စာေမးပြဲႏွင့္ ' ဘဝ ' - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 5, 2019

စာေမးပြဲႏွင့္ ' ဘဝ '


၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္စာရင္းမ်ားကို မၾကာမီရက္ပိုင္းအတြင္း ထုတ္ျပန္ ေၾကညာေတာ့မည္ ျဖစ္သည္။ ေအာင္ျမင္သူေတြ ေပ်ာ္ၾကမည္ျဖစ္သလို က်႐ံႈးသူေတြအတြက္လည္း ဝမ္းနည္း မ်က္ရည္က်ၾကရေတာ့မည္ ျဖစ္သည္။
.
တကၠသိုလ္ဝင္တန္း၊ တစ္နည္းအားျဖင့္ ၁ဝ တန္း ေအာင္ျမင္ျခင္း/က်႐ံႈးျခင္းကို ပညာေရး အသိုင္းအဝိုင္းႏွင့္ လူ႔ အသိုင္းအဝိုင္းအခ်ိဳ႕မွ ဘဝတစ္ဆစ္ခ်ိဳး အျဖစ္ တင္စားေျပာဆိုမႈမ်ားလည္း ရွိေနသည္။ ယင္းအယူအဆမွာ မွန္ သင့္သေလာက္ မွန္ေနေသာ္လည္း အျပည့္အဝ မွန္ကန္သည္ဟု မဆိုႏိုင္ေသးေခ်။
.
ဥပမာအားျဖင့္ အစိုးရဝန္ထမ္း အလုပ္အကိုင္ အပါအဝင္ ပုဂၢလိက ကုမၸဏီ အလုပ္အကိုင္ အခြင့္အလမ္းမ်ားတြင္ အမ်ားအားျဖင့္ ၁ဝ တန္း ေအာင္ျခင္း/႐ံႈးျခင္းကို အေျချပဳ ဆံုးျဖတ္ၾကသည့္အတြက္ အေရးပါသည္ဟု ဆိုႏိုင္ပါသည္။ သို႔ေသာ္ လက္ေတြ႕အားျဖင့္ ေအာင္ျမင္ေနသူမ်ား၊ က်႐ံႈးေနသူမ်ား၏ သမိုင္းေၾကာင္းကို ေလ့လာၾကည့္မည္ဆိုပါက ၁ဝ တန္း ေအာင္ျခင္း/က်ျခင္းႏွင့္ အခ်ိဳးက် သက္ဆိုင္ျခင္း မရွိသည္ကို ေတြ႕ရမည္ ျဖစ္သည္။
.
လက္ရွိ တကၠသိုလ္တြင္ တက္ေရာက္ ပညာသင္ၾကားေနေသာ လူငယ္တစ္ဦးကလည္း တကၠသိုလ္ဝင္တန္း ေအာင္ျမင္ျခင္း/က်႐ံႈးျခင္းသည္ ဘဝအတြက္ အေရးပါသည့္ အစိတ္အပိုင္းတစ္ခုတြင္ ရွိမေနေၾကာင္း ေျပာဆိုထားသည္။
.
ျမန္မာႏိုင္ငံ တစ္ဝွမ္းတြင္ ႏွစ္စဥ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူမ်ား၊ ထူးခြၽန္ထက္ျမက္သူမ်ား အမ်ားအျပား ရွိေနသည္။ ယင္းကဲ့သို႔ ထူးခြၽန္ထက္ျမက္ေသာ ေက်ာင္းသား/ေက်ာင္းသူမ်ား အနက္မွ ၁ဝ တန္း ေႏွာင္းပိုင္း ကာလမ်ားတြင္ ထူးခြၽန္ထက္ျမက္သူ မည္မွ် ရွိေနသည္ကိုလည္း သတိျပဳရန္ လိုအပ္မည္သာ ျဖစ္ပါသည္။ ဤေနရာတြင္ ယင္း ေက်ာင္းသား/သူမ်ားကို မထူးခြၽန္ဟု မဆိုလိုပါ။ လက္ေတြ႕ဘဝတြင္ ထူးခြၽန္ျခင္း၊ မထူးခြၽန္ျခင္းက စာသင္ခန္းတြင္ ထူးခြၽန္ျခင္း၊ မထူးခြၽန္ျခင္းႏွင့္ မသက္ဆိုင္သည္ကို ဆိုလိုျခင္းပင္ ျဖစ္ပါသည္။
.
ၿပီးခဲ့သည့္ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္က ရွမ္းျပည္နယ္ တစ္ခုလံုးတြင္ ဘာသာတြဲ အသီးသီးအတြက္ ေျဖဆိုသူ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း ၅၂၂၁၉ ဦး ရွိသည့္အနက္ ၁၅၄၅၂ ဦး ေအာင္ျမင္ခဲ့ရာ ရာခိုင္ႏႈန္းအား ျဖင့္ ၂၉ ဒသမ ၅၉ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့သည္။ ယင္းေအာင္ျမင္သူမ်ားအနက္ အဆင့္ျမင့္ပညာ ျဖစ္ေသာ တကၠသိုလ္ အသီးသီးသို႔ ဆက္လက္ပညာသင္ၾကားေနသူမ်ား ရွိသလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တကၠသိုလ္ ပညာေရးသို႔ မလွမ္းတက္ႏိုင္ဘဲ လမ္းခုလတ္မွာပင္ ပညာေရးႏွင့္ ေက်ာခိုင္းခဲ့ရသူမ်ားလည္း ရွိေနသည္။
.
အေျခခံပညာဟု သတ္မွတ္ထားေသာ သူငယ္တန္း၊ ယေန႔ KG မွ တကၠသိုလ္ဝင္တန္းအထိ ဆယ္စုႏွစ္ေပါင္း တစ္ခုေက်ာ္ ပညာသင္ၾကားခဲ့ရသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအဖိ္ု႔ ယင္းတကၠသိုလ္ဝင္တန္းကို ေအာင္ျမင္ပါက အဆင့္ျမင့္ပညာျဖစ္ေသာ သက္ဆိုင္ရာ တကၠသိုလ္အသီးသီးတြင္ ဆက္လက္ ပညာ သင္ၾကားရမည္ျဖစ္သည္။ မေအာင္ျမင္သူမ်ား အဖို႔လည္း ဘဝတကၠသိုလ္တြင္ ဆက္လက္ပညာသင္ၾကားကာ တစ္ဝမ္းတစ္ခါး (သို႔မဟုတ္) မိသားစုအတြက္ ပညာရွာမွီးရင္း သမိုင္းေပးတာဝန္ကို ဆက္လက္ ထမ္းေဆာင္ရမည္ ျဖစ္သည္။
.
အဓိက ဆိုလိုခ်င္သည္မွာ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ျခင္း၊ မေအာင္ျမင္ျခင္းသည္ ဘဝ၏ ေအာင္ျမင္ ျခင္း၊ ႐ံႈးနိမ့္ျခင္းႏွင့္ သက္ဆိုင္ျခင္း မရွိသည့္အတြက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တကၠသိုလ္ဝင္တန္း က်႐ံႈးသူမ်ား အေနျဖင့္လည္း ဘဝကို အ႐ံႈးမေပးဘဲ ဘဝစာေမးပြဲမ်ားကို ေအာင္ျမင္ႏိုင္ေရးအတြက္ ႀကဳိးစား ႏိုင္ၾကပါေစေၾကာင္းႏွင့္ စာေမးပြဲ ေျဖဆိုသူ ညီငယ္/ညီမငယ္အားလံုး ေအာင္ျမင္ႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းအပ္ပါသည္။
.

စာမေးပွဲနှင့် ' ဘဝ '
.
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန် ကြေညာတော့မည် ဖြစ်သည်။ အောင်မြင်သူတွေ ပျော်ကြမည်ဖြစ်သလို ကျရှုံးသူတွေအတွက်လည်း ဝမ်းနည်း မျက်ရည်ကျကြရတော့မည် ဖြစ်သည်။
.
တက္ကသိုလ်ဝင်တန်း၊ တစ်နည်းအားဖြင့် ၁ဝ တန်း အောင်မြင်ခြင်း/ကျရှုံးခြင်းကို ပညာရေး အသိုင်းအဝိုင်းနှင့် လူ့ အသိုင်းအဝိုင်းအချို့မှ ဘဝတစ်ဆစ်ချိုး အဖြစ် တင်စားပြောဆိုမှုများလည်း ရှိနေသည်။ ယင်းအယူအဆမှာ မှန် သင့်သလောက် မှန်နေသော်လည်း အပြည့်အဝ မှန်ကန်သည်ဟု မဆိုနိုင်သေးချေ။
.
ဥပမာအားဖြင့် အစိုးရဝန်ထမ်း အလုပ်အကိုင် အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ အလုပ်အကိုင် အခွင့်အလမ်းများတွင် အများအားဖြင့် ၁ဝ တန်း အောင်ခြင်း/ရှုံးခြင်းကို အခြေပြု ဆုံးဖြတ်ကြသည့်အတွက် အရေးပါသည်ဟု ဆိုနိုင်ပါသည်။ သို့သော် လက်တွေ့အားဖြင့် အောင်မြင်နေသူများ၊ ကျရှုံးနေသူများ၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ၁ဝ တန်း အောင်ခြင်း/ကျခြင်းနှင့် အချိုးကျ သက်ဆိုင်ခြင်း မရှိသည်ကို တွေ့ရမည် ဖြစ်သည်။
.
လက်ရှိ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသော လူငယ်တစ်ဦးကလည်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်း/ကျရှုံးခြင်းသည် ဘဝအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုတွင် ရှိမနေကြောင်း ပြောဆိုထားသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၊ ထူးချွန်ထက်မြက်သူများ အများအပြား ရှိနေသည်။ ယင်းကဲ့သို့ ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ အနက်မှ ၁ဝ တန်း နှောင်းပိုင်း ကာလများတွင် ထူးချွန်ထက်မြက်သူ မည်မျှ ရှိနေသည်ကိုလည်း သတိပြုရန် လိုအပ်မည်သာ ဖြစ်ပါသည်။ ဤနေရာတွင် ယင်း ကျောင်းသား/သူများကို မထူးချွန်ဟု မဆိုလိုပါ။ လက်တွေ့ဘဝတွင် ထူးချွန်ခြင်း၊ မထူးချွန်ခြင်းက စာသင်ခန်းတွင် ထူးချွန်ခြင်း၊ မထူးချွန်ခြင်းနှင့် မသက်ဆိုင်သည်ကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။
.
ပြီးခဲ့သည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်က ရှမ်းပြည်နယ် တစ်ခုလုံးတွင် ဘာသာတွဲ အသီးသီးအတွက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၂၂၁၉ ဦး ရှိသည့်အနက် ၁၅၄၅၂ ဦး အောင်မြင်ခဲ့ရာ ရာခိုင်နှုန်းအား ဖြင့် ၂၉ ဒသမ ၅၉ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ ယင်းအောင်မြင်သူများအနက် အဆင့်မြင့်ပညာ ဖြစ်သော တက္ကသိုလ် အသီးသီးသို့ ဆက်လက်ပညာသင်ကြားနေသူများ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ် ပညာရေးသို့ မလှမ်းတက်နိုင်ဘဲ လမ်းခုလတ်မှာပင် ပညာရေးနှင့် ကျောခိုင်းခဲ့ရသူများလည်း ရှိနေသည်။
.
အခြေခံပညာဟု သတ်မှတ်ထားသော သူငယ်တန်း၊ ယနေ့ KG မှ တက္ကသိုလ်ဝင်တန်းအထိ ဆယ်စုနှစ်ပေါင်း တစ်ခုကျော် ပညာသင်ကြားခဲ့ရသည့် ကျောင်းသား/ကျောင်းသူများအဖို့ ယင်းတက္ကသိုလ်ဝင်တန်းကို အောင်မြင်ပါက အဆင့်မြင့်ပညာဖြစ်သော သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ဆက်လက် ပညာ သင်ကြားရမည်ဖြစ်သည်။ မအောင်မြင်သူများ အဖို့လည်း ဘဝတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားကာ တစ်ဝမ်းတစ်ခါး (သို့မဟုတ်) မိသားစုအတွက် ပညာရှာမှီးရင်း သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းဆောင်ရမည် ဖြစ်သည်။
.
အဓိက ဆိုလိုချင်သည်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ဘဝ၏ အောင်မြင် ခြင်း၊ ရှုံးနိမ့်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်း ကျရှုံးသူများ အနေဖြင့်လည်း ဘဝကို အရှုံးမပေးဘဲ ဘဝစာမေးပွဲများကို အောင်မြင်နိုင်ရေးအတွက် ကြိုးစား နိုင်ကြပါစေကြောင်းနှင့် စာမေးပွဲ ဖြေဆိုသူ ညီငယ်/ညီမငယ်အားလုံး အောင်မြင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats