အသံတိတ္ လူသတ္သမားနဲ႔ စည္းကမ္းမဲ့ လူသားမ်ား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, July 31, 2019

အသံတိတ္ လူသတ္သမားနဲ႔ စည္းကမ္းမဲ့ လူသားမ်ား


ေအာင္ဆန္း၀င္း
.
အႏၱရာယ္ကင္းေစဖို႔၊ ဆုိင္ကယ္စီးဦးထုပ္ ေဆာင္းၾကစို႕။ Wear the crash helmet, save your life.
ေတာင္ႀကီးၿမိဳ႕၊ ေဂါက္ကြင္းအေရွ႕ဘက္ မ်က္ႏွာစာျပည္ေထာင္စု လမ္းမႀကီးမွာ စိုက္ထူထားတဲ့ ယာဥ္အႏၱရာယ္ ပညာေပးဆုိင္းဘုတ္ထဲက စာသားေတြပါ။ ျမန္မာ၊ အဂၤလိပ္ႏွစ္ဘာသာ ထည့္သြင္းေရးသားထားပါတယ္။ ျမန္ မာဘာသာနဲ႔ တိုင္းရင္းသားဘာသာစကားတြဲ ေရးရင္ သူပါတယ္။ ငါမပါဘူး ျဖစ္မွာစိုးလို႔ လူတိုင္းနားမလည္တဲ့ အဂၤလိပ္ဘာသာနဲ႔ တြဲေရးထားလားေတာ့ မေျပာတတ္ပါဘူး။ ႏုိင္ငံေက်ာ္ ႐ုပ္ရွင္မင္းသား မင္းသမီးနဲ႔ အဆိုေတာ္ အမ်ိဳးသားအမ်ိဳးသမီးတခ်ိဳ႕ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းတဲ့ အခ်ိန္အသံုးျပဳရမယ့္ အသက္ကယ္ဦး ထုပ္ေဆာင္းၿပီး အသိပညာေပး ဆိုင္းဘုတ္ထဲမွာ ပါဝင္အားျဖည့္ေပးထားတယ္။ ဆိုင္းဘုတ္ႀကီးရဲ႕ အဓိကဆိုလိုရင္းက ဆိုင္ကယ္စီးတဲ့အခ်ိန္ အသက္ကယ္ ဦးထုပ္ေဆာင္းၾကဖို႔။
.
အဲဒီ အသိပညာေပး ဆိုင္းဘုတ္နဲ႔ မ်က္ႏွာ ခ်င္းဆိုင္ေလာက္ အေရွ႕ၿမိဳ႕ပတ္လမ္းဘက္ အ ျခမ္းမွာလည္း ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ နဲ႔ ပတ္သက္တဲ့ ဆိုင္းဘုတ္ေတြ ရွိပါေသးတယ္။ အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ုံး (ရွမ္းေတာင္) တပ္ဖြဲ႕ဝင္ တခ်ိဳ႕နဲ႔ အမ်ိဳးသမီးငယ္ ျပည္သူေတြ ပူးေပါင္းၿပီး ဆိုင္ကယ္စီးတဲ့ အခ်ိန္ ဦး အသက္ကယ္ထုပ္ ေဆာင္းလာေအာင္ စည္း ႐ုံး အသိေပး ေဖာ္ျပထားတဲ့ ဆိုင္းဘုတ္ႀကီး ေထာင္ထားပါတယ္။ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လိုက္နာျခင္းျဖင့္ ၿမိဳ႕ေတာ္၏ ဂုဏ္သိကၡာ ကို ျမႇင့္တင္ၾကပါစို႔ ဆိုတဲ့ စာသားလည္းထည့္ သြင္းထားပါတယ္။ ၿမိဳ႕ေတာ္မွာ ေနထိုင္တဲ့ လူ ေတြ စည္းကမ္းရွိမွ ၿမိဳ႕ေတာ္ရဲ႕ ဂုဏ္သိကၡာျမႇင့္ တင္ႏုိင္မွာ ျဖစ္တဲ့အတြက္ ေျမာက္မ်ားစြာေသာ လူ႕က်င့္ဝတ္ စည္းကမ္းေတြအျပင္ ယာဥ္စည္း ကမ္း လမ္းစည္းကမ္းေတြကိုလည္း ၿမိဳ႕ေတာ္မွာ ေနထိုင္တဲ့ လူေတြလိုက္နာဖို႔ လိုအပ္ပါတယ္။
.
အသိပညာေပး ဆိုင္းဘုတ္ေတြကို အေသ အခ်ာ ေလ့လာၾကည့္မယ္ဆိုရင္ ေမာ္ေတာ္ဆုိင္ ကယ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ ဦး စားေပး ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ဆုိင္း ဘုတ္ႀကီး တစ္ခုမွာ မင္းသားမင္းသမီး ပံုေတြနဲ႔ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းဖို႔ ေဖာ္ျပထားတယ္။ ၿမိဳ႕ေတာ္ဂုဏ္သိကၡာ ျမႇင့္တင္ေရး ဆိုင္းဘုတ္ တစ္ခုလံုးမွာလည္း အသက္ကယ္ဦးထုပ္ကို ေဇာင္းေပးထားပါတယ္။ ဒါကို ၾကည့္ျခင္းအား ျဖင့္ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္စီးနင္းသူေတြ နဲ႔ အသက္ကယ္ဦးထုပ္ရဲ႕ အေရးပါပံုကို ေတြ႕ရပါတယ္။ တာဝန္ရွိသူေတြဘက္က အသိတရားရွိရွိ အသိေပး ေဆာင္ရြက္မႈေတြ လုပ္ေပမယ့္ ၿမိဳ႕ေပၚမွာရွိတဲ့ ဆိုင္ကယ္ အသံုးျပဳသူေတြကေတာ့ မဟုတ္တဲ့ေနရာ တစ္လြဲဆံပင္ေကာင္းၿပီး စည္းကမ္းေဖာက္ဖ်က္မႈေတြ ေန႔စဥ္လုပ္ၾကပါတယ္။ ကိုယ္ပိုင္ဆင္ျခင္တံုတရားနဲ႔ ဆင္ျခင္ရ ေကာင္းမွန္းလည္း သိပံုမေပၚပါဘူး။
.
ေမာ္ေတာ္ဆုိင္ကယ္ ေမာင္းႏွင္စီးနင္းၿပီဆို တာနဲ႔ အသက္ကယ္ဦးထုပ္ ေဆာင္းရမယ္ဆိုတာ ေမာင္းႏွင္သူတိုင္း၊ စီးနင္းသူတိုင္း သိရွိနားလည္ ေနရမယ့္ စည္းကမ္းခ်က္ တစ္ခုပါ။ ေမာင္းႏွင္ စီးနင္းသူတိုင္းလည္း ဒီစည္းကမ္းခ်က္ကို သိရွိ နားလည္ၾကလိမ့္မယ္လို႔ ယူဆမိပါတယ္။ ဒါေပမဲ့ ဒီစည္းကမ္းခ်က္နဲ႔ ပတ္သက္ၿပီး လိုက္နာမႈ အားနည္းတာကိုေတာ့ ေတာင္ႀကီးၿမိဳ႕ ေနရာအႏွံ႕အျပား ေန႔စဥ္ေတြ႕ေနရပါတယ္။ အမ်ားစု က်ဴး လြန္ေဖာက္ဖ်က္ေနၾကတာက လူငယ္လူရြယ္နဲ႔ ေက်ာင္းသားေက်ာင္းသူေတြပါ။ ကေလးေတြအ သိတရားရွိေအာင္ သြန္သင္ဆံုးမ လမ္းျပရမယ့္ လူႀကီးလူမိုက္တခ်ိဳ႕လည္း အသိတရားမဲ့စြာနဲ႕ စည္းကမ္းပ်က္တဲ့ အထဲပါဝင္ေနပါတယ္။ တာဝန္ရွိသူေတြနဲ႔ အရပ္ဘက္ အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး အသိပညာေပး အစီအစဥ္ ဘယ္ ေလာက္လုပ္လုပ္ လူငယ္အမ်ားစုကေတာ့စည္း ကမ္းပ်က္ေနဆဲ စည္းကမ္းမဲ့ေနဆဲပါပဲ။
.


.
စည္းကမ္းပ်က္ေနတာက အသက္ဆယ့္ ေလးငါးႏွစ္ အရြယ္ေလးေတြေပါ့။ ဆုိင္ကယ္တစ္ စီး ၃ ေယာက္ တင္စီးတယ္။ တစ္ေယာက္မွ ဆုိင္ကယ္စီး ဦးထုပ္ေဆာင္းမထားဘူး။ ယာဥ္ ေက်ာကိုလည္း သူတို႔ ယူခ်င္သလို ယူေမာင္း ၾကတယ္။ လမ္းအသံုးျပဳသူေတြ အဆင္ေျပဖို႔ ထက္ သူတို႔သြားခ်င္တဲ့ေနရာ ေရာက္ရင္ၿပီးေရာ ဆိုတဲ့စိတ္နဲ႔ ေမာင္းခ်င္သလို ေမာင္းေနၾကတာ။ ယာဥ္စည္းကမ္း လမ္းစည္းကမ္းနဲ႔ ပတ္သက္ၿပီး လိုက္နာမႈလည္း ေတာ္ေတာ္ အားနည္းၾကတယ္။ တခ်ိဳ႕ဆို ရွိမွန္းေတာင္ သိပံုမေပၚၾကဘူး။ ဂ႐ုမစိုက္ဘူးလို႔ ေျပာရမွာေပါ့။ စည္းကမ္းလိုက္နာမႈ အားနည္းေတာ့ ယာဥ္တိုက္မႈေတြ မၾကာခဏျဖစ္ ပါတယ္။ ျဖစ္တဲ့ ယာဥ္တိုက္မႈေတြကို ၾကည့္မယ္ဆိုရင္ မေတာ္တဆမႈထက္ စည္းကမ္းမဲ့ေမာင္းႏွင္မႈေၾကာင့္ ျဖစ္တာမ်ားတယ္လို႔ မထသ အမွတ္ ၁၂ အထူးယာဥ္လိုင္းမွ တကၠစီယာဥ္ေမာင္းတစ္ဦးျဖစ္တဲ့ ကိုမ်ိဳးခိုင္က ေျပာပါတယ္။
.
ေတာင္ႀကီးၿမိဳ႕ေပၚမွာ ျဖစ္ပြားေနတဲ့ ယာဥ္တိုက္မႈေတြကို ၾကည့္မယ္ဆိုရင္ ေမာ္ေတာ္ကားခ်င္းျဖစ္တဲ့ ယာဥ္တုိက္မႈထက္ ကားနဲ႔ဆုိင္ကယ္၊ ေမာ္ေတာ္ဆိုင္ကယ္ခ်င္း တုိက္တဲ့ ယာဥ္တိုက္မႈ ရာခိုင္ႏႈန္း မ်ားတာကို ေတြ႕ရပါတယ္။ အသက္ဆံုး႐ႈံးမႈ၊ ထိခိုက္ဒဏ္ရာရမႈနဲ႔ ပ်က္စီးဆံုး ႐ႈံးမႈ အတိုင္းအတာမွာလည္း ဆိုင္ကယ္ခ်င္းျဖစ္ပြားတဲ့ ယာဥ္တိုက္မႈေၾကာင့္ ဆံုး႐ႈံးမႈ ပိုမ်ားပါ တယ္။ ဆိုင္ကယ္ေၾကာင့္ျဖစ္တဲ့ ယာဥ္တိုက္မႈ ေၾကာင့္ အသက္ဆံုး႐ႈံးရတဲ့ အဓိကအေၾကာင္းရင္း ၾကည့္မယ္ဆိုရင္ အသက္ကယ္ဦးထုပ္ မေဆာင္းတာ၊ ဦးထုပ္ေဆာင္းေပမယ့္ ေမးသိုင္းႀကိဳး တပ္မထားတာေၾကာင့္ ျဖစ္ပါတယ္။ လူငယ္လူရြယ္ ေက်ာင္းသားေက်ာင္းသူေတြၾကား အသက္ကယ္ဦးထုပ္ အသံုးမျပဳတဲ့ အေၾကာင္းရင္းတစ္ခုက ဆိုင္ကယ္စီးသင္တဲ့ အခ်ိန္ကတည္းက သင္ၾကားေပးသူေတြ ကိုယ္တိုင္ စနစ္တက် သင္ေပးျခင္း မရွိတာေၾကာင့္ဆိုတဲ့ အခ်က္ကို ေတြ႕ရပါတယ္။
.

ေတာင္ႀကီးၿမိဳ႕ေတာ္ဟာ ၿမိဳ႕ျပေန လူဦးေရ တိုးပြားတာနဲ႔အမွ် အမ်ားျပည္သူသံုး သြားလာေရးစနစ္မွာ ေမာ္ေတာ္ကားထက္ ေမာ္ေတာ္ဆိုင္ကယ္အသံုးျပဳမႈ တြင္က်ယ္လာတာ ေတြ႕ရပါတယ္။ အလုပ္ခြင္ သြားလာေရးနဲ႔ ေက်ာင္းသြား ေက်ာင္းျပန္ ကိစၥေတြအတြက္ မရွိမျဖစ္ ပစၥည္း ျဖစ္သလို အိမ္တိုင္းဆိုင္ကယ္ အသံုးျပဳၾကပါတယ္။ အိမ္တိုင္း လူတိုင္းနီးပါး ေမာ္ေတာ္ဆိုင္ကယ္ အသံုးျပဳၾကေပမယ့္ ယာဥ္စည္းကမ္း၊လမ္း စည္းကမ္းန႔ဲ ပတ္သက္တာ၊ လမ္းအသံုးျပဳသူေတြ လိုက္နာရမယ့္ ဥပေဒဆုိင္ရာေတြကိုေတာ့ ၉ဝ ရာခိုင္ႏႈန္းေလာက္က သိရွိလိုက္နာျခင္း မရွိၾကပါဘူး။ ေတာင္ႀကီးၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အေနနဲ႔ အခါအားေလ်ာ္စြာ အသိပညာေပးမႈေတြ လုပ္ေပမယ့္ ျပည္သူေတြ လိုက္နာမႈ အားနည္းတာေၾကာင့္ မလိုလားအပ္တဲ့ ယာဥ္တိုက္မႈေတြ ေန႔စဥ္ ျဖစ္ေပၚေနတဲ့အတြက္ စည္းကမ္းပိုင္းဆိုင္ရာေတြ လိုက္နာဖို႔ လိုအပ္ေနပါတယ္။
.
မိဘကပဲ ျဖစ္ျဖစ္၊ ညီအစ္ကိုသားခ်င္းကပဲ ျဖစ္ျဖစ္၊ ဆုိင္ကယ္စီးသင္ေပးေတာ့မယ္ဆိုရင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း နားလည္ေအာင္ တစ္ခါတည္း သင္ေပးရမယ္။ သင္ေပးမယ့္ လူေတြကိုယ္တိုင္ စည္းကမ္းခ်က္ေတြကို နားလည္ဖို႔ လိုတယ္။ သင္ေပးတဲ့ လူကိုက အဲဒီစည္းကမ္းခ်က္ေတြကို မသိရွိရင္ က်န္တဲ့လက္ဆင့္ကမ္း သင္ေပးမယ့္ လူကို စည္းကမ္းခ်က္ေတြ မေျပာျပႏုိင္ေတာ့ဘူး။ အတတ္ႏုိင္ဆံုးက ေတာ့ ကြၽန္ေတာ္တို႔ တရားဝင္ ကညနအစိုးရ ေတြက ဖြင့္လွစ္တဲ့ သင္တန္းေတြ တက္ေရာက္ ဖို႔ ကြၽန္ေတာ္တို႔ အေနနဲ႔ တိုက္တြန္းတာေပါ့။ ျပည္သူေတြ အေနနဲ႔ ေရွာင္ရွားရမယ့္ အခ်က္ က လက္လြတ္စပယ္ သားသမီးေတြကို ဆိုင္ ကယ္နဲ႔ မသြားခိုင္းဖို႔၊ ယာဥ္စည္း လမ္းစည္းသိ ရွိေအာင္ သင္ၾကားေပးဖို႔၊ ဥပေဒက ဘာေတြ ထုတ္ျပန္ထားလည္း သိရွိဖို႔ လိုအပ္တယ္လို႔ ေတာင္ႀကီးၿမိဳ႕၊ အမွတ္ (၁၈) ယာဥ္ထိန္းရဲဒုတပ္ ဖြဲ႕မွဴး႐ုံးမွ ရဲအုပ္ေအာင္ႏြယ္က ေျပာပါတယ္။
.
ယာဥ္တိုက္မႈျဖစ္တဲ့ အေၾကာင္းရင္းေတြထဲ မွာ လူေၾကာင့္ျဖစ္တဲ့ အခ်က္ ၁၄ ခ်က္၊ ယာဥ္ ေၾကာင့္ျဖစ္ပြားမႈ ၅ ခ်က္နဲ႔ လမ္းေၾကာင့္ ျဖစ္ ပြားမႈ ႏွစ္ခ်က္ရွိတဲ့အတြက္ လူေတြ စည္းကမ္း လိုက္နာမႈ အားနည္းခ်က္ေၾကာင့္ ယာဥ္တုိက္မႈ အမ်ားဆံုး ျဖစ္ေနရပါတယ္။ တစ္ႏုိင္ငံလံုး အ တိုင္းအတာ ၾကည့္မယ္ဆိုရင္လည္း ဆုိင္ကယ္ ေၾကာင့္ျဖစ္တဲ့ ယာဥ္တိုက္မႈ ရာခိုင္ႏႈန္းမ်ားတာ ကို ေတြ႕ရပါတယ္။ အသက္အရြယ္အားျဖင့္ ၅ ႏွစ္မွ ၁၄ ႏွစ္အတြင္းနဲ႔ ၁၅ ႏွစ္ကေန ၂၉ ႏွစ္ အတြင္း ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္ ေမာင္းႏွင္သူေတြၾကား ယာဥ္တိုက္မႈ အမ်ားဆံုး ျဖစ္ေပၚေနပါတယ္။ ကြၽန္ေတာ္တို႔က ဒီယာဥ္ တိုက္မႈေၾကာင့္ အသက္ဆံုး႐ႈံးရတဲ့ ျဖစ္စဥ္ကိုအသံတိတ္ လူသတ္ေကာင္ (Silent killer)လို႔ ေခၚတယ္လို႔ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ ႐ုံးမွ ရဲအုပ္ေအာင္ႏြယ္က ဆက္လက္ေျပာၾကား ပါတယ္။
.
ယာဥ္အႏၱရာယ္ ကင္းေဝးဖို႔ ပူးေပါင္းပါဝင္ ေဆာင္ရြက္စို႔လို႔ ဆိုထားေပမယ့္ ေတာင္ႀကီးၿမိဳ႕ မွာ ေန႕စဥ္ျဖစ္ေပၚေနတဲ့ ယာဥ္တုိက္မႈေတြၾကည့္ မယ္ဆိုရင္ ျပည္သူေတြ ပူးေပါင္းပါဝင္မႈ အား နည္းျခင္း၊ စည္းကမ္းပိုင္းဆိုင္ရာ လိုက္နာမႈပ်က္ ကြက္ျခင္း၊ ဥပေဒေတြကို နားလည္မႈ မရွိျခင္း၊ နားလည္တဲ့လူေတြကလည္း ဥပေဒကို တမင္ တကာ ခ်ိဳးေဖာက္ျခင္း အစရွိတဲ့ အခ်က္ေတြ ေၾကာင့္ မျဖစ္သင့္တဲ့ ယာဥ္တိုက္မႈေတြ၊ မဆံုး ႐ႈံးသင့္တဲ့ အသက္ဆံုး႐ႈံးမႈေတြ ျဖစ္ေပၚေနရတာ ျဖစ္ပါတယ္။ ယာဥ္စည္းကမ္း လမ္းစည္းကမ္း လိုက္နာျခင္းျဖင့္ ၿမိဳ႕ေတာ္၏ ဂုဏ္သိကၡာကို ျမႇင့္တင္ၾကပါစို႔လို႔ ဆိုထားတဲ့အတြက္ ၿမိဳ႕ေတာ္ သိကၡာက်ေစမယ့္ လုပ္ရပ္ေတြ ေရွာင္ရွား ၿပီး ယာဥ္စည္းကမ္း လမ္းစည္းကမ္း လုိက္နာျခင္းျဖင့္ ၿမိဳ႕သူၿမိဳ႕သားမ်ား ျဖစ္ေစရန္ တစ္ေထာင့္တစ္ေနရာက မီးေမွာင္းထိုး တင္ျပလိုက္ရေၾကာင္းပါ။
.
=====================================
အသံတိတ် လူသတ်သမားနဲ့ စည်းကမ်းမဲ့ လူသားများ
အောင်ဆန်းဝင်း
.
အန္တရာယ်ကင်းစေဖို့၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြစို့။ Wear the crash helmet, save your life.
တောင်ကြီးမြို့၊ ဂေါက်ကွင်းအရှေ့ဘက် မျက်နှာစာပြည်ထောင်စု လမ်းမကြီးမှာ စိုက်ထူထားတဲ့ ယာဉ်အန္တရာယ် ပညာပေးဆိုင်းဘုတ်ထဲက စာသားတွေပါ။ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ထည့်သွင်းရေးသားထားပါတယ်။ မြန် မာဘာသာနဲ့ တိုင်းရင်းသားဘာသာစကားတွဲ ရေးရင် သူပါတယ်။ ငါမပါဘူး ဖြစ်မှာစိုးလို့ လူတိုင်းနားမလည်တဲ့ အင်္ဂလိပ်ဘာသာနဲ့ တွဲရေးထားလားတော့ မပြောတတ်ပါဘူး။ နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းသမီးနဲ့ အဆိုတော် အမျိုးသားအမျိုးသမီးတချို့ မော်တော်ဆိုင်ကယ် စီးနင်းတဲ့ အချိန်အသုံးပြုရမယ့် အသက်ကယ်ဦး ထုပ်ဆောင်းပြီး အသိပညာပေး ဆိုင်းဘုတ်ထဲမှာ ပါဝင်အားဖြည့်ပေးထားတယ်။ ဆိုင်းဘုတ်ကြီးရဲ့ အဓိကဆိုလိုရင်းက ဆိုင်ကယ်စီးတဲ့အချိန် အသက်ကယ် ဦးထုပ်ဆောင်းကြဖို့။
.
အဲဒီ အသိပညာပေး ဆိုင်းဘုတ်နဲ့ မျက်နှာ ချင်းဆိုင်လောက် အရှေ့မြို့ပတ်လမ်းဘက် အ ခြမ်းမှာလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် နဲ့ ပတ်သက်တဲ့ ဆိုင်းဘုတ်တွေ ရှိပါသေးတယ်။ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) တပ်ဖွဲ့ဝင် တချို့နဲ့ အမျိုးသမီးငယ် ပြည်သူတွေ ပူးပေါင်းပြီး ဆိုင်ကယ်စီးတဲ့ အချိန် ဦး အသက်ကယ်ထုပ် ဆောင်းလာအောင် စည်း ရုံး အသိပေး ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထားပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းဖြင့် မြို့တော်၏ ဂုဏ်သိက္ခာ ကို မြှင့်တင်ကြပါစို့ ဆိုတဲ့ စာသားလည်းထည့် သွင်းထားပါတယ်။ မြို့တော်မှာ နေထိုင်တဲ့ လူ တွေ စည်းကမ်းရှိမှ မြို့တော်ရဲ့ ဂုဏ်သိက္ခာမြှင့် တင်နိုင်မှာ ဖြစ်တဲ့အတွက် မြောက်များစွာသော လူ့ကျင့်ဝတ် စည်းကမ်းတွေအပြင် ယာဉ်စည်း ကမ်း လမ်းစည်းကမ်းတွေကိုလည်း မြို့တော်မှာ နေထိုင်တဲ့ လူတွေလိုက်နာဖို့ လိုအပ်ပါတယ်။
.
အသိပညာပေး ဆိုင်းဘုတ်တွေကို အသေ အချာ လေ့လာကြည့်မယ်ဆိုရင် မော်တော်ဆိုင် ကယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဦး စားပေး ဖော်ပြထားတာ တွေ့ရပါတယ်။ ဆိုင်း ဘုတ်ကြီး တစ်ခုမှာ မင်းသားမင်းသမီး ပုံတွေနဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့ ဖော်ပြထားတယ်။ မြို့တော်ဂုဏ်သိက္ခာ မြှင့်တင်ရေး ဆိုင်းဘုတ် တစ်ခုလုံးမှာလည်း အသက်ကယ်ဦးထုပ်ကို ဇောင်းပေးထားပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူတွေ နဲ့ အသက်ကယ်ဦးထုပ်ရဲ့ အရေးပါပုံကို တွေ့ရပါတယ်။ တာဝန်ရှိသူတွေဘက်က အသိတရားရှိရှိ အသိပေး ဆောင်ရွက်မှုတွေ လုပ်ပေမယ့် မြို့ပေါ်မှာရှိတဲ့ ဆိုင်ကယ် အသုံးပြုသူတွေကတော့ မဟုတ်တဲ့နေရာ တစ်လွဲဆံပင်ကောင်းပြီး စည်းကမ်းဖောက်ဖျက်မှုတွေ နေ့စဉ်လုပ်ကြပါတယ်။ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်ရ ကောင်းမှန်းလည်း သိပုံမပေါ်ပါဘူး။
.
မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းပြီဆို တာနဲ့ အသက်ကယ်ဦးထုပ် ဆောင်းရမယ်ဆိုတာ မောင်းနှင်သူတိုင်း၊ စီးနင်းသူတိုင်း သိရှိနားလည် နေရမယ့် စည်းကမ်းချက် တစ်ခုပါ။ မောင်းနှင် စီးနင်းသူတိုင်းလည်း ဒီစည်းကမ်းချက်ကို သိရှိ နားလည်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ဒီစည်းကမ်းချက်နဲ့ ပတ်သက်ပြီး လိုက်နာမှု အားနည်းတာကိုတော့ တောင်ကြီးမြို့ နေရာအနှံ့အပြား နေ့စဉ်တွေ့နေရပါတယ်။ အများစု ကျူး လွန်ဖောက်ဖျက်နေကြတာက လူငယ်လူရွယ်နဲ့ ကျောင်းသားကျောင်းသူတွေပါ။ ကလေးတွေအ သိတရားရှိအောင် သွန်သင်ဆုံးမ လမ်းပြရမယ့် လူကြီးလူမိုက်တချို့လည်း အသိတရားမဲ့စွာနဲ့ စည်းကမ်းပျက်တဲ့ အထဲပါဝင်နေပါတယ်။ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အသိပညာပေး အစီအစဉ် ဘယ် လောက်လုပ်လုပ် လူငယ်အများစုကတော့စည်း ကမ်းပျက်နေဆဲ စည်းကမ်းမဲ့နေဆဲပါပဲ။
.
စည်းကမ်းပျက်နေတာက အသက်ဆယ့် လေးငါးနှစ် အရွယ်လေးတွေပေါ့။ ဆိုင်ကယ်တစ် စီး ၃ ယောက် တင်စီးတယ်။ တစ်ယောက်မှ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းမထားဘူး။ ယာဉ် ကျောကိုလည်း သူတို့ ယူချင်သလို ယူမောင်း ကြတယ်။ လမ်းအသုံးပြုသူတွေ အဆင်ပြေဖို့ ထက် သူတို့သွားချင်တဲ့နေရာ ရောက်ရင်ပြီးရော ဆိုတဲ့စိတ်နဲ့ မောင်းချင်သလို မောင်းနေကြတာ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လိုက်နာမှုလည်း တော်တော် အားနည်းကြတယ်။ တချို့ဆို ရှိမှန်းတောင် သိပုံမပေါ်ကြဘူး။ ဂရုမစိုက်ဘူးလို့ ပြောရမှာပေါ့။ စည်းကမ်းလိုက်နာမှု အားနည်းတော့ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ် ပါတယ်။ ဖြစ်တဲ့ ယာဉ်တိုက်မှုတွေကို ကြည့်မယ်ဆိုရင် မတော်တဆမှုထက် စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ဖြစ်တာများတယ်လို့ မထသ အမှတ် ၁၂ အထူးယာဉ်လိုင်းမှ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးခိုင်က ပြောပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှုတွေကို ကြည့်မယ်ဆိုရင် မော်တော်ကားချင်းဖြစ်တဲ့ ယာဉ်တိုက်မှုထက် ကားနဲ့ဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်ချင်း တိုက်တဲ့ ယာဉ်တိုက်မှု ရာခိုင်နှုန်း များတာကို တွေ့ရပါတယ်။ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံး ရှုံးမှု အတိုင်းအတာမှာလည်း ဆိုင်ကယ်ချင်းဖြစ်ပွားတဲ့ ယာဉ်တိုက်မှုကြောင့် ဆုံးရှုံးမှု ပိုများပါ တယ်။ ဆိုင်ကယ်ကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု ကြောင့် အသက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းရင်း ကြည့်မယ်ဆိုရင် အသက်ကယ်ဦးထုပ် မဆောင်းတာ၊ ဦးထုပ်ဆောင်းပေမယ့် မေးသိုင်းကြိုး တပ်မထားတာကြောင့် ဖြစ်ပါတယ်။ လူငယ်လူရွယ် ကျောင်းသားကျောင်းသူတွေကြား အသက်ကယ်ဦးထုပ် အသုံးမပြုတဲ့ အကြောင်းရင်းတစ်ခုက ဆိုင်ကယ်စီးသင်တဲ့ အချိန်ကတည်းက သင်ကြားပေးသူတွေ ကိုယ်တိုင် စနစ်တကျ သင်ပေးခြင်း မရှိတာကြောင့်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။
.
တောင်ကြီးမြို့တော်ဟာ မြို့ပြနေ လူဦးရေ တိုးပွားတာနဲ့အမျှ အများပြည်သူသုံး သွားလာရေးစနစ်မှာ မော်တော်ကားထက် မော်တော်ဆိုင်ကယ်အသုံးပြုမှု တွင်ကျယ်လာတာ တွေ့ရပါတယ်။ အလုပ်ခွင် သွားလာရေးနဲ့ ကျောင်းသွား ကျောင်းပြန် ကိစ္စတွေအတွက် မရှိမဖြစ် ပစ္စည်း ဖြစ်သလို အိမ်တိုင်းဆိုင်ကယ် အသုံးပြုကြပါတယ်။ အိမ်တိုင်း လူတိုင်းနီးပါး မော်တော်ဆိုင်ကယ် အသုံးပြုကြပေမယ့် ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းနဲ့ ပတ်သက်တာ၊ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် ဥပဒေဆိုင်ရာတွေကိုတော့ ၉ဝ ရာခိုင်နှုန်းလောက်က သိရှိလိုက်နာခြင်း မရှိကြပါဘူး။ တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ အခါအားလျော်စွာ အသိပညာပေးမှုတွေ လုပ်ပေမယ့် ပြည်သူတွေ လိုက်နာမှု အားနည်းတာကြောင့် မလိုလားအပ်တဲ့ ယာဉ်တိုက်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေတဲ့အတွက် စည်းကမ်းပိုင်းဆိုင်ရာတွေ လိုက်နာဖို့ လိုအပ်နေပါတယ်။
.
မိဘကပဲ ဖြစ်ဖြစ်၊ ညီအစ်ကိုသားချင်းကပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်စီးသင်ပေးတော့မယ်ဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်အောင် တစ်ခါတည်း သင်ပေးရမယ်။ သင်ပေးမယ့် လူတွေကိုယ်တိုင် စည်းကမ်းချက်တွေကို နားလည်ဖို့ လိုတယ်။ သင်ပေးတဲ့ လူကိုက အဲဒီစည်းကမ်းချက်တွေကို မသိရှိရင် ကျန်တဲ့လက်ဆင့်ကမ်း သင်ပေးမယ့် လူကို စည်းကမ်းချက်တွေ မပြောပြနိုင်တော့ဘူး။ အတတ်နိုင်ဆုံးက တော့ ကျွန်တော်တို့ တရားဝင် ကညနအစိုးရ တွေက ဖွင့်လှစ်တဲ့ သင်တန်းတွေ တက်ရောက် ဖို့ ကျွန်တော်တို့ အနေနဲ့ တိုက်တွန်းတာပေါ့။ ပြည်သူတွေ အနေနဲ့ ရှောင်ရှားရမယ့် အချက် က လက်လွတ်စပယ် သားသမီးတွေကို ဆိုင် ကယ်နဲ့ မသွားခိုင်းဖို့၊ ယာဉ်စည်း လမ်းစည်းသိ ရှိအောင် သင်ကြားပေးဖို့၊ ဥပဒေက ဘာတွေ ထုတ်ပြန်ထားလည်း သိရှိဖို့ လိုအပ်တယ်လို့ တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်နွယ်က ပြောပါတယ်။
.
ယာဉ်တိုက်မှုဖြစ်တဲ့ အကြောင်းရင်းတွေထဲ မှာ လူကြောင့်ဖြစ်တဲ့ အချက် ၁၄ ချက်၊ ယာဉ် ကြောင့်ဖြစ်ပွားမှု ၅ ချက်နဲ့ လမ်းကြောင့် ဖြစ် ပွားမှု နှစ်ချက်ရှိတဲ့အတွက် လူတွေ စည်းကမ်း လိုက်နာမှု အားနည်းချက်ကြောင့် ယာဉ်တိုက်မှု အများဆုံး ဖြစ်နေရပါတယ်။ တစ်နိုင်ငံလုံး အ တိုင်းအတာ ကြည့်မယ်ဆိုရင်လည်း ဆိုင်ကယ် ကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှု ရာခိုင်နှုန်းများတာ ကို တွေ့ရပါတယ်။ အသက်အရွယ်အားဖြင့် ၅ နှစ်မှ ၁၄ နှစ်အတွင်းနဲ့ ၁၅ နှစ်ကနေ ၂၉ နှစ် အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေကြား ယာဉ်တိုက်မှု အများဆုံး ဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့က ဒီယာဉ် တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်ကိုအသံတိတ် လူသတ်ကောင် (Silent killer)လို့ ခေါ်တယ်လို့ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ရုံးမှ ရဲအုပ်အောင်နွယ်က ဆက်လက်ပြောကြား ပါတယ်။
.
ယာဉ်အန္တရာယ် ကင်းဝေးဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်စို့လို့ ဆိုထားပေမယ့် တောင်ကြီးမြို့ မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေကြည့် မယ်ဆိုရင် ပြည်သူတွေ ပူးပေါင်းပါဝင်မှု အား နည်းခြင်း၊ စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာမှုပျက် ကွက်ခြင်း၊ ဥပဒေတွေကို နားလည်မှု မရှိခြင်း၊ နားလည်တဲ့လူတွေကလည်း ဥပဒေကို တမင် တကာ ချိုးဖောက်ခြင်း အစရှိတဲ့ အချက်တွေ ကြောင့် မဖြစ်သင့်တဲ့ ယာဉ်တိုက်မှုတွေ၊ မဆုံး ရှုံးသင့်တဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းဖြင့် မြို့တော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြပါစို့လို့ ဆိုထားတဲ့အတွက် မြို့တော် သိက္ခာကျစေမယ့် လုပ်ရပ်တွေ ရှောင်ရှား ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းဖြင့် မြို့သူမြို့သားများ ဖြစ်စေရန် တစ်ထောင့်တစ်နေရာက မီးမှောင်းထိုး တင်ပြလိုက်ရကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats