ေအာင္ပန္း-ကေလာ သြားလမ္းတြင္ ယာဥ္ထိန္းရဲတစ္ဦး ယာဥ္တုိက္ ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, July 21, 2019

ေအာင္ပန္း-ကေလာ သြားလမ္းတြင္ ယာဥ္ထိန္းရဲတစ္ဦး ယာဥ္တုိက္ ေသဆံုး


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္း-ကေလာ သြားလမ္း Denko စက္သံုးဆီဆိုင္ အနီးတြင္ ယေန႔ ဇူလိုင္လ ၂၁ ရက္၊ နံနက္ပိုင္းက ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္တစ္ဦး ယာဥ္တိုက္ခံရ၍ ေသဆံုးမႈ ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။ 
.
 

.
ေအာင္ပန္း-ကေလာသြား ကားလမ္းေဘးတြင္ ယာဥ္ထိန္းရဲတစ္ဦး ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္  Canter အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တို႔ တိုက္မိမႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မွာ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆံုး ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
“ယာဥ္တိုက္တာေတာ့ ဟုတ္တယ္။ အခု သက္ဆိုင္တဲ႔ အဖြဲ ႔အစည္းေတြ သြားၾကည့္ေနတယ္။ အေသးစိတ္ အခ်က္အလက္ေတာ့ မသိရေသးဘူး” ဟု အမွတ္(၁၈)၊ ယာဥ္ထိန္းရဲဒုတပ္ဖြဲ ႔ခြဲမွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
အဆိုပါ ယာဥ္တိုက္မႈမွ ေသဆံုးခဲ့ေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မွာ ရဲတပ္ၾကပ္ႀကီး ေက်ာ္ဦး ျဖစ္ၿပီး ေသဆံုးသူ ၏ ႐ုပ္အေလာင္းအားေအာင္ပန္းျပည္သူ႔ေဆး႐ံုရွိ ရင္ခြဲ႐ံု၌ ထားရွိထားေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္အား ေသဆံုးသည္အထိ တိုက္မိေစခဲ့ေသာ Canter အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ အား သက္ဆိုင္ရာမွ ဖမ္းဆီးထားၿပီး စံုစမ္း စစ္ေဆး၍ ဥပေဒအရ အမႈဖြင့္အေရးယူႏိုင္ေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
အောင်ပန်း-ကလော သွားလမ်းတွင် ယာဉ်ထိန်းရဲတစ်ဦး ယာဉ်တိုက် သေဆုံး
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်း-ကလော သွားလမ်း Denko စက်သုံးဆီဆိုင် အနီးတွင် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
.
.
အောင်ပန်း-ကလောသွား ကားလမ်းဘေးတွင် ယာဉ်ထိန်းရဲတစ်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့်  Canter အမျိုးအစား မော်တော်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ယာဉ်တိုက်တာတော့ ဟုတ်တယ်။ အခု သက်ဆိုင်တဲ့ အဖွဲ ့အစည်းတွေ သွားကြည့်နေတယ်။ အသေးစိတ် အချက်အလက်တော့ မသိရသေးဘူး” ဟု အမှတ်(၁၈)၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ သေဆုံးခဲ့သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မှာ ရဲတပ်ကြပ်ကြီး ကျော်ဦး ဖြစ်ပြီး သေဆုံးသူ ၏ ရုပ်အလောင်းအား အောင်ပန်းပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံ၌ ထားရှိထားကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား သေဆုံးသည်အထိ တိုက်မိစေခဲ့သော Canter အမျိုးအစား မော်တော်ယာဉ် အား သက်ဆိုင်ရာမှ ဖမ်းဆီးထားပြီး စုံစမ်း စစ်ဆေး၍ ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats