ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ ျပန္လည္တည္ေဆာက္မႈ ၃ လေက်ာ္ ၾကာသည္အထိ မၿပီးစီးေသး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ ျပန္လည္တည္ေဆာက္မႈ ၃ လေက်ာ္ ၾကာသည္အထိ မၿပီးစီးေသး


နန္းဝင္းရီ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕ရွိသမိုင္းဝင္ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ ေက်ာက္တိုင္အား ၿဖိဳခ်ၿပီးေနာက္ အသစ္ျပန္လည္တည္ေဆာက္လ်က္ရွိရာ ၃ လေက်ာ္ၾကာျမင့္သည္အထိ တည္ေဆာက္ေရးလုပ္ငန္းမ်ား မၿပီးစီးေသးေၾကာင္း သိရသည္။
.
 .
“အစကတည္းက ၿပီးမယ္လို႔မ ထင္ဘူး။ သူတို႔ဟိုေနရာစဥ္းစား၊ ဒီေနရာစဥ္းစားနဲ႔၊ တစ္လေလာက္ၾကာတယ္”ဟု ေအာင္ပန္းေဒသခံ ကိုသီဟက ကေမၻာဇတိုင္းသို႔ေျပာသည္။
.
ထို႔အတူ ေအာင္ပန္းေဒသခံတစ္ ဦးျဖစ္သူမစုလိႈင္စိုးကလည္း “အဲဒီ ေက်ာက္တိုင္ကို အရင္ေနရာအတိုင္းပဲ ျပန္ေဆာက္ေစခ်င္တယ္၊ ၿမိဳ႕ရဲ႕အ ထင္ကရေနရာတစ္ခုလည္းျဖစ္တယ္။ တခ်ိဳ႕ဆို ကားေစာင့္ရင္ ဗထူးေက်ာက္ တိုင္မွာပဲေစာင့္မယ္ ဆိုတာမ်ိဳးရွိပါတယ္” ဟု ၎၏အျမင္ကိုေျပာ သည္။
.
အဆိုပါ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ ျပန္လည္တည္ေဆာက္ေနမႈ အေျခအေနႏွင့္ ပတ္သက္၍ ေအာင္ပန္းၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေဇာ္က “အစည္းအေဝး တစ္ခုမွာေတာ့ ဗိုလ္မွဴးႀကီးေမြးေန႔ျဖစ္တဲ့ ဇူလိုင္လ ၁၂ ရက္မွာ အၿပီးလုပ္ဖို႔ လ်ာထားတယ္။ ဒါေပမဲ့ ရာသီဥ တုအေျခအေနရယ္၊ ေကာ္မတီက ေဆာင္ရြက္ေပးရမယ့္ အပိုင္းရယ္၊ကုမၸဏီက ေဆာင္ရြက္ေပးရမယ့္ အပိုင္းရယ္၊ အဲဒါေတြၫွိႏိႈင္းတဲ့အခါ နည္းနည္းေလး ေနာက္က်တာေတာ့ ရွိပါတယ္” ဟု ေျပာၾကားခဲ့သည္။
.
မိတၳီလာ-သာစည္-ကေလာ-ေတာင္ႀကီး ျပည္ေထာင္စုလမ္းမႀကီး ေအာင္ပန္းၿမိဳ႕တြင္းလမ္းပိုင္းအဆင့္တိုးျမႇင့္ ခ်ဲ႕ထြင္ရာတြင္ လမ္းဧရိယာႏွင့္ မလြတ္ကင္းသည့္ ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ႏွင့္ ၿမိဳ႕ တည္ႏွစ္ ၁၀ဝ ျပည့္ အထိမ္းအမွတ္ နာရီစင္တို႔အား ၿဖိဳခ်ကာ အသစ္ျပန္ လည္တည္ေဆာက္ေနျခင္းျဖစ္ၿပီး နာ ရီစင္ ျပန္လည္တည္ေဆာက္ရန္ အ  တြက္မူ ေျမေနရာမရရွိေသးေၾကာင္း သိရသည္။
.
ဗိုလ္မွဴးႀကီးဗထူး အထိမ္းအမွတ္ ေက်ာက္တိုင္ကို ေအာင္ပန္းၿမိဳ႕တြင္ ၁၉၄၅ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ ျခင္းျဖစ္ၿပီး မူလတည္ေဆာက္စဥ္က ေဒါင္း႐ုပ္၊ ကႏုတ္ႏွင့္ ေမာ္ကြန္း ကမၺည္း ေက်ာက္ျပားစာသားႏွင့္ မ်က္ ႏွာစာ ၄ ဘက္ပါရွိခဲ့ကာ ၁၉၆၅ ခုႏွစ္ တြင္ ယင္းေက်ာက္တိုင္ကို ျပန္လည္ မြမ္းမံရာမွ ၃ ေျမႇာင့္ပံုသ႑ာန္ ျဖစ္ခဲ့ ၿပီး ယခုျပန္လည္တည္ေဆာက္မည့္ ေက်ာက္တိုင္မွာ မ်က္ႏွာစာ ၄ ဘက္ ပါရွိမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် ပြန်လည်တည်ဆောက်မှု ၃ လကျော် ကြာသည်အထိ မပြီးစီးသေး
.
နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိသမိုင်းဝင် ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်အား ဖြိုချပြီးနောက် အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ ၃ လကျော်ကြာမြင့်သည်အထိ တည်ဆောက်ရေးလုပ်ငန်းများ မပြီးစီးသေးကြောင်း သိရသည်။
.
“အစကတည်းက ပြီးမယ်လို့မ ထင်ဘူး။ သူတို့ဟိုနေရာစဉ်းစား၊ ဒီနေရာစဉ်းစားနဲ့၊ တစ်လလောက်ကြာတယ်”ဟု အောင်ပန်းဒေသခံ ကိုသီဟက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ထို့အတူ အောင်ပန်းဒေသခံတစ် ဦးဖြစ်သူမစုလှိုင်စိုးကလည်း “အဲဒီ ကျောက်တိုင်ကို အရင်နေရာအတိုင်းပဲ ပြန်ဆောက်စေချင်တယ်၊ မြို့ရဲ့အ ထင်ကရနေရာတစ်ခုလည်းဖြစ်တယ်။ တချို့ဆို ကားစောင့်ရင် ဗထူးကျောက် တိုင်မှာပဲစောင့်မယ် ဆိုတာမျိုးရှိပါတယ်” ဟု ၎င်း၏အမြင်ကိုပြော သည်။
.
အဆိုပါ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် ပြန်လည်တည်ဆောက်နေမှု အခြေအနေနှင့် ပတ်သက်၍ အောင်ပန်းမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က “အစည်းအဝေး တစ်ခုမှာတော့ ဗိုလ်မှူးကြီးမွေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၁၂ ရက်မှာ အပြီးလုပ်ဖို့ လျာထားတယ်။ ဒါပေမဲ့ ရာသီဥ တုအခြေအနေရယ်၊ ကော်မတီက ဆောင်ရွက်ပေးရမယ့် အပိုင်းရယ်၊ကုမ္ပဏီက ဆောင်ရွက်ပေးရမယ့် အပိုင်းရယ်၊ အဲဒါတွေညှိနှိုင်းတဲ့အခါ နည်းနည်းလေး နောက်ကျတာတော့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
.
မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး အောင်ပန်းမြို့တွင်းလမ်းပိုင်းအဆင့်တိုးမြှင့် ချဲ့ထွင်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင်နှင့် မြို့ တည်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် နာရီစင်တို့အား ဖြိုချကာ အသစ်ပြန် လည်တည်ဆောက်နေခြင်းဖြစ်ပြီး နာ ရီစင် ပြန်လည်တည်ဆောက်ရန် အ  တွက်မူ မြေနေရာမရရှိသေးကြောင်း သိရသည်။
.
ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်ကို အောင်ပန်းမြို့တွင် ၁၉၄၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး မူလတည်ဆောက်စဉ်က ဒေါင်းရုပ်၊ ကနုတ်နှင့် မော်ကွန်း ကမ္ဗည်း ကျောက်ပြားစာသားနှင့် မျက် နှာစာ ၄ ဘက်ပါရှိခဲ့ကာ ၁၉၆၅ ခုနှစ် တွင် ယင်းကျောက်တိုင်ကို ပြန်လည် မွမ်းမံရာမှ ၃ မြှောင့်ပုံသဏ္ဍာန် ဖြစ်ခဲ့ ပြီး ယခုပြန်လည်တည်ဆောက်မည့် ကျောက်တိုင်မှာ မျက်နှာစာ ၄ ဘက် ပါရှိမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment