာင္းခ်ျခင္း၊ လက္ေဆာင္ေပးျခင္း၊ ဘုရားတင္ျခင္းမ်ား ျပဳၾကသျဖင့္ ခ်စ္ရာမေရာက္၊ တန္ဖိုးထားရာမေရာက္၊ အျမတ္တႏိုးမျဖစ္ဘဲ ဖ်က္ဆီးေနသလို ျဖစ္ေနၾကေသာေၾကာင့္ ပိေတာက္ ပင္မ်ား ရွားပါးလားၿပီး သဘာဝပတ္ဝန္းက်င္ ပ်က္စီးေနရေၾကာင္း၊ ပိေတာက္သားသည္ အလြန္လွပေသာ အိမ္ေထာင္ ပရိေဘာဂမ်ား၊ အသံုးအေဆာင္မ်ားအတြက္ ေဈးေကာင္းရ အေရာင္းသြက္ေနသျဖင့္ ပိေတာက္ပင္ မ်ားကို မသမာသူမ်ားက ခိုးခုတ္၊ ခိုးေရာင္းေနၾကသျဖင့္ ပိေတာက္ပန္းအလွမ်ား ျမန္မာႏိုင္ငံတြင္ မရွိေတာ့ၿပီ ျဖစ္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံသည္ ေရွးပေဝသဏီကတည္းက ခ်ယ္ရီပန္းမ်ားႏွင့္ လွပခဲ့ရာ ယေန႔ခ်ိန္အထိ ေဝဆာလွပ ေနဆဲျဖစ္ေၾကာင္း၊ မိမိတို႔ အျမတ္တႏိုး တန္ဖိုးထားေသာ ပိေတာက္ပန္းမ်ား ေဝဆာလွပရန္၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ရန္၊ သစ္ေသာသစ္ပင္မ်ား ထိန္းသိမ္းစိုက္ပ်ိဳးၾကရန္လိုေၾကာင္း ေဟာေျပာခဲ့သည္။
.
အဆိုပါ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စာေပေဟာေျပာပြဲကို ေအာင္ပန္းၿမိဳ႕ရွိ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၊ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး ပရဟိတအဖြဲ႕မ်ား၊ စာေပခ်စ္သူမ်ား၊ အေျခခံပညာစာသင္ ေက်ာင္းမ်ား၊ ကိုယ္ပိ္ုငအထက္တန္းေက်ာင္းမ်ားမွ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ား၊ ဆရာဆရာမမ်ား စုစုေပါင္း ၁၀၀၀ ဦးေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
အောင်ပန်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲ ကျင်းပ
.
ဇော်သိန်းရည်
.
အောင်ပန်းမြို့၊ စိမ်းလန်းစိုပြေရေးအဖွဲ့၏ ဒုတိယမြောက်ခြေလှမ်းအဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေ ဟောပြောပွဲကို ဇူလိုင်လ ၁၄ ရက်က အောင်ပန်းမြို့၊ အောင်ချမ်းသာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
စာပေဟောပြောပွဲတွင် ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်) မှ ပိတောက်နှင့်ချယ်ရီ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မြန်မာလူမျိုးတို့\ အထင်ကရ အမြတ်တနိုးပန်းသည် ပိတောက်ပန်း ဖြစ်သကဲ့သို့ ဂျပန်လူမျိုး တို့၏ အထင်ကရ အမြတ်တနိုးပန်းသည် ချယ်ရီပန်းဖြစ်ကြောင်း၊ ဂျပန်လူမျိုးတို့သည် ချယ်ရီပန်းကို အလှကြည့်ပွဲတော်များ ကျင်းပ၍ မခူးမဆွတ်ဘဲ အမြတ်တနိုး တန်ဖိုးထားကြပြီး မြန်မာလူမျိုးတို့သည် ပိတောက်ပွင့်ချိန်ကိုစောင့်၍ အလုအယက် သူ့ထက်ငါ ခုတ်ထစ်ချိုးဖဲ့၍ ရောင်းချခြင်း၊ လက်ဆောင်ပေးခြင်း၊ ဘုရားတင်ခြင်းများ ပြုကြသဖြင့် ချစ်ရာမရောက်၊ တန်ဖိုးထားရာမရောက်၊ အမြတ်တနိုးမဖြစ်ဘဲ ဖျက်ဆီးနေသလို ဖြစ်နေကြသောကြောင့် ပိတောက် ပင်များ ရှားပါးလားပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးနေရကြောင်း၊ ပိတောက်သားသည် အလွန်လှပသော အိမ်ထောင် ပရိဘောဂများ၊ အသုံးအဆောင်များအတွက် ဈေးကောင်းရ အရောင်းသွက်နေသဖြင့် ပိတောက်ပင် များကို မသမာသူများက ခိုးခုတ်၊ ခိုးရောင်းနေကြသဖြင့် ပိတောက်ပန်းအလှများ မြန်မာနိုင်ငံတွင် မရှိတော့ပြီ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် ရှေးပဝေသဏီကတည်းက ချယ်ရီပန်းများနှင့် လှပခဲ့ရာ ယနေ့ချိန်အထိ ဝေဆာလှပ နေဆဲဖြစ်ကြောင်း၊ မိမိတို့ အမြတ်တနိုး တန်ဖိုးထားသော ပိတောက်ပန်းများ ဝေဆာလှပရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ သစ်သောသစ်ပင်များ ထိန်းသိမ်းစိုက်ပျိုးကြရန်လိုကြောင်း ဟောပြောခဲ့သည်။
.
အဆိုပါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲကို အောင်ပန်းမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့များ၊ စာပေချစ်သူများ၊ အခြေခံပညာစာသင် ကျောင်းများ၊ ကိုယ်ပိ်ုငအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဆရာဆရာမများ စုစုပေါင်း ၁၀၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats