လားရိႈးၿမိဳ႕နယ္တြင္ လူထု ပူးေပါင္းပါဝင္ကာ စုေပါင္း သစ္ပင္စိုက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 24, 2019

လားရိႈးၿမိဳ႕နယ္တြင္ လူထု ပူးေပါင္းပါဝင္ကာ စုေပါင္း သစ္ပင္စိုက္


ေနာင္ (ျမစ္မခ)
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ နမ့္ေမာ္ဖာဘုန္းႀကီးေက်ာင္းဝန္း သြားလမ္းေဘးတေလွ်ာက္၌ ရွမ္းျပည္နယ္ အစိုးရအဖဲြ႔၏ ဦးေဆာင္မႈျဖင့္ လူထု ပူးေပါင္းပါဝင္ေသာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အေထာက္အကူျပဳ စုေပါင္းသစ္ပင္စိုက္ျခင္းကို ဇူလိုင္ ၂၃ ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ႔ေၾကာင္း သိရွိရသည္။
သဘာဝပတ္ဝန္းက်င္ပ်က္ဆီးျခင္းေၾကာင့္ အပူ၊ အေအးလြန္ကဲျခင္း၊ ေရႀကီးျခင္း၊ မိုးမ်ားျခင္း၊ မိုးေခါင္ျခင္း၊  မုန္တိုင္းမ်ား က်ေရာက္ျခင္း၊ ငလ်င္လႈပ္ျခင္း၊ ေတာမီးေလာင္ျခင္းစသည့္ သဘာဝေဘးအႏၱရာယ္မ်ား က်ေရာက္ႏိုင္ျခင္းမ်ားအား ကာကြယ္ရန္အတြက္ ယခုကဲ႔သို႔ သစ္ပင္ စိုက္ပ်ိဳးရျခင္းျဖစ္ေၾကာင္း သိရသည္။
ဒီလို စိုက္ပ်ိဳးျခင္းဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြက္သာမက ရွမ္းျပည္နယ္အတြက္လည္း စိမ္းလန္း စိုေျပေရးကို အေထာက္အကူျပဳတဲ႔ လႈပ္ရွားမႈတစ္ခုျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ သဘာဝပတ္ဝန္းက်င္ အေနထားေတြဟာ ေန႔စဥ္နဲ႔အမွ် ထိခိုက္ပ်က္ဆီးေနတာ အားလံုးအသိပဲျဖစ္ပါတယ္။ ဒါ႔ေၾကာင့္ သစ္ပင္ စိုက္ပ်ိဳးရျခင္းျဖစ္ပါတယ္။’’ဟု ရွမ္းျပည္နယ္ အစိုးရအဖဲြ႔၊ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ ေျပာသည္။
သဘာဝပတ္ဝန္းက်င္ပ်က္ဆီးမႈ အက်ိဳးဆက္အျဖစ္ အသက္အိုးအိမ္စည္းစိမ္ပ်က္ဆီးဆံုးရံႈးျခင္း၊ ေရာဂါမ်ား ထူေျပာျခင္း၊ ေသာက္သံုးေရရွားပါးျခင္း၊ စိုက္ပ်ိဳးေရးထုတ္လုပ္ႏိုင္မႈစြမ္းအား ေလ်ာ့နည္းက်ဆင္းလာျခင္း၊ အစာေရစာရွားပါးျခင္း၊ သစ္ေတာသယံဇတႏွင့္ ဇီဝမ်ိဳးစံု မ်ိဳးကြဲမ်ား ပ်က္ဆီးလာျခင္း၊ ႏိုင္ငံ၏ လူမႈေရး၊ ပညာေရး၊ စီးပြားေရး၊ က်န္းမာေရး နိမ့္ပါးက်ဆင္း၍ ယဥ္ေက်းမႈအေမြအႏွစ္မ်ားေပ်ာက္ကြယ္ ပ်က္ဆီး ဆံုးရံႈးျခင္း၊ ဖြံ႔ၿဖိဳးတိုးတက္မႈကို ထိခိုက္ျခင္းစေသာ ဆိုးက်ိဳးေျမာက္မ်ားစြာကို လူသားမ်ားအားလံုး လက္ေတြ႔ ခံစားေနရေၾကာင္း ၎က ဆက္ေျပာသည္။
ကြ်န္ေတာ္တို႔ လူမႈေရးအသင္းဆိုတာက ျပည္သူေတြအတြက္ အလုပ္လုပ္ေပးေနတာျဖစ္လို႔ ျပည္သူေတြ အတြက္ အက်ိဳးရွိမယ္ဆိုတဲ႔ အရာေတြကို လိုက္ၿပီး လုပ္ေဆာင္ေပးေနတာျဖစ္လို႔ဘဒီေန႔ သစ္ပင္စိုက္ အခမ္းနားကို လာေရာက္ပူးေပါင္းပါဝင္တာျဖစ္ပါတယ္။’’ဟု ကေမာၻဇ လူမႈကူညီေရးအသင္းမွ ဦးေဆာင္သူ ဦးဆန္းဦးက ေျပာသည္။
အဆိုပါ အခမ္းနားသို႔ ရွမ္းျပည္နယ္အစိုးရအဖဲြ႔မွ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းႏွင့္ လားဟူတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေယာသပ္၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ ႔နယ္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္း အဖဲြ႔မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖဲြ႔မ်ား၊ ရပ္မိရပ္ဖမ်ား တက္ေရာက္ကာ စိုက္ပ်ိဳးခဲ႔ေၾကာင္း သိရသည္။


===================

လားရှိုးမြို့နယ်တွင် လူထု ပူးပေါင်းပါဝင်ကာ စုပေါင်း သစ်ပင်စိုက်
နောင် (မြစ်မခ)
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် နမ့်မော်ဖာဘုန်းကြီးကျောင်းဝန်း သွားလမ်းဘေးတလျှောက်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထု ပူးပေါင်းပါဝင်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု စုပေါင်းသစ်ပင်စိုက်ခြင်းကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သဘာဝပတ်ဝန်းကျင်ပျက်ဆီးခြင်းကြောင့် အပူ၊ အအေးလွန်ကဲခြင်း၊ ရေကြီးခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း၊  မုန်တိုင်းများ ကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ခြင်းများအား ကာကွယ်ရန်အတွက် ယခုကဲ့သို့ သစ်ပင် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
ဒီလို စိုက်ပျိုးခြင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာမက ရှမ်းပြည်နယ်အတွက်လည်း စိမ်းလန်း စိုပြေရေးကို အထောက်အကူပြုတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင် အနေထားတွေဟာ နေ့စဉ်နဲ့အမျှ ထိခိုက်ပျက်ဆီးနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်ပင် စိုက်ပျိုးရခြင်းဖြစ်ပါတယ်။’’ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ပြောသည်။
သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှု အကျိုးဆက်အဖြစ် အသက်အိုးအိမ်စည်းစိမ်ပျက်ဆီးဆုံးရှုံးခြင်း၊ ရောဂါများ ထူပြောခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ စိုက်ပျိုးရေးထုတ်လုပ်နိုင်မှုစွမ်းအား လျော့နည်းကျဆင်းလာခြင်း၊ အစာရေစာရှားပါးခြင်း၊ သစ်တောသယံဇတနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်ဆီးလာခြင်း၊ နိုင်ငံ၏ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နိမ့်ပါးကျဆင်း၍ ယဉ်ကျေးမှုအမွေအနှစ်များပျောက်ကွယ် ပျက်ဆီး ဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခြင်းစသော ဆိုးကျိုးမြောက်များစွာကို လူသားများအားလုံး လက်တွေ့ ခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။
ကျွန်တော်တို့ လူမှုရေးအသင်းဆိုတာက ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေတာဖြစ်လို့ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုတဲ့ အရာတွေကို လိုက်ပြီး လုပ်ဆောင်ပေးနေတာဖြစ်လို့ဘဒီနေ့ သစ်ပင်စိုက် အခမ်းနားကို လာရောက်ပူးပေါင်းပါဝင်တာဖြစ်ပါတယ်။’’ဟု ကမ္ဘောဇ လူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ဦးဆန်းဦးက ပြောသည်။
အဆိုပါ အခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောသပ်၊ ပြည်နယ်၊ ခရိုင်၊ မြို ့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats