တစ္ပတ္တာ ကံၾကမၼာ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, July 18, 2019
တစ္ပတ္တာ ကံၾကမၼာ
ဆရာ ယဉ်မင်းအောင်
.
တနင်္ဂနွေ
.
တနင်္လာ
.
အင်္ဂါ
.
ဗုဒ္ဓဟူး
.
ကြာသပတေး
ယတြာ။         စေတီမှာ စံပါယ်လှူပါ။
.
သောကြာ
.
စနေ
===================
တစ်ပတ်တာ ကံကြမ္မာ
.
ဆရာ ယဉ်မင်းအောင်
တနင်္ဂနွေ
ရည်ရွယ်ချက်များ အသစ်ဖြစ်ပေါ်ပါမည်။ မိတ်ဆွေသူငယ်ချင်းများနဲ့ လုပ်ငန်းစပ်တူ ပြုလုပ်ရန် အားထုတ် လိမ့်မည်။ စီးပွားရေး ငွေကြေးကိစ္စများ ရှုပ်ထွေးနေလိမ့်မည်။ ငယ်သူအတွက် ငွေအထွက်များလိမ့်မည်။ မရောက် ဖူးသော အိမ်များသို့ အလည်သွားရမည်။ အဝေးမှ ပေးပို့လာသော ပစ္စည်းရောက်လိမ့်မည်။ အသီးအနှံများ ခုတလော စားဖြစ်နေလိမ့်မည်။ ကုန်သည်များ အရောင်းအဝယ် လက်ကျန်စာရင်း ကွာဟနေလိမ့်မည်။ ဝန် ထမ်းများ ရုံးတွင်း သန့်ရှင်းရေး ဆောင်ရွက်ရတတ်သည်။ ပွဲစားများ မအားမလပ် လှုပ်ရှားရသလောက် ရငွေ နည်းနေလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူကို မယုံသင်္ကာစိတ် ဖြစ်ပေါ်လိမ့်မည်။ ကျန်းမာရေး တွင် ဆီးနည်းခြင်း၊ ပူခြင်း ဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၈) ဖြစ်သည်။
ယတြာ။ မိမိအဝတ်ဟောင်း တစ်ထည်ကို စွန့်ပါ။
.
တနင်္လာ
ဖုန်း၊ ဆိုင်ကယ်ကြောင့် စိတ်ဆင်းရဲရလိမ့်မည်။ ငွေအထွက်များနေမည်။ ငွေဝင်ပြီး မလုံလောက်သော ကာလများ ဖြစ်လိမ့်မည်။ အကြီးအကဲများက ဖိအားပေးလိမ့်မည်။ အိမ်အသုံးအဆောင်ပစ္စည်း ဝယ်ယူဖြစ်လိမ့် မည်။ အကြွေးကိစ္စ အငြင်းပွားလိမ့်မည်။ လုပ်ငန်းစိတ်တိုင်းမကျသဖြင့် စိတ်မပျော် ဖြစ်မည်။ သူတစ်ပါးအလုပ် များကို ဝင်ရောက်ကူညီပေးရလိမ့်မည်။ ကုန်သည်များ လှောင်ကုန်လုပ်ရခြင်း ပစ္စည်းအသစ် တင်ခြင်းကြုံမည်။ ဝန်ထမ်းများ ခရီးပေါ်မည်။ ပွဲစားများမှာ အပေါင်အနှံအလုပ်ဖြစ်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူထံမှ သတင်းကောင်း ကြားသိရမည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်း မှာ (ဝ/၅/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းအဝါရောင် လှူပါ။
.
အင်္ဂါ
အဝေးမှ ဧည့်သည် လာမည်။ အဝတ်အထည်များ ဝင်မည်။ အိမ်အလှဆင်ရလိမ့်မည်။ ကြီးသူ ကျန်းမာ ရေးအတွက် ဆေးခန်းရောက်မည်။ မတွေ့ရတာကြာသော မိတ်ဆွေ သူငယ်ချင်း ပြန်တွေ့ဆုံလိမ့်မည်။ ရန်အ တိုက်အခံ ရှိသော်လည်း ငွေများများ ဝင်လာကိန်းရှိသည်။ ပရိဘောဂဝင်မည်။ မိန်းကလေးများ အလှအပဆိုင် ရာ ပစ္စည်းများ ဝင်မည်။ ကုန်သည်များမှာ ဆိုင်နေရာ၊ အလုပ်နေရာ ပြောင်းလဲပြုပြင်ရလိမ့်မည်။ ဝန်ထမ်းများ မှာ စာရင်းများ လွဲမှားရေးသွင်းခြင်း ကြုံမည်။ ပွဲစားများမှာ မြေအရောင်းတည့်ကြပါလိမ့်မည်။ ငယ်သူများ အ ချစ်ရေးတွင် ချစ်သူကြောင့် စိတ်ပျော်ရွှင် ကျေနပ်ရပါမည်။ ကျန်းမာရေးကိစ္စများတွင် လေနာတတ်သည်။ အ စားမှားတတ်သည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၆/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မရွေးမုန့်လှူပါ။
.
ဗုဒ္ဓဟူး
ကား ဝင်မည်။ အသစ် လဲလှယ်ရမည်။ စီးပွားရေးလုပ်ငန်း တိုးတက်လာမည်။ ရုံးကိစ္စများ ဆောင်ရွက်ရ လိမ့်မည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ အကူအညီရခြင်း ကြုံမည်။ ဘဏ်ရောက်ခြင်း၊ ဘဏ်ကိစ္စ ဆောင်ရွက် ရခြင်း ကြုံမည်။ မီးဖိုသုံး ပစ္စည်းများ ဝင်မည်။ အိမ်နီးချင်း အကူအညီ တောင်းလိမ့်မည်။ မိဘအတွက် ဝမ်း သာရမည်။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းမွန်လာမည်။ ဝန်ထမ်းများမှာ သင်တန်းပေါ်ခြင်း၊ အ ပြောင်းအရွှေ့ ပေါ်ခြင်း ကြုံမည်။ ပွဲစားများမှာ မြေအရောင်းတည့်ပါလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့အ တူ လည်ပတ်ရမည်။ ကျန်းမာရေးတွင် သွေးတိုးမည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၉) ဖြစ်သည်။
ယတြာ။ ဘုရားမှာ မုန့်လက်ဆောင်းလှူပါ။
.
ကြာသပတေး
ဇာတိမြေ သွားရတတ်သည်။ ပျောက်ဆုံးနေသော ပစ္စည်းများ ပြန်တွေ့မည်။ အခက်အခဲပြဿနာများ ပြေလည်သွားမည်။ အစားကောင်း စားရမည်။ အလှူပွဲ စသည် သွားလာရမည်။ ကံစမ်းမဲပေါက်တတ်သည်။ ကားပြင်ရမည်။ ခက်ခဲသော အနေအထား ကြုံနေသူများ အခက်အခဲမှ လွတ်မြောက်လိမ့်မည်။ ဝန်ထမ်းများ မှာ ဝမ်းသာ ကျေနပ်စရာ ကြုံမည်။ ပွဲစားများမှာ ဘာမှအလုပ်မဖြစ်နိုင်သေးချေ။ ငယ်သူများမှာ အချစ်ရေးကိစ္စ တွင် မပြတ်မသား ဖြစ်နေလိမ့်မည်။ သံသယ ဖြစ်ပေါ်နေမည်။ ကျန်းမာရေးတွင် ဝမ်းပျက်တတ်ပါသည်။ ခါး နာတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၅/၉) ဖြစ်သည်။
ယတြာ။ စေတီမှာ စံပါယ်လှူပါ။
.
သောကြာ
မထင်မှတ်သော ပစ္စည်း အရောင်းထွက်လိမ့်မည်။ လက်ဝတ်ရတနာများ ဝင်လာမည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ မစားဖူးသော အစားအစာများ စားရလိမ့်မည်။ အိမ်ပြင်ရမည်။ ချဲ့ရမည်။ အိမ်ပြောင်းရမည်။ စီး ပွားရေးများ ပြန်လည်ကောင်းမွန်လာမည်။ တန်ခိုးကြီး ဘုရားများ သွားရောက်ရလိမ့်မည်။ အမေနဲ့ ပတ်သက် ပြီး တစ်ခုခု ဆောင်ရွက်ပေးနိုင်မည်။ ကုန်သည်များမှာ ပစ္စည်းအပျက်အစီး များလိမ့်မည်။ ဝန်ထမ်းများမှာ မနာလိုသူ တွေ့မည်။ မဟုတ်တရား စွပ်စွဲခံရမည်။ ပွဲစားများမှာ အရောင်းထက် အပေါင်က ပိုဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေး ကိစ္စတွင် ချစ်သူအသစ်တွေ့မည်။ အချစ်ဟောင်းကလည်း ပြန်လာချင်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် နားပိတ်မည်။ နားနာမည်။ နားရေဝင်ခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂ ဏန်းမှာ (၃/၇/၉) ဖြစ်သည်။
ယတြာ။ အိမ်ဘုရားမှာ မီးပူဇော်ပါ အမွှေးနံ့သာလှူပါ။
.
စနေ
သူခိုး ဝင်မည်။ အိမ်ဖောက် ခံရမည်။ ရန်အတိုက်အခံလည်း ပေါ်ပေါက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး သဘောကွဲကာ အငြင်းပွားရလိမ့်မည်။ ငွေကြေးများ နည်းနည်းစီ မကြာခဏ ဝင်နေသော် လည်း မတည်မြဲဘဲ ပြန်ထွက်နေမည်။ စီးပွားရေး ဆောင်ရွက်ချက်များ မှန်ကန်ကောင်းမွန်နေပါမည်။ ကြီးသူ အတွက် သောကရောက်မည်။ ကုန်သည်များမှာ ဖောက်သည်ဟောင်းများ ပြန်လာမည်။ ပစ္စည်းဟောင်းများ အရောင်းထွက်မည်။ ဝန်ထမ်းများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအသစ် တွေ့မည်ဖြစ်ပြီး နှစ်ယောက်ကြားဗျာ များရပေလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဖျားနာခြင်း၊ အဆုတ်အအေးမိခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၈) ဖြစ်ပါသည်။
ယတြာ။ စေတီတွင် သာဂူကျို လှူပါ။
No comments:
Post a Comment