ဟိန္းသီဟေဇာ္၏ အခ်ိန္ပုိ သြင္းဂုိးျဖင့္ ရွမ္းယူႏိုက္တက္ ဟံသာ၀တီကို အႏုိင္ရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

ဟိန္းသီဟေဇာ္၏ အခ်ိန္ပုိ သြင္းဂုိးျဖင့္ ရွမ္းယူႏိုက္တက္ ဟံသာ၀တီကို အႏုိင္ရ


ျမန္မာေနရွင္နယ္လိဂ္၊ ပဲြစဥ္(၁၆)အျဖစ္ ယေန႔ ဇူလိုင္လ ၁၄ ရက္၊ ညေနပိုင္းတြင္ ေတာင္ႀကီးၿမဳိ႕ရွိ ျပည္နယ္အားကစားကြင္း၌ အိမ္ရွင္ ရွမ္းယူႏုိက္တက္အသင္းႏွင့္ ဟံသာ၀တီယူႏုိက္တက္အသင္းတုိ႔ ယွဥ္ၿပဳိင္ ကစားခဲ့ရာ ဟိန္းသီဟေဇာ္၏ အခ်ိန္ပုိ သြင္းဂုိးျဖင့္ ရွမ္းယူႏိုက္တက္က ဟံသာ၀တီကို ၃ ဂိုး၊ ၂ ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။
.
ရွမ္းယူႏုိက္တက္အသင္း၏ တုိက္စစ္ဆင္မႈမ်ားကို ဟံသာ၀တီအသင္းမွ ပြဲအစပုိင္းတြင္ အေကာင္းဆုံး ခုံခံကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္တြင္ ေရႊလႈိင္၀င္းက ဦးေဆာင္ဂုိး သြင္းယူခဲ့ၿပီးေနာက္ ပြဲခ်ိန္ မိနစ္ ၄၀ တြင္ ကြင္းလယ္လူ ပုိဒါက ဦးေဆာင္ဂုိးထပ္မံရခဲ့ၿပီး သြင္းယူႏိုင္ခဲ့ျခင္းေၾကာင့္ ပထမပုိင္းအၿပီးတြင္ ဟံသာ၀တီအသင္းမွ ဂုိးဂိုးမရွိျဖင့္ အိမ္ရွင္အသင္းကို ဦးေဆာင္ခဲ့သည္။

.
ဒုတိယပုိင္း ျပန္လည္ စတင္ၿပီး မိနစ္အၾကာတြင္ ဟံသာ၀တီအသင္း ဂိုးသမား ကုိကိုႏုိင္မွ ကုိယ့္ဂုိး ကုိယ္ ျပန္လည္သြင္းယူမိခဲ့ျခင္းေၾကာင့္ ရွမ္းအသင္းမွ ပထမေခ်ပဂုိး ရရွိခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္တြင္ ရွမ္းအသင္းမွ ပင္နယ္တီ ရရွိခဲ့ရာ မက္ဆီမန္မွ ဒုတိယေခ်ပဂုိးကို သြင္းယူႏိုင္ခဲ့သည္။
.
ယင္းေနာက္ ရွမ္းယူႏုိက္တက္ အသင္းအတြက္ အႏုိင္ဂုိးကို ပြဲခ်ိန္ ၉၀+၃ မိနစ္တြင္ ဟိန္းသီဟေဇာ္က သြင္းယူခဲ့သည့္အတြက္ ပဲြၿပီးဆံုးခ်ိန္တြင္ အိမ္ရွင္ ရွမ္းအသင္းသည္ ဟံသာ၀တီယူႏုိက္တက္ကို ၃ ဂုိး၊ ၂ ဂုိးျဖင့္ အႏုိင္ရရွိခဲ့သည္။
.
ျမန္မာေနရွင္နယ္လိဂ္၊ ပဲြစဥ္(၁၆) အၿပီးတြင္ ရွမ္းယူႏိုင္တက္အသင္းသည္ ၈ ပဲြႏိုင္၊ ၈ ပဲြ သေရ၊ ႐ႈံးပဲြ မရွိ၊ ရမွတ္ ၃၂ မွတ္ျဖင့္ အမွတ္ေပးဇယား ထိပ္ဆံုးမွ ရန္ကုန္ယူႏိုက္တက္ႏွင့္ တစ္မွတ္ အကြာျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ေနလ်က္ ရွိသည္။
===================
ဟိန်းသီဟဇော်၏ အချိန်ပို သွင်းဂိုးဖြင့် ရှမ်းယူနိုက်တက် ဟံသာဝတီကို အနိုင်ရ
.
မြန်မာနေရှင်နယ်လိဂ်၊ ပွဲစဉ်(၁၆)အဖြစ် ယနေ့ ဇူလိုင်လ ၁၄ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဟိန်းသီဟဇော်၏ အချိန်ပို သွင်းဂိုးဖြင့် ရှမ်းယူနိုက်တက်က ဟံသာဝတီကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
.
ရှမ်းယူနိုက်တက်အသင်း၏ တိုက်စစ်ဆင်မှုများကို ဟံသာဝတီအသင်းမှ ပွဲအစပိုင်းတွင် အကောင်းဆုံး ခုံခံကစားနိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ရွှေလှိုင်ဝင်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ပွဲချိန် မိနစ် ၄၀ တွင် ကွင်းလယ်လူ ပိုဒါက ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းမှ ၂ ဂိုး၊ ဂိုးမရှိဖြင့် အိမ်ရှင်အသင်းကို ဦးဆောင်ခဲ့သည်။
.

ဒုတိယပိုင်း ပြန်လည် စတင်ပြီး ၃ မိနစ်အကြာတွင် ဟံသာဝတီအသင်း ဂိုးသမား ကိုကိုနိုင်မှ ကိုယ့်ဂိုး ကိုယ် ပြန်လည်သွင်းယူမိခဲ့ခြင်းကြောင့် ရှမ်းအသင်းမှ ပထမချေပဂိုး ရရှိခဲ့ပြီး ပွဲချိန် ၆၇ မိနစ်တွင် ရှမ်းအသင်းမှ ပင်နယ်တီ ရရှိခဲ့ရာ မက်ဆီမန်မှ ဒုတိယချေပဂိုးကို သွင်းယူနိုင်ခဲ့သည်။
.
ယင်းနောက် ရှမ်းယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင် ဟိန်းသီဟဇော်က သွင်းယူခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် အိမ်ရှင် ရှမ်းအသင်းသည် ဟံသာဝတီယူနိုက်တက်ကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
.
မြန်မာနေရှင်နယ်လိဂ်၊ ပွဲစဉ်(၁၆) အပြီးတွင် ရှမ်းယူနိုင်တက်အသင်းသည် ၈ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ရှုံးပွဲ မရှိ၊ ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်နှင့် တစ်မှတ် အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေလျက် ရှိသည်။
.

No comments:

Post a Comment