အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ၿပီးေနာက္ ရက္ပိုင္းအတြင္း က်ဴရွင္မ်ား စတင္ဖြင့္ လွစ္သင္ၾကားေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 7, 2019

အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ၿပီးေနာက္ ရက္ပိုင္းအတြင္း က်ဴရွင္မ်ား စတင္ဖြင့္ လွစ္သင္ၾကားေန


ခြန္သက္ထူး
.
၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္ အေျခခံပညာ စာသင္ႏွစ္မ်ားကို ၂ဝ၁၉ ခုႏွစ္၊ ဇြန္လ ၃ ရက္မွ စတင္၍ ဖြင့္လွစ္ သင္ၾကားလ်က္ရွိရာ ေတာင္ႀကီး ၿမိဳ႕ အပါအဝင္ ရွမ္းျပည္နယ္အတြင္းရွိ ေဒသမ်ားတြင္ ဘာသာစံု က်ဴရွင္မ်ား စတင္ ဖြင့္လွစ္ သင္ၾကားေနလ်က္ရွိေၾကာင္း သိရသည္။
.
''တခ်ိဳ႕ မိဘက်ေတာ့ ကိုယ့္သား/ သမီး စာ မလိုက္ႏုိင္မွာစိုးလို႔ က်ဴရွင္ ပို႔ၾကတာေပါ့။ အတန္းႀကီးကေလးေတြ တကယ္ စာမလိုက္ႏုိင္လို႔ ျပင္ပမွာ တရားဝင္ဖြင့္တဲ့ က်ဴရွင္မွာ သြား တက္တာကေတာ့ တစ္မ်ိဳးေပါ့။ တခ်ိဳ႕ က်ေတာ့ ေက်ာင္းဆရာမေတြက ေခၚ သင္တာလည္း ရွိပါတယ္။ ေငြ ေၾကး ျပည့္စံုတဲ့ မိဘေတြအတြက္ သိပ္ မခက္ေပမယ့္ တစ္ေန႔လုပ္မွ တစ္ေန႕ စားရတဲ့ ဆင္းရဲသား မိဘရဲ႕ သားသမီးေတြ ဆိုရင္ ဒီက်ဴရွင္ စနစ္ေတြလို ကုန္က်စရိတ္ေတြေၾကာင့္ ကေလးေတြ အတြက္ ပညာေရးနဲ႔ အလွမ္းေဝးသြား ႏုိင္ ပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕ေန ေက်ာင္းသားမိဘ တစ္ဦးက င္း၏အျမင္ကို ေျပာသည္။
.
ယင္းကဲ့သို႔ က်ဴရွင္မ်ား ဖြင့္လွစ္ သင္ၾကားေနမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ ပညာေရးမွဴး ဦးဝင္းေမာင္ က ''ပညာေရးဌာန အေနနဲ႔ကေတာ့ စာသင္ေက်ာင္းေတြကို စာသင္ခ်ိန္ ကန္႔သတ္ထားတာ ရွိပါတယ္။ ျပင္ပ က်ဴရွင္ေတြကိုေတာ့ ဘယ္အခ်ိန္မွာ ဖြင့္ပါ၊ ပိတ္ပါဆိုတဲ့ ကန္႔သတ္ထားတာမ်ိဳး မရွိေသးပါဘူး။ အဲဒီလို ျပင္ပ က်ဴ႐ွင္ ဖြင့္ေနလို႔ ဆိုတာကေတာ့ ဥပေဒမွာ ျပဌာန္းထားတာ မရွိတဲ့အတြက္ အေရးယူလို႔ မရပါဘူး။ တရားဝင္ မွတ္ပံုတင္ မရွိဘဲ ဖြင့္တယ္ဆိုရင္ေတာ့ ကိုယ္ပိုင္ေက်ာင္း ျဖစ္ေစ၊ က်ဴရွင္ျဖစ္ေစ အေရးယူလို႔ ရပါတယ္။ အဲဒီ ဥပေဒေတြက ျပန္ၿပီးေတာ့ ျပင္ဆင္ေရးဆြဲဖို႔အတြက္ တင္ထားဆဲပဲ ျဖစ္ပါတယ္''ဟု ေျပာၾကားခဲ့သည္။
.
၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္ အေျခခံပညာေက်ာင္းမ်ားကို ဇြန္လ ၃ ရက္မွ စတင္ကာ ျမန္မာႏုိင္ငံ အဝွမ္းရွိ အေျခခံပညာ စာသင္ေက်ာင္း အသီးသီးတြင္ ဖြင့္လွစ္သင္ၾကားေနၿပီ ျဖစ္ၿပီး ေက်ာင္းဖြင့္သည္ႏွင့္ တစ္ၿပိဳင္နက္ က်ဴရွင္မ်ား စတင္ သင္ၾကားေနျခင္း ျဖစ္သည္။
  .
ၿပီးခဲ့သည့္ ပညာသင္ႏွစ္မွ တကၠသိုလ္၀င္တန္း စာေမးပဲြ ေအာင္စာရင္းမ်ားကို လာမည့္ ဇြန္လ ၈ ရက္တြင္ သက္ဆိုင္ရာ စာစစ္ဌာနမ်ားတြင္ ထုတ္ျပန္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
.

အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးနောက် ရက်ပိုင်းအတွင်း ကျူရှင်များ စတင်ဖွင့် လှစ်သင်ကြားနေ
.
ခွန်သက်ထူး
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် အခြေခံပညာ စာသင်နှစ်များကို ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားလျက်ရှိရာ တောင်ကြီး မြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘာသာစုံ ကျူရှင်များ စတင် ဖွင့်လှစ် သင်ကြားနေလျက်ရှိကြောင်း သိရသည်။
.
''တချို့ မိဘကျတော့ ကိုယ့်သား/ သမီး စာ မလိုက်နိုင်မှာစိုးလို့ ကျူရှင် ပို့ကြတာပေါ့။ အတန်းကြီးကလေးတွေ တကယ် စာမလိုက်နိုင်လို့ ပြင်ပမှာ တရားဝင်ဖွင့်တဲ့ ကျူရှင်မှာ သွား တက်တာကတော့ တစ်မျိုးပေါ့။ တချို့ ကျတော့ ကျောင်းဆရာမတွေက ခေါ် သင်တာလည်း ရှိပါတယ်။ ငွေ ကြေး ပြည့်စုံတဲ့ မိဘတွေအတွက် သိပ် မခက်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဆင်းရဲသား မိဘရဲ့ သားသမီးတွေ ဆိုရင် ဒီကျူရှင် စနစ်တွေလို ကုန်ကျစရိတ်တွေကြောင့် ကလေးတွေ အတွက် ပညာရေးနဲ့ အလှမ်းဝေးသွား နိုင် ပါတယ်''ဟု တောင်ကြီးမြို့နေ ကျောင်းသားမိဘ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ယင်းကဲ့သို့ ကျူရှင်များ ဖွင့်လှစ် သင်ကြားနေမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပညာရေးမှူး ဦးဝင်းမောင် က ''ပညာရေးဌာန အနေနဲ့ကတော့ စာသင်ကျောင်းတွေကို စာသင်ချိန် ကန့်သတ်ထားတာ ရှိပါတယ်။ ပြင်ပ ကျူရှင်တွေကိုတော့ ဘယ်အချိန်မှာ ဖွင့်ပါ၊ ပိတ်ပါဆိုတဲ့ ကန့်သတ်ထားတာမျိုး မရှိသေးပါဘူး။ အဲဒီလို ပြင်ပ ကျူရှင် ဖွင့်နေလို့ ဆိုတာကတော့ ဥပဒေမှာ ပြဌာန်းထားတာ မရှိတဲ့အတွက် အရေးယူလို့ မရပါဘူး။ တရားဝင် မှတ်ပုံတင် မရှိဘဲ ဖွင့်တယ်ဆိုရင်တော့ ကိုယ်ပိုင်ကျောင်း ဖြစ်စေ၊ ကျူရှင်ဖြစ်စေ အရေးယူလို့ ရပါတယ်။ အဲဒီ ဥပဒေတွေက ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲဖို့အတွက် တင်ထားဆဲပဲ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
.
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံ အဝှမ်းရှိ အခြေခံပညာ စာသင်ကျောင်း အသီးသီးတွင် ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ပြီး ကျောင်းဖွင့်သည်နှင့် တစ်ပြိုင်နက် ကျူရှင်များ စတင် သင်ကြားနေခြင်း ဖြစ်သည်။
  .
ပြီးခဲ့သည့် ပညာသင်နှစ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၈ ရက်တွင် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment