ေၾကာက္စိတ္၊ ေလးစားျခင္းႏွင့္ ဖက္ဒရယ္ ပညာေရး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, July 28, 2019

ေၾကာက္စိတ္၊ ေလးစားျခင္းႏွင့္ ဖက္ဒရယ္ ပညာေရး

ေက်ာ္လင္းထြန္း (ေခ်ာင္းဦး)
.
ပညာေရးနဲ႔ ပတ္သက္ေသာ ေက်ာင္းသား လူငယ္ ျပဳျပင္ေရးႏွင့္ ပတ္သက္ေသာ ေဆာင္း ပါးမ်ားကို ဦးစားေပးၿပီး ေရးျဖစ္ခဲ့ပါတယ္။ ကြၽန္ ေတာ္ ကိုယ္တိုင္ ျပင္ပေက်ာင္းဆရာ က်ဴရွင္ ဆရာ လုပ္သက္ (၁၅)ႏွစ္ ဝန္းက်င္ အေတြ႕အ ႀကံဳမ်ားႏွင့္ စာေပဗဟုသုတမ်ား ေခတ္စနစ္ ေျပာင္းလဲမႈႏွင့္ အစိုးရ အုပ္ခ်ဳပ္မႈ စနစ္အေျပာင္း အလဲမ်ားကို ေလ့လာသံုးသပ္ရင္း အေျခခံပညာ ေက်ာင္းသားေက်ာင္းသူမ်ားကို စာသင္ၾကားေပး ျခင္း၊ လမ္းၫႊန္ထိန္းေက်ာင္းျခင္းမ်ား ျပဳလုပ္ခဲ့ ပါသည္။
.
ေက်ာင္းသားအေျချပဳ သင္ၾကားေရးစနစ္ (CCA)ကို က်င့္သံုးသင္ၾကားရန္ ၫႊန္ၾကားမႈမ်ား ကို ဆယ္စုႏွစ္ (၂)ခု ဝန္းက်င္ကတည္းက ရွိခဲ့ ပါသည္။ ဆရာ/ဆရာမမ်ားကိုလည္း မူျပ၊လယ္ ျပ၊ ထက္ျပ အုပ္စုခြဲ၍ သင္တန္းမ်ား ျပဳလုပ္ခဲ့ ပါသည္။ သင္တန္းတက္ခဲ့ၾကသူမ်ားသည္ ပညာ ေရးကို အမွန္တကယ္ စိတ္ဝင္တစားႏွင့္ သင္ ယူေလ့လာခဲ့ၿပီး၊ လက္ေတြ႕ အသံုးခ်မႈျပဳ၍သင္ ၾကားျပသ လမ္းၫႊန္မႈမ်ား တကယ္ေပးခဲ့ၾကရဲ႕ လား ဟူသည္ စဥ္းစားရေပမည္။ မလႊဲမေရွာင္ သာ သင္တန္းတက္ၿပီး၊ ဝတ္ေက်႐ုံသာ လက္ ေတြ႕အသံုးခ်ေနၾကလွ်င္ ¤င္းတို႔၏ တပည့္ ေက်ာင္းသားေက်ာင္းသူေလးမ်ားရဲ႕ အနာဂတ္၊ တိုင္းျပည္ရဲ႕ အနာဂတ္ အႏုတ္လကၡဏာေဆာင္ ေတာ့မည္။ အခုလည္း ပညာေရးက အႏုတ္ လကၡဏာ ျပေနသျဖင့္ အေပါင္းလကၡဏာ ေရာက္ေအာင္ပင္ ဟိုလိုတစ္မ်ဳိး၊ ဒီလိုတစ္မ်ိဳး စမ္းသပ္ေနရသည္။
.
ေက်ာင္းသားေက်ာင္းသူမ်ားကို ႐ုိက္ႏွက္ ဆံုးမပါက ေထာင္ ၆ လအထိ ျပစ္ဒဏ္ ခ်မွတ္ ႏုိင္ေလာက္သည့္ ဥပေဒေရးဆြဲေနသည္ လိုလို၊ လႊတ္ေတာ္မွာ ေဆြးေႏြးေနၾကသည္ လိုလို သ တင္းတစ္ခု လူမႈကြန္ရက္တြင္ ေတြ႕လိုက္ရ သည္။ ထံုးစံအတိုင္း ေထာက္ခံသူေရာ၊ ကန္႔ ကြက္သူေရာ ရွိပါသည္။ ေထာက္ခံသူမ်ားကမူ ႐ိုက္ႏွက္ဆံုးမျခင္းသည္ ကေလးကို စိတ္အား ငယ္ေစေၾကာင္း၊ ေသေသခ်ာခ်ာ ဂဃနဏရွင္း ျပလွ်င္ နားလည္လာႏုိင္ေၾကာင္း၊ တိရစၧာန္ကို သာ ႐ိုက္ႏွက္ဆံုးမရန္ လိုေၾကာင္း စသည္ျဖင့္ ေထာက္ျပၾကသည္။ မ်ားေသာအားျဖင့္ေထာက္ ခံသူမ်ားမွာ မိမိတို႔၏ သားသမီးကို အလိုလိုက္ သူ ျဖစ္ႏုိင္သလို စိတ္က်န္းမာေရးကို ေတြးၾက သူမ်ားလည္း ျဖစ္ႏုိင္သည္။ ထို မိဘအမ်ားစု မွာ သူတို႔ကိုယ္၌ကလည္း ေအာက္ေျခဘဝက ကိုယ့္ဒူးကိုယ္ခြၽန္ မတက္ခဲ့ရဘဲ မပူမပင္။ မ ေၾကာင့္မၾက ပတ္ဝန္းက်င္တြင္ ေနခဲ့ရ၍ေကာင္း သည့္ဘက္မွ ၾကည့္လွ်င္ ယဥ္ေက်းသိမ္ေမြ႕၍ ေမတၱာဓာတ္ ေႏြးေထြးမႈဟု ဆုိရမည္။ ေခ်ာ့ေမာ့ ျပဳျပင္ရင္း ကေလးက ပိုဆိုးလာခဲ့ပါမူ ခ်စ္ရာမ ေရာက္ဘဲ ႏွစ္ရာေရာက္သြားလွ်င္ ပတ္ဝန္းက်င္ တြင္ ဟန္ေဆာင္ၿပံဳး၍ ကံကိုလႊဲခ်တတ္ပါသည္။
.
''႐ိုက္ႏွက္ဆံုးမ၍ ေထာင္ ၆ လ မကပါ။ ေသဒဏ္ေပးလွ်င္လည္း တပည့္ေတြ ေကာင္း စားေရးအတြက္ အေသခံ ဆံုးမမည္''ဟူေသာ ဆရာ/ဆရာမမ်ားလည္း ရွိပါသည္။ ''ဆရာ ရယ္ မလိမၼာလို႔ ေျပာမရ ေျပာမေကာင္းရင္ တြယ္ သာတြယ္။ သူတို႔အတြက္ပဲ။ ကြၽန္ေတာ္တို႔ကြၽန္ မတို႔ကေတာ့ ဆရာ့ကို အပ္ပါတယ္''ဆိုေသာ မိဘေတြလည္း ရွိပါသည္။
.


.
ေက်ာင္းဆရာျဖစ္ေသာ ကြၽန္ေတာ္ကလည္း ''အလကားေန အလကား ဘယ္သူက ႐ိုက္မ လဲဗ်ာ။ တစ္ခါႏွစ္ခါ သတိေပး၊ မိဘဆရာ ေဆြး ေႏြးလို႔ ဆံုးမစကား နားမေထာင္ရင္ေတာ့'' ။ ေသခ်ာစဥ္းစားရပါမည္။ ဥပေဒကို မေၾကာက္ ေသာ သူကို တိုင္းျပည္ရွိ လိမၼာေသာ ျပည္သူ တို႔က မလိုလားပါ။ လက္မခံခ်င္ၾကပါ။ မိဘကိုမွ မေၾကာက္လွ်င္ တစ္နည္းဆိုရေသာ္ မေလးစား လွ်င္ ထိုမိသားစု၏ သားသမီး အနာဂတ္ ရင္ ေလးရပါေတာ့မည္။ ဤသို႔ ဤႏွယ္ပင္ ဆရာ/ ဆရာမ၏ စကားနားမေထာင္သူ (ဆရာ/ဆရာ မကို မေၾကာက္သူ) စည္းကမ္း မေလးစား မ လိုက္နာသူကို မည္သည့္ေက်ာင္း၊ မည္သည့္စာ သင္ခန္း၊ မည္သည့္ ပညာရပ္ဝန္းက လက္ခံ ခ်င္ပါမည္နည္း။ အမ်ားသူငွာကို ေလးစားမႈ မရွိ သူ (ပတ္ဝန္းက်င္ကိုမွ ထည့္မတြက္သူ) ေသ ခ်ာစဥ္းစားေသာ အေၾကာက္မရွိသူသည္တစ္ပါး သူမ်ားကို အေႏွာင့္အယွက္ ေပးေနပါမူ ကြၽန္ ေတာ္တို႔တေတြ မဆံုးမဘဲ ပစ္ထားရမည္လား။ ႏွစ္သိမ့္ေဆြးေႏြး (ေခ်ာ့ေမာ့ စည္း႐ုံး) ေနစဥ္။  ''ေနာက္မလုပ္ေတာ့ပါဘူး။ ဟုတ္ကဲ့။ ဒါေနာက္ ဆံုးပဲ ျဖစ္ရပါေစမယ္'' ဆိုေသာ ကတိကို ခဏတာသာ တည္ၿပီးေနာက္ အခ်ိန္တန္လွ်င္ ေခြးၿမီးေကာက္ ၾကည္ေတာက္စြပ္သေဘာ ရွိေန ၾကေသာ ေက်ာင္သားေက်ာင္းသူမ်ားကို ကြၽန္ ေတာ္တို႔ ေက်ာင္းဆရာ လက္သံုးစကားေဝါဟာ ရအရ ''ေပ်ာ့ေပ်ာ့ႏွင့္ နံတဲ့ေၾကာင္ခ်ီး''ဟုသာ ဆုိရမည္။
.

ေၾကာက္စိတ္ႏွင့္ ေလးစားျခင္း ဟူသည္အ လြန္အင္မတန္ ျခားနားလွပါသည္။ ကြၽန္ေတာ္ ၏ ေဆာင္းပါး အစပိုင္းတြင္ ဆိုခဲ့သကဲ့သို႔ ဆရာ/ဆရာမမ်ားသည္ ဝတ္ေက်တန္းေက် ေလာက္သာ ဆရာ မလုပ္သင့္ပါ။ စိတ္ႏွစ္ ကိုယ္ ႏွစ္ၿပီး အားႀကိဳးမာန္တက္ တကယ့္ ဆရာ/ဆ ရာမ ျဖစ္ပါမူ ေက်ာင္းသားေက်ာင္းသူမ်ားကိုအ မုန္းခံ၍ ဆံုးမၾကပါသည္။ အဘယ့္ေၾကာင့္ဆို ေသာ္ မိမိ၏ တပည့္ ျဖစ္ေနေသာေၾကာင့္ပင္ ျဖစ္သည္။ ေစတနာမွန္မွန္ႏွင့္သာ မ်က္ႏွာမ လုိက္ဘဲ  ဆံုးမလွ်င္ မည္သည့္ ဆိုးက်ိဳးမွ် မ ျဖစ္ႏုိင္။ ယခုေသာ္ ဝါသနာ မပါဘဲ ဆရာ/ဆ ရာမ မလုပ္၊ ေစတနာ မပါဘဲ စာသင္ၾကားျပ သေနၾကၿပီး၊ အနစ္နာခံမႈ မရွိဘဲ ''သူတို႔ထိုက္ နဲ႔ သူတို႔ကံ''ဟူေသာ မ်က္ႏွာလႊဲ ခဲျပစ္ အဓိပၸါယ္မဲ့ တာဝန္ ထမ္းေဆာင္၍ ေနၾက လွ်င္ ကိုယ္လည္း ဆရာ/ဆရာမ သိကၡာ မရွိ။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ တိုင္းျပည္ အနာဂတ္မွာ ေၾကာက္စရာ ျဖစ္ေနပါလိမ့္မည္။
.
တပည့္ကေလးမ်ားသည္ စိတ္ခံစားခ်က္ရွိ ၾကသည္။ ရွက္စိတ္၊ အားငယ္စိတ္ ရွိၾကၿပီး ႏု နယ္ငယ္ရြယ္ၾကပါသည္။ ထုိနည္းတူစြာပင္ ဆ ရာေကာင္း၊ ဆရာမေကာင္း မ်ားမွာလည္း စိတ္ ခံစားခ်က္ ရွိၾကပါသည္။ စိတ္လိုက္မာန္ပါ (တ ပည့္အတြက္ေတြးၿပီး) ဆူပူႀကိမ္းေမာင္း ဆံုးမမိ ေသာ္လည္း ၿပီးလွ်င္ စိတ္မေကာင္း ျဖစ္ၾကရပါ ၏။ ရန္ၿငိဳးအာဃာတႏွင့္ ဆံုးမသည့္ ဆရာ/ဆ ရာမေတာ့ ရွားပါသည္။ အကယ္၍ ရွိခဲ့လွ်င္ လည္း ထုိသို႔ေသာ ဆရာ/ဆရာမမ်ားသည္ စုန္း ျပဴးေစ့၊ မူမမွန္ေသာ ဆရာ/ဆရာမအတုသာ ျဖစ္ပါလိမ့္မည္။
.
ေလးစားျခင္း၊ နားလည္မႈ ဆုိသည္မွာ အျပန္အလွန္ ေလးစားမႈ (mutual understan-ding)ျဖင့္ တည္ေဆာက္ ရမည္။ ဆရာ/ဆရာမမ်ားကလည္း တပည့္ျဖစ္သူ၏ အားနည္းခ်က္ အားသာခ်က္ကို သိရန္လိုသကဲ့သို႔ တပည့္ျဖစ္ သူကလည္း မိမိတု႔ိ၏ ဆရာ/ဆရာမတို႔၏ ေစ တနာ၊ မိမိအေပၚ ေမွ်ာ္လင့္ခ်က္မ်ားကို နား လည္ရန္ လိုအပ္ပါသည္။ ဆရာ/ဆရာမက လည္း မိမိတို႔ ဆရာ့ဝတ္ကို နားလည္အေကာင္ အထည္ေဖာ္ရန္ လိုအပ္သကဲ့သို႔ပင္ တပည့္ ေက်ာင္းသား ေက်ာင္းသူမ်ားကလည္း မိမိ တု႔ိ၏ တပည့္ဝတ္ကို ေကာင္းစြာ နားလည္ ၿပီး ႀကိဳးစားသင္ယူၾကရန္ လိုအပ္ပါသည္။ စာရိတၱ(moral)ႏွင့္ စည္းကမ္း (principle)မ်ားကို ေကာင္းစြာသ ေဘာေပါက္ၾကပါက ဆရာႏွင့္ တပည့္ ဆက္ဆံ ေရးမွာ ေလာက သာယာေအးခ်မ္းေနပါမည္။
.
လစ္ဘရယ္ ပညာေရးဆုိသည္မွာ ပညာ သင္ၾကားေရးတြင္ လူ႕အခြင့္အေရးမ်ားပါ ေရာ ထည့္စဥ္းစားေပးရသည့္ ပညာေရးစနစ္ ျဖစ္ သည္။ က်န္းမာေရးအရ ေမြးရာပါ ခ်ိဳ႕တဲ့ခဲ့ေသာ ကေလး၊ လူမႈေရးအရ စိတ္ခံစားခ်က္ (emotion) မမွန္ရွာေသာ ကေလး၊ စီးပြားေရးအရ ခ်ိဳ႕တဲ့ ႏြမ္းပါးရွာေသာ ကေလး၊ ေနရာေဒသအ ရ ဆရာ/ဆရာမ မျပည့္စံုေသာ ေဝးလံေခါင္ပါး ေဒသက ကေလး စသျဖင့္ ကေလးသူငယ္ အ ခြင့္အေရးမ်ား (child rights)မ်ား ထည့္သြင္း စဥ္းစားေပးရေသာ ပညာေရးစနစ္ ျဖစ္သည္။ ဤသည္ကို ထည့္သြင္းစဥ္းစားေပးၾကေသာ အ ေၿမာ္အျမင္ရွိ ေျပာင္းလဲမႈကို ေႏြးေထြးစြာ ႀကိဳ ဆိုပါ၏။ တကယ့္ ဆရာစစ္၊ ဆရာမွန္တို႕သည္ လည္း မိမိတို႔ တပည့္မ်ားကို ''ေပါက္ပင္ဘာ ေၾကာင့္ ကိုင္းရတယ္''ဆုိတာ ေတြးမိၿပီး စာနာ နားလည္ၾကပါသည္။
.
သုိ႔ေသာ္ နီတိမေက်ညက္၊ စာမဖတ္ေသာ၊ အသိပညာ အားနည္းၿပီး အတၱလိုအင္ေလာဘ ႀကီးမားေသာ လူ႕အသိုင္းအဝိုင္း၊ ေရသာခို၍အ လြယ္ႀကိဳက္ေသာ လူ႕ပတ္ဝန္းက်င္သည္ လစ္ ဘရယ္ ပညာေရးစနစ္ႏွင့္ လုိက္ဖက္သင့္ေလ်ာ္ ပါ့မည္လား စဥ္းစားရမည္။ အားနည္းခ်က္ႏွင့္ ျဖည့္ဆည္းရမည့္ အခ်က္မ်ားရွိေသာ ကေလး မ်ားအတြက္ ရည္ရြယ္၍ အေတြ႕စြမ္းရည္ (Thinlcing Power)ႏွင့္သာ ေျဖရန္ အေကာင္အထည္ေဖာ္လိုက္ျခင္း သည္ အရည္အခ်င္း ျမင့္ သင့္ေသာ ကေလးမ်ား အရည္အေသြး နိမ့္ေစ ျခင္း၊ ေရသာခို၍ ပ်င္းရိမႈဘက္ ေရာက္သြားေစ ႏုိင္ျခင္းမ်ား ျဖစ္လာႏုိင္သည္။ အလြယ္ကို ႀကိဳက္မိရာကတစ္ဆင့္ မိမိ၏ ဇြဲ၊ လံု႕လ၊ ဝီရိ ယမ်ား ယုတ္ေလ်ာ့လာျခင္းမ်ားလည္း ျဖစ္လာ တတ္သည္။ ေနာက္ဆက္တြဲ အေနျဖင့္ အခ်င္း ခ်င္း နားလည္မႈ လြဲကာ ''ဆရာတပည့္ ဆက္ ဆံေရး'' ယိမ္းယိုင္လာႏုိင္ပါသည္။ ယိမ္းယိုင္ ေနမႈမ်ားလည္း ေတြ႕ျမင္ေနရပါသည္။
.
ပညာေရး၏ မူဝါ၏အတိုင္းပင္ 'ဆရာ၊ မိ ဘ ပူးေပါင္း၊ တပည့္ပညာေရးေကာင္း' ဆုိ သည္ကို မေမ့သင့္ပါ။ ဆရာႏွင့္ မိဘ သဟဇာ တ မျဖစ္ပါမူ တပည့္သားသမီး ၾကားၫွပ္၍ ပညာေရး ေႏွာင့္ေႏွးရပါမည္။ မည္သည့္ ပညာ ေရးစနစ္ျဖင့္ က်င့္သံုးပါေစ တပည့္သားသမီး ႏုနယ္သူတို႔၏ အနာဂတ္အတြက္ ဆရာႏွင့္ မိ ဘမ်ား စိတ္ရွည္သည္းခံ၍ ညိႇႏိႈင္းေဆြးေႏြးျခင္း သည္ အေကာင္းဆံုး ျဖစ္သည္။ ''စိတ္ဓာတ္၊ စည္းကမ္း၊ ပညာ''ဟု ဆိုသက့ဲသို႔ပင္ စိတ္ ဓာတ္ (moral- စာရိတၱ၊ character- အက်င့္ စ႐ိုက္)ကို နီတိႏွင့္ သင္ၾကား၊ စည္းကမ္း (law and principle) မ်ားကို ေလ့က်င့္ၫႊန္ၾကား ထိန္းေက်ာင္းႏုိင္ပါက ကေလးငယ္တို႔၏ ပညာ (ဝိဇၨာ = အသိ၊ သိပၸ= အတတ္)တို႕မွာ လူမႈ ဝန္းက်င္အတြက္ အက်ိဳးျပဳေသာ ေနာင္အနာ ဂတ္တြင္ သာယာခ်မ္းေျမ့ေစေသာ၊ တိုင္းျပည္ ၏ ၿငိမ္းခ်မ္းေရးကို အေထာက္အကူ ျပဳႏုိင္ ေသာ တကယ့္ေလာကပါလ ဓမၼတရားမ်ားျဖစ္ လာမည္ဟု ရဲရဲႀကီး ယံုၾကည္ရေပမည္။
.
==========================================
ကြောက်စိတ်၊ လေးစားခြင်းနှင့် ဖက်ဒရယ် ပညာရေး
ကျော်လင်းထွန်း (ချောင်းဦး)
.
ပညာရေးနဲ့ ပတ်သက်သော ကျောင်းသား လူငယ် ပြုပြင်ရေးနှင့် ပတ်သက်သော ဆောင်း ပါးများကို ဦးစားပေးပြီး ရေးဖြစ်ခဲ့ပါတယ်။ ကျွန် တော် ကိုယ်တိုင် ပြင်ပကျောင်းဆရာ ကျူရှင် ဆရာ လုပ်သက် (၁၅)နှစ် ဝန်းကျင် အတွေ့အ ကြုံများနှင့် စာပေဗဟုသုတများ ခေတ်စနစ် ပြောင်းလဲမှုနှင့် အစိုးရ အုပ်ချုပ်မှု စနစ်အပြောင်း အလဲများကို လေ့လာသုံးသပ်ရင်း အခြေခံပညာ ကျောင်းသားကျောင်းသူများကို စာသင်ကြားပေး ခြင်း၊ လမ်းညွှန်ထိန်းကျောင်းခြင်းများ ပြုလုပ်ခဲ့ ပါသည်။
.
ကျောင်းသားအခြေပြု သင်ကြားရေးစနစ် (CCA)ကို ကျင့်သုံးသင်ကြားရန် ညွှန်ကြားမှုများ ကို ဆယ်စုနှစ် (၂)ခု ဝန်းကျင်ကတည်းက ရှိခဲ့ ပါသည်။ ဆရာ/ဆရာမများကိုလည်း မူပြ၊လယ် ပြ၊ ထက်ပြ အုပ်စုခွဲ၍ သင်တန်းများ ပြုလုပ်ခဲ့ ပါသည်။ သင်တန်းတက်ခဲ့ကြသူများသည် ပညာ ရေးကို အမှန်တကယ် စိတ်ဝင်တစားနှင့် သင် ယူလေ့လာခဲ့ပြီး၊ လက်တွေ့ အသုံးချမှုပြု၍သင် ကြားပြသ လမ်းညွှန်မှုများ တကယ်ပေးခဲ့ကြရဲ့ လား ဟူသည် စဉ်းစားရပေမည်။ မလွှဲမရှောင် သာ သင်တန်းတက်ပြီး၊ ဝတ်ကျေရုံသာ လက် တွေ့အသုံးချနေကြလျှင် ¤င်းတို့၏ တပည့် ကျောင်းသားကျောင်းသူလေးများရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ် အနုတ်လက္ခဏာဆောင် တော့မည်။ အခုလည်း ပညာရေးက အနုတ် လက္ခဏာ ပြနေသဖြင့် အပေါင်းလက္ခဏာ ရောက်အောင်ပင် ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး စမ်းသပ်နေရသည်။
.
ကျောင်းသားကျောင်းသူများကို ရိုက်နှက် ဆုံးမပါက ထောင် ၆ လအထိ ပြစ်ဒဏ် ချမှတ် နိုင်လောက်သည့် ဥပဒေရေးဆွဲနေသည် လိုလို၊ လွှတ်တော်မှာ ဆွေးနွေးနေကြသည် လိုလို သ တင်းတစ်ခု လူမှုကွန်ရက်တွင် တွေ့လိုက်ရ သည်။ ထုံးစံအတိုင်း ထောက်ခံသူရော၊ ကန့် ကွက်သူရော ရှိပါသည်။ ထောက်ခံသူများကမူ ရိုက်နှက်ဆုံးမခြင်းသည် ကလေးကို စိတ်အား ငယ်စေကြောင်း၊ သေသေချာချာ ဂဃနဏရှင်း ပြလျှင် နားလည်လာနိုင်ကြောင်း၊ တိရစ္ဆာန်ကို သာ ရိုက်နှက်ဆုံးမရန် လိုကြောင်း စသည်ဖြင့် ထောက်ပြကြသည်။ များသောအားဖြင့်ထောက် ခံသူများမှာ မိမိတို့၏ သားသမီးကို အလိုလိုက် သူ ဖြစ်နိုင်သလို စိတ်ကျန်းမာရေးကို တွေးကြ သူများလည်း ဖြစ်နိုင်သည်။ ထို မိဘအများစု မှာ သူတို့ကိုယ်၌ကလည်း အောက်ခြေဘဝက ကိုယ့်ဒူးကိုယ်ချွန် မတက်ခဲ့ရဘဲ မပူမပင်။ မ ကြောင့်မကြ ပတ်ဝန်းကျင်တွင် နေခဲ့ရ၍ကောင်း သည့်ဘက်မှ ကြည့်လျှင် ယဉ်ကျေးသိမ်မွေ့၍ မေတ္တာဓာတ် နွေးထွေးမှုဟု ဆိုရမည်။ ချော့မော့ ပြုပြင်ရင်း ကလေးက ပိုဆိုးလာခဲ့ပါမူ ချစ်ရာမ ရောက်ဘဲ နှစ်ရာရောက်သွားလျှင် ပတ်ဝန်းကျင် တွင် ဟန်ဆောင်ပြုံး၍ ကံကိုလွှဲချတတ်ပါသည်။
.
''ရိုက်နှက်ဆုံးမ၍ ထောင် ၆ လ မကပါ။ သေဒဏ်ပေးလျှင်လည်း တပည့်တွေ ကောင်း စားရေးအတွက် အသေခံ ဆုံးမမည်''ဟူသော ဆရာ/ဆရာမများလည်း ရှိပါသည်။ ''ဆရာ ရယ် မလိမ္မာလို့ ပြောမရ ပြောမကောင်းရင် တွယ် သာတွယ်။ သူတို့အတွက်ပဲ။ ကျွန်တော်တို့ကျွန် မတို့ကတော့ ဆရာ့ကို အပ်ပါတယ်''ဆိုသော မိဘတွေလည်း ရှိပါသည်။
.
ကျောင်းဆရာဖြစ်သော ကျွန်တော်ကလည်း ''အလကားနေ အလကား ဘယ်သူက ရိုက်မ လဲဗျာ။ တစ်ခါနှစ်ခါ သတိပေး၊ မိဘဆရာ ဆွေး နွေးလို့ ဆုံးမစကား နားမထောင်ရင်တော့'' ။ သေချာစဉ်းစားရပါမည်။ ဥပဒေကို မကြောက် သော သူကို တိုင်းပြည်ရှိ လိမ္မာသော ပြည်သူ တို့က မလိုလားပါ။ လက်မခံချင်ကြပါ။ မိဘကိုမှ မကြောက်လျှင် တစ်နည်းဆိုရသော် မလေးစား လျှင် ထိုမိသားစု၏ သားသမီး အနာဂတ် ရင် လေးရပါတော့မည်။ ဤသို့ ဤနှယ်ပင် ဆရာ/ ဆရာမ၏ စကားနားမထောင်သူ (ဆရာ/ဆရာ မကို မကြောက်သူ) စည်းကမ်း မလေးစား မ လိုက်နာသူကို မည်သည့်ကျောင်း၊ မည်သည့်စာ သင်ခန်း၊ မည်သည့် ပညာရပ်ဝန်းက လက်ခံ ချင်ပါမည်နည်း။ အများသူငှာကို လေးစားမှု မရှိ သူ (ပတ်ဝန်းကျင်ကိုမှ ထည့်မတွက်သူ) သေ ချာစဉ်းစားသော အကြောက်မရှိသူသည်တစ်ပါး သူများကို အနှောင့်အယှက် ပေးနေပါမူ ကျွန် တော်တို့တတွေ မဆုံးမဘဲ ပစ်ထားရမည်လား။ နှစ်သိမ့်ဆွေးနွေး (ချော့မော့ စည်းရုံး) နေစဉ်။  ''နောက်မလုပ်တော့ပါဘူး။ ဟုတ်ကဲ့။ ဒါနောက် ဆုံးပဲ ဖြစ်ရပါစေမယ်'' ဆိုသော ကတိကို ခဏတာသာ တည်ပြီးနောက် အချိန်တန်လျှင် ခွေးမြီးကောက် ကြည်တောက်စွပ်သဘော ရှိနေ ကြသော ကျောင်သားကျောင်းသူများကို ကျွန် တော်တို့ ကျောင်းဆရာ လက်သုံးစကားဝေါဟာ ရအရ ''ပျော့ပျော့နှင့် နံတဲ့ကြောင်ချီး''ဟုသာ ဆိုရမည်။
.
ကြောက်စိတ်နှင့် လေးစားခြင်း ဟူသည်အ လွန်အင်မတန် ခြားနားလှပါသည်။ ကျွန်တော် ၏ ဆောင်းပါး အစပိုင်းတွင် ဆိုခဲ့သကဲ့သို့ ဆရာ/ဆရာမများသည် ဝတ်ကျေတန်းကျေ လောက်သာ ဆရာ မလုပ်သင့်ပါ။ စိတ်နှစ် ကိုယ် နှစ်ပြီး အားကြိုးမာန်တက် တကယ့် ဆရာ/ဆ ရာမ ဖြစ်ပါမူ ကျောင်းသားကျောင်းသူများကိုအ မုန်းခံ၍ ဆုံးမကြပါသည်။ အဘယ့်ကြောင့်ဆို သော် မိမိ၏ တပည့် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ စေတနာမှန်မှန်နှင့်သာ မျက်နှာမ လိုက်ဘဲ  ဆုံးမလျှင် မည်သည့် ဆိုးကျိုးမျှ မ ဖြစ်နိုင်။ ယခုသော် ဝါသနာ မပါဘဲ ဆရာ/ဆ ရာမ မလုပ်၊ စေတနာ မပါဘဲ စာသင်ကြားပြ သနေကြပြီး၊ အနစ်နာခံမှု မရှိဘဲ ''သူတို့ထိုက် နဲ့ သူတို့ကံ''ဟူသော မျက်နှာလွှဲ ခဲပြစ် အဓိပ္ပါယ်မဲ့ တာဝန် ထမ်းဆောင်၍ နေကြ လျှင် ကိုယ်လည်း ဆရာ/ဆရာမ သိက္ခာ မရှိ။ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းပြည် အနာဂတ်မှာ ကြောက်စရာ ဖြစ်နေပါလိမ့်မည်။
.
တပည့်ကလေးများသည် စိတ်ခံစားချက်ရှိ ကြသည်။ ရှက်စိတ်၊ အားငယ်စိတ် ရှိကြပြီး နု နယ်ငယ်ရွယ်ကြပါသည်။ ထိုနည်းတူစွာပင် ဆ ရာကောင်း၊ ဆရာမကောင်း များမှာလည်း စိတ် ခံစားချက် ရှိကြပါသည်။ စိတ်လိုက်မာန်ပါ (တ ပည့်အတွက်တွေးပြီး) ဆူပူကြိမ်းမောင်း ဆုံးမမိ သော်လည်း ပြီးလျှင် စိတ်မကောင်း ဖြစ်ကြရပါ ၏။ ရန်ငြိုးအာဃာတနှင့် ဆုံးမသည့် ဆရာ/ဆ ရာမတော့ ရှားပါသည်။ အကယ်၍ ရှိခဲ့လျှင် လည်း ထိုသို့သော ဆရာ/ဆရာမများသည် စုန်း ပြူးစေ့၊ မူမမှန်သော ဆရာ/ဆရာမအတုသာ ဖြစ်ပါလိမ့်မည်။
.
လေးစားခြင်း၊ နားလည်မှု ဆိုသည်မှာ အပြန်အလှန် လေးစားမှု (mutual understan-ding)ဖြင့် တည်ဆောက် ရမည်။ ဆရာ/ဆရာမများကလည်း တပည့်ဖြစ်သူ၏ အားနည်းချက် အားသာချက်ကို သိရန်လိုသကဲ့သို့ တပည့်ဖြစ် သူကလည်း မိမိတို့၏ ဆရာ/ဆရာမတို့၏ စေ တနာ၊ မိမိအပေါ် မျှော်လင့်ချက်များကို နား လည်ရန် လိုအပ်ပါသည်။ ဆရာ/ဆရာမက လည်း မိမိတို့ ဆရာ့ဝတ်ကို နားလည်အကောင် အထည်ဖော်ရန် လိုအပ်သကဲ့သို့ပင် တပည့် ကျောင်းသား ကျောင်းသူများကလည်း မိမိ တို့၏ တပည့်ဝတ်ကို ကောင်းစွာ နားလည် ပြီး ကြိုးစားသင်ယူကြရန် လိုအပ်ပါသည်။ စာရိတ္တ(moral)နှင့် စည်းကမ်း (principle)များကို ကောင်းစွာသ ဘောပေါက်ကြပါက ဆရာနှင့် တပည့် ဆက်ဆံ ရေးမှာ လောက သာယာအေးချမ်းနေပါမည်။
.
လစ်ဘရယ် ပညာရေးဆိုသည်မှာ ပညာ သင်ကြားရေးတွင် လူ့အခွင့်အရေးများပါ ရော ထည့်စဉ်းစားပေးရသည့် ပညာရေးစနစ် ဖြစ် သည်။ ကျန်းမာရေးအရ မွေးရာပါ ချို့တဲ့ခဲ့သော ကလေး၊ လူမှုရေးအရ စိတ်ခံစားချက် (emotion) မမှန်ရှာသော ကလေး၊ စီးပွားရေးအရ ချို့တဲ့ နွမ်းပါးရှာသော ကလေး၊ နေရာဒေသအ ရ ဆရာ/ဆရာမ မပြည့်စုံသော ဝေးလံခေါင်ပါး ဒေသက ကလေး စသဖြင့် ကလေးသူငယ် အ ခွင့်အရေးများ (child rights)များ ထည့်သွင်း စဉ်းစားပေးရသော ပညာရေးစနစ် ဖြစ်သည်။ ဤသည်ကို ထည့်သွင်းစဉ်းစားပေးကြသော အ မြော်အမြင်ရှိ ပြောင်းလဲမှုကို နွေးထွေးစွာ ကြို ဆိုပါ၏။ တကယ့် ဆရာစစ်၊ ဆရာမှန်တို့သည် လည်း မိမိတို့ တပည့်များကို ''ပေါက်ပင်ဘာ ကြောင့် ကိုင်းရတယ်''ဆိုတာ တွေးမိပြီး စာနာ နားလည်ကြပါသည်။
.
သို့သော် နီတိမကျေညက်၊ စာမဖတ်သော၊ အသိပညာ အားနည်းပြီး အတ္တလိုအင်လောဘ ကြီးမားသော လူ့အသိုင်းအဝိုင်း၊ ရေသာခို၍အ လွယ်ကြိုက်သော လူ့ပတ်ဝန်းကျင်သည် လစ် ဘရယ် ပညာရေးစနစ်နှင့် လိုက်ဖက်သင့်လျော် ပါ့မည်လား စဉ်းစားရမည်။ အားနည်းချက်နှင့် ဖြည့်ဆည်းရမည့် အချက်များရှိသော ကလေး များအတွက် ရည်ရွယ်၍ အတွေ့စွမ်းရည် (Thinlcing Power)နှင့်သာ ဖြေရန် အကောင်အထည်ဖော်လိုက်ခြင်း သည် အရည်အချင်း မြင့် သင့်သော ကလေးများ အရည်အသွေး နိမ့်စေ ခြင်း၊ ရေသာခို၍ ပျင်းရိမှုဘက် ရောက်သွားစေ နိုင်ခြင်းများ ဖြစ်လာနိုင်သည်။ အလွယ်ကို ကြိုက်မိရာကတစ်ဆင့် မိမိ၏ ဇွဲ၊ လုံ့လ၊ ဝီရိ ယများ ယုတ်လျော့လာခြင်းများလည်း ဖြစ်လာ တတ်သည်။ နောက်ဆက်တွဲ အနေဖြင့် အချင်း ချင်း နားလည်မှု လွဲကာ ''ဆရာတပည့် ဆက် ဆံရေး'' ယိမ်းယိုင်လာနိုင်ပါသည်။ ယိမ်းယိုင် နေမှုများလည်း တွေ့မြင်နေရပါသည်။
.
ပညာရေး၏ မူဝါ၏အတိုင်းပင် 'ဆရာ၊ မိ ဘ ပူးပေါင်း၊ တပည့်ပညာရေးကောင်း' ဆို သည်ကို မမေ့သင့်ပါ။ ဆရာနှင့် မိဘ သဟဇာ တ မဖြစ်ပါမူ တပည့်သားသမီး ကြားညှပ်၍ ပညာရေး နှောင့်နှေးရပါမည်။ မည်သည့် ပညာ ရေးစနစ်ဖြင့် ကျင့်သုံးပါစေ တပည့်သားသမီး နုနယ်သူတို့၏ အနာဂတ်အတွက် ဆရာနှင့် မိ ဘများ စိတ်ရှည်သည်းခံ၍ ညှိနှိုင်းဆွေးနွေးခြင်း သည် အကောင်းဆုံး ဖြစ်သည်။ ''စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ''ဟု ဆိုသကဲ့သို့ပင် စိတ် ဓာတ် (moral- စာရိတ္တ၊ character- အကျင့် စရိုက်)ကို နီတိနှင့် သင်ကြား၊ စည်းကမ်း (law and principle) များကို လေ့ကျင့်ညွှန်ကြား ထိန်းကျောင်းနိုင်ပါက ကလေးငယ်တို့၏ ပညာ (ဝိဇ္ဇာ = အသိ၊ သိပ္ပ= အတတ်)တို့မှာ လူမှု ဝန်းကျင်အတွက် အကျိုးပြုသော နောင်အနာ ဂတ်တွင် သာယာချမ်းမြေ့စေသော၊ တိုင်းပြည် ၏ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင် သော တကယ့်လောကပါလ ဓမ္မတရားများဖြစ် လာမည်ဟု ရဲရဲကြီး ယုံကြည်ရပေမည်။

No comments:

Post a Comment

Journal Download

Photo of three cats