႐ွမ္းျပည္နယ္ အတြင္း႐ွိ အေျခခံပညာေက်ာင္းမ်ားတြင္ ဆရာ/ဆရာမမ်ား အတန္း ခြဲေဝမႈ မမွ်တသျဖင့္ တိုင္ၾကားမႈမ်ား ရွိေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, June 8, 2019

႐ွမ္းျပည္နယ္ အတြင္း႐ွိ အေျခခံပညာေက်ာင္းမ်ားတြင္ ဆရာ/ဆရာမမ်ား အတန္း ခြဲေဝမႈ မမွ်တသျဖင့္ တိုင္ၾကားမႈမ်ား ရွိေန


ခြန္သက္ထူး
.
ေတာင္ႀကီးၿမိဳ႕ အပါအဝင္ ရွမ္းျပည္နယ္အတြင္းရွိ အေျခခံပညာ ေက်ာင္းမ်ားတြင္ ေက်ာင္းဖြင့္ရာသီ၌ ဆရာ/ဆရာမမ်ားအား အတန္းခြဲေဝ မႈ မမွ်တသျဖင့္ တိုင္ၾကားမႈမ်ား ရွိေန သည္ဟု သိရသည္။
.
.
ယင္းကဲ့သို႔ အတန္းခြဲေဝမႈ မမွ်တ ျခင္းႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕ ေပၚရွိ မူလတန္းသင္ ဆရာမတစ္ဦး က ေက်ာင္းအုပ္ႀကီးမ်ားအား တံစိုး လက္ေဆာင္ေပး၍ လိုခ်င္ေသာ အ တန္း ေတာင္းယူရၿပီး ေက်ာင္းအုပ္ ႀကီး ၾကည္ျဖဴသူမ်ားသာလွ်င္ ရရွိ ေၾကာင္း၊ ႏိုင္ငံေတာ္မွ ခန္႔အပ္ထား ေသာ မူလတန္းသင္ ဆရာ/ဆရာမမ်ား အားလံုးကို KG တန္းမွ စ၍ မူလတန္းတြင္ ပါဝင္ေသာ အတန္း အားလံုးကို ႏွစ္စဥ္  မ်က္ႏွာမလိုက္ဘဲ ေက်ာင္းအုပ္ႀကီးမ်ားမွ ခြဲေဝေပးေစလိုေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ပညာ ေရးမွဴးထံ တင္ျပ ေတာင္းဆိုထား သည္ဟု သိရသည္။
.
''ေတာင္ႀကီးၿမိဳ႕ေပၚ နာမည္ႀကီး ေက်ာင္းေတြမွာ Grade-1, Grade- 2, Grade-3, Grade- 4 သင္ဆရာ/ဆရာမ ေတြက အဲဒီအတန္းကေန မဖယ္ေပးလိုေတာ့ ေက်ာင္းအုပ္ႀကီး ေတြနဲ႔ ေပါင္းၿပီး မတရားသျဖင့္ ေနရာ ယူ စိုးမိုးထားတာပါ။ KG သင္ဆရာ/ ဆရာမေတြက တျခားအတန္းသင္ ဆရာ/ဆရာမေတြနဲ႔ လစာခ်င္းတူေပ မယ့္ အခြင့္အေရးက တန္းတူမရပါ ဘူး။ ဒါေၾကာင့္ ေတာင္ႀကီးၿမိဳ႕ေပၚ နာမည္ႀကီး အထက္တန္းေက်ာင္း၊ အလယ္တန္း ေက်ာင္းေတြမွာ အတန္းခြဲေပးတဲ့ ေက်ာင္းအုပ္ေတြအေနနဲ႔ အတန္းခြဲစနစ္ မထားဘဲ တရားမွ်တစြာ အခြင့္အေရး မွ်မွ်တတ ခဲြေဝေပးေစ ခ်င္ပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕မွ မူ လတန္းျပ ဆရာမတစ္ဦးက ေျပာ သည္။
.
မူလတန္းသင္ ဆရာ/ဆရာမ မ်ားအားလံုးသည္ KG သင္တန္း၊ Grade-1 သင္တန္း၊ Grade-3 သင္တန္း စသည့္ သင္တန္းမ်ားအား လံုးကို ႏွစ္စဥ္ တက္ေရာက္ ေနရေသာ္ လည္း ပညာေရးစနစ္ေျပာင္းလဲစဥ္ ကတည္းက KG တန္းသင္ ဆရာ/ဆ ရာမမ်ား အားလံုးမွာ KG တန္းမွ လြဲ ၍ က်န္အတန္းမ်ားအား သင္ၾကားခြင့္ မေပးေၾကာင္း သိရသည္။
.
''ေက်ာင္းမွာ႐ွိတဲ့ ဆရာ/ဆရာမ ေတြကိုေတာ့ ညိႇႏႈိင္းၿပီးေတာ့ အတန္းခြဲေဝမႈကို ေဆာင္ရြက္ပါလို႔ မွာထားၿပီး ပါၿပီ။ ၿမိဳ႕နယ္ ပညာေရးမွဴးေတြနဲ႔ ေက်ာင္းအုပ္ ဆရာ/ဆရာမႀကီးေတြ ကိုလည္း ေခၚေတြ႕ထားၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ့္ဆီလည္း တင္ျပထားပါတယ္။ အတန္းခြဲေဝမႈက ပညာေရးမွဴးေတြနဲ႔ မဆိုင္ပါဘူး။ ေက်ာင္းမွာ႐ွိတဲ့ ဆရာ/ဆရာမေတြပဲ ညိႇႏႈိင္းတိုင္ပင္ၿပီးေတာ့ ေဆာင္ရြက္လ်က္႐ွိပါတယ္။ ဌာနအေနနဲ႔ကလည္း ေက်ာင္းအုပ္ ဆရာ/ ဆရာမေတြလည္း ေငြေၾကးမွ ေကာက္ခံျခင္းမ႐ွိေအာင္ မွာထားပါတယ္။ ေက်ာင္းအုပ္ႀကီးေတြကို လာဘ္ ေပးၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ ေနရာရ ေအာင္ ေဆာင္ရြက္ခိုင္းတယ္ဆိုတာကလည္း ႐ွိပါတယ္။ အဲဒီလို မလုပ္ဖို႔ ေတာ့ မွာထားပါတယ္။ အထက္တန္းနဲ႔ အလယ္တန္း ေက်ာင္းေတြမွာ ေက်ာင္းသားေတြကို ခြဲျခားဆက္ဆံမႈ ရွိရင္ ဌာနအေနနဲ႔ ခ်က္ခ်င္း အေရး ယူ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္'' ဟု ရွမ္းျပည္နယ္ပညာေရးမွဴး ဦးဝင္းေမာင္က ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္ အ ေျခခံပညာ စာသင္ႏွစ္မ်ားကို ဇြန္လ ၃ ရက္မွ စတင္၍ ျမန္မာႏိ္ုင္ငံ အဝွမ္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ စတင္ဖြင့္လွစ္ သင္ၾကားလ်က္ရွိေၾကာင္းသိ ရသည္။
.
ရှမ်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများ အတန်း ခွဲဝေမှု မမျှတသဖြင့် တိုင်ကြားမှုများ ရှိနေ
.
ခွန်သက်ထူး
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းဖွင့်ရာသီ၌ ဆရာ/ဆရာမများအား အတန်းခွဲဝေ မှု မမျှတသဖြင့် တိုင်ကြားမှုများ ရှိနေ သည်ဟု သိရသည်။
.
ယင်းကဲ့သို့ အတန်းခွဲဝေမှု မမျှတ ခြင်းနှင့် ပတ်သက်၍ တောင်ကြီးမြို့ ပေါ်ရှိ မူလတန်းသင် ဆရာမတစ်ဦး က ကျောင်းအုပ်ကြီးများအား တံစိုး လက်ဆောင်ပေး၍ လိုချင်သော အ တန်း တောင်းယူရပြီး ကျောင်းအုပ် ကြီး ကြည်ဖြူသူများသာလျှင် ရရှိ ကြောင်း၊ နိုင်ငံတော်မှ ခန့်အပ်ထား သော မူလတန်းသင် ဆရာ/ဆရာမများ အားလုံးကို KG တန်းမှ စ၍ မူလတန်းတွင် ပါဝင်သော အတန်း အားလုံးကို နှစ်စဉ်  မျက်နှာမလိုက်ဘဲ ကျောင်းအုပ်ကြီးများမှ ခွဲဝေပေးစေလိုကြောင်း တောင်ကြီးမြို့နယ်ပညာ ရေးမှူးထံ တင်ပြ တောင်းဆိုထား သည်ဟု သိရသည်။
.
''တောင်ကြီးမြို့ပေါ် နာမည်ကြီး ကျောင်းတွေမှာ Grade-1, Grade- 2, Grade-3, Grade- 4 သင်ဆရာ/ဆရာမ တွေက အဲဒီအတန်းကနေ မဖယ်ပေးလိုတော့ ကျောင်းအုပ်ကြီး တွေနဲ့ ပေါင်းပြီး မတရားသဖြင့် နေရာ ယူ စိုးမိုးထားတာပါ။ KG သင်ဆရာ/ ဆရာမတွေက တခြားအတန်းသင် ဆရာ/ဆရာမတွေနဲ့ လစာချင်းတူပေ မယ့် အခွင့်အရေးက တန်းတူမရပါ ဘူး။ ဒါကြောင့် တောင်ကြီးမြို့ပေါ် နာမည်ကြီး အထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းတွေမှာ အတန်းခွဲပေးတဲ့ ကျောင်းအုပ်တွေအနေနဲ့ အတန်းခွဲစနစ် မထားဘဲ တရားမျှတစွာ အခွင့်အရေး မျှမျှတတ ခွဲဝေပေးစေ ချင်ပါတယ်''ဟု တောင်ကြီးမြို့မှ မူ လတန်းပြ ဆရာမတစ်ဦးက ပြော သည်။
.
မူလတန်းသင် ဆရာ/ဆရာမ များအားလုံးသည် KG သင်တန်း၊ Grade-1 သင်တန်း၊ Grade-3 သင်တန်း စသည့် သင်တန်းများအား လုံးကို နှစ်စဉ် တက်ရောက် နေရသော် လည်း ပညာရေးစနစ်ပြောင်းလဲစဉ် ကတည်းက KG တန်းသင် ဆရာ/ဆ ရာမများ အားလုံးမှာ KG တန်းမှ လွဲ ၍ ကျန်အတန်းများအား သင်ကြားခွင့် မပေးကြောင်း သိရသည်။
.
''ကျောင်းမှာရှိတဲ့ ဆရာ/ဆရာမ တွေကိုတော့ ညှိနှိုင်းပြီးတော့ အတန်းခွဲဝေမှုကို ဆောင်ရွက်ပါလို့ မှာထားပြီး ပါပြီ။ မြို့နယ် ပညာရေးမှူးတွေနဲ့ ကျောင်းအုပ် ဆရာ/ဆရာမကြီးတွေ ကိုလည်း ခေါ်တွေ့ထားပြီးဖြစ်ပါတယ်။ ကျွန်တော့်ဆီလည်း တင်ပြထားပါတယ်။ အတန်းခွဲဝေမှုက ပညာရေးမှူးတွေနဲ့ မဆိုင်ပါဘူး။ ကျောင်းမှာရှိတဲ့ ဆရာ/ဆရာမတွေပဲ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဌာနအနေနဲ့ကလည်း ကျောင်းအုပ် ဆရာ/ ဆရာမတွေလည်း ငွေကြေးမှ ကောက်ခံခြင်းမရှိအောင် မှာထားပါတယ်။ ကျောင်းအုပ်ကြီးတွေကို လာဘ် ပေးပြီးတော့ ကိုယ်လိုချင်တဲ့ နေရာရ အောင် ဆောင်ရွက်ခိုင်းတယ်ဆိုတာကလည်း ရှိပါတယ်။ အဲဒီလို မလုပ်ဖို့ တော့ မှာထားပါတယ်။ အထက်တန်းနဲ့ အလယ်တန်း ကျောင်းတွေမှာ ကျောင်းသားတွေကို ခွဲခြားဆက်ဆံမှု ရှိရင် ဌာနအနေနဲ့ ချက်ချင်း အရေး ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် အ ခြေခံပညာ စာသင်နှစ်များကို ဇွန်လ ၃ ရက်မှ စတင်၍ မြန်မာနိ်ုင်ငံ အဝှမ်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းသိ ရသည်။
.

No comments:

Post a Comment