ရွမ္းျပည္နယ္ အတြင္း၌ မွတ္ပံုတင္ ျပဳလုပ္ေပးရန္ လူဦးေရ ၅ သိန္းေက်ာ္ က်န္ရွိေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 17, 2019

ရွမ္းျပည္နယ္ အတြင္း၌ မွတ္ပံုတင္ ျပဳလုပ္ေပးရန္ လူဦးေရ ၅ သိန္းေက်ာ္ က်န္ရွိေန


ခြန္သက္ထူး
.
ရွမ္းျပည္နယ္အတြင္း ျပည္ထဲေရး အမည္မေပါက္ ေဒသမ်ားတြင္ ေနထိုင္သူမ်ား၊ အထူးေဒသမ်ားတြင္ ေနထိုင္သူမ်ား၊ တစ္ဘက္ႏိုင္ငံသို႔ ေရာက္ရွိေနသူမ်ား၊ ခရီး လြန္ေနသူမ်ား၊ အသက္ ျပည့္မီ ေသာ္လည္း မွတ္ပံုတင္ ျပဳလုပ္ျခင္း မရွိေသးသူ စုစုေပါင္း လူဦးေရ ၅၇၂၆၆၈ ဦးခန္႔ က်န္ရွိေနေၾကာင္း ျပည္နယ္လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဆိုင္ရာ႐ံုးမွ သိရသည္။
.
''လံုၿခံဳေရး ကန္႔သတ္ခ်က္ ရိွတဲ့ ေဒသေတြမွာ မွတ္ပံုတင္ ဝင္လုပ္ဖို႔ဆိုတာက သူတို႔နဲ႔ ေျပာဆိုမွသာ သြား လာရတာ ႐ွိတယ္။ ဝင္လို႔ မရတာကေတာ့ အထူးေဒသေတြရယ္ '''' ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ တိုင္းရယ္ မၿငိမ္းခ်မ္းတဲ့ ေနရာေတြမွာ မွတ္ပံုတင္ မ႐ွိတာေတာ့ ႐ွိႏိုင္တယ္။ သက္ဆိုင္ရာ ျပည္နယ္အစိုးရေတြနဲ႔  ခ်ိတ္ၿပီးမွသာ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္'' ဟု ရွမ္းျပည္နယ္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕ အင္အားဆိုင္ရာ႐ံုး မွ ျပည္နယ္ဦးစီးမွဴး ဦးဝင္းလြင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူး ေဒသ (၄) မိုင္းလားမွ ျပန္ၾကားေရး တာဝန္ခံ ဦးခမ္းေမာင္က ၿပီးခဲ့သည့္ အထူးေဒသ(၄) ႏွစ္ ၃ဝ ျပည့္ အထိမ္းအမွတ္ပြဲေတာ္ သတင္းစာ ရွင္းလင္းပြဲ တြင္ င္းတို႔ ေဒသအေနျဖင့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပား မရရွိေသးသည့္ အတြက္ ၂ဝ၁ဝ ႏွင့္ ၂ဝ၁၅ အေထြေထြ ေရြးေကာက္ပြဲ ၂ ႀကိမ္လံုးတြင္ ပါဝင္ မဲေပးႏိုင္ခြင့္ မရွိခဲ့ေၾကာင္း သတင္း မီဒီယာမ်ားအား ေျပာဆိုထားသည္။
.
ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၅၅ ၿမိဳ႕နယ္အနက္ ၂၈ ၿမိဳ႕နယ္တြင္ ေဒသခံ တိုင္းရင္းသားမ်ားအား အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ႏိုင္ငံသား စိစစ္ေရး ကတ္ျပားထုတ္ေပးျခင္းလုပ္ငန္းကို ႏိုင္ငံသားစီမံခ်က္ (၁)၊ (၂)ျဖင့္ လည္းေကာင္း၊ မိုးပြင့္စီမံခ်က္ (၁) မွ (၇) အထိ ျဖင့္လည္းေကာင္း ရက္ ၁ဝဝ စီမံခ်က္ျဖင့္ လည္းေကာင္း၊ ေရႊ႕လ်ား ျပည္သူ႕ဝန္ေဆာင္မႈ လုပ္ငန္းမ်ားျဖင့္ လည္းေကာင္း၊ အေျခခံပညာ ေက်ာင္းမ်ားသို႔ လည္းေကာင္း ကြင္းဆင္းေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အတြင္း အသက္ ၁ဝ ႏွစ္ႏွင့္ ၁၈ ႏွစ္ၾကား ရွိသူမ်ားအား ႏိုင္-၃(က) ထုတ္ေပးၿပီး ၉၄၅၉၈၇ ဦး၊ အသက္ ၁၈ ႏွစ္ ျပည့္ၿပီး ႏိုင္- ၆ (က) ထုတ္ေပးၿပီးသူ စုစုေပါင္း ၂၈၈၄၉၂၈ ဦး၊ စုစုေပါင္း ၃၈၃ဝ၉၁၅ ဦး ရွိေၾကာင္း သိရသည္။


=====================

ရှမ်းပြည်နယ်အတွင်း၌ မှတ်ပုံတင် ပြုလုပ်ပေးရန် လူဦးရေ ၅ သိန်းကျော် ကျန်ရှိနေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်အတွင်း ပြည်ထဲရေး အမည်မပေါက် ဒေသများတွင် နေထိုင်သူများ၊ အထူးဒေသများတွင် နေထိုင်သူများ၊ တစ်ဘက်နိုင်ငံသို့ ရောက်ရှိနေသူများ၊ ခရီး လွန်နေသူများ၊ အသက် ပြည့်မီ သော်လည်း မှတ်ပုံတင် ပြုလုပ်ခြင်း မရှိသေးသူ စုစုပေါင်း လူဦးရေ ၅၇၂၆၆၈ ဦးခန့် ကျန်ရှိနေကြောင်း ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ သိရသည်။
.
''လုံခြုံရေး ကန့်သတ်ချက် ရှိတဲ့ ဒေသတွေမှာ မှတ်ပုံတင် ဝင်လုပ်ဖို့ဆိုတာက သူတို့နဲ့ ပြောဆိုမှသာ သွား လာရတာ ရှိတယ်။ ဝင်လို့ မရတာကတော့ အထူးဒေသတွေရယ် '''' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရယ် မငြိမ်းချမ်းတဲ့ နေရာတွေမှာ မှတ်ပုံတင် မရှိတာတော့ ရှိနိုင်တယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့  ချိတ်ပြီးမှသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်'' ဟု ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံး မှ ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ (၄) မိုင်းလားမှ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင်က ပြီးခဲ့သည့် အထူးဒေသ(၄) နှစ် ၃ဝ ပြည့် အထိမ်းအမှတ်ပွဲတော် သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းတို့ ဒေသအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသည့် အတွက် ၂ဝ၁ဝ နှင့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ ၂ ကြိမ်လုံးတွင် ပါဝင် မဲပေးနိုင်ခွင့် မရှိခဲ့ကြောင်း သတင်း မီဒီယာများအား ပြောဆိုထားသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၅၅ မြို့နယ်အနက် ၂၈ မြို့နယ်တွင် ဒေသခံ တိုင်းရင်းသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံသားစီမံချက် (၁)၊ (၂)ဖြင့် လည်းကောင်း၊ မိုးပွင့်စီမံချက် (၁) မှ (၇) အထိ ဖြင့်လည်းကောင်း ရက် ၁ဝဝ စီမံချက်ဖြင့် လည်းကောင်း၊ ရွှေ့လျား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြင့် လည်းကောင်း၊ အခြေခံပညာ ကျောင်းများသို့ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း အသက် ၁ဝ နှစ်နှင့် ၁၈ နှစ်ကြား ရှိသူများအား နိုင်-၃(က) ထုတ်ပေးပြီး ၉၄၅၉၈၇ ဦး၊ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်- ၆ (က) ထုတ်ပေးပြီးသူ စုစုပေါင်း ၂၈၈၄၉၂၈ ဦး၊ စုစုပေါင်း ၃၈၃ဝ၉၁၅ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment