တစ္ပတ္တာကံၾကမၼာ - Kanbawza Tai News
Breaking
ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။
Friday, July 26, 2019
တစ္ပတ္တာကံၾကမၼာ
ဆရာ ယဉ်မင်းအောင်
.
တနင်္ဂနွေ
.
တနင်္လာ
.
အင်္ဂါ
.
ဗုဒ္ဓဟူး
.
ကြာသပတေး
ယတြာ။         စေတီမှာ တံခွန်လှူပါ။
.
သောကြာ
.
စနေ
.
တစ်ပတ်တာကံကြမ္မာ
.
ဆရာ ယဉ်မင်းအောင်
.
တနင်္ဂနွေ
လမ်းမှာ ကားပျက်မည်။ ဆိုင်ကယ်ပျက်လိမ့်မည်။ မထင်မှတ်သော နေရာသို့ အလည်ရောက်လိမ့်မည်။ အဝေးရောက် မိတ်ဆွေသူငယ်ချင်း ပြန်ဆုံလိမ့်မည်။ စီးပွားရေး အဆင်ပြေမည့် အကြံကောင်းများ ပေါ်လာ မည်။ ကူညီသူ တွေ့လိမ့်မည်။ ငွေကြေး ချေးငှားရလိမ့်မည်။ အလုပ်အကိုင်များ ပြန်ကောင်းလာမည်။ စက် ကိရိယာများ ဝင်လာမည်။ ကုန်သည်များ၏ အလုပ်အကိုင်များ ကောင်းမွန်သလို ကြုံရမည်။ ဝန်ထမ်းများ မှာ အလုပ်သွားရန် စိတ်မပါ ဖြစ်နေလိမ့်မည်။ ပွဲစားများ အလိမ်ခံရလိမ့်မည်။ ငယ်သူများအချစ်ရေး ကိစ္စတွင် ချစ်သူနဲ့အတူ စားသောက်ဆိုင်ကောင်း သွားရမည်။ ကျန်းမာရေးတွင် ယားယံခြင်း၊ ဝက်ခြံထွက်ခြင်း၊ စသည်တို့ ဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် နာနတ်သီးလှူပါ။
.
တနင်္လာ
ကားမောင်းသင်ခြင်း၊ ဆိုင်ကယ်မောင်းသင်ခြင်း ကြုံတတ်ပါသည်။ အဝေးမှ ဧည့်သည်လာမည်။ သစ် သီးများ အသီးအနှံများ လက်ဆောင်ရတတ်သည်။ စီးပွားရေးကိစ္စများ ကောင်းမွန်လာမည်။ အမြတ်အထူး ရတတ်သည်။ ေြ<ွကးဟောင်းများ ပြန်ရတတ်သည်။ တစ်ခုတော့ သတိထားပါ။ သူတစ်ပါး ကိစ္စဝင် မပါရ အပြစ်တင် ခံရမည်။ ကုန်သည်များမှာ ကုန်ပစ္စည်း ဝယ်မရသော အခက်အခဲမျိုး တွေ့ရပါလိမ့်မည်။ ဝန် ထမ်းများမှာ အပြောအဆို မှားတတ်ပါသည်။ သတိထားပါ။ ပွဲစားများမှာ အလုပ်နည်းနည်း ဖြစ်မည်။ ခွဲဝေရသူ များလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူစိတ်ကောက်ပြီး မခေါ်မပြောနိုင် ဖြစ်လိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် မိုးမိသောကြောင့် ဖျားနာလိမ့်မည်။ သတိထားပါ။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၃/၈) ဖြစ် သည်။    ယတြာ။            ကြီးသူ မုန့်ကိုလှူပါ။
.
အင်္ဂါ
နေအိမ်အတွင်း သန့်ရှင်းရေး ပြုလုပ်ရခြင်း၊ ဆေးသုတ်ခြင်း၊ ပရိဘောဂ ဝင်ခြင်းကြုံပါမည်။ အထက် တန်း ကျသော သူများနဲ့ ခင်မင်ခွင့် ရမည်။ စီးပွားရေး လုပ်ငန်းတိုးချဲ့ရန် အားထုတ်မည်။ ကြံစည်မည်။ ငွေကြေးများ ပြန်လည် မြှုပ်သွားတတ်ပါသည်။ တန်ဖိုးကြီးသော လက်ဆောင်များ ရတတ်ပါသည်။ အ တွင်းလူကြောင့် စိတ်သောက ရောက်ရမည်။ အပူပေးလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ်တွင် အဝယ် အားပိုများနေမည်။ ဝန်ထမ်းများ တာဝန်ထက်ပိုသော အလုပ်များ လုပ်ရလိမ့်မည်။ ပွဲစားများ အ ရေးကြီးစာရွက် ပျောက်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအသစ် တွေ့ခြင်း၊ ဝေးကွာနေက ပြန် ဆုံခြင်း ကြုံမည်။ ကျန်းမာရေး ကိစ္စများတွင် နားဒုက္ခပေးမည်။ နားလေထွက်၊ နားအူမည်။ ကံကောင်းစေ သော ဂဏန်းများမှာ (၄/၅/၇) ဖြစ်သည်။      ယတြာ။              ဘုရားတွင် ရွှေထီးလှူပါ။
.
ဗုဒ္ဓဟူး
ကား ဝင်မည်။ ကား အပြောင်းအလဲ ကံမကုန်သေးပါ။ အဝတ်အထည်များ ဝင်မည်။ အစားကောင်း စား ရမည်။ ခက်ခဲသော အနေအထားမှ ကျော်ဖြတ်နိုင်ပါမည်။ ပစ္စည်းအခိုးခံရမည်။ စီးပွားရေး အလုပ်အကိုင် များ ကောင်းမွန်လာတော့မည်။ ရုတ်တရက် မြတ်စွန်းခြင်း ငွေအထူး ဝင်ခြင်းကြုံပါမည်။ အဝေးမှ သတင်း ကောင်း ကြားပါမည်။ ကုန်သည်များမှာ တပည့်အသစ် ဝင်မည်။ ဖောက်သည်အသစ်ရမည်။ ဝန်ထမ်း များမှာ အပိုဆုကြေး ရခြင်း၊ အပိုဝင်ငွေရခြင်း ကြုံပါမည်။ ပွဲစားများမှာ အလုပ်မဖြစ်သေးဘဲ စိတ်မော နေရလိမ့်ဦးမည်။ ငယ်ရွယ်သူများမှာ ချစ်သူပေးသော လက်ဆောင်ရမည်။ အစားကောင်း အတူစားရမည်။ ကျန်းမာရေးတွင် ခြေထောက် နာမည်။ ဒူးနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၇/၉) ဖြစ်သည်။
ယတြာ။ ဘုရားမှာ ပန်းအဖြူရောင်လှူပါ။
.
ကြာသပတေး
ကိစ္စဟောင်း၊ အမှုဟောင်း ပြန်ပေါ်မည်။ နေအိမ်တွင် ဆီပုံးအခွံများ မထားရ။ ဘုရားနဲ့ ပတ်သက်သော ပစ္စည်းများ ဝင်လာမည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။ ငွေကြေးလိုငွေပြမည်။ ပစ္စည်းများ ထုခွဲ ရောင်းချရမည်။ အလုပ်အကိုင် မရှိသေးသူများ အလုပ်ရတတ်ပါသည်။ ငွေကြပ်သူများ အကူအညီ ယူရမည်။ ငွေတိုး ပိတတ်သည်။ ကုန်သည်များမှာ အြေ<ွကးကြန့်ကြာနေမည်။ ရရန်ပေးရန် ခက်ခဲနေမည်။ ဝန်ထမ်းများ စာရင်းကွာမည်။ မှားမည် သတိထားပါ။ လုပ်ကိုင်ဆောင်ရွက်ပုံ မှားမည်။ ပွဲစားများ အလုပ်နည်းနည်း ဖြစ်ပါမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ပြေလည်မည်။ အားပေးစကား ကြားရမည်။ ကျန်းမာရေးတွင် အော့အန်ခြင်း၊ မူးဝေခြင်း၊ ကိုက်ခဲခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၁/၆) ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန်လှူပါ။
.
သောကြာ
ခရီးဝေး သွားရမည်။ အလိုရှိသောပစ္စည်း ဝင်လာမည်။ ကွဲကွာနေသူ ပြန်ဆုံပါမည်။ တန်ခိုးကြီးဘုရား ဖူးမျှော်ရမည်။ စီးပွားရေးအကွက်ကောင်း တွေ့သဖြင့် သိန်းများများ မြတ်လိမ့်မည်။ နေအိမ် ပြုပြင်ရမည်။ အဆင့်အတန်းရှိသော အိမ်အသုံးအဆောင်များ ဝင်လာမည်။ အလုပ်တိုးချဲ့ရန် ကြံစည် အားထုတ်ရလိမ့် မည်။ ထူးခြားသော သတင်း ကြားရမည်။ ကုန်သည်များမှာ အရောင်းအဝယ် ပြန်သွက်လာမည်။ ဝန်ထမ်း များ ခရီးသွားရမည်။ သင်တန်းပေါ်မည်။ အပြောင်းအရွှေ့ပေါ်မည်။ ပွဲစားများမှာ အထူးပွဲခရမည်။ တန်ဖိုး ကြီး အရောင်းထွက်ပါမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနှစ်ဦးကြား ဗျာများရလိမ့်မည်။ ကျန်းမာ ရေးကိစ္စများတွင် ညောင်းညာမည်။ ကိုယ်လက် မအီမသာ ဖြစ်ခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၉) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို သစ်သီးလှူပါ။
.
စနေ
ကား၊ ဆိုင်ကယ် အသေးစား တိုက်မည်။ ပွတ်မိမည်။ မနာလိုရန်များပေါ်မည်။ မဟုတ် မတရားစွပ်စွဲ ပြောဆိုခံရမည်။ အလုပ်အကိုင်ကောင်း ပေါ်မည်။ ငွေများများ ပြန်ဝင်လာမည်။ နေအိမ်ကို သူခိုးဝင်လိမ့် မည်။ အလုပ်အကိုင်များ ရှုပ်ထွေးနေမည်။ အလုပ်ပိနေလိမ့်မည်။ ဧည့်သည် အိမ်လာမည်။ တောင်အရပ်မှာ လာဘ်ရှိသည်။ ကုန်သည်များမှာ ပစ္စည်းအခိုး ခံရမည်။ ပစ္စည်းပျောက်မည်။ ဝန်ထမ်းများမှာ အတွင်း ရန် ပေါ်ပါမည်။ ပွဲစားများမှာ ပွဲခကိစ္စ စကားများမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ လမ်းခွဲမည်။ အထင်လွှဲ ခံရမည်။ ကျန်းမာရေး ကိစ္စတွင် သွားကိုက်မည်။ သွားနာခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၉) ဖြစ်ပါသည်။
ယတြာ။ စေတီတွင် ဆွမ်း+ဟင်း လှူပါ။
No comments:
Post a Comment
Journal Download
Photo of three cats