ရွမ္းအေရွ႕ရွိ စက္သံုးဆီတင္ယာဥ္မ်ားတြင္ ဆီသယ္ယူပို႔ေဆာင္ခြင့္ ပါမစ္ မရွိေသးဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 18, 2019

ရွမ္းအေရွ႕ရွိ စက္သံုးဆီတင္ယာဥ္မ်ားတြင္ ဆီသယ္ယူပို႔ေဆာင္ခြင့္ ပါမစ္ မရွိေသးဟု ဆို


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္မ်ားတြင္ အသံုးျပဳေနသည့္ စက္သံုး ဆီတင္ ေဘာက္ဆာယာဥ္မ်ား အေန ျဖင့္ စက္သံုးဆီ သယ္ယူပို႔ေဆာင္ခြင့္ ပါမစ္ မရရွိေသးဘဲ တင္ေဆာင္ေမာင္းႏွင္ေနၾကျခင္း ျဖစ္ၿပီး ပါမစ္ရရွိေရး အတြက္ ေလွ်ာက္ထား ေဆာင္ရြက္ၾက ရန္ လိုအပ္သည္ဟု က်ိဳင္းတံုၿမိဳ႕ရွိ ျမန္မာ့ေရနံႏွင့္ စက္သံုးဆီ ေရာင္း ဝယ္ေရး အရာရွိမွ ေျပာဆိုခဲ့သည္။
.
'' ကြၽန္ေတာ္တို႔ ျမန္မာ့ေရနံ စက္သံုးဆီ ေရာင္းဝယ္ေရး ဌာနအေနနဲ႔ ဆီသယ္ ေဘာက္ဆာ ယာဥ္ေတြကို သယ္ယူပို႔ေဆာင္ခြင့္အတြက္ ေရခ်ိန္လုပ္ငန္းကို ေဆာင္ရြက္ေပးၿပီး ေရခ်ိန္ကတ္ေတြ ထုတ္ေပးထားပါတယ္။ စက္သံုးဆီ သယ္ယူပို႔ ေဆာင္ခြင့္ ပါမစ္ရဖို႔ ယာဥ္ပိုင္ရွင္မ်ားက ေနျပည္ေတာ္ သတၱဳတြင္း ဝန္ႀကီးဌာနကို ဆက္လက္တင္ျပ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္''ဟု က်ိဳင္းတံုၿမိဳ႕ရွိ ျမန္မာ့ ေရနံႏွင့္ စက္သံုးဆီ ေရာင္းဝယ္ေရး အရာရွိ ဦးစိုင္းရီဆံခတ္က ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးက ''ရွမ္းျပည္ နယ္အေရွ႕ပိုင္းက လမ္းေတြမွာ ဆီသယ္ ေဘာက္ဆာေတြ ေမာင္းေနၾကတာ ဆယ္စုႏွစ္ တစ္ခု ေက်ာ္ခဲ့ၿပီ ျဖစ္ေပမယ့္ အခုလို တရားဝင္ ဆီသယ္ ယူခြင့္ ပါမစ္ မရွိေသးဘူး ဆိုတာ ၾကားရလို႔ အံ့ၾသမိပါတယ္''ဟု င္း၏အျမင္ကို ေျပာသည္။
.
ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ အတြင္း စက္သံုးဆီသယ္ ေဘာက္ဆာယာဥ္ ေမာင္းႏွင္ေနၾကသည့္ ယာဥ္ေမာင္းမ်ားအတြက္ ေဘာက္ဆာယာဥ္ေမာင္း သင္တန္းကို က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္ ေရာင္းဝယ္ေရး႐ံုးတြင္ ဖြင့္လွစ္ေပးရန္ စီစဥ္လ်က္ရွိၿပီး ယာဥ္ေမာင္းမ်ားသည္ (င) လိုင္စင္ ကိုင္ေဆာင္ထားသူ ျဖစ္ၿပီး က်န္းမာေရး ေကာင္းမြန္ရန္ႏွင့္ အေျခခံပညာ မူလတန္း ေအာင္ျမင္ၿပီးသူမ်ား ျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။
.
က်ိဳင္းတံုၿမိဳ႕မွ စက္သံုးဆီတင္ ေဘာက္ဆာယာဥ္ ၇ စီးႏွင့္ တာခ်ီလိတ္ၿမိဳ႕ရွိ စက္သံုးဆီတင္ယာဥ္ ၁၈ စီးတို႔သည္ စက္သံုးဆီ သယ္ယူပို႔ ေဆာင္ေရး လုပ္ငန္းမ်ားကို လုပ္ကိုင္ေနၾကေသာ္လည္း သတၱဳတြင္း ဝန္ႀကီးဌာန၏ စက္သံုးဆီ သယ္ယူပို႔ ေဆာင္ခြင့္ ပါမစ္ မရွိေသးသျဖင့္ တရားဝင္ ပါမစ္ ျပဳလုပ္ၾကရန္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း စက္သံုးဆီေရာင္း ဝယ္ေရး အရာရွိ႐ံုးမွ ႏိႈးေဆာ္ထားေၾကာင္း သိရသည္။


==============

ရှမ်းအရှေ့ရှိ စက်သုံးဆီတင်ယာဉ်များတွင် ဆီသယ်ယူပို့ဆောင်ခွင့် ပါမစ် မရှိသေးဟု ဆို
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်များတွင် အသုံးပြုနေသည့် စက်သုံးဆီတင် ဘောက်ဆာယာဉ်များ အနေ ဖြင့် စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် ပါမစ် မရရှိသေးဘဲ တင်ဆောင်မောင်းနှင်နေကြခြင်း ဖြစ်ပြီး ပါမစ်ရရှိရေး အတွက် လျှောက်ထား ဆောင်ရွက်ကြ ရန် လိုအပ်သည်ဟု ကျိုင်းတုံမြို့ရှိ မြန်မာ့ရေနံနှင့် စက်သုံးဆီ ရောင်းဝယ်ရေး အရာရှိမှ ပြောဆိုခဲ့သည်။
.
'' ကျွန်တော်တို့ မြန်မာ့ရေနံ စက်သုံးဆီ ရောင်းဝယ်ရေး ဌာနအနေနဲ့ ဆီသယ် ဘောက်ဆာ ယာဉ်တွေကို သယ်ယူပို့ဆောင်ခွင့်အတွက် ရေချိန်လုပ်ငန်းကို ဆောင်ရွက်ပေးပြီး ရေချိန်ကတ်တွေ ထုတ်ပေးထားပါတယ်။ စက်သုံးဆီ သယ်ယူပို့ ဆောင်ခွင့် ပါမစ်ရဖို့ ယာဉ်ပိုင်ရှင်များက နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာနကို ဆက်လက်တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့ရှိ မြန်မာ့ ရေနံနှင့် စက်သုံးဆီ ရောင်းဝယ်ရေး အရာရှိ ဦးစိုင်းရီဆံခတ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တာချီလိတ်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ''ရှမ်းပြည် နယ်အရှေ့ပိုင်းက လမ်းတွေမှာ ဆီသယ် ဘောက်ဆာတွေ မောင်းနေကြတာ ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပြီ ဖြစ်ပေမယ့် အခုလို တရားဝင် ဆီသယ် ယူခွင့် ပါမစ် မရှိသေးဘူး ဆိုတာ ကြားရလို့ အံ့သြမိပါတယ်''ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွင်း စက်သုံးဆီသယ် ဘောက်ဆာယာဉ် မောင်းနှင်နေကြသည့် ယာဉ်မောင်းများအတွက် ဘောက်ဆာယာဉ်မောင်း သင်တန်းကို ကျိုင်းတုံမြို့ရှိ ပြည်နယ် ရောင်းဝယ်ရေးရုံးတွင် ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိပြီး ယာဉ်မောင်းများသည် (င) လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရန်နှင့် အခြေခံပညာ မူလတန်း အောင်မြင်ပြီးသူများ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့မှ စက်သုံးဆီတင် ဘောက်ဆာယာဉ် ၇ စီးနှင့် တာချီလိတ်မြို့ရှိ စက်သုံးဆီတင်ယာဉ် ၁၈ စီးတို့သည် စက်သုံးဆီ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသော်လည်း သတ္တုတွင်း ဝန်ကြီးဌာန၏ စက်သုံးဆီ သယ်ယူပို့ ဆောင်ခွင့် ပါမစ် မရှိသေးသဖြင့် တရားဝင် ပါမစ် ပြုလုပ်ကြရန် ရှမ်းပြည်နယ် အရှေ့ပိုင်း စက်သုံးဆီရောင်း ဝယ်ရေး အရာရှိရုံးမှ နှိုးဆော်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats