ကျောက်မဲ အထက်ရဲရွာလမ်းခွဲတွင် နွားကား ပစ်ခံရ၍ ယာဉ်မောင်း သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 28, 2019


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ရွာအထွက်၊ အထက်ရဲရွာ ရေအားလျှပ်စစ်လမ်းခွဲတွင် နွားများ တင်ဆောင်လာသည့် ကားတစ်စီးမှာ ဇူလိုင်လ ၂၇ ရက်ည ၁၀ နာရီခွဲခန်က သေနတ်ဖြင့် အပစ်ခံရသောကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကားက လမ်းဘေး ကျနေတာ တွေ့ရတယ်၊ ဒရိုင်ဘာကို ထုတ်ယူ ပေးခဲ့ပြီးတော့ အလောင်းကို ကျောက်မဲဆေးရုံကို ပိုဖို့ ကျောက်မဲက ရောက်လာတဲ့ အစ္စလမ်လူငယ်များ လူမကူညီရေးကားနဲ့ ကျောက်မဲ ဆေးရုံကို တင်ပိုလိုက်ပါတယ်ဟု နောင်ပိန် အခြေစိုက် ကမ်းလင့်လက်များ လူမကူညီရေးအသင်းမှ ဦးနေအောင်က ကမ္ဘောဇတိုင်းသိုပြောသည်။
.

ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း)မှ တရားဝင် စာရွက်စာတမ်းများဖြင့် ကျွဲနွားများ တင်ဆောင်လာသော  မော်တော်ယာဉ် ၅ စီးသည် နောင်ချိုမြို့ဘက်မှ ကျောက်မဲဘက်သို့မောင်းနှင်လာစဉ် ဇူလိုင်လ ၂၇ ရက်၊ ည ၁၀ နာရီခွဲခန်၌ ပင်တိန်ရွာ အထွက်၊ အထက်ရဲရွာရေအားလျှပ်စစ်လမ်းခွဲသို့ အရောက်တွင် လက်နက်ကိုင် တစ်ဖွဲ့က လမ်း၏ယာဘက်မှ ထွက်လာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ်စီးအနက် ဒုတိယမြောက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရသည့်အပြင် ယင်းမော်တော်ယာဉ်၏ ယာဉ်နောက်လိုက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ၊ အခြား ၄ စီးမြောက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ရခြင်း ဖြစ်ကြောင်း ကမ်းလင့်လက်များ လူမကူညီရေးအသင်းထံမှ သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နောင်ပိန်ရဲစခန်းသို  ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ အခု ကျောက်မဲဆေးရုံကို သွားနေပါ တယ်၊ အားလုံးပြီးရင် သတင်းပြောလိုရပါပြီဟု နောင်ပိန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းထွန်းက ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း နွားတင်ဆောင်သည့် မော်တော်ယာဉ်များမှာ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံရလျက်ရှိသဖြင့် သေဆုံးဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း နောင်ပိန်နယ်မြေရဲစခန်းမှ သိရသည်။

===============
 
ကျောက်မဲ အထက်ရဲရွာလမ်းခွဲတွင် နွားကားပစ်ခံရ၍ ယာဉ်မောင်း သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ရွာအထွက်၊ အထက်ရဲရွာ ရေအားလျှပ်စစ်လမ်းခွဲတွင် နွားများ တင်ဆောင်လာသည့် ကားတစ်စီးမှာ ဇူလိုင်လ ၂၇ ရက်၊ ည ၁၀ နာရီခွဲခန့်က သေနတ်ဖြင့် အပစ်ခံရသောကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကားက လမ်းဘေး ကျနေတာ တွေ့ရတယ်၊ ဒရိုင်ဘာကို ထုတ်ယူ ပေးခဲ့ပြီးတော့ အလောင်းကို ကျောက်မဲဆေးရုံကို ပို့ဖို့ ကျောက်မဲက ရောက်လာတဲ့ အစ္စလာမ်လူငယ်များ လူမှုကူညီရေးကားနဲ့ ကျောက်မဲ ဆေးရုံကို တင်ပို့လိုက်ပါတယ်ဟု နောင်ပိန် အခြေစိုက် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း)မှ တရားဝင် စာရွက်စာတမ်းများဖြင့် ကျွဲနွားများ တင်ဆောင်လာသော  မော်တော်ယာဉ် ၅ စီးသည် နောင်ချိုမြို့ဘက်မှ ကျောက်မဲဘက်သို့မောင်းနှင်လာစဉ် ဇူလိုင်လ ၂၇ ရက်၊ ည ၁၀ နာရီခွဲခန့်၌ ပင်တိန်ရွာ အထွက်၊ အထက်ရဲရွာရေအားလျှပ်စစ်လမ်းခွဲသို့ အရောက်တွင် လက်နက်ကိုင် တစ်ဖွဲ့က လမ်း၏ယာဘက်မှ ထွက်လာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဉ် ၅ စီးအနက် ဒုတိယမြောက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရသည့်အပြင် ယင်းမော်တော်ယာဉ်၏ ယာဉ်နောက်လိုက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ၊ အခြား ၄ စီးမြောက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ရခြင်း ဖြစ်ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
.

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နောင်ပိန်ရဲစခန်းသို့  ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ အခု ကျောက်မဲဆေးရုံကို သွားနေပါ တယ်၊ အားလုံးပြီးရင် သတင်းပြောလို့ ရပါပြီဟု နောင်ပိန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းထွန်းက ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း၌ နွားတင်ဆောင်သည့် မော်တော်ယာဉ်များမှာ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံရလျက်ရှိသဖြင့် သေဆုံးဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း နောင်ပိန်နယ်မြေရဲစခန်းမှ သိရသည်။

No comments:

Post a Comment