ေတာင္ႀကီးႏွင့္ ေအးသာယာတြင္ မီးပြိဳင့္အသစ္ ၂ ခု ထားရွိရန္ႏွင့္ လက္ရွိ မီးပြိဳင့္မ်ား ျပင္ဆင္ႏိုင္ရန္ တင္ျပထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 27, 2019

ေတာင္ႀကီးႏွင့္ ေအးသာယာတြင္ မီးပြိဳင့္အသစ္ ၂ ခု ထားရွိရန္ႏွင့္ လက္ရွိ မီးပြိဳင့္မ်ား ျပင္ဆင္ႏိုင္ရန္ တင္ျပထား


စိုင္းရာဇာ
.
ေတာင္ႀကီးၿမိဳ႕ႏွင့္ ေအးသာယာတြင္ မီးပြိဳင့္အသစ္ ၂ ခု ထားရွိရန္ႏွင့္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ လက္ရွိ မီးပြိဳင့္ အေဟာင္းမ်ားအား ျပင္ဆင္ႏိုင္ရန္အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ သို႔ တင္ျပထားေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ ပတ္လမ္းရွိ ကံသာဓမၼာ႐ံု အနီးတြင္ မီးပြိဳင့္အသစ္တစ္ခု ထားရွိရန္ႏွင့္ ေအးသာယာ မုခ္ဦးအနီးရွိ လမ္းဆံု တြင္ မီးပြိဳင့္အသစ္ ၁ ခု ထပ္မံတိုးျမႇင့္ ထားရွိရန္ အမွတ္(၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ ခြဲမွဴး႐ံုးမွ ရွမ္းျပည္နယ္ အစုိးရသို႔ တင္ျပထားသည္။
.
'' လက္ရွိ မီးပြိဳင့္ေတြကလည္း ၂ဝ၁၁ ခုႏွစ္က လုပ္ထားတယ္။ မီးပြိဳင့္ေတြရဲ ႔ အရည္အေသြးက မမီေတာ့ဘူး။ တစ္ခါတေလမွာ ၃ လံုး လံုး နီေနတာ ရွိတယ္။ ပိတ္သြားတာ ရွိတယ္။ အကုန္လံုး ျပည့္စံုတဲ႔ အေနထား မရွိဘူး။ အသစ္ျပန္လည္ အဆင့္ျမႇင့္တင္ဖို႔ ရွမ္းျပည္နယ္ အစိုးရကို တင္ျပထားတယ္။ မီးပြိဳင့္ေတြ မ်ားလာေလ ယာဥ္ထိန္း တပ္ဖြဲ႕ဝင္ေတြ ပိုၿပီးေတာ့ တာဝန္ ထမ္းေဆာင္ ရေလပါပဲ။ မီးပြိဳင့္ေတြမ်ားၿပီး ေကာင္းမြန္လာရင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ပိုမို ေကာင္းမြန္လာမယ္လုိ႔ ထင္တယ္''ဟု အမွတ္(၁၈)၊ ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ ႔ခြဲမွဴး ရဲမွဴး မ်ိဳးေဇာ္ေအာင္က ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ၂ဝ၁၁ ခုႏွစ္ကတည္းက တပ္ဆင္ထား ရွိခဲ့ေသာ မီးပြိဳင့္အေဟာင္း ၇ ခုကို ျပန္လည္ ျပင္ဆင္ႏိုင္ရန္ အတြက္လည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕သို႔ တင္ျပထားေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ယခင္က မီးပြိဳင့္ ၇ ခုႏွင့္ အသစ္ထပ္မံ တိုးခ်ဲ႕ တည္ေဆာက္ထားေသာ မီးပြိဳင့္ ၄ ခု၊ စုစုေပါင္း မီးပြိဳင့္ ၁၁ ခု ရွိၿပီး ေအးသာယာတြင္ မီးပြိဳင့္ ၁ ခုသာ ရွိေသးေၾကာင္း သိရသည္။


================
 
တောင်ကြီးနှင့် အေးသာယာတွင် မီးပွိုင့်အသစ် ၂ ခု ထားရှိရန်နှင့် လက်ရှိ မီးပွိုင့်များ ပြင်ဆင်နိုင်ရန် တင်ပြထား
.
စိုင်းရာဇာ
.
တောင်ကြီးမြို့နှင့် အေးသာယာတွင် မီးပွိုင့်အသစ် ၂ ခု ထားရှိရန်နှင့် တောင်ကြီးမြို့ပေါ်ရှိ လက်ရှိ မီးပွိုင့် အဟောင်းများအား ပြင်ဆင်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သို့ တင်ပြထားကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်းရှိ ကံသာဓမ္မာရုံ အနီးတွင် မီးပွိုင့်အသစ်တစ်ခု ထားရှိရန်နှင့် အေးသာယာ မုခ်ဦးအနီးရှိ လမ်းဆုံ တွင် မီးပွိုင့်အသစ် ၁ ခု ထပ်မံတိုးမြှင့် ထားရှိရန် အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ ရှမ်းပြည်နယ် အစိုးရသို့ တင်ပြထားသည်။
.
'' လက်ရှိ မီးပွိုင့်တွေကလည်း ၂ဝ၁၁ ခုနှစ်က လုပ်ထားတယ်။ မီးပွိုင့်တွေရဲ့ အရည်အသွေးက မမီတော့ဘူး။ တစ်ခါတလေမှာ ၃ လုံး လုံး နီနေတာ ရှိတယ်။ ပိတ်သွားတာ ရှိတယ်။ အကုန်လုံး ပြည့်စုံတဲ့ အနေအထား မရှိဘူး။ အသစ်ပြန်လည် အဆင့်မြှင့်တင်ဖို့ ရှမ်းပြည်နယ် အစိုးရကို တင်ပြထားတယ်။ မီးပွိုင့်တွေ များလာလေ ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေ ပိုပြီးတော့ တာဝန် ထမ်းဆောင် ရလေပါပဲ။ မီးပွိုင့်တွေများပြီး ကောင်းမွန်လာရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမို ကောင်းမွန်လာမယ်လို့ ထင်တယ်''ဟု အမှတ်(၁၈)၊ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ၂ဝ၁၁ ခုနှစ်ကတည်းက တပ်ဆင်ထား ရှိခဲ့သော မီးပွိုင့်အဟောင်း ၇ ခုကို ပြန်လည် ပြင်ဆင်နိုင်ရန် အတွက်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယခင်က မီးပွိုင့် ၇ ခုနှင့် အသစ်ထပ်မံ တိုးချဲ့ တည်ဆောက်ထားသော မီးပွိုင့် ၄ ခု၊ စုစုပေါင်း မီးပွိုင့် ၁၁ ခု ရှိပြီး အေးသာယာတွင် မီးပွိုင့် ၁ ခုသာ ရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About