ကေမၻာဇအနာဂတ္လင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တူးေဖာ္လွဴဒါန္းေသာ စက္ေရတြင္းမ်ား ေရေအာင္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Friday, July 26, 2019

ကေမၻာဇအနာဂတ္လင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တူးေဖာ္လွဴဒါန္းေသာ စက္ေရတြင္းမ်ား ေရေအာင္

ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္း ဥကၠ႒ ေဒၚနန္းလုိင္းခမ္း၏ စီစဥ္ ေဆာင္ရြက္မႈျဖင့္ ႏုိင္ငံတစ္၀န္းရိွ ေရရွားပါးမႈ ျဖစ္ေပၚေနေသာေဒသမ်ားမွ ျပည္သူမ်ား သန္႔ရွင္းေသာ ေသာက္သံုးေရ ရရွိေရးအတြက္ ေဒသခံ ပရဟိတအဖြဲ႕မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ပူးေပါင္း၍ တူးေဖာ္လွဴဒါန္းေသာ စက္ေရတြင္းမ်ား ေရေအာင္ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ေရေအာင္ခဲ့ေသာ စက္ေရတြင္းမ်ားမွာ စုစုေပါင္း ၇ တြင္း ျဖစ္ၿပီး ၿပီးခဲ့သည့္ ေမလ၊ ဇြန္လ ႏွင့္ ဇူလိုင္လ ၃ လအတြင္း တူးေဖာ္လွဴဒါန္းခဲ့ျခင္း ျဖစ္သည္။
.

ေရေအာင္ခဲ့ေသာ စက္ေရတြင္းမ်ားမွာ မေကြးတိုင္းေဒသၾကီး၊ မေကြးၿမိဳ႕နယ္၊ ကိဳ႕ပင္အင္းေက်းရြာတြင္ တစ္နာရီလ်င္ ေရဂါလံ ၅၀၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၁ တြင္း၊ ဆူးေကာက္စမ္းေက်းရြာတြင္ တစ္နာရီေရဂါလံ ၅၀၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၁ တြင္း၊ ေနပည္ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕ရွိ ခ်မ္းေျမရိပ္သာေက်ာင္းတြင္ တစ္နာရီလ်င္ ေရဂါလံ ၂၂၅၀ ႏွင့္ ၈၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၂ တြင္း ၊ သားဖြားမီးယပ္ႏွင့္ ကေလးေဆးရံု (ကုတင္ ၃၀၀) တြင္ တစ္နာရီလ်င္ ေရဂါလံ ၆၀၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၁ တြင္း၊ ေအာင္ခ်မ္းသာ ဘုန္းေတာ္ကီးေက်ာင္းတြင္ တစ္နာရီလွ်င္ ေရဂါလံ ၃၅၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၁ တြင္း၊ ဖားေအာက္ေတာရ ဗုဒၶသာသနာ့ရိပ္သာတြင္ တစ္နာရီလ်င္ ေရဂါလံ ၁၂၀၀ ထြက္ရွိသည့္ စက္ေရတြင္း ၁ တြင္းတို႔ ျဖစ္ေၾကာင္း ကေမၻာဇ အနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းမွ တာ၀န္ရွိသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထုိပင္ ကေမၻာဇ အနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္း အေနျဖင့္ မႏၱေလးတိုင္းေဒသကီး၊ ငါ့သေယာက္ၿမိဳ႕နယ္ေတာၿပားေက်းရြာႏွင့္ ဖားေအာက္ေတာရ ဗုဒၶသာသနာ့ရိပ္သာတို႔ တြင္ စက္ေရတြင္းမ်ားကို ဆက္လက္ တူးေဖာ္ေပးေနေၾကာင္းလည္း သိရသည္။
.

ႏုိင္ငံေတာ္ႏွင့္ ျပည္သူမ်ားအတြက္ က်ပ္ေငြ ၁၅၆ ဘီလီယံေက်ာ္ကို လွဴဒါန္းခဲ့ၿပီး

ကေမၻာဇ အနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းသည္ ၂၀၁၄ ခုႏွစ္မွ စ၍ ေရရွားပါးေသာ ေဒသမ်ားရွိ ျပည္သူမ်ား ေသာက္သံုးေရ ရရွိေရး အတြက္ စက္ေရတြင္း ၂၁၁ တြင္း တူးေဖာ္ေပးျခင္း၊ ေရေလွာင္ကန္မ်ား ေဆာက္လုပ္ေပးျခင္း၊ အိမ္တိုင္ရာေရာက္ ေရပုိက္မ်ား သြယ္တန္းေပးျခင္း၊ ေရသယ္ယာဥ္ ၄၇ စီးကုိ ႏုိင္ငံတစ္၀န္းရွိ ပရဟိတအသင္းမ်ားသို႔ လွဴဒါန္းေပးခဲ့သည့္ အျပင္ ေဖာင္ေဒးရွင္း တည္ေထာင္ခ်ိန္မွ စ၍ က႑အသီးသီးတြင္ လူမ်ဳိးမေရြး၊ ဘာသာမေရြး ႏုိင္ငံေတာ္ႏွင့္ ျပည္သူမ်ားအတြက္ က်ပ္ေငြ ၁၅၆ ဘီလီယံေက်ာ္ကို လွဴဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

===================

ကမ္ဘောဇအနာဂတ်လင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်လှူဒါန်းသော စက်ရေတွင်းများ ရေအောင်
.
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ် ဆောင်ရွက်မှုဖြင့် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးမှု ဖြစ်ပေါ်နေသောဒေသများမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဒေသခံ ပရဟိတအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း၍ တူးဖော်လှူဒါန်းသော စက်ရေတွင်းများ ရေအောင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရေအောင်ခဲ့သော စက်ရေတွင်းများမှာ စုစုပေါင်း ၇ တွင်း ဖြစ်ပြီး ပြီးခဲ့သည့် မေလ၊ ဇွန်လ နှင့် ဇူလိုင်လ ၃ လအတွင်း တူးဖော်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
.
ရေအောင်ခဲ့သော စက်ရေတွင်းများမှာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာတွင် တစ်နာရီလျင် ရေဂါလံ ၅၀၀၀ ထွက်ရှိသည့် စက်ရေတွင်း ၁ တွင်း၊ ဆူးကောက်စမ်းကျေးရွာတွင် တစ်နာရီရေဂါလံ ၅၀၀၀ ထွက်ရှိသည့် စက်ရေတွင်း ၁ တွင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်းတွင် တစ်နာရီလျင် ရေဂါလံ ၂၂၅၀ နှင့် ၈၀၀ ထွက်ရှိသည့် စက်ရေတွင်း ၂ တွင်း ၊ သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ကုတင် ၃၀၀) တွင် တစ်နာရီလျင် ရေဂါလံ ၆၀၀၀ ထွက်ရှိသည့် စက်ရေတွင်း ၁ တွင်း၊ အောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် တစ်နာရီလျှင် ရေဂါလံ ၃၅၀၀ ထွက်ရှိသည့် စက်ရေတွင်း ၁ တွင်း၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာတွင် တစ်နာရီလျင် ရေဂါလံ ၁၂၀၀ ထွက်ရှိသည့် စက်ရေတွင်း ၁ တွင်းတို့ ဖြစ်ကြောင်း ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထို့အပြင် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ငါ့သယောက်မြို့နယ်၊ တောပြားကျေးရွာနှင့် ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာတို့ တွင် စက်ရေတွင်းများကို ဆက်လက် တူးဖော်ပေးနေကြောင်းလည်း သိရသည်။
.

နိုင်ငံတော်နှင့် ပြည်သူများအတွက် ကျပ်ငွေ ၁၅၆ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး


ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်မှ စ၍ ရေရှားပါးသော ဒေသများရှိ ပြည်သူများ သောက်သုံးရေ ရရှိရေး အတွက် စက်ရေတွင်း ၂၁၁ တွင်း တူးဖော်ပေးခြင်း၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များ သွယ်တန်းပေးခြင်း၊ ရေသယ်ယာဉ် ၄၇ စီးကို နိုင်ငံတစ်ဝန်းရှိ ပရဟိတအသင်းများသို့ လှူဒါန်းပေးခဲ့သည့် အပြင် ဖောင်ဒေးရှင်း တည်ထောင်ချိန်မှ စ၍ ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံတော်နှင့် ပြည်သူများအတွက် ကျပ်ငွေ ၁၅၆ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats