က်ိဳင္းတုံခ႐ိုင္အတြင္းရွိ ေသာက္ေရသန္႔လုပ္ငန္းမ်ားအား FDA ၏ ခြင့္ျပဳခ်က္ လိုအပ္ျခင္းေၾကာင့္ အေသးစား စားေသာက္ကုန္ မွတ္ပုံတင္ ေပးအပ္ျခင္း မရွိေသး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, June 8, 2019

က်ိဳင္းတုံခ႐ိုင္အတြင္းရွိ ေသာက္ေရသန္႔လုပ္ငန္းမ်ားအား FDA ၏ ခြင့္ျပဳခ်က္ လိုအပ္ျခင္းေၾကာင့္ အေသးစား စားေသာက္ကုန္ မွတ္ပုံတင္ ေပးအပ္ျခင္း မရွိေသး


ထက္တိုင္းေက်ာ္
.
က်ိဳင္းတုံခ႐ိုင္စားသုံးသူေရးရာ ဦးစီးဌာန၏ စည္း႐ုံးကူညီေဆာင္ရြက္ေပးမႈျဖင့္ အေသးစား စားေသာက္ကုန္ထုတ္ လုပ္ငန္းရွင္မ်ားအ တြက္ တရားဝင္ ထုတ္ကုန္မွတ္ပုံ တင္ ရရွိေရးအတြက္ ေဆာင္ရြက္ေပး လ်က္ရွိရာ ေသာက္ေရသန္႔လုပ္ငန္း မ်ားမွာ FDA ၏ ခြင့္ျပဳခ်က္ လိုအပ္ တာေၾကာင့္ ယင္းလုပ္ငန္းမ်ားကို တ ရားဝင္မွတ္ပုံတင္ ထုတ္ေပးထားျခင္း မရွိေသးေၾကာင္း သိရသည္။
.
.
က်ိဳင္းတုံၿမိဳ႕နယ္တြင္ ေသာက္ ေရသန္႔လုပ္ငန္း ၁၃ ခုရွိၿပီး လီတာ ဘူးေသးမ်ားမွ ၂ဝ လီတာဝင္ ေသာက္ ေရသန္႔ဘူးႀကီးမ်ားအထိအရြယ္အစားႏွင့္ တံဆိပ္အမ်ိဳးမ်ိဳးျဖင့္ ထုတ္ လုပ္ျဖန္႔ခ်ိေရာင္းခ်လ်က္ရွိေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။
.
က်ိဳင္းတုံခ႐ိုင္စားသုံးသူေရးရာ ဦးစီးဌာနမွ အေသးစား စားေသာက္ ကုန္ လုပ္ငန္းရွင္ ၁၂ ဦးအား တရားဝင္ မွတ္ပုံတင္လက္မွတ္ထုတ္ေပး ျခင္း အခမ္းအနားကို ေမလ ၃၁ ရက္ က က်ိဳင္းတုံၿမဳိ႕တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ မွတ္ပုံတင္လက္မွတ္ ထုတ္ေပးျခင္း အခမ္းအနားတြင္ က်ိဳင္းတုံခ႐ိုင္ စားသုံးသူေရးရာဦးစီး ဌာနမွဴး ဦးသန္းစိုးက ''အေသးစား စားေသာက္ကုန္ထုတ္ လုပ္ငန္းရွင္ ၁ဝ၁ ဦးကို တရားဝင္ မွတ္ပုံတင္ ထုတ္ေပးႏိုင္ခဲ့ၿပီး ျဖစ္ေပမယ့္လည္း ေသာက္ေရသန္႔ လုပ္ငန္း ၁၃ ခုက ေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ FDA နဲ႔ပါ ခ်ိတ္ဆက္လုပ္ကိုင္ေနရတာ ျဖစ္လို႔ မွတ္ပုံတင္ မထုတ္ေပးရေသး ပါဘူး''ဟု ေျပာဆိုခဲ့သည္။
.
''ထိုင္းနဲ႔ ႏွစ္ႏိုင္ငံကုန္စည္ျပပြဲ ေတြ၊ ေဆြးေႏြးပြဲေတြကို မၾကာခဏ တက္ေရာက္ခဲ့ဖူးပါတယ္။ စားေသာက္ကုန္မ်ားရဲ႕ တရားဝင္လုံၿခဳံ စိတ္ခ်ရမႈကို အထူးဂ႐ုစိုက္တာ ေတြ႕ရၿပီး ကိုယ့္ႏိုင္ငံ၊ ကိုယ့္ေဒသရဲ႕ စားေသာက္ကုန္ေတြက စံခ်ိန္မီ အရည္အေသြးျပည့္မီတဲ့ တရားဝင္ ထုတ္လုပ္ခြင့္ မွတ္ပုံတင္ ရရွိေရးက ယွဥ္ၿပိဳင္မႈအတြက္ အေရးပါပါ တယ္။''ဟု က်ိဳင္းတုံခ႐ိုင္ အေသးစား စားေသာက္ကုန္ထုတ္လုပ္ငန္းရွင္ အသင္း ဥကၠဌ ဦးစိုင္းရွဲန္တြီက ေျပာ သည္။
.
က်ိဳင္းတုံၿမိဳ႕ရွိ စားသုံးသူေစ်း ကြက္တြင္ အိမ္နီးခ်င္း တ႐ုတ္၊ လာအို၊ ထိုင္းႏိုင္ငံတို႔မွ ထုတ္လုပ္သည့္ ကုန္ပစၥည္းမ်ိဳးစုံ ဝင္ေရာက္လ်က္ရွိ ၿပီး တရားမဝင္ တင္သြင္းေရာင္းခ် ေနသည့္ မွတ္ပုံတင္ခြင့္ျပဳခ်က္မဲ့ စား ေသာက္ကုန္၊ အလွကုန္၊ ေဆးဝါး မ်ိဳးစုံ၊ စိုက္ပ်ိဳးေရးလုပ္ငန္းသုံး ေျမ ၾသဇာႏွင့္ ဓာတုေဆးဝါးမ်ား၏ ေဘး အႏၲရာယ္အား ထိန္းခ်ဳပ္ႏိုင္ရန္ လို အပ္ေနဆဲျဖစ္ကာ က်ိဳင္းတုံေဒသ တြင္ ထုတ္လုပ္သည့္ ေသာက္ေရ သန္႔ေစ်းကြက္သည္ ဆယ္စုႏွစ္ ၂ ခုခန္႔ရွိေနၿပီျဖစ္ေသာေၾကာင့္ တရားဝင္ ထုတ္လုပ္ျဖန္႔ခ်ိခြင့္ မွတ္ပုံတင္ ရရွိသင့္ေနၿပီဟု ေဒသခံမ်ားက ေျပာ ဆိုလ်က္ရွိသည္။
.
ကျိုင်းတုံခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား FDA ၏ ခွင့်ပြုချက် လိုအပ်ခြင်းကြောင့် အသေးစား စားသောက်ကုန် မှတ်ပုံတင် ပေးအပ်ခြင်း မရှိသေး
.
ထက်တိုင်းကျော်
.
ကျိုင်းတုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၏ စည်းရုံးကူညီဆောင်ရွက်ပေးမှုဖြင့် အသေးစား စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအ တွက် တရားဝင် ထုတ်ကုန်မှတ်ပုံ တင် ရရှိရေးအတွက် ဆောင်ရွက်ပေး လျက်ရှိရာ သောက်ရေသန့်လုပ်ငန်း များမှာ FDA ၏ ခွင့်ပြုချက် လိုအပ် တာကြောင့် ယင်းလုပ်ငန်းများကို တ ရားဝင်မှတ်ပုံတင် ထုတ်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် သောက် ရေသန့်လုပ်ငန်း ၁၃ ခုရှိပြီး လီတာ ဘူးသေးများမှ ၂ဝ လီတာဝင် သောက် ရေသန့်ဘူးကြီးများအထိအရွယ်အစားနှင့် တံဆိပ်အမျိုးမျိုးဖြင့် ထုတ် လုပ်ဖြန့်ချိရောင်းချလျက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။
.
ကျိုင်းတုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ အသေးစား စားသောက် ကုန် လုပ်ငန်းရှင် ၁၂ ဦးအား တရားဝင် မှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း အခမ်းအနားကို မေလ ၃၁ ရက် က ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း အခမ်းအနားတွင် ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှူး ဦးသန်းစိုးက ''အသေးစား စားသောက်ကုန်ထုတ် လုပ်ငန်းရှင် ၁ဝ၁ ဦးကို တရားဝင် မှတ်ပုံတင် ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပေမယ့်လည်း သောက်ရေသန့် လုပ်ငန်း ၁၃ ခုက တော့ လုပ်ငန်းရှင်တွေအနေနဲ့ FDA နဲ့ပါ ချိတ်ဆက်လုပ်ကိုင်နေရတာ ဖြစ်လို့ မှတ်ပုံတင် မထုတ်ပေးရသေး ပါဘူး''ဟု ပြောဆိုခဲ့သည်။
.
''ထိုင်းနဲ့ နှစ်နိုင်ငံကုန်စည်ပြပွဲ တွေ၊ ဆွေးနွေးပွဲတွေကို မကြာခဏ တက်ရောက်ခဲ့ဖူးပါတယ်။ စားသောက်ကုန်များရဲ့ တရားဝင်လုံခြုံ စိတ်ချရမှုကို အထူးဂရုစိုက်တာ တွေ့ရပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့ စားသောက်ကုန်တွေက စံချိန်မီ အရည်အသွေးပြည့်မီတဲ့ တရားဝင် ထုတ်လုပ်ခွင့် မှတ်ပုံတင် ရရှိရေးက ယှဉ်ပြိုင်မှုအတွက် အရေးပါပါ တယ်။''ဟု ကျိုင်းတုံခရိုင် အသေးစား စားသောက်ကုန်ထုတ်လုပ်ငန်းရှင် အသင်း ဥက္ကဌ ဦးစိုင်းရှဲန်တွီက ပြော သည်။
.
ကျိုင်းတုံမြို့ရှိ စားသုံးသူစျေး ကွက်တွင် အိမ်နီးချင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းမျိုးစုံ ဝင်ရောက်လျက်ရှိ ပြီး တရားမဝင် တင်သွင်းရောင်းချ နေသည့် မှတ်ပုံတင်ခွင့်ပြုချက်မဲ့ စား သောက်ကုန်၊ အလှကုန်၊ ဆေးဝါး မျိုးစုံ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး မြေ သြဇာနှင့် ဓာတုဆေးဝါးများ၏ ဘေး အန္တရာယ်အား ထိန်းချုပ်နိုင်ရန် လို အပ်နေဆဲဖြစ်ကာ ကျိုင်းတုံဒေသ တွင် ထုတ်လုပ်သည့် သောက်ရေ သန့်စျေးကွက်သည် ဆယ်စုနှစ် ၂ ခုခန့်ရှိနေပြီဖြစ်သောကြောင့် တရားဝင် ထုတ်လုပ်ဖြန့်ချိခွင့် မှတ်ပုံတင် ရရှိသင့်နေပြီဟု ဒေသခံများက ပြော ဆိုလျက်ရှိသည်။
.

No comments:

Post a Comment