ေတာင္ႀကီးတြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲကို အင္အား ၁၀၀၀ ျဖင့္ ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 12, 2019

ေတာင္ႀကီးတြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲကို အင္အား ၁၀၀၀ ျဖင့္ ျပဳလုပ္မည္


စိုင္းရာဇာ
.
ေတာင္ႀကီးၿမိဳ ႔တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို လူအင္အား ၁၀၀၀ ခန္႔ျဖင့္ ဇူလိုင္လ ၁၇ ရက္တြင္  ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ဒီေန႔ (ဇူလိုင္လ ၁၁ ရက္) မနက္က ၿငိမ္းစုစီ တင္လိုက္ပါတယ္။ လူအင္အား တစ္ေထာင္နဲ႔ လုပ္ပါမယ္။ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒဟာ လက္ရွိ ျပည္သူလူထုနဲ႔ သဟဇာတ မျဖစ္တာေတြ ရွိပါတယ္။ အခက္အခဲေတြ ရွိပါတယ္။ ကၽြန္ေတာ္တို႔ လုပ္ရတဲ႔ အေၾကာင္းက ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒက ႏိုင္ငံသားအားလံုးနဲ႔ ဆိုင္တဲ႔အတြက္တာဝန္ရွိတဲ႔အတြက္ ေလးေလးနက္နက္ ေထာက္ခံေၾကာင္းကို အင္အားေတြစုၿပီးေတာ့ ေဖာ္ထုတ္ ျပသရတာ ျဖစ္ပါတယ္ဟု ေထာက္ခံပြဲအား ဦးေဆာင္မည့္ ဦးဝင္းႏိုင္စိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.

ေထာက္ခံပဲြတြင္ ပါ၀င္မည့္ သူမ်ားသည္ ေတာင္ႀကီးၿမိဳ ႔၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း ေဘးရွိ မင္းေက်ာင္း ပရိယတၱိ စာသင္တိုက္ေရွ ႔တြင္ လူစု၍ ၂၀၀၈ ဖြဲ ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး၊ ျပည္ေထာင္စု လႊတ္ေတာ္အတြင္း ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ေအာင္ျမင္ပါေစ စသည့္ စာသားမ်ား ပါေသာ ဗြီႏိုင္းမ်ား ကိုင္ေဆာင္/ ေၾကြးေၾကာ္ကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံအထိ လမ္းေလွ်ာက္ ခ်ီတက္ၾကမည္ ျဖစ္ၿပီး ပန္းၿခံ အေရွ ႔ဘက္တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒႏွင့္ ပတ္သက္၍ ေဟာေျပာသြားမည္ ျဖစ္ေၾကာင္း သိရသည္။ 
.
ေတာင္ႀကီးၿမိဳ ႔တြင္ ၿပီးခဲ့သည့္ ေတာင္သူလယ္သမားေန႔ ျဖစ္သည့္ မတ္လ ၂ ရက္ကလည္း အရပ္ဘက္အဖြဲ႔အစည္းမ်ားႏွင့္ ျပည္သူအခ်ိဳ ႔မွ ၂၀၀၈ ဖြဲ ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပဲြကို ျပဳလုပ္ခဲ႔ၾကသည္။
.
တောင်ကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို အင်အား ၁၀၀၀ ဖြင့် ပြုလုပ်မည်
.
စိုင်းရာဇာ
.
တောင်ကြီးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံပွဲကို လူအင်အား ၁၀၀၀ ခန့်ဖြင့် ဇူလိုင်လ ၁၇ ရက်တွင်  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒီနေ့ (ဇူလိုင်လ ၁၁ ရက်) မနက်က ငြိမ်းစုစီ တင်လိုက်ပါတယ်။ လူအင်အား တစ်ထောင်နဲ့ လုပ်ပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်ရှိ ပြည်သူလူထုနဲ့ သဟဇာတ မဖြစ်တာတွေ ရှိပါတယ်။ အခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့ လုပ်ရတဲ့ အကြောင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့အတွက်၊ တာဝန်ရှိတဲ့အတွက် လေးလေးနက်နက် ထောက်ခံကြောင်းကို အင်အားတွေစုပြီးတော့ ဖော်ထုတ် ပြသရတာ ဖြစ်ပါတယ်ဟု ထောက်ခံပွဲအား ဦးဆောင်မည့် ဦးဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထောက်ခံပွဲတွင် ပါဝင်မည့် သူများသည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဘေးရှိ မင်းကျောင်း ပရိယတ္တိ စာသင်တိုက်ရှေ့တွင် လူစု၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ပါစေ စသည့် စာသားများ ပါသော ဗွီနိုင်းများ ကိုင်ဆောင်/ ကြွေးကြော်ကာ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအထိ လမ်းလျှောက် ချီတက်ကြမည် ဖြစ်ပြီး ပန်းခြံ အရှေ့ဘက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။ 
.
တောင်ကြီးမြို့တွင် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့ ဖြစ်သည့် မတ်လ ၂ ရက်ကလည်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူအချို့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။
.

No comments:

Post a Comment