ေအာင္ပန္းရွိ ဓာတ္တိုင္မ်ားတြင္ ဓာတ္ႀကိဳးမ်ား ႐ႈပ္ေထြးေနသျဖင့္ စိုးရိမ္ေနရဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, July 19, 2019

ေအာင္ပန္းရွိ ဓာတ္တိုင္မ်ားတြင္ ဓာတ္ႀကိဳးမ်ား ႐ႈပ္ေထြးေနသျဖင့္ စိုးရိမ္ေနရဟု ဆို


ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕အတြင္းရွိ ဓာတ္တို္င္/ ဓာတ္ႀကိဳးမ်ားမွာ ႐ႈပ္ေထြးေနသျဖင့္ လွ်ပ္စစ္အႏၱရာယ္ျဖစ္ေပၚလာမည္ကို စိုးရိမ္ေနရၿပီး အေရးေပၚျပန္လည္ျပင္ဆင္ေပးရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရ သည္။
.
 .
“ဓာတ္တိုင္မွာ ဓာတ္ႀကိဳးေတြက အၿမဲ႐ႈပ္ေထြးေနတယ္။ အခ်ိန္မေရြး အႏၱရာယ္ရွိလာ ႏိုင္ပါတယ္။ ဒါ ေၾကာင့္ အႏၱရာယ္ကင္းကင္းနဲ႔ လွ်ပ္စစ္ဓာတ္အား သံုးစြဲႏိုင္ဖို႕အတြက္ျပင္ ဆင္ေပးဖို႔ လိုအပ္ပါတယ္”ဟုေအာင္ပန္းေဒသခံ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေအာင္ပန္းၿမိဳ႕၊ လွ်ပ္စစ္ဓါတ္အား ျဖန္႕ျဖဴးေရးလုပ္ငန္းမွ တာဝန္ခံ ဦးေက်ာ္အား ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ “လုပ္ေဆာင္ခ်က္ ထဲမွာေတာ့မပါဘူး၊ ဓာတ္ႀကိဳးေတြ ႐ႈပ္ေနတာေတြကိုေတာ့ စစ္ဖို႔ရွိပါတယ္။ အဲဒီလိုကိစၥအတြက္ကို ႏိုင္ငံေတာ္ကေန ျပန္လည္ျပင္ဆင္စရိတ္ ခ်ထားေပးတာမရွိပါဘူး။ ဓာတ္တိုင္ ဓာတ္အားလိုင္းေတြ ရွိၿပီးျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္အေနနဲ႔ ျပန္ခ်ေပးဖို႔ ဆိုတာ မလြယ္ပါဘူး” ဟု ျပန္လည္ ေျဖၾကားခဲ့သည္။
.
ေအာင္ပန္းၿမိဳ႕ေပၚတြင္ ရပ္ကြက္ ၁၂ ခုရွိရာ ရပ္ကြက္တိုင္းရွိ ဓာတ္တိုင္မ်ားတြင္ ဓာတ္ႀကိဳးမ်ား ႐ႈပ္ေထြးေန ျခင္းျဖစ္ၿပီး လွ်ပ္စစ္ဓာတ္ႀကိဳးမ်ားအျပင္ တယ္လီဖုန္းလိုင္းႀကိဳးမ်ားႏွင့္ ဆက္သြယ္ေရး ေအာ္ပေရတာအသီးသီး၏ ကြန္ရက္ႀကိဳးမ်ားလည္း ႐ႈပ္ေထြးစြာ တည္ရွိေနေၾကာင္း သိရသည္။
.
ေအာင္ပန္းၿမိဳ႕သည္ ရွမ္းျပည္ နယ္ ေတာင္ပိုင္းေဒသႏွင့္ ျမန္မာျပည္ အလယ္ပိုင္းေဒသတို႔ ဆံုရာစီးပြား ကုန္သြယ္ေရး လမ္းဆံုေပၚတြင္တည္ ရွိေနသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ယာဥ္အ သြားအလာ၊ လူအဝင္အထြက္အသြား အလာလည္း မ်ားျပားသည့္အတြက္ ၿမိဳ႕အဂၤါရပ္ႏွင့္အညီ ဓာတ္တိုင္/ဓာတ္ႀကိဳးမ်ားကို စနစ္တက်ျဖင့္ အႏၱရာယ္ ကင္းကင္း ထားရွိေပးရန္ ေဒသခံမ်ားက လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
============================================================
အောင်ပန်းရှိ ဓာတ်တိုင်များတွင် ဓာတ်ကြိုးများ ရှုပ်ထွေးနေသဖြင့် စိုးရိမ်နေရဟု ဆို
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အတွင်းရှိ ဓာတ်တို်င်/ ဓာတ်ကြိုးများမှာ ရှုပ်ထွေးနေသဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရပြီး အရေးပေါ်ပြန်လည်ပြင်ဆင်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရ သည်။
.
“ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေက အမြဲရှုပ်ထွေးနေတယ်။ အချိန်မရွေး အန္တရာယ်ရှိလာ နိုင်ပါတယ်။ ဒါ ကြောင့် အန္တရာယ်ကင်းကင်းနဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့အတွက်ပြင် ဆင်ပေးဖို့ လိုအပ်ပါတယ်”ဟုအောင်ပန်းဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ပန်းမြို့၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ ဦးကျော်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “လုပ်ဆောင်ချက် ထဲမှာတော့မပါဘူး၊ ဓာတ်ကြိုးတွေ ရှုပ်နေတာတွေကိုတော့ စစ်ဖို့ရှိပါတယ်။ အဲဒီလိုကိစ္စအတွက်ကို နိုင်ငံတော်ကနေ ပြန်လည်ပြင်ဆင်စရိတ် ချထားပေးတာမရှိပါဘူး။ ဓာတ်တိုင် ဓာတ်အားလိုင်းတွေ ရှိပြီးဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ ပြန်ချပေးဖို့ ဆိုတာ မလွယ်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
အောင်ပန်းမြို့ပေါ်တွင် ရပ်ကွက် ၁၂ ခုရှိရာ ရပ်ကွက်တိုင်းရှိ ဓာတ်တိုင်များတွင် ဓာတ်ကြိုးများ ရှုပ်ထွေးနေ ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်ကြိုးများအပြင် တယ်လီဖုန်းလိုင်းကြိုးများနှင့် ဆက်သွယ်ရေး အော်ပရေတာအသီးသီး၏ ကွန်ရက်ကြိုးများလည်း ရှုပ်ထွေးစွာ တည်ရှိနေကြောင်း သိရသည်။
.
အောင်ပန်းမြို့သည် ရှမ်းပြည် နယ် တောင်ပိုင်းဒေသနှင့် မြန်မာပြည် အလယ်ပိုင်းဒေသတို့ ဆုံရာစီးပွား ကုန်သွယ်ရေး လမ်းဆုံပေါ်တွင်တည် ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး ယာဉ်အ သွားအလာ၊ လူအဝင်အထွက်အသွား အလာလည်း များပြားသည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ ဓာတ်တိုင်/ဓာတ်ကြိုးများကို စနစ်တကျဖြင့် အန္တရာယ် ကင်းကင်း ထားရှိပေးရန် ဒေသ ခံများက လိုလားလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats