ကျိုင်းတုံတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ ၁ ဦး သေဆုံးကာ၊ ၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019



ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ဝမ်အွယ်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၆/၇)ကြား၌ ဇူလိုင်လ ၁၁ ရက် ညနေပိုင်းတွင် ဆိုင်ကယ် တစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယနှင့် သုံးဘီးဆိုင်ကယ်တို့အား တိုက်မိသဖြင့် ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကျိုင်တုံမြို့ဘက်မှိုင်းခွန်ကျေးရွာဘက်သို့ ဟိုနားကျေးရွာနေ ဦးမာနောမောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အခင်းဖြစ်နေရာသို့ အရောက် သုံးဘီးဆိုင်ကယ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ ကောင်းကန်ကျေးရွာနေ မောင်အိုက်ခမ်းဝုန်း မောင်းနှင်၍ မောင်ချူးမြင့် လိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီးနောက် သုံးဘီးဆိုင်ကယ်အား ထပ်မံ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
.
.
ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အား ကိုယ်တိုင် သေဆုံးစေသည်ထိ မဆင်မခြင် မောင်းနှင်သော ဦးမာနော်အား ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သရသည်။

==================

ကျိုင်းတုံတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ ၁ ဦး သေဆုံးကာ၊ ၃ ဦး ဒဏ်ရာရ
.
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ဝမ်အွယ်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၆/၇)ကြား၌ ဇူလိုင်လ ၁၁ ရက်၊ ညနေပိုင်းတွင် ဆိုင်ကယ် တစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့အား တိုက်မိသဖြင့် ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကျိုင်တုံမြို့ဘက်မှ နိုင်းခွန်ကျေးရွာဘက်သို့ ဟိုနားကျေးရွာနေ ဦးမာနော် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အခင်းဖြစ်နေရာသို့ အရောက် သုံးဘီးဆိုင်ကယ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ ကောင်းကန်ကျေးရွာနေ မောင်အိုက်ခမ်းဝုန်း မောင်းနှင်၍ မောင်ချူးမြင့် လိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီးနောက် သုံးဘီးဆိုင်ကယ်အား ထပ်မံ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဦးမာနော်မှာ ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကာ သုံးဘီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ဒေါ်မာကွယ်၊ ဒေါ်မာရှဲန်နှင့် မောင်အိုက်ခမ်းဝုန်းတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အား ကိုယ်တိုင် သေဆုံးစေသည်ထိ မဆင်မခြင် မောင်းနှင်သော ဦးမာနော်အား ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment