ရွမ္းတိုင္းရင္းသားမ်ား၏ ႐ိုးရာႏွစ္သစ္ကူး ပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, July 27, 2019

ရွမ္းတိုင္းရင္းသားမ်ား၏ ႐ိုးရာႏွစ္သစ္ကူး ပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည္

မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္တြင္ ၂ ႏွစ္ တစ္ႀကိမ္ က်င္းပေနလ်က္ရွိသည့္ ရွမ္းတိုင္းရင္းသားမ်ား၏ ႐ိုးရာ ႏွစ္သစ္ကူးပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည္ ျဖစ္ေၾကာင္း ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ သိရသည္။
.
႐ိုးရာႏွစ္သစ္ကူးပြဲေတာ္ကို ၂  ႏွစ္လွ်င္ တစ္ႀကိမ္ အလွည့္က် က်င္းပရန္ သတ္မွတ္ထားသည့္ အခ်ိန္ထက္ တစ္ႏွစ္ ေစာကာ လာမည့္ ႏိုဝင္ဘာလအတြင္း၌ က်င္းပသြားရန္ အတြက္ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း႐ံုးခန္းတြင္ ဇူလိုင္လ ၁၃ ရက္က ျပဳလုပ္ခဲ့သည့္ အစည္းအေဝးအၿပီးတြင္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။
.
''၂ဝ၂ဝ ႏိုဝင္ဘာက ပါတီစံု အေထြေထြေရြးေကာက္ပြဲနဲ႔ တိုက္ေနတာရယ္၊ အလွည့္က် က်င္းပရမယ့္ ၿမိဳ႕ ျဖစ္တဲ့ က်ိဳင္းတံုကလည္း အဆင္သင့္ မျဖစ္ဘူးဆိုၿပီး ကိုယ္စားလွယ္အဖြဲ႕က စာနဲ႔ လာအပ္ႏွံတာေတြေၾကာင့္ ႏွစ္သစ္ကူး ပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕မွာ ၂ဝ၁၉ ခုႏွစ္အတြက္ ျပန္ ေရြးခ်ယ္တာ ျဖစ္ပါတယ္။ အမ်ိဳးသားလံုးဆိုင္ရာ စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္ကို မႏွစ္က လား႐ိႈးမွာ က်င္းပခဲ့ၿပီး အခုက ေရွ႕တိုးၿပီး က်င္းပဖို႔ စီစဥ္ရျခင္း ျဖစ္ပါတယ္'' ဟု ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း ဥကၠဌ ဦးစိုင္းေမာင္တင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ဇူလိုင္လ ၁၃ ရက္က ျပဳ လုပ္သည့္ အစည္းအေဝးတြင္ က်ိဳင္းတံုၿမိဳ႕မွ ဦးစိုင္းဆမ္တစ္ေဆက က်ိဳင္းတံုၿမိဳ႕၌ ရွမ္းတစ္မ်ိဳးသားလံုး ပါဝင္မည့္ အေျခအေနထက္ ေတာင္ႀကီးၿမိဳ႕တြင္ ပိုမိုအဆင္ေျပမည္ ျဖစ္ေၾကာင္း တင္ျပ ေဆြးေႏြးမႈအေပၚ အစည္းအေဝး တက္ေရာက္သူ ၂၉ ဦးလံုးက သေဘာ တူညီခဲ့ၿပီးေနာက္ ပြဲျဖစ္ေျမာက္ေရး ၫွိႏႈိင္းေကာ္မတီကို ၂၁ ဦးျဖင့္ ေရြး ခ်ယ္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ယင္း ပြဲျဖစ္ေျမာက္ေရး ၫွိႏႈိင္းေကာ္မတီကုိ ယာယီအေနျဖင့္သာ ဖြဲ႕စည္းထားျခင္း ျဖစ္ၿပီး လုပ္ငန္း အဆင့္ဆင့္ လုပ္ေဆာင္ႏိုင္ရန္အတြက္ ဆပ္ေကာ္မတီမ်ား ဖြဲ႕စည္းရန္ အႀကိမ္ႀကိမ္ ျပဳလုပ္ရမည္ ျဖစ္ေၾကာင္း ဦးစိုင္းေမာင္တင္က ရွင္းျပသည္။
.
ရွမ္းတိုင္းရင္းသားမ်ား၏ ႐ိုးရာ ႏွစ္သစ္ကူးပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕ရွိ အေဝရာ မီးပံုးပ်ံကြင္းတြင္ က်င္းပႏိုင္ရန္ႏွင့္ အလွျပ မီးပံုးပ်ံမ်ား လႊတ္တင္ျခင္း၊ ဆုေပးျခင္း၊ ကံစမ္းမဲ အစီအစဥ္မ်ား ထည့္သြင္းျခင္း၊ ပြြဲေတာ္ရက္ကို ႏွစ္သစ္ကူး ရက္မတိုင္မီ ၂/၃ ရက္ခန္႔သာ ျပဳလုပ္ရန္ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း႐ံုး၌ ဇူလိုင္လ ၁၄ ရက္က ျပဳလုပ္ခဲ့သည့္ ရွမ္းအမ်ိဳးသားလံုးဆိုင္ရာ ႏွစ္သစ္ကူး ပြဲေတာ္ ျဖစ္ေျမာက္ေရး ေကာ္မတီ အစည္းအေဝးတြင္ ေဆြးေႏြးခဲ့ၾကေၾကာင္း ေကာ္မတီအဖြဲ႕ဝင္ ေဒၚနန္းခင္ထားဦးထံမွ သိရသည္။
.
ရွမ္းသကၠရာဇ္အား ရွမ္းတိုင္းရင္းသားမ်ား၏ နန္ခ်ိဳျပည္သို႔ ပိဋကတ္ သံုးပံု ေရာက္ရွိသည့္ သာသနာႏွစ္ ၄၅ဝ၊ နတ္ေတာ္လဆန္း ၁ ရက္မွ စတင္ေရတြက္ျခင္း ျဖစ္ၿပီး ယခု ၂ဝ၁၉ ခုႏွစ္၊ ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္သည္ ရွမ္းသကၠရာဇ္ ၂၁၁၃ ခုႏွစ္မွ ၂၁၁၄ ခုႏွစ္သို႔ ကူးေျပာင္းျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းတိုင္းရင္းသား ႏြယ္ဝင္ ၃၃ မ်ိဳး ရွိၿပီး ရွမ္းစာေပပညာရွင္ ဆရာဦး စိုင္းဖ၏ အဆိုအရ ဗဒံုမင္း လက္ထက္တြင္ ျမန္မာႏိုင္ငံ လူဦးေရအနက္ ရွမ္းတိုင္းရင္းသားမ်ားမွာ ၆ဝ ရာခိုင္ႏႈန္း ထိ ရွိခဲ့ၿပီး ပါလီမန္ ဒီမိုကေရစီ ေခတ္စတြင္ ၂ဝ ရာခိုင္ႏႈန္းသာ ရွိေတာ့ေၾကာင္း သိရသည္။
.
ထို႔အျပင္ ၂ဝ၁၄ ခုႏွစ္ အိမ္အေၾကာင္းအရာႏွင့္ သန္းေခါင္စာရင္း အခ်က္အလက္မ်ားအရ ရွမ္းတိုင္းရင္းသားမ်ားသည္ ျပည္ေထာင္စုလူဦးေရ၏ ၉ ရာခိုင္ႏႈန္းခန္႔ ရွိၿပီး ဒုတိယ လူဦးေရ အမ်ားဆံုး ျဖစ္ေၾကာင္း သိရသည္။


================

ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူး ပွဲတော်ကို တောင်ကြီးမြို့တွင် ကျင်းပမည်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တွင် ၂ နှစ် တစ်ကြိမ် ကျင်းပနေလျက်ရှိသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရသည်။
.
ရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂  နှစ်လျှင် တစ်ကြိမ် အလှည့်ကျ ကျင်းပရန် သတ်မှတ်ထားသည့် အချိန်ထက် တစ်နှစ် စောကာ လာမည့် နိုဝင်ဘာလအတွင်း၌ ကျင်းပသွားရန် အတွက် တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးခန်းတွင် ဇူလိုင်လ ၁၃ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးတွင် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
.
''၂ဝ၂ဝ နိုဝင်ဘာက ပါတီစုံ အထွေထွေရွေးကောက်ပွဲနဲ့ တိုက်နေတာရယ်၊ အလှည့်ကျ ကျင်းပရမယ့် မြို့ ဖြစ်တဲ့ ကျိုင်းတုံကလည်း အဆင်သင့် မဖြစ်ဘူးဆိုပြီး ကိုယ်စားလှယ်အဖွဲ့က စာနဲ့ လာအပ်နှံတာတွေကြောင့် နှစ်သစ်ကူး ပွဲတော်ကို တောင်ကြီးမြို့မှာ ၂ဝ၁၉ ခုနှစ်အတွက် ပြန် ရွေးချယ်တာ ဖြစ်ပါတယ်။ အမျိုးသားလုံးဆိုင်ရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို မနှစ်က လားရှိုးမှာ ကျင်းပခဲ့ပြီး အခုက ရှေ့တိုးပြီး ကျင်းပဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်'' ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမောင်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဇူလိုင်လ ၁၃ ရက်က ပြု လုပ်သည့် အစည်းအဝေးတွင် ကျိုင်းတုံမြို့မှ ဦးစိုင်းဆမ်တစ်ဆေက ကျိုင်းတုံမြို့၌ ရှမ်းတစ်မျိုးသားလုံး ပါဝင်မည့် အခြေအနေထက် တောင်ကြီးမြို့တွင် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း တင်ပြ ဆွေးနွေးမှုအပေါ် အစည်းအဝေး တက်ရောက်သူ ၂၉ ဦးလုံးက သဘော တူညီခဲ့ပြီးနောက် ပွဲဖြစ်မြောက်ရေး ညှိနှိုင်းကော်မတီကို ၂၁ ဦးဖြင့် ရွေး ချယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ပွဲဖြစ်မြောက်ရေး ညှိနှိုင်းကော်မတီကို ယာယီအနေဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လုပ်ငန်း အဆင့်ဆင့် လုပ်ဆောင်နိုင်ရန်အတွက် ဆပ်ကော်မတီများ ဖွဲ့စည်းရန် အကြိမ်ကြိမ် ပြုလုပ်ရမည် ဖြစ်ကြောင်း ဦးစိုင်းမောင်တင်က ရှင်းပြသည်။
.
ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပနိုင်ရန်နှင့် အလှပြ မီးပုံးပျံများ လွှတ်တင်ခြင်း၊ ဆုပေးခြင်း၊ ကံစမ်းမဲ အစီအစဉ်များ ထည့်သွင်းခြင်း၊ ပွဲတော်ရက်ကို နှစ်သစ်ကူး ရက်မတိုင်မီ ၂/၃ ရက်ခန့်သာ ပြုလုပ်ရန် တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံး၌ ဇူလိုင်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ကော်မတီအဖွဲ့ဝင် ဒေါ်နန်းခင်ထားဦးထံမှ သိရသည်။
.
ရှမ်းသက္ကရာဇ်အား ရှမ်းတိုင်းရင်းသားများ၏ နန်ချိုပြည်သို့ ပိဋကတ် သုံးပုံ ရောက်ရှိသည့် သာသနာနှစ် ၄၅ဝ၊ နတ်တော်လဆန်း ၁ ရက်မှ စတင်ရေတွက်ခြင်း ဖြစ်ပြီး ယခု ၂ဝ၁၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်သည် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ်မှ ၂၁၁၄ ခုနှစ်သို့ ကူးပြောင်းခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းတိုင်းရင်းသား နွယ်ဝင် ၃၃ မျိုး ရှိပြီး ရှမ်းစာပေပညာရှင် ဆရာဦး စိုင်းဖ၏ အဆိုအရ ဗဒုံမင်း လက်ထက်တွင် မြန်မာနိုင်ငံ လူဦးရေအနက် ရှမ်းတိုင်းရင်းသားများမှာ ၆ဝ ရာခိုင်နှုန်း ထိ ရှိခဲ့ပြီး ပါလီမန် ဒီမိုကရေစီ ခေတ်စတွင် ၂ဝ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။
.
ထို့အပြင် ၂ဝ၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း အချက်အလက်များအရ ရှမ်းတိုင်းရင်းသားများသည် ပြည်ထောင်စုလူဦးရေ၏ ၉ ရာခိုင်နှုန်းခန့် ရှိပြီး ဒုတိယ လူဦးရေ အများဆုံး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats