မိုင္းပန္ (ပန္ပိ)တြင္ ဘိန္းအစားထိုးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ရွည္ပင္ တအုပ္တမ မ်ိဳးစိုက္ခင္း ပ်ိဳးေထာင္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 18, 2019

မိုင္းပန္ (ပန္ပိ)တြင္ ဘိန္းအစားထိုးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ရွည္ပင္ တအုပ္တမ မ်ိဳးစိုက္ခင္း ပ်ိဳးေထာင္ေန


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕နယ္၊ မိုက္ပုတ္ (ပန္ပိ) ေက်းရြာတြင္ ေက်းရြာဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဘိန္းအစားထိုး က႑ ျမႇင့္တင္ေပးႏိုင္ရန္ ႏွစ္ရွည္ပင္ တအုပ္တမ စိုက္ခင္း ပ်ိဳးေထာင္ေပးေနၿပီး သဘာဝေရကန္ အတြင္း ငါးမ်ိဳး စိုက္ထည့္ျခင္းမ်ား ျပဳလုပ္ေပးေနေၾကာင္း လင္းေခးခ႐ိုင္ အုပ္ခ်ဳပ္ေရး မွဴး ဦးႏိုးေဝထံက သိရသည္။
.
''အရင္ကေတာ့ ေဒသခံေတြကို ဘိန္းအစားထိုး သီးႏွံေတြ ျဖန္႔ေဝေပးေပမယ့္ အခု ပိုမို တိုးတက္ေအာင္လို႔ စိုက္ပိ်ဳးေမြးျမဴေရးဌာနေတြရဲ႕ အကူအညီနဲ႔ ႏွစ္ရွည္ပင္ ေကာ္ဖီ၊ စိန္တစ္လံုး သရက္၊ ေထာပတ္ပင္ေတြကို စိုက္ခင္းထဲမွာ တအုပ္တမ စိုက္ပ်ိဳး ေပးေနပါတယ္''ဟု လင္းေခးခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးႏုိးေဝက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
မိုင္းပန္မွ ၃၆ မိုင္ ေဝးကြာၿပီး လမ္းပန္းဆက္သြယ္ေရး ခက္ခဲသည့္ မိုက္ပုတ္(ပန္ပိ) ေက်းရြာသို႔ ဇူလိုင္လ ၁ဝ ရက္က ဌာနဆိုင္မ်ားမွ သြားေရာက္ကာ ဘိန္းအစားထိုးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေထာပတ္ပင္ ၇၅ဝ၊ ေကာ္ဖီပင္ ၅ဝဝ ႏွင့္ စိန္တလံုးသရက္အပင္ ၅ဝ တို႔ကို  တအုပ္တမ စိုက္ခင္း ၅ ဧက အတြင္း စိုက္ပ်ိဳးႏိုင္ရန္ လုပ္ေဆာင္ခဲ့ၿပီး သဘာဝေရအိုင္၏ ေရေဝေရလဲ ထိန္းသိမ္းႏိုင္ရန္ အတြက္ မိုးနဲ၊ လင္းေခးေဒသမွ တလား ဗီးယားငါး အေကာင္ႀကီး (ငါးျဖန္း) အေကာင္ ၂ဝဝဝ ကိုလည္း ငါးမ်ိဳး စိုက္ထည့္ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
ထို႔အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အေထာက္အပံ့ျဖင့္ အေျခခံပညာသင္ ေက်ာင္းသား/သူမ်ား အတြက္ အဝတ္အစားႏွင့္ ေက်ာင္း စာအုပ္ စာတမ္းေထာက္ပံ့မႈကို က်ပ္ ေငြ ၁၃ သိန္းခန္႕မွ် ပံ့ပိုးေပးႏိုင္ခဲ့သည္ဟု မိုင္းပန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမင္းထက္ထံမွ သိရသည္။
.
မိုင္းပန္ၿမိဳ႕နယ္၊ မိုက္ပုတ္(ပန္ပိ) ရြာမွာ ယခင္က စစ္ေရးပဋိပကၡ ျဖစ္ပြားခဲ့သည့္ ေဒသ ျဖစ္ၿပီး မိုင္းတုံၿမိဳ႕နယ္ဘက္သို႔  သံလြင္ျမစ္ကို ကူးျဖတ္ကာ စစ္ေဘး ေရွာင္ခဲ့ျခင္းမ်ား ရွိခဲ့ဖူးၿပီး ယခုအခါ နယ္ေျမဆိုင္ရာ စစ္ေရးပဋိပကၡမ်ား ၿငိမ္သက္ေနခဲ့သျဖင့္ မိုင္းပန္မွ ပန္ပိ ၁၉ မိုင္အထိ ေက်ာက္ခင္းလမ္း ခင္းႏိုင္ခဲ့ၿပီး လာမည့္ ဘ႑ာႏွစ္ မ်ားတြင္လည္း က်န္ရွိသည့္ လမ္းပိုင္းကုိ ေက်ာက္ ခင္းႏိုင္ပါက ေက်းရြာ လမ္းပန္းဆက္သြယ္ေရး ပိုမိုအဆင္ေျပ လြယ္ကူလာမည္ ျဖစ္ကာ ေက်းရြာက႑ ဖြံ႕ၿဖိဳးတိုး တက္လာမည္ ျဖစ္ေၾကာင္း သိရွိရသည္။


=================

မိုင်းပန် (ပန်ပိ)တွင် ဘိန်းအစားထိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်ပင် တအုပ်တမ မျိုးစိုက်ခင်း ပျိုးထောင်နေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မိုက်ပုတ် (ပန်ပိ) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘိန်းအစားထိုး ကဏ္ဍ မြှင့်တင်ပေးနိုင်ရန် နှစ်ရှည်ပင် တအုပ်တမ စိုက်ခင်း ပျိုးထောင်ပေးနေပြီး သဘာဝရေကန် အတွင်း ငါးမျိုး စိုက်ထည့်ခြင်းများ ပြုလုပ်ပေးနေကြောင်း လင်းခေးခရိုင် အုပ်ချုပ်ရေး မှူး ဦးနိုးဝေထံက သိရသည်။
.
''အရင်ကတော့ ဒေသခံတွေကို ဘိန်းအစားထိုး သီးနှံတွေ ဖြန့်ဝေပေးပေမယ့် အခု ပိုမို တိုးတက်အောင်လို့ စိုက်ပျိုးမွေးမြူရေးဌာနတွေရဲ့ အကူအညီနဲ့ နှစ်ရှည်ပင် ကော်ဖီ၊ စိန်တစ်လုံး သရက်၊ ထောပတ်ပင်တွေကို စိုက်ခင်းထဲမှာ တအုပ်တမ စိုက်ပျိုး ပေးနေပါတယ်''ဟု လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းပန်မှ ၃၆ မိုင် ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မိုက်ပုတ်(ပန်ပိ) ကျေးရွာသို့ ဇူလိုင်လ ၁ဝ ရက်က ဌာနဆိုင်များမှ သွားရောက်ကာ ဘိန်းအစားထိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောပတ်ပင် ၇၅ဝ၊ ကော်ဖီပင် ၅ဝဝ နှင့် စိန်တလုံးသရက်အပင် ၅ဝ တို့ကို  တအုပ်တမ စိုက်ခင်း ၅ ဧက အတွင်း စိုက်ပျိုးနိုင်ရန် လုပ်ဆောင်ခဲ့ပြီး သဘာဝရေအိုင်၏ ရေဝေရေလဲ ထိန်းသိမ်းနိုင်ရန် အတွက် မိုးနဲ၊ လင်းခေးဒေသမှ တလား ဗီးယားငါး အကောင်ကြီး (ငါးဖြန်း) အကောင် ၂ဝဝဝ ကိုလည်း ငါးမျိုး စိုက်ထည့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အထောက်အပံ့ဖြင့် အခြေခံပညာသင် ကျောင်းသား/သူများ အတွက် အဝတ်အစားနှင့် ကျောင်း စာအုပ် စာတမ်းထောက်ပံ့မှုကို ကျပ် ငွေ ၁၃ သိန်းခန့်မျှ ပံ့ပိုးပေးနိုင်ခဲ့သည်ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။
.
မိုင်းပန်မြို့နယ်၊ မိုက်ပုတ်(ပန်ပိ) ရွာမှာ ယခင်က စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသ ဖြစ်ပြီး မိုင်းတုံမြို့နယ်ဘက်သို့  သံလွင်မြစ်ကို ကူးဖြတ်ကာ စစ်ဘေး ရှောင်ခဲ့ခြင်းများ ရှိခဲ့ဖူးပြီး ယခုအခါ နယ်မြေဆိုင်ရာ စစ်ရေးပဋိပက္ခများ ငြိမ်သက်နေခဲ့သဖြင့် မိုင်းပန်မှ ပန်ပိ ၁၉ မိုင်အထိ ကျောက်ခင်းလမ်း ခင်းနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ် များတွင်လည်း ကျန်ရှိသည့် လမ်းပိုင်းကို ကျောက် ခင်းနိုင်ပါက ကျေးရွာ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ လွယ်ကူလာမည် ဖြစ်ကာ ကျေးရွာကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment