မိုးနဲၿမိဳ႕ ရွိ ဘုရားပရဝဏ္ေျမေပၚတြင္ ေျမကြက္ခ်ေပးျခင္းအား တိုင္ၾကားမႈႏွင့္ ပတ္သက္၍ လာေရာက္စစ္ေဆးေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, June 20, 2019

မိုးနဲၿမိဳ႕ ရွိ ဘုရားပရဝဏ္ေျမေပၚတြင္ ေျမကြက္ခ်ေပးျခင္းအား တိုင္ၾကားမႈႏွင့္ ပတ္သက္၍ လာေရာက္စစ္ေဆးေန


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပုိင္း၊ လင္းေခးခ႐ိုင္၊ မိုးနဲၿမိဳ႕၊ လိြဳင္ေျမရပ္ကြက္ရွိ မဟာရန္ေအာင္ႏွင့္ သာသနာ ၂၅ဝဝ ဘုရား ပရဝဏ္ေျမေပၚတြင္ အိမ္ရာေျမကြက္မ်ား ခ်ထားေပးျခင္းအား အေရးယူေဆာင္ရြက္ေပးရန္ ေဒသခံမ်ားမွ ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴးတို႔ထံ တိုင္ၾကား ခဲ့သည့္ ကိစၥႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈ ေကာ္မတီမွ တိုင္ၾကားသူ မ်ားအား စတင္စစ္ေဆးေနေၾကာင္း တိုင္ၾကားသူ တစ္ဦးျဖစ္သူ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ မိုးနဲၿမိဳ႕နယ္ သ တင္းႏွင့္ ျပန္ၾကားေရးမွ ဦးေဇာ္ႀကီး (ခ) ဦးခင္ေမာင္ေထြးထံက သိရသည္။
.
.
''၂ဝ၁၆ တုန္းကလည္း တိုင္ခဲ့ တယ္။ ေသခ်ာအေျဖ မထြက္ခဲ့ဘူး။ ဇန္နဝါရီလက သမၼတႀကီးဆီကို တိုင္ ထားလို႔ အခု လာစစ္ေနတာ ျဖစ္ပါတယ္။ အတိုင္ပင္ခံ ပုဂၢိဳလ္ဆီကိုေတာ့ ဧၿပီလက ေျမာင္းျမအထိလိုက္ၿပီးတုိင္ စာေပးပို႕တယ္။ တုိင္သူကိုေတာ့ စစ္သြားတယ္။ ဟိုဘက္ေတာ့ ဘာမွလုပ္သံ မၾကားရေသးဘူး။ တာဆန္းတံတားသစ္ ပႏၷက္႐ိုက္ပြဲမွာ တင္ျပခြင့္ မရခဲ့လို႔ ေျမာင္းျမတံတား ဖြင့္ပြဲအထိ သြားၿပီး တင္ျပရတာပါ''ဟု ဦးေဇာ္ႀကီးက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
ယင္းကိစၥႏွင့္ ပတ္သက္၍ မိုးနဲ ေဒသခံ တစ္ဦးျဖစ္သူ ဦးစိုင္းျမင့္ေဆြ ကလည္း ယခင္ႏုိင္ငံေတာ္ သမၼတ ဦး ထင္ေက်ာ္လက္ထက္၊ ၂ဝ၁၆ ခုႏွစ္၊ ေမလ ၂၆ ရက္တြင္ တိုင္ၾကားခဲ့ဖူး ၿပီး လိုအပ္သလို ဆက္လက္ စိစစ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႏုိင္ ငံေတာ္သမၼတ႐ုံးမွ ယင္းႏွစ္ ဇူလိုင္လ ၁၅ ရက္တြင္ အေၾကာင္းျပန္ၾကားခဲ့ ေသာ္လည္း ေသခ်ာသည့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္း မရွိေၾကာင္း ေျပာသည္။
.
ထို႕ေၾကာင့္ ဦးေဇာ္ႀကီး အပါအဝင္ ကန္႔ကြက္သူ ၁၉ ဦးမွ ၂ဝ၁၇ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ယင္းကိစၥရပ္အား ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးထံ ထပ္မံတိုင္ၾကားခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္၊ ဇန္န ဝါရီလ ၂၂ ရက္တြင္ ႏုိင္ငံေတာ္သမၼတထံသို႔ လည္းေကာင္း၊ ၂ဝ၁၉ ခုႏွစ္၊ ဧၿပီလ ၁ ရက္တြင္ ႏုိင္ငံေတာ္၏ အ တိုင္ပင္ခံ ပုဂၢိဳလ္ထံသို႔လည္းေကာင္း တင္ျပခဲ့ ေၾကာင္း သိရသည္။
.
တုိင္ၾကားစာတြင္ မိုးနဲၿမိဳ႕၊ လိြဳင္ေျမရပ္ကြက္ရွိ သာသနာ့ေျမေပၚတြင္ ပါဝင္ေနသည့္ ေျမကြက္ ၂၇ ကြက္ အား ၿမိဳ႕နယ္အာဏာပိုင္ႏွင့္ ၿမိဳ႕နယ္ဖြံ႕ၿဖိဳးမႈ အေထာက္အကူျပဳ ေကာ္မတီ၊ စည္ပင္ေကာ္မတီမ်ားမွ မိမိကုိယ္က်ိဳး စီးပြားအတြက္ ေျမကြက္မ်ား ခ်ထားေပးခဲ့ေၾကာင္းႏွင့္ ေကာ္မတီဝင္မ်ားမွ ျပည္သူ႕ဆႏၵႏွင့္အညီ ေရြး ေကာက္တင္ေျမႇာက္ထားသူမ်ား မဟုတ္ေၾကာင္း သို႔ျဖစ္ပါ၍ ေျမကြက္ခ် ထားေပးမႈအေပၚ ရပ္ကြက္ေနျပည္သူ မ်ားအေနျဖင့္ လံုးဝေက်နပ္မႈ မရွိသ ျဖင့္ လက္မွတ္ထိုး ကန္႔ကြက္ရျခင္း ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍တိုင္ ၾကားစာပါ ေျမကြက္ ၂၇ ကြက္မွ ေျမ ကြက္ရရွိထားသူ လႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္း ဦးစိုင္းေစာလံုက ''တျခားေနရာက ေျမေနရာရရင္လည္း အေၾကာင္းမဟုတ္ပါဘူး''ဟု ေျပာဆို ခဲ့သည္။
.
.
ဦးေဇာ္ႀကီး အေနျဖင့္ ၁၉၉ဝ ခု ႏွစ္ကတည္းက အဆိုပါေျမေနရာတြင္ ခ်ံဳမ်ားကို ခုတ္ထြင္ရွင္းလင္း၍ ေနထိုင္ခဲ့ၿပီး သီးႏွံပင္မ်ား စိုက္ပ်ိဳးကာ မိသားစု စီးပြားေရးအတြက္ လုပ္ကိုင္ခဲ့ရာ ခ်ထားေပးသည့္ ေျမကြက္ ၂၇ ကြက္တြင္ ၎၏ ေျမကြက္ ၂ ကြက္ ပါဝင္ခဲ့သလို ဘုရားပရဝဏ္ ေျမမ်ားလည္း ပါဝင္ေနသည္ဟု သိထားေၾကာင္း၊ ေျမကြက္ခ်ထားေပး ခံရသူ မ်ားမွာလည္း ဌာနဆိုင္ရာမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေငြ ေၾကးတတ္ႏုိင္သူမ်ားသာ ျဖစ္ၾကကာ ¤င္းတို႔မွာ လာေရာက္ေနထိုင္ျခင္း မ ျပဳဘဲ အျခားသူမ်ားထံ လက္လႊဲေရာင္း ခ်ခဲ့ၾကေၾကာင္း၊သို႔အတြက္ မိမိတို႔ မ ရွိ ဆင္းရဲသားမ်ားမွာ လက္ရွိေနထိုင္ ရာ ေနရာမွ ဖယ္ေပးရမည္ ျဖစ္ရာ ႏွစ္ေပါင္း ၃ဝ နီးပါး အမွန္တကယ္ ေနထိုင္ခဲ့သူ ျဖစ္သျဖင့္ ပိုင္ဆိုင္ရ ယူလိုပါေၾကာင္း၊ မိမိေနထုိင္ရာ ေျမ ကြက္မွာလည္း သာသနာ့ေျမႏွင့္လႊတ္ ကင္းပါေၾကာင္း အမွန္တရားကို ခ်စ္ ျမတ္ႏုိးသျဖင့္ ယခုလို တုိင္ၾကားရ ျခင္း ျဖစ္ေၾကာင္း စစ္ေဆးမႈကိုထြက္ ဆိုထားသည္ဟု သိရသည္။
.
အဆုိပါ ေျမကြက္မ်ားမွ တစ္ ကြက္လွ်င္ ပ်မ္းမွ် (၄ဝထ ၆ဝ) ေပ အ က်ယ္ရွိၿပီး လက္ရွိေပါက္ေစ်း က်ပ္ သိန္း ၈ဝ ခန္႔ ရွိသည္ဟု သိရသည္။
.
မိုးနဲမြို့ ရှိ ဘုရားပရဝဏ်မြေပေါ်တွင် မြေကွက်ချပေးခြင်းအား တိုင်ကြားမှုနှင့် ပတ်သက်၍ လာရောက်စစ်ဆေးနေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်ရှိ မဟာရန်အောင်နှင့် သာသနာ ၂၅ဝဝ ဘုရား ပရဝဏ်မြေပေါ်တွင် အိမ်ရာမြေကွက်များ ချထားပေးခြင်းအား အရေးယူဆောင်ရွက်ပေးရန် ဒေသခံများမှ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြို့ နယ်အုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြား ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ တိုင်ကြားသူ များအား စတင်စစ်ဆေးနေကြောင်း တိုင်ကြားသူ တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုးနဲမြို့နယ် သ တင်းနှင့် ပြန်ကြားရေးမှ ဦးဇော်ကြီး (ခ) ဦးခင်မောင်ထွေးထံက သိရသည်။
.
''၂ဝ၁၆ တုန်းကလည်း တိုင်ခဲ့ တယ်။ သေချာအဖြေ မထွက်ခဲ့ဘူး။ ဇန်နဝါရီလက သမ္မတကြီးဆီကို တိုင် ထားလို့ အခု လာစစ်နေတာ ဖြစ်ပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကိုတော့ ဧပြီလက မြောင်းမြအထိလိုက်ပြီးတိုင် စာပေးပို့တယ်။ တိုင်သူကိုတော့ စစ်သွားတယ်။ ဟိုဘက်တော့ ဘာမှလုပ်သံ မကြားရသေးဘူး။ တာဆန်းတံတားသစ် ပန္နက်ရိုက်ပွဲမှာ တင်ပြခွင့် မရခဲ့လို့ မြောင်းမြတံတား ဖွင့်ပွဲအထိ သွားပြီး တင်ပြရတာပါ''ဟု ဦးဇော်ကြီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ မိုးနဲ ဒေသခံ တစ်ဦးဖြစ်သူ ဦးစိုင်းမြင့်ဆွေ ကလည်း ယခင်နိုင်ငံတော် သမ္မတ ဦး ထင်ကျော်လက်ထက်၊ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၆ ရက်တွင် တိုင်ကြားခဲ့ဖူး ပြီး လိုအပ်သလို ဆက်လက် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင် ငံတော်သမ္မတရုံးမှ ယင်းနှစ် ဇူလိုင်လ ၁၅ ရက်တွင် အကြောင်းပြန်ကြားခဲ့ သော်လည်း သေချာသည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
.
ထို့ကြောင့် ဦးဇော်ကြီး အပါအဝင် ကန့်ကွက်သူ ၁၉ ဦးမှ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ယင်းကိစ္စရပ်အား မြို့နယ် အုပ်ချုပ်ရေးမှူးထံ ထပ်မံတိုင်ကြားခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ ဇန်န ဝါရီလ ၂၂ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် နိုင်ငံတော်၏ အ တိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့လည်းကောင်း တင်ပြခဲ့ ကြောင်း သိရသည်။
.
တိုင်ကြားစာတွင် မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်ရှိ သာသနာ့မြေပေါ်တွင် ပါဝင်နေသည့် မြေကွက် ၂၇ ကွက် အား မြို့နယ်အာဏာပိုင်နှင့် မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု ကော်မတီ၊ စည်ပင်ကော်မတီများမှ မိမိကိုယ်ကျိုး စီးပွားအတွက် မြေကွက်များ ချထားပေးခဲ့ကြောင်းနှင့် ကော်မတီဝင်များမှ ပြည်သူ့ဆန္ဒနှင့်အညီ ရွေး ကောက်တင်မြှောက်ထားသူများ မဟုတ်ကြောင်း သို့ဖြစ်ပါ၍ မြေကွက်ချ ထားပေးမှုအပေါ် ရပ်ကွက်နေပြည်သူ များအနေဖြင့် လုံးဝကျေနပ်မှု မရှိသ ဖြင့် လက်မှတ်ထိုး ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍တိုင် ကြားစာပါ မြေကွက် ၂၇ ကွက်မှ မြေ ကွက်ရရှိထားသူ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးစိုင်းစောလုံက ''တခြားနေရာက မြေနေရာရရင်လည်း အကြောင်းမဟုတ်ပါဘူး''ဟု ပြောဆို ခဲ့သည်။
.
.
ဦးဇော်ကြီး အနေဖြင့် ၁၉၉ဝ ခု နှစ်ကတည်းက အဆိုပါမြေနေရာတွင် ချုံများကို ခုတ်ထွင်ရှင်းလင်း၍ နေထိုင်ခဲ့ပြီး သီးနှံပင်များ စိုက်ပျိုးကာ မိသားစု စီးပွားရေးအတွက် လုပ်ကိုင်ခဲ့ရာ ချထားပေးသည့် မြေကွက် ၂၇ ကွက်တွင် ၎င်း၏ မြေကွက် ၂ ကွက် ပါဝင်ခဲ့သလို ဘုရားပရဝဏ် မြေများလည်း ပါဝင်နေသည်ဟု သိထားကြောင်း၊ မြေကွက်ချထားပေး ခံရသူ များမှာလည်း ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ငွေ ကြေးတတ်နိုင်သူများသာ ဖြစ်ကြကာ ¤င်းတို့မှာ လာရောက်နေထိုင်ခြင်း မ ပြုဘဲ အခြားသူများထံ လက်လွှဲရောင်း ချခဲ့ကြကြောင်း၊သို့အတွက် မိမိတို့ မ ရှိ ဆင်းရဲသားများမှာ လက်ရှိနေထိုင် ရာ နေရာမှ ဖယ်ပေးရမည် ဖြစ်ရာ နှစ်ပေါင်း ၃ဝ နီးပါး အမှန်တကယ် နေထိုင်ခဲ့သူ ဖြစ်သဖြင့် ပိုင်ဆိုင်ရ ယူလိုပါကြောင်း၊ မိမိနေထိုင်ရာ မြေ ကွက်မှာလည်း သာသနာ့မြေနှင့်လွှတ် ကင်းပါကြောင်း အမှန်တရားကို ချစ် မြတ်နိုးသဖြင့် ယခုလို တိုင်ကြားရ ခြင်း ဖြစ်ကြောင်း စစ်ဆေးမှုကိုထွက် ဆိုထားသည်ဟု သိရသည်။
.
အဆိုပါ မြေကွက်များမှ တစ် ကွက်လျှင် ပျမ်းမျှ (၄ဝထ ၆ဝ) ပေ အ ကျယ်ရှိပြီး လက်ရှိပေါက်စျေး ကျပ် သိန်း ၈ဝ ခန့် ရှိသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats