အေးသာယာတွင် ဆိုင်ကယ် အဖမ်းခံရသူက ယာဉ်ထိန်းရဲကို ဆဲဆို ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ပေါက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 26, 2019



.
အေးသာယာမြို့၊ မြို့ဝင်မုခ်ဦး အနီး ပြည်ထောင်စု လမ်းမပေါ် တွင် တောင်ကြီးမြို့၊ အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် မျိုးလှိုင်ဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ စည်းကမ်းပျက် မောင်းနှင်သော မော်တော်ယာဉ်/ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် အေးသာယာမြို့မှ ရွှေညောင်မြို့သို့ မောင်းနှင်လာသော အေးသာယာမြို့နေ ဇင်ဖြိုးဝေ မောင်းနှင်၍ စိန်အောင် လိုက်ပါ စီးနင်းလာသော ဆိုင်ကယ်မှာ  နံပါတ် မပါခြင်း၊ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းထားမှု မရှိသောကြောင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာ ဆဲဆို ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ခဲ့သူ ဇင်ဖြိုးဝေအား အရေးယူပေးရန် ရဲအုပ် မျိုးလှိုင်ဝင်းမှ အေးသာယာနယ်မြေ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ၄င်းအား ဖမ်းဆီးကာ အမှုဖွင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

=================

အေးသာယာတွင် ဆိုင်ကယ် အဖမ်းခံရသူက ယာဉ်ထိန်းရဲကို ဆဲဆို ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ပေါက်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဆိုင်ကယ် ဖမ်းဆီးခံရသူ အမျိုးသား တစ်ဦးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ညစ်ညမ်းစွာ ဆဲဆို ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ခဲ့ခြင်းကြောင့် အရေးယူပေးရန်အတွက် ယာဉ်ထိန်းရဲအရာရှိမှ ရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။
.
အေးသာယာမြို့၊ မြို့ဝင်မုခ်ဦး အနီး ပြည်ထောင်စု လမ်းမပေါ် တွင် တောင်ကြီးမြို့၊ အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် မျိုးလှိုင်ဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ စည်းကမ်းပျက် မောင်းနှင်သော မော်တော်ယာဉ်/ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် အေးသာယာမြို့မှ ရွှေညောင်မြို့သို့ မောင်းနှင်လာသော အေးသာယာမြို့နေ ဇင်ဖြိုးေ၀ မောင်းနှင်၍ စိန်အောင် လိုက်ပါ စီးနင်းလာသော ဆိုင်ကယ်မှာ  နံပါတ် မပါခြင်း၊ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းထားမှု မရှိသောကြောင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.

ယင်းကဲ့သို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ဆိုင်ကယ် မောင်းနှင်သူ ဇင်ဖြိုးဝေမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအား ငါ - မ သားတွေ၊ မအေ - တွေဟု ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ပုလင်းကွဲ ကိုင်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ဆိုင်ကယ်အား မီးရှို့မည်ဟု ပြောကာ ဖမ်းဆီးထားသော ဆိုင်ကယ်အား ပြန်လည်လုယူခြင်း၊ ခဲဖြင့် ပစ်ခြင်းများအား ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
.
အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာ ဆဲဆို ခြိမ်းခြောက်၍ ခဲဖြင့် ပစ်ခဲ့သူ ဇင်ဖြိုးဝေအား အရေးယူပေးရန် ရဲအုပ် မျိုးလှိုင်ဝင်းမှ အေးသာယာနယ်မြေ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ၎င်းအား ဖမ်းဆီးကာ အမှုဖွင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment