ကွတ်ခိုင်တွင် မူးယစ်ဆေး စက်ရုံ ၆ ခု အပါအ၀င် ကျပ်ငွေ ၁၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Wednesday, July 31, 2019
.
မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာရှိ ဦးကျောက်တဲ့ယုန် နေအိမ်နှင့် ဂိုဒေါင်၌ မူးယစ်ဆေးဝါးများအား တရားခံဦးနှင့်အတူ ဇူလိုင်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့ပြီးနောက် ၄င်းတို့၏ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေး ချက်သည့် စက်ရုံ ၆ ခုနှင့် မူးယစ်ဆေး အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
.
 (Photo - CINCDS)
ယင်းဖမ်းဆီးရမိသော မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများမှာ စုစုပေါင်းဒေသ တန်ဖိုးငွေ ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ပုံး  ၈၁၃  ပုံး၊ အက်စစ်သံပီပါ ၄၇၈ လုံး၊ အက်စစ်ပုလင်း ၅၂၈ဝ၊ အိတ်(အညို) (Washing Soda) ၉ဝ အိတ်၊ အရိုး မီးသွေးအိတ် ၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်အိတ်ဇောဒိုက်)  ၁၂၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်ဆာလဖိတ်) ၅ဝ အိတ်၊ ပန်းရောင်ဆေးပြား (WY+88) အရော ၉ဝဝဝ ပြား၊ အိုက်စ် ၇၅ဝ ကီလိုတို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လူနေတဲနှင့် မူးယစ်ဆေးဝါးချက်သည့် တဲ ၉၆ လုံး၊ ဒိုဇာ  စီး၊ တိုယိုတာဟိုင်းလတ် ယာဉ်  စီး၊ ဂက်စ်အိုးရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ ပေါင်း အိုး ၉၅ လုံး၊ မီးစက်(အကြီး) လုံး၊ ရေခဲသေတ္တာ ၃ဝ လုံး၊ ဒိဖရီဇာလုံး၊ အဝတ်လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီး ပန်း ၄ဝ ချပ်၊ စတီးမွှေစက်လုံး၊ ဆေးပြားမှုန့်(အဖြူ/အနီ) ၁၈ ဖာ၊ ဆေးပြားရိုက်စက် လုံး၊ ကတ္တားခု၊ ဇလားမျိုးစုံ ၄၈၄ လုံး၊ ဇလုံမျိုးစုံ ၂ဝ၅ လုံး၊ အခြောက်ခံစက် လုံး၊ လက်ဖက်ခြောက်အိတ်ခွံ ၁၈ဝဝ အိတ်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများဆက်စပ်ပစ္စည်းများအား ရဲတပ်ဖွဲ့သို့ အပ်နှံကာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
.
.
==================
ကွတ်ခိုင်တွင် မူးယစ်ဆေး စက်ရုံ ၆ ခု အပါအဝင် ကျပ်ငွေ ၁၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၃ဝဝဝ ခန့် အကွာ ချောင်းဆုံနေရာ ဝန်းကျင် တစ်ဝိုက်၌ မူးယစ်ဆေးဝါးများ ချက်လုပ်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်ထိ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စဉ် မူးယစ်ဆေး ချက်သည့် စက်ရုံ ၆ ခုနှင့် ကျပ်ငွေ ၁၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာရှိ ဦးကျောက်တဲ့ယုန် နေအိမ်နှင့် ဂိုဒေါင်၌ မူးယစ်ဆေးဝါးများအား တရားခံ ၂ ဦးနှင့်အတူ ဇူလိုင်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းတို့၏ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေး ချက်သည့် စက်ရုံ ၆ ခုနှင့် မူးယစ်ဆေး အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
.
ယင်းဖမ်းဆီးရမိသော မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများမှာ စုစုပေါင်းဒေသ တန်ဖိုးငွေ ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ပုံး  ၂၈၁၃  ပုံး၊ အက်စစ်သံပီပါ ၄၇၈ လုံး၊ အက်စစ်ပုလင်း ၅၂၈ဝ၊ အိတ်(အညို) (Washing Soda) ၉ဝ အိတ်၊ အရိုး မီးသွေးအိတ် ၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်အိတ်ဇောဒိုက်)  ၁၂၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်ဆာလဖိတ်) ၅ဝ အိတ်၊ ပန်းရောင်ဆေးပြား (WY+88) အရော ၉ဝဝဝ ပြား၊ အိုက်စ် ၇၅ဝ ကီလိုတို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လူနေတဲနှင့် မူးယစ်ဆေးဝါးချက်သည့် တဲ ၉၆ လုံး၊ ဒိုဇာ  ၁ စီး၊ တိုယိုတာဟိုင်းလတ် ယာဉ်  ၁ စီး၊ ဂက်စ်အိုးရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ ပေါင်း အိုး ၉၅ လုံး၊ မီးစက်(အကြီး) ၆ လုံး၊ ရေခဲသေတ္တာ ၃ဝ လုံး၊ ဒိဖရီဇာ ၇ လုံး၊ အဝတ်လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီး ပန်း ၄ဝ ချပ်၊ စတီးမွှေစက် ၈ လုံး၊ ဆေးပြားမှုန့်(အဖြူ/အနီ) ၁၈ ဖာ၊ ဆေးပြားရိုက်စက် ၅ လုံး၊ ကတ္တား ၆ ခု၊ ဇလားမျိုးစုံ ၄၈၄ လုံး၊ ဇလုံမျိုးစုံ ၂ဝ၅ လုံး၊ အခြောက်ခံစက် ၆ လုံး၊ လက်ဖက်ခြောက်အိတ်ခွံ ၁၈ဝဝ အိတ်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများအား ရဲတပ်ဖွဲ့သို့ အပ်နှံကာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အခြေအနေအား ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ကျွန်တော်တို့ဆီမှာ အမှု မဖွင့်ရသေးပါဘူး၊ ဘာမှလည်း လာ မအပ်သေးပါဘူးဗျ။ တရားခံတွေ မိတာ/မမိတာကိုလည်း ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး၊ ဘာမှ မလုပ်ရသေးပါဘူး။ဟုသာ ပြောဆိုခဲ့သည်။
.
ကွတ်ခိုင်မြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၄၄၂၉ ပေတွင် တည်ရှိ၍ မူဆယ်ခရိုင်အတွင်း၌ ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၉၇၀ ဒသမ ၉၃၀ ကျယ်ဝန်းကာ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ကွမ်းလုံမြို့နယ်၊ တောင်ဘက်တွင် သိန္နီမြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်၊ နမ္မတူမြို့နယ်၊ မြောက်ဘက်တွင် မူဆယ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။
No comments:
Post a Comment
Journal Download
Photo of three cats