လာအိုႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏုိင္ငံသားကို ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

လာအိုႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏုိင္ငံသားကို ဖမ္းမိ


မိုင္းေမာ(ႀတိဂံနယ္ေျမ)
.
လာအိုႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္းသို႔ ဝမ္ပုံဆိပ္ကမ္းမွတဆင့္ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသား တစ္ဦးကို တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း (ခ)အုပ္စု၊ ေဝွေလလန္ ပူးေပါင္းစစ္ေဆးေရးဂိတ္၌ ဇူလိုင္ ၂ဝ ရက္ေန႔လ္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
ေဝွေလလန္ပူးေပါင္းစစ္ေရးစခန္း တာဝန္က် ဝမ္ပုံနယ္ေျမရဲစဖန္းမွ ရဲတပ္ၾကပ္ ညိဳဝင္း ဦးစီးအဖြဲ႕ လက္ေထာက္ လဝကမွဴး ဦးရဲလြင္ ဦးစီးေသာ အဖြဲ႕တို႔သည္ ေဝွေလလန္ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ရွာေဖြစစ္ေဆးေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ဝမ္ပုံရြာဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ အငွားဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ဆိုင္ကယ္ေပၚတြင္ လိုက္ပါလာသည့္ တ႐ုတ္ႏိုင္ငံသား ေလာ္ေလာင္က်ဴံး(၃၈) ႏွစ္၊ ယူနန္ျပည္နယ္၊ တ႐ုတ္ႏိုင္ငံေနသူအား အေထာက္အထားမဲ့ ေတြ႕ရွိ၍ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
.
အဆိုပါ တ႐ုတ္ႏိုင္ငံသားသည္ လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔က တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ က်ိန္ခမ္းၿမိဳ႕မွ လာအိုႏိုင္ငံသို႔ သြားေရာက္ေနထိုင္ရာဘာျခစ္သည့္ လုပ္ငန္းအား လုပ္ကိုင္ခဲ့ၿပီးေနာက္ အလုပ္သစ္ ရွာေဖြရန္အတြက္ ျမန္မာႏိုင္ငံအတြင္းသို႔ အလုပ္ ရွာေဖြရန္အတြက္ ဝမ္ပုံဆိပ္ကမ္းမွ တဆင့္ ဆိုင္ကယ္ကယ္ရီျဖင့္ လာေရာက္စဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသားကို ဝမ္ပုံနယ္ေျမရဲစခန္းက (ပ)၁၆/၂ဝ၁၉၊ လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။


=================

လာအိုနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားကို ဖမ်းမိ
.
မိုင်းမော(တြိဂံနယ်မြေ)
.
လာအိုနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ဝမ်ပုံဆိပ်ကမ်းမှတဆင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသား တစ်ဦးကို တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ)အုပ်စု၊ ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇူလိုင်လ ၂ဝ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဝှေလေလန်ပူးပေါင်းစစ်ရေးစခန်း တာဝန်ကျ ဝမ်ပုံနယ်မြေရဲစဖန်းမှ ရဲတပ်ကြပ် ညိုဝင်း ဦးစီးအဖွဲ့၊ လက်ထောက် လဝကမှူး ဦးရဲလွင် ဦးစီးသော အဖွဲ့တို့သည် ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဝမ်ပုံရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် အငှားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် တရုတ်နိုင်ငံသား လော်လောင်ကျူံး၊ (၃၈) နှစ်၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူအား အထောက်အထားမဲ့ တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တရုတ်နိုင်ငံသားသည် လွန်ခဲ့သော တစ်နှစ်ခန့်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိန်ခမ်းမြို့မှ လာအိုနိုင်ငံသို့ သွားရောက်နေထိုင်၍ ရာဘာခြစ်သည့် လုပ်ငန်းအား လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်သစ် ရှာဖွေရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ အလုပ် ရှာဖွေရန်အတွက် ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ဆိုင်ကယ်ကယ်ရီဖြင့် လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားကို ဝမ်ပုံနယ်မြေရဲစခန်းက (ပ)၁၆/၂ဝ၁၉၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment