ၿမိဳ႕ေရေပးေဝေရးလုပ္ငန္း ေကာင္းမြန္ေစရန္ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ စီစဥ္ ေဆာင္ရြက္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

ၿမိဳ႕ေရေပးေဝေရးလုပ္ငန္း ေကာင္းမြန္ေစရန္ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ စီစဥ္ ေဆာင္ရြက္ေန


က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ၿမိဳ႕ေန လူထုအတြက္ ေသာက္သံုးေရ ေကာင္းမြန္ ဖူလံုစြာ ရရွိေစေရးအတြက္ နမ့္ကြီေခ်ာင္းမွ ေတာင္ႀကီးလမ္းရွိ ၈ မိုင္ေရစုကန္သို႔ သြယ္ယူ၍ က်ိဳင္းတံုၿမိဳ႕သို႔ ေရသြယ္ယူျခင္းႏွင့္ ရပ္ကြက္ဌာနဆိုင္ရာမ်ားသို႔ ေရျဖန္႔ေဝေပးပို႔ျခင္းလုပ္ငန္းကို စနစ္တက်ျဖင့္ ေကာင္းမြန္ေစရန္ စီစဥ္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္ အစိုးရ၏ ေထာက္ပံ့ရန္ပံုေငြ က်ပ္ ၅၄၅ဝ သိန္းျဖင့္ နမ့္ကြီေရေခ်ာင္းမွ ေတာင္ႀကီးလမ္းရွိ ၈ မိုင္ေရစုကန္သို႔ ေရပိုက္သြယ္ျခင္းလုပ္ငန္းႏွင့္ ယင္းေနရာမွ က်ိဳင္းတံုၿမိဳ႕သို႔ ေရသြယ္ယူျခင္း လုပ္ငန္းမ်ားမွာ ေဆာင္ရြက္ ၿပီးစီး၍ ၈ မိုင္ေရစုကန္အား ထိန္းသိမ္းမည့္ အရွည္ ၄၅ဝ ေပ အျမင့္ ၂ ေပခြဲ ရွိေသာ ေက်ာက္စီ ေျမထိန္းနံရံ တည္ေဆာက္မႈလုပ္ငန္းလည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ေထာက္ပံ့ေငြက်ပ္ ၁၂၅၆ သိန္းျဖင့္ သတ္မွတ္ခ်ိန္အတြင္း ေဆာင္ရြက္ၿပီးစီးခဲ့ေၾကာင္း သိရသည္။
.
''ၿမိဳ႕ ေရေပးေဝေရး လုပ္ငန္းကို စနစ္တက်နဲ႔ ေရေလလြင့္ဆံုး႐ံႈးမႈ မရွိေစေရးအတြက္ ေရပိုက္ မေကာင္းတာကို အစားထိုး လဲလွယ္တာနဲ႔ ေရမီတာ မလည္ရင္လည္း အသစ္လဲေပး  တာကို ေဆာင္ရြက္ေပးပါမယ္။ ၿပီးေတာ့ ေရဖိုးက်သင့္ေငြ ေကာက္ခံတဲ့ ေနရာမွာ စနစ္တက်နဲ႔ မွန္မွန္ကန္ကန္ ေကာက္ခံ ရရွိဖို႔အတြက္ ေဆာင္ရြက္သြားပါမယ္။''ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ ဦးေက်ာ္မင္းထိုက္မွ ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕ ေဒသခံတစ္ဦးက ''ဘယ္ ဌာနမဆို ျပည္သူအတြက္ ေစတနာပါတဲ့ ဦးေဆာင္မႈနဲ႔ ေဆာင္ရြက္မယ္ဆိုရင္ ေအာင္ျမင္ပါတယ္။ က်ိဳင္းတံုမွာ ေရအရင္းအျမစ္ေနရာေကာင္းေတြ အမ်ားႀကီး ရွိေနၿပီး ေရသံုးဖို႔တြက္ ေသာက ပြားေနရတာမ်ိဳးက မျဖစ္သင့္ပါဘူး'' ဟု င္း၏အျမင္ကို ေျပာဆိုခဲ့ သည္။
.
က်ိဳင္းတံုၿမိဳ႕ရွိ ၿမိဳ႕နယ္စည္ပင္သာ ယာေရးဌာနပိုင္ ေရေပးေဝျဖန္႔ျဖဴးေရး လုပ္ငန္းတြင္ ေရမီတာ ၁၆၁၄ လံုးကို တပ္ဆင္ထား၍ ေရသြယ္ယူ သံုးစြဲသည့္ ျပည္သူမ်ားက ေရတစ္ယူနစ္လွ်င္ ၂၅ဝ က်ပ္ႏႈန္း က်သင့္ေပးေဆာင္ရၿပီး ျပင္ပပုဂၢလိက ေရ ေရာင္းခ်ေနသူမ်ားက ေရတစ္ထမ္း ၂ ပံုးလွ်င္ ၃ဝဝ က်ပ္ျဖင့္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။


=====================

မြို့ရေပေးဝေရေးလုပ်ငန်း ကောင်းမွန်စေရန် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ စီစဉ် ဆောင်ရွက်နေ
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့နေ လူထုအတွက် သောက်သုံးရေ ကောင်းမွန် ဖူလုံစွာ ရရှိစေရေးအတွက် နမ့်ကွီချောင်းမှ တောင်ကြီးလမ်းရှိ ၈ မိုင်ရေစုကန်သို့ သွယ်ယူ၍ ကျိုင်းတုံမြို့သို့ ရေသွယ်ယူခြင်းနှင့် ရပ်ကွက်ဌာနဆိုင်ရာများသို့ ရေဖြန့်ဝေပေးပို့ခြင်းလုပ်ငန်းကို စနစ်တကျဖြင့် ကောင်းမွန်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အစိုးရ၏ ထောက်ပံ့ရန်ပုံငွေ ကျပ် ၅၄၅ဝ သိန်းဖြင့် နမ့်ကွီရေချောင်းမှ တောင်ကြီးလမ်းရှိ ၈ မိုင်ရေစုကန်သို့ ရေပိုက်သွယ်ခြင်းလုပ်ငန်းနှင့် ယင်းနေရာမှ ကျိုင်းတုံမြို့သို့ ရေသွယ်ယူခြင်း လုပ်ငန်းများမှာ ဆောင်ရွက် ပြီးစီး၍ ၈ မိုင်ရေစုကန်အား ထိန်းသိမ်းမည့် အရှည် ၄၅ဝ ပေ အမြင့် ၂ ပေခွဲ ရှိသော ကျောက်စီ မြေထိန်းနံရံ တည်ဆောက်မှုလုပ်ငန်းလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ၁၂၅၆ သိန်းဖြင့် သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
.
''မြို့ ရေပေးဝေရေး လုပ်ငန်းကို စနစ်တကျနဲ့ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ရေပိုက် မကောင်းတာကို အစားထိုး လဲလှယ်တာနဲ့ ရေမီတာ မလည်ရင်လည်း အသစ်လဲပေး  တာကို ဆောင်ရွက်ပေးပါမယ်။ ပြီးတော့ ရေဖိုးကျသင့်ငွေ ကောက်ခံတဲ့ နေရာမှာ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကောက်ခံ ရရှိဖို့အတွက် ဆောင်ရွက်သွားပါမယ်။''ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်မှ ပြောသည်။
.
ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက ''ဘယ် ဌာနမဆို ပြည်သူအတွက် စေတနာပါတဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်မယ်ဆိုရင် အောင်မြင်ပါတယ်။ ကျိုင်းတုံမှာ ရေအရင်းအမြစ်နေရာကောင်းတွေ အများကြီး ရှိနေပြီး ရေသုံးဖို့တွက် သောက ပွားနေရတာမျိုးက မဖြစ်သင့်ပါဘူး'' ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
ကျိုင်းတုံမြို့ရှိ မြို့နယ်စည်ပင်သာ ယာရေးဌာနပိုင် ရေပေးဝေဖြန့်ဖြူးရေး လုပ်ငန်းတွင် ရေမီတာ ၁၆၁၄ လုံးကို တပ်ဆင်ထား၍ ရေသွယ်ယူ သုံးစွဲသည့် ပြည်သူများက ရေတစ်ယူနစ်လျှင် ၂၅ဝ ကျပ်နှုန်း ကျသင့်ပေးဆောင်ရပြီး ပြင်ပပုဂ္ဂလိက ရေ ရောင်းချနေသူများက ရေတစ်ထမ်း ၂ ပုံးလျှင် ၃ဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment