က်ိဳင္းတံုၿမိဳ႕နယ္တြင္ ေရအခက္အခဲေၾကာင့္ မိုးစပါး စိုက္မည့္ ေတာင္သူအခ်ိဳ႕ အခက္ေတြ႕ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, July 25, 2019

က်ိဳင္းတံုၿမိဳ႕နယ္တြင္ ေရအခက္အခဲေၾကာင့္ မိုးစပါး စိုက္မည့္ ေတာင္သူအခ်ိဳ႕ အခက္ေတြ႕

ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္တြင္ ၂ဝ၁၉ ခုႏွစ္၊ မိုးစ ပါးစိုက္ရာသီ၌ မိုးေခါင္ျခင္းႏွင့္ ဆည္ေရ မလံုေလာက္မႈေၾကာင့္ စပါး စိုက္ပ်ိဳးမည့္ ေတာင္သူအခ်ိဳ႕ ေရအခက္အခဲႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။
.
က်ိဳင္းတံုၿမိဳ႕နယ္တြင္ အဓိက ေရအရင္းအျမစ္မ်ားျဖစ္ေသာ နမ့္ခင္ ေခ်ာင္း၊ နမ့္လေခ်ာင္း၊ နမ့္ကြီေခ်ာင္း၊ နမ့္စိုေခ်ာင္း၊ နမ့္ဖူးေခ်ာင္းမွ ေရသြယ္ ယူ ရရွိေနသည့္ လယ္မ်ားမွာ စပါး စိုက္ရန္အတြက္ ေရ ရရွိ၍ မိုးစပါး စိုက္ပ်ိဳး ၿပီးစီးေနၿပီ ျဖစ္ေသာ္လည္း ေခ်ာင္း၏ ေအာက္ပိုင္းရွိ ဆည္ေရ ေသာက္ လယ္မ်ားမွာ ေရ မရရွိေသာ ေၾကာင့္ စပါးပ်ိဳးေထာင္ျခင္းႏွင့္ ပ်ိဳး ပင္အား ျပန္လည္စိုက္ပ်ိဳးျခင္း လုပ္ငန္းမ်ားကို မေဆာင္ရြက္ႏိုင္ေသးေၾကာင္း သိရသည္။
.
''တခ်ိဳ႕ အဆင္ေျပတဲ့ လယ္သ မားေတြကေတာ့ ေရစက္နဲ႔ ေရတင္ၿပီး စိုက္ထားတဲ့ စပါးခင္းကို မပ်က္စီး ေအာင္ ႀကိဳးစားေနပါတယ္။ တခ်ိဳ႕ဆိုရင္ ခုခ်ိန္ထိကို ပ်ိဳးမေထာင္ႏိုင္ေသးတဲ့ အေျခအေနကို ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ စိုက္ပ်ိဳးေရးဦးစီးဌာန အေနနဲ႔ မိုးေရ ေစာင့္ရလို႔ ပ်ိဳးခ်ိန္ ေနာက္က်မယ့္ လယ္သမားေတြအ တြက္ ွနနိနမ မ်ိဴးေစ့ခ် ကိရိယာေတြ နဲ႔ တိုက္႐ိုက္စိုက္ႏိုင္ေအာင္ အဆင္ သင့္ စီစဥ္ထားပါတယ္''ဟု က်ိဳင္းတံု ၿမိဳ႕နယ္ စိုက္ပ်ိဳးေရး ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေအာင္ေက်ာ္မင္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ စပါးစိုက္ေတာင္သူ တစ္ဦးကလည္း ''ၿပီးခဲ့တဲ့ မိုးစပါးနဲ႔ေႏြ စပါးမွာ ေစ်းေကာင္းရခဲ့လို႔ ဒီႏွစ္ မိုး စပါးကို အားထည့္စိုက္ဖို႔ ရည္ရြယ္ ထားၾကေပမယ့္ ေရမရတဲ့ ရြာေတြမွာ အခက္အခဲ ျဖစ္ေနၾကပါတယ္။ အစိုးရ ဆည္ေတြရွိေပမယ့္လည္း ဆည္က မိုးမရြာေတာ့ ေရမေပးႏိုင္ဘူး ျဖစ္ေနတယ္''ဟု ေျပာဆိုခဲ့သည္။
.
က်ိဳင္းတံုၿမိဳ႕နယ္တြင္ ၂ဝ၁၉ ခု ႏွစ္၊ မိုးစပါးရာသီ၌ စိုက္ပ်ိဳးရန္ လ်ာထားခ်က္ ၆၇၈ဝ ဧက ရွိၿပီး လက္ရွိ အခ်ိန္တြင္ စပါး ၄ဝ ကီလို တစ္အိတ္လွ်င္ ေဒသေပါက္ေစ်း ၁၅ဝဝဝ က်ပ္ ခန္႔ရွိကာ စပါး ကုန္သည္မ်ားမွ လယ္ကြက္ႏွင့္ ေက်းရြာမ်ား အထိ ဆင္း၍ လာေရာက္ ဝယ္ယူေနၾကေၾကာင္း သိရသည္။


================

ကျိုင်းတုံမြို့နယ်တွင် ရေအခက်အခဲကြောင့် မိုးစပါး စိုက်မည့် တောင်သူအချို့ အခက်တွေ့
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ၂ဝ၁၉ ခုနှစ်၊ မိုးစပါးစိုက်ရာသီ၌ မိုးခေါင်ခြင်းနှင့် ဆည်ရေ မလုံလောက်မှုကြောင့် စပါး စိုက်ပျိုးမည့် တောင်သူအချို့ ရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် အဓိက ရေအရင်းအမြစ်များဖြစ်သော နမ့်ခင် ချောင်း၊ နမ့်လချောင်း၊ နမ့်ကွီချောင်း၊ နမ့်စိုချောင်း၊ နမ့်ဖူးချောင်းမှ ရေသွယ် ယူ ရရှိနေသည့် လယ်များမှာ စပါး စိုက်ရန်အတွက် ရေ ရရှိ၍ မိုးစပါး စိုက်ပျိုး ပြီးစီးနေပြီ ဖြစ်သော်လည်း ချောင်း၏ အောက်ပိုင်းရှိ ဆည်ရေ သောက် လယ်များမှာ ရေ မရရှိသော ကြောင့် စပါးပျိုးထောင်ခြင်းနှင့် ပျိုး ပင်အား ပြန်လည်စိုက်ပျိုးခြင်း လုပ်ငန်းများကို မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။
.
''တချို့ အဆင်ပြေတဲ့ လယ်သ မားတွေကတော့ ရေစက်နဲ့ ရေတင်ပြီး စိုက်ထားတဲ့ စပါးခင်းကို မပျက်စီး အောင် ကြိုးစားနေပါတယ်။ တချို့ဆိုရင် ခုချိန်ထိကို ပျိုးမထောင်နိုင်သေးတဲ့ အခြေအနေကို တွေ့ရပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ မိုးရေ စောင့်ရလို့ ပျိုးချိန် နောက်ကျမယ့် လယ်သမားတွေအ တွက် ှနနိနမ မျိူးစေ့ချ ကိရိယာတွေ နဲ့ တိုက်ရိုက်စိုက်နိုင်အောင် အဆင် သင့် စီစဉ်ထားပါတယ်''ဟု ကျိုင်းတုံ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ စပါးစိုက်တောင်သူ တစ်ဦးကလည်း ''ပြီးခဲ့တဲ့ မိုးစပါးနဲ့နွေ စပါးမှာ ဈေးကောင်းရခဲ့လို့ ဒီနှစ် မိုး စပါးကို အားထည့်စိုက်ဖို့ ရည်ရွယ် ထားကြပေမယ့် ရေမရတဲ့ ရွာတွေမှာ အခက်အခဲ ဖြစ်နေကြပါတယ်။ အစိုးရ ဆည်တွေရှိပေမယ့်လည်း ဆည်က မိုးမရွာတော့ ရေမပေးနိုင်ဘူး ဖြစ်နေတယ်''ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် ၂ဝ၁၉ ခု နှစ်၊ မိုးစပါးရာသီ၌ စိုက်ပျိုးရန် လျာထားချက် ၆၇၈ဝ ဧက ရှိပြီး လက်ရှိ အချိန်တွင် စပါး ၄ဝ ကီလို တစ်အိတ်လျှင် ဒေသပေါက်ဈေး ၁၅ဝဝဝ ကျပ် ခန့်ရှိကာ စပါး ကုန်သည်များမှ လယ်ကွက်နှင့် ကျေးရွာများ အထိ ဆင်း၍ လာရောက် ဝယ်ယူနေကြကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats