ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ရဲ႕ စီးကရက္နဲ႔ အရက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, June 25, 2019

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ရဲ႕ စီးကရက္နဲ႔ အရက္


ေနမ်ိဳး (ခ်ယ္ရီေျမ)
.
 
.
''ရင္ေလာက္မွန္းမွ ဒူးေလာက္တင္''ဆိုတဲ့ ဆို႐ိုးစကားေၾကာင့္လား မေျပာတတ္။ ေခတ္အ ဆက္ဆက္ ကြၽန္ေတာ္တို႔ကို အုပ္ခ်ဳပ္မင္းလုပ္ သူမ်ားဟာ အျမင့္ႀကီးေတြကိုသာ မွန္းၾကသဗ်။ ရင္ေလာက္မွန္းတာ မဟုတ္ဘူး နဖူးမက ငယ္ထိပ္ထိ တက္မွန္းတာဗ်။ ဒူးေလာက္တင္ မတင္ေတာ့ ကြၽန္ေတာ္မ်ိဳးလည္း မေျပာတတ္ေပမယ့္ ေတြ႕ေန ႀကံဳေနရတဲ့ ရလဒ္ေတြကေတာ့ ဒူးမ တင္ပါဘဲ ေျခဖဝါးမွာခၿပီး အဝီစိ ဂ်ိဳးမကပ္တာပဲ ကံေကာင္းလို႔ ဆိုရမယ္ ထင္ပါရဲ႕။ ''ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္''ဆိုၿပီး ကြၽန္ ေတာ္တို႔ ရွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ေတာင္ႀကီး ၿမိဳ႕မွာ ဧရာမ မဟာဆိုင္းဘုတ္ႀကီး ေထာင္တာ ေတြ႕ေတြ႕ေနရတယ္ဗ်။ ေကာင္းတာလုပ္တာပဲ လို႔ ထင္စရာရွိေပမယ့္ ကြၽန္ေတာ့္လို လူအတြက္ေတာ့ အဲ့ဆိုင္းဘုတ္ႀကီးကို ၾကည့္ၿပီး ခပ္ေပါေပါ ခပ္ခ်ာခ်ာ အလုပ္ကို လုပ္သူမ်ား၊ အလုပ္မရွိ ေၾကာင္ေရခ်ိဳး တုိင္းျပည္ ဘ႑ာျဖဳန္းတီးေနသူ မ်ားလို႔သာ ေျပာလိုက္ခ်င္ပါရဲ႕။ ကိုယ့္ေဆာင္ပုဒ္ ဟာ ျဖစ္ႏုိင္လား မျဖစ္ႏုိင္လား ထည့္စဥ္းစားဟန္ မတူပါဘူး။ အလကားသက္သက္ လူအ ထင္ႀကီးေအာင္ လူရွိန္ေအာင္ ဟန္ေရးျပတဲ့သ ေဘာလား မေျပာတတ္ပါ။ ျမန္မာ့အားကစား ကမၻာကို လႊမ္းရမည္လို႔ ေၾကြးေႀကာ္လိုက္ခါမွ ေခါင္းျပန္မေဖာ္ႏုိင္ေလာက္ေအာင္ နိမ့္ဆင္းသြား လုိက္သလိုမ်ိဳး ျဖစ္ေနမွာစိုးလို႔ပါ။
.
ခ်မ္းသာၿပီး ဖြံ႕ၿဖိဳးၿပီး ကမၻာ႕ဘယ္ႏုိင္ငံမွာမွ ေဆးလိပ္ေငြ႕ကင္းစင္ --- တခြင္ ဆုိၿပီး ဆုိင္း ဘုတ္ႀကီးေတြ ေထာင္ထားတာ မေတြ႕ဖူးမၾကား ဖူးဘူးဗ်။ ေဆးလိပ္မေသာက္ရတဲ့ ကန္႔သတ္ နယ္ေျမေတြေတာ့ ေနရာတိုင္းမွာ ရွိပါတယ္။ ဒီလုိပဲ ေဆးလိပ္ေသာက္လို႔ရတဲ့ ေနရာေတြသတ္ မွတ္ေပးထားပါတယ္။ ေဆးလိပ္ စီးကရက္ေတြ ေစ်းႏႈန္း ျမႇင့္တင္ထားၿပီး အခြန္အခေတြ အမ်ားႀကီးေကာက္တယ္ဗ်။ ဒါ့အျပင္ ေဆးလိပ္စီးက ရက္ေတြကို ေနရာတကာမွာ ေရာင္းခ်ခြင့္ မေပးထားသလို လာဝယ္သူ မွန္သမွ်ကိုလည္းေရာင္းခ်ခြင့္ မျပဳပါဘူး။ ႏုိင္ငံအလိုက္ အသက္အရြယ္ အပိုင္းအျခား အနည္းငယ္ ကြဲလြဲႏုိင္တာကလြဲရင္ အမ်ားအားျဖင့္ အသက္ ၁၈ ႏွစ္ျပည့္မွ စီး ကရက္ ဝယ္လို႕ရတာဗ်။ အသက္မျပည့္ဘူးလို႔ ေရာင္းတဲ့သူက သံသယဝင္ရင္ သက္ေသခံကတ္ျပား တစ္ခုခုကို ေတာင္း ၾကည့္ႏုိင္သလို မေရာင္းဘဲ ျငင္းပယ္လို႔လည္း ရတယ္ဗ်။ ဒါေတြဟာ ေဆးလိပ္စီးကရက္ တစ္ခုထဲတင္မဟုတ္ဘဲ အရက္ေသစာလည္း ဒီလိုပဲ သတ္မွတ္ထားပါတယ္။ ေရာင္းၿပီး ေငြရၿပီးၿပီးေရာ လုပ္လို႔ မရ ႏုိ္င္ေအာင္ ဥပေဒေတြနဲ႔ ထိန္းခ်ဳပ္ထားပါတယ္။
.
ကြၽန္ေတာ္တို႔လို ဆင္းရဲတြင္းနက္ၿပီး ဖြံ႕ၿဖိဳး ဆဲ ႏုိင္ငံမွာေရာ။ ထားပါ ႏုိင္ငံနဲ႔ခ်ီၿပီး မေျပာ ေတာ့ပါဘူး။ ကိုယ့္ရွမ္းျပည္ နယ္ ေတာင္ႀကီးၿမိဳ႕မွာ ေဆးလိပ္ေငြ႕ ကင္းစင္ ဘာညာဆုိၿပီး လုပ္ ေနေလေတာ့ ကိုယ့္ၿမိဳ႕အေၾကာင္းပဲ ေျပာတာပို ေကာင္းပါတယ္။ ေဆးလိပ္ေငြ႕ ကင္းစင္ေတာ့ မေကာင္းဘူးလား။ ေကာင္းတာေပါ့။ ကြၽန္ေတာ့္ လို ေဆးလိပ္ မေသာက္တတ္တဲ့ သူအဖိ႔ုလက္ ဖက္ရည္ဆုိင္သြားရင္ ကိုယ့္သူငယ္ခ်င္း ဒါမွမဟုတ္ အနီးအနား စားပြဲဝုိင္းေတြက ေသာက္တဲ့ ေဆးလိပ္ေငြ႕ မရွဴ႐ိႈက္ရေတာ့ ေကာင္းတာေပါ့။ ဒီလိုပဲ စားေသာက္ဆိုင္ ေပါင္းစုံရဲ႕ မီးခိုးေခါင္း တုိင္က အလိပ္လိုက္ မည္းေနေအာင္ အူထြက္ ေနတဲ့ မီးခိုးေငြ႕ေတြလည္း ကင္းစင္ေစခ်င္တာပဲ။ ၿမိဳ႕တြင္း ဝင္ထြက္သြားလာ ေမာင္းႏွင္ေနၾကတဲ့ ေထာ္လာဂ်ီေတြ၊ ေျမသယ္ယာဥ္ေတြ၊ လမ္းႀကိတ္စက္ေတြ စတဲ့ ယာဥ္ေတြဆီက ထြက္တဲ့ မီးခိုးေငြ႕ေတြလည္း ကင္းစင္ေစခ်င္တာပါပဲ။ ဒါ့ အျပင္ ေဆးလိပ္ စီးကရက္ေတြကို ေပါေပါမ်ား မ်ား ေရာင္းတဲ့ဆိုင္ေတြ၊ အရက္ဘီယာေတြကို ႀကံဳသလို ဆုံသလို လြတ္လြတ္လပ္လပ္ ေရာင္း ခ်ခြင့္ ရွိေနတဲ့ဆုိင္ေတြ စတာေတြကိုလည္း ကင္းစင္ေစခ်င္ပါရဲ႕။ အထူးသျဖင့္ စာသင္ ေက်ာင္းအနီးက ကုန္စံုဆိုင္ေတြ၊ လမ္းေဘးဆုိင္ ေတြမွာ ေဆးလိပ္ စီးကရက္ အရက္ေတြေရာင္း ခ်ေနတာကိုလည္း ကင္းစင္ေစခ်င္ရဲ႕ဗ်ာ။
.
ေတာင္ႀကီးၿမိဳ႕ အတုိင္းအတာမွာ စာအုပ္စာ ေပေတြ ေရာင္းတဲ့ဆိုင္၊ ငွားဖတ္ခြင့္ရွိတဲ့ဆုိင္၊ စာၾကည့္တိုက္ေတြထက္ အရက္ဘီယာ ေဆးလိပ္စီးကရက္ ေရာင္းခ်တဲ့ ဆုိင္ေတြက အဆမတန္ ပိုမ်ားေနတယ္လို႔ ေျပာရင္ စာဖတ္သူေတြ ျငင္းမယ္ မထင္ပါဘူး။ ဒါ့အျပင္ အဆိုးဆံုးက ေက်ာင္းေတြနဲ႔ အနီးဆံုးမွာ အရက္ဘီယာ ဆုိင္းဘုတ္အႀကီးႀကီးေတြ ေထာင္ၿပီး ေရာင္းခ်ေနတဲ့ ဆိုင္ေတြကလည္း အမ်ားသား မဟုတ္လားဗ်။ ေဝးေဝးမၾကည့္နဲ႔ အထက (၁) ေက်ာင္းရဲ႕အေနာက္ဘက္က လမ္းေက်ာ္လိုက္တာနဲ႔ အရက္ ဘီယာ ေဆးလိပ္စီးကရက္ေတြေရာင္းတဲ့ ဆုိင္ တန္းေတြ အျပည့္။ အထက(၄)ရဲ႕ ေက်ာင္းဝင္ ေပါက္ ဂိတ္ႀကီးေရွ႕တည့္တည့္မွာ အရက္ဘီယာ ဆုိင္းဘုတ္ႀကီးေထာင္ၿပီး ေရာင္းေနတဲ့စား ေသာက္ဆိုင္က ကပ္လ်က္အေနအထားမွာ ရွိသလို ေက်ာင္းအေရွ႕ ဘက္မွာဆုိလည္း ကာရာ အိုေကလား အရက္၊ ဘီယာဘားလားမသိ နီး ကပ္စြာ ရွိေနပါရဲ႕ ဘယ္လို ေရႊဉာဏ္ေတာ္ စူး ေရာက္သူေတြကမ်ား ဘယ္လုိယူဆတြက္ခ်ကf္ၿပီး ခြင့္ျပဳခ်က္ လိုင္စင္ထုတ္ေပးလဲ မေျပာတတ္ ပါ။ ထိုနည္းတူ တစ္ၿမိဳ႕လံုး ေနရာအႏွံ႕မွာ အ ရက္ဘီယာ ေဆးလိပ္စတာေတြကို ေစ်းေပါေပါ နဲ႔ အတားအဆီးမရွိ၊ အသက္ျပည့္ မျပည့္မသိ၊ လြတ္လြတ္လပ္လပ္ ဝယ္လို႔ရေနတာမ်ိဳးကို မ ၾကပ္မတ္၊ မထိန္းသိမ္း၊ ဘယ္လို အေရးယူမႈမွ မရွိ မလုပ္ပါပဲ ''ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္ တစ္ခြင္''ဆိုၿပီး အူေၾကာင္ေၾကာင္ႏုိင္တဲ့ အလုပ္ ကို လုပ္တာ အလုပ္မရွိ ေၾကာင္ေရခ်ိဳးလို႔ေျပာ တဲ့ ကြၽန္ေတာ္မ်ိဳး မမွားေလာက္ဘူးလို႔ ထင္ပါ ရဲ႕။
.
ေနာက္ၿပီး ရွိေသးတယ္ဗ်။ ေတာင္ႀကီးၿမိဳ႕ ရဲ႕ အထင္ကရ ပြဲေတာ္ႀကီးျဖစ္တဲ့ တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္မိ်ဳးမွာ မုဒ္ဦး အဝင္ဝနားမွာ တစ္ခါသံုး ခြက္ေသးေသးေလးေတြနဲ႔ ပြဲေတာ္ လာတဲ့ လူေတြကို အရက္စတုဒိသာ ေပးေဝေန တာမ်ိဳး အံ့ၾသဖြယ္လုပ္ရပ္ကလည္း ရွိေသးတယ္ဗ်။ ဘယ္သူေသေသ ငေတမာဖို႔ ဘာမဆိုင္ လုပ္ဝံ့သူေတြနဲ႔ ခြင့္ျပဳသူေတြရဲ႕လက္ရဲဇက္ရဲလုပ္ ရပ္ေတြေပါ့။ ေဆးလိပ္စီးကရက္ကို တစ္ဆင့္ျပန္ လည္ေရာင္းခ်သူမ်ားကို ၾကပ္မတ္ေဆာင္ရြက္ျခင္း ဘာမွ မရွိတဲ့အျပင္ ေဆးလိပ္ကုမၸဏီအ ေရာင္းကားေတြက ေနရာတိုင္း မားကက္တင္း ဆင္း၊ ေတြ႕သမွ် ကုန္စံုဆိုင္ ကြမ္းယာဆိုင္ပါမ က်န္၊ ဘယ္လိုဆိုင္မ်ိဳးကိုမဆို သူ႕ပစၥည္းေရာင္း ရၿပီးေရာဆိုၿပီး လုပ္ခ်င္သလို လုပ္ခြင့္ေပးထား တာလည္း အံ့ၾသမဆံုး ျဖစ္မိပါတယ္။ အဆုိးဆံုး က မနက္ခင္း မိသားစု လက္ဖက္ရည္ဆုိင္ ထိုင္ေနခ်ိန္မွာ ဝတ္စံုတူညီဝတ္ထားတဲ့ ေဆးလိပ္အ ေရာင္း မိန္းကေလးေတြ တစ္ဝိုင္းဝင္ တစ္ဝိုင္း ထြက္ စီးကရက္ လိုက္ေရာင္းေနတာကိုပါ။ စား ပြဲဝိုင္းမွာ စားေသာက္ေနသူမ်ားထဲမွာ ကေလး ငယ္ေတြပါသလား။ အသက္မျပည့္ေသးတဲ့ လူ ငယ္လူရြယ္ေတြ ပါသလား။ သင့္ေတာ္လား မ သင့္ေတာ္လား ဘာမွကို မစဥ္းစားေတာ့တာပါ။ လက္ဘက္ရည္ဆုိင္ကို ဝင္ထိုင္လိုက္တာနဲ႔လက္ ဘက္ရည္၊ စားေသာက္စရာ ဘာမွ မမွာရခင္ အရင္ဦးဆံုးလာခ်တာက ေဆးလိပ္ပါ။ ေဆးလိပ္ကို ဒီေလာက္ လြတ္လပ္စြာ ေရာင္းခ်လို႔ရတာ ကမၻာမွာ ကြၽန္ေတာ္တို႔ ႏုိင္ငံပဲရွိေတာ့တယ္ထင္ပါရဲ႕။ ထိုနည္းတူပဲ အရက္၊ ဘီယာကိုလည္း တံဆိပ္ေပါင္းစံုနဲ႔ ေပါေပါမ်ားမ်ား ထုတ္ခ်င္သလို ထုတ္ခြင့္ ေရာင္းခ်င္သလို ေရာင္းခြင့္ ျပဳထားတာလည္း ကြၽန္ေတာ္တို႔ႏုိင္ငံပဲ ရွိေတာ့မယ္ ထင္ပါရဲ႕။
.
ဒီရက္ပိုင္း သတင္းတစ္ခု ဖတ္လိုက္ရတယ္။ အ႒မတန္း ျမန္မာစာမွာ သင္ေနရတဲ့ ''မယ္ ေခြ''ရဲ႕ ''လက္ေဆာင္'' ဆိုတဲ့ ကဗ်ာကို သင္ ႐ိုးၫႊန္းတမ္းက ထုတ္ပယ္လိုက္သတဲ့။ အေၾကာင္းကေတာ့ ကေလးေတြ အတုယူမွားၿပီး ေဆးလိပ္ေတြ ေသာက္တတ္လာမွာစိုးလို႕တဲ့။ အံ့ၾသလို႕ကို မဆံုးပါဘူး။ အဲ့ဒီကဗ်ာဟာ ခ်စ္ ျခင္းေမတၱာကို ၫႊန္းဖြဲ႕ထားသလို ျမန္မာ့ဓေလ့ နဲ႔ သဘာဝကိုလည္း ပံုေဖာ္ထားတဲ့ ခပ္တိုတုိက ဗ်ာေလးပါ။ ကြၽန္ေတာ္တို႔ ေက်ာင္းသားအရြယ္ က အဲ့ကဗ်ာေလးကို အတုယူၿပီး ဆင္တူကဗ်ာ ေလးေတြ ေရးၾကည့္ခဲ့ၾကတယ္။ ဒီကဗ်ာကို န မူနာယူၿပီး ကာရံေတြ ေလ့လာခဲ့တယ္။ သိပ္ ေကာင္းတဲ့ ကဗ်ာကိုး။ ကြၽန္ေတာ္လည္ ေဆး လိပ္မေသာက္တတ္ခဲ့သလို သူငယ္ခ်င္းအမ်ား အျပားလည္း ေဆးလိပ္ေသာက္ရေကာင္းမွန္း မသိခဲ့ၾကပါဘူး။ အခုေတာ့ သင္႐ိုးက ျဖဳတ္ လုိက္ေလသတဲ့။ ေက်ာင္းအနီးဝန္းက်င္မွာေဆး လိပ္အရက္ ဘီယာ ဒီေလာက္ေပါမ်ားေနတာကို ထိန္းခ်ဳပ္ ၾကပ္မတ္ႏုိင္ျခင္း မရွိသလို တခ်ိဳ႕ ေသာ ေက်ာင္းေတြမွာ ေက်ာင္းတြင္းမုန္႔ဆိုင္ေတြ မွာ တိုးတိုးတိတ္တိတ္ စီးကရက္၊ ဘီယာေတြ ေရာင္းခ်ေပးေနတာမ်ိဳးေတာင္ မသိရွိ အေရး ယူမႈ မရွိဘဲနဲ႔ ကဗ်ာတစ္ပုဒ္ေၾကာင့္ ကေလး ေတြ ေဆးလိပ္ ေသာက္တတ္လာမွာကို စိုး ရိမ္လြန္တာကေတာ့ ဦးေႏွာက္မွ ေကာင္းၾက ေသးရဲ႕လား လို႔ ေမးရမလိုပါပဲ။ ကြၽန္ေတာ္တို႔ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕က ေဆးလိပ္ေငြ႕ ကင္းစင္ ရွမ္းျပည္တစ္ခြင္ ဆိုတဲ့ ဆုိင္းဘုတ္ ေထာင္တဲ့ သူေတြနဲ႔ အတူတူပါပဲလားလို႔ စဥ္း စားမိပါရဲ႕။
.
ဒါေၾကာင့္ ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္ တစ္ခြင္ ျဖစ္ခ်င္ရင္ ဆုိင္းဘုတ္ ေထာင္ၿပီး ဟန္ လုပ္ျပမေနပါနဲ႕။ အနာဂတ္တုိင္းျပည္ရဲ႕ ရတ နာေလးေတြ ေဆးလိပ္ေတြကို အလြယ္တကူ ဝယ္မရေအာင္ ေသာက္မရေအာင္ ၾကပ္မတ္ေပး ပါ။ တိက်တဲ့ ဥပေဒေတြ နည္းဥပေဒေတြ ျပ ဌာန္းၿပီး ထိန္းခ်ဳပ္ေပးပါ။ အရက္၊ ဘီယာ၊ စီး ကရက္ေတြကို ေစ်းႏႈန္းႀကီးျမင့္ေစၿပီး လက္ လွမ္းမမီႏုိင္ေအာင္ နဂိုေကာက္ေနတဲ့ အခြန္ႏႈန္း ထားထက္ အဆေပါင္းမ်ားစြာတိုးေကာက္ျခင္း နဲ႔ ထိန္းညိႇေပးပါ။ ထုတ္လုပ္သူေတြကို မည္ သည့္ အဖြဲ႕အစည္း အမည္နာမကိုမွ မၾကည့္ပါ ပဲ ျပည္သူ႕အနာဂတ္ကိုသာ မ်က္ႏွာမူၿပီး အခြန္ ေတြ တုိးေကာက္ျခင္းနဲ႔ ၾကပ္မတ္ေပးပါ။ စတိုး ဆိုင္လို႕ အမည္တပ္လိုက္တာနဲ႔ အရက္၊ဘီယာ၊ စီးကရက္ေတြကို တရားဝင္လိုလို ေရာင္းခ်ေန တဲ့ ဆိုင္ေတြကို အေရးယူေပးပါ။ သာသ နာ့နယ္ေျမ၊ ဘုရားေစတီရင္ျပင္၊ စာသင္ ေက်ာင္း၊ အမ်ားသူငွာ အပန္းေျဖ အနားယူရာ ေနရာ၊ အမ်ားနဲ႔ သက္ဆိုင္တဲ့ေနရာ စတဲ့ ေန ရာေတြမွာ လြတ္လပ္စြာ ေရာင္းခ်ခြင့္ သံုးစြဲ ေသာက္သံုးခြင့္ေတြကို တားဆီးေပးပါ။ အဲဒီ ေနရာေတြနဲ႔ ပတ္ပတ္လည္ ဘယ္ေလာက္ ကီလိုမီတာ အကြာအေဝးအတြင္း ေရာင္းခ် ျဖန္႔ျဖဴးျခင္း ခြင့္မျပဳလို႔ သတ္မွတ္ေပးပါ။ န ဂိုက ခြင့္ျပဳခ်က္လုိင္စင္ ခ်ေပးထားမႈ ေတြကို ျပန္လည္ စိစစ္ေပးပါ။ နယ္စပ္က ဝင္ႏုိင္တဲ့ လမ္းေၾကာင္းေတြကို အဂတိတရား ကင္း ရွင္းစြာနဲ႔ ထိန္းခ်ဳပ္အေရးယူ တားဆီးေပးပါ။ တိုင္းျပည္နဲ႔ လူမိ်ဳးအေပၚ အမွန္တကယ္ ေစတ နာထားတယ္ဆိုရင္ အသံေကာင္းဟစ္ၿပီး ဟန္ ျပလွဖို႔ ၤသမ ့်သတ ေတြ ေလွ်ာ့ပါ။ ျပည္သူလူ ထုအနားကို ဆင္းၾကည့္ပါ။ ပလႅင္ေပၚက ထိုင္ ေတာ္မူ မထပါဘဲ၊ ေအာက္ေျခက ေပးလာ တဲ့ ဆာေဗးေတြကို ၾကည့္ၿပီး အားရေတာ္မူ မ ေနပါနဲ႔။ ၿမိဳ႕တစ္ၿမိဳ႕လံုးမွာ စီးကရက္ ေဆးလိပ္ ေရာင္းခ်မႈ ေလ်ာ့ပါးလာရင္၊ အမ်ားနဲ႔ သက္ဆိုင္ တဲ့ ေနရာေတြမွာ စီးကရက္ေဆးလိပ္ေသာက္ သံုးမႈ ေလ်ာ့ပါးလာရင္ မင္းတရားႀကီးတို႔ ေမွ်ာ္ မွန္းထားတဲ့ ''ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္ တစ္ခြင္'' ဆိုတာ အလွမ္းမေဝးေတာ့ေၾကာင္းပါ။ သို႔မဟုတ္လွ်င္ေတာ့ ျပာသာျပာသည္ ဖြဲမထြက္ ဆိုတဲ့အတိုင္း အခ်ိန္ကုန္ေငြကုန္ၿပီး မင္းတရား ႀကီးတို႔ ေမာ မေမာ မသိေပမယ့္ ကြၽႏ္ုပ္တို႔ျပည္ သူေတြေတာ့ ေဆာင္ပုဒ္ေတြၾကား ဗ်ာမ်ားၿပီး ေမာပန္းလွၿပီ ျဖစ္ေၾကာင္း တင္ျပလိုက္ရပါတယ္ ခင္ဗ်ား။
.
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်ရဲ့ စီးကရက်နဲ့ အရက်
.
နေမျိုး (ချယ်ရီမြေ)
.
''ရင်လောက်မှန်းမှ ဒူးလောက်တင်''ဆိုတဲ့ ဆိုရိုးစကားကြောင့်လား မပြောတတ်။ ခေတ်အ ဆက်ဆက် ကျွန်တော်တို့ကို အုပ်ချုပ်မင်းလုပ် သူများဟာ အမြင့်ကြီးတွေကိုသာ မှန်းကြသဗျ။ ရင်လောက်မှန်းတာ မဟုတ်ဘူး နဖူးမက ငယ်ထိပ်ထိ တက်မှန်းတာဗျ။ ဒူးလောက်တင် မတင်တော့ ကျွန်တော်မျိုးလည်း မပြောတတ်ပေမယ့် တွေ့နေ ကြုံနေရတဲ့ ရလဒ်တွေကတော့ ဒူးမ တင်ပါဘဲ ခြေဖဝါးမှာခပြီး အဝီစိ ဂျိုးမကပ်တာပဲ ကံကောင်းလို့ ဆိုရမယ် ထင်ပါရဲ့။ ''ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်''ဆိုပြီး ကျွန် တော်တို့ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီး မြို့မှာ ဧရာမ မဟာဆိုင်းဘုတ်ကြီး ထောင်တာ တွေ့တွေ့နေရတယ်ဗျ။ ကောင်းတာလုပ်တာပဲ လို့ ထင်စရာရှိပေမယ့် ကျွန်တော့်လို လူအတွက်တော့ အဲ့ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ခပ်ပေါပေါ ခပ်ချာချာ အလုပ်ကို လုပ်သူများ၊ အလုပ်မရှိ ကြောင်ရေချိုး တိုင်းပြည် ဘဏ္ဍာဖြုန်းတီးနေသူ များလို့သာ ပြောလိုက်ချင်ပါရဲ့။ ကိုယ့်ဆောင်ပုဒ် ဟာ ဖြစ်နိုင်လား မဖြစ်နိုင်လား ထည့်စဉ်းစားဟန် မတူပါဘူး။ အလကားသက်သက် လူအ ထင်ကြီးအောင် လူရှိန်အောင် ဟန်ရေးပြတဲ့သ ဘောလား မပြောတတ်ပါ။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်လို့ ကြွေးကြော်လိုက်ခါမှ ခေါင်းပြန်မဖော်နိုင်လောက်အောင် နိမ့်ဆင်းသွား လိုက်သလိုမျိုး ဖြစ်နေမှာစိုးလို့ပါ။
.
ချမ်းသာပြီး ဖွံ့ဖြိုးပြီး ကမ္ဘာ့ဘယ်နိုင်ငံမှာမှ ဆေးလိပ်ငွေ့ကင်းစင် --- တခွင် ဆိုပြီး ဆိုင်း ဘုတ်ကြီးတွေ ထောင်ထားတာ မတွေ့ဖူးမကြား ဖူးဘူးဗျ။ ဆေးလိပ်မသောက်ရတဲ့ ကန့်သတ် နယ်မြေတွေတော့ နေရာတိုင်းမှာ ရှိပါတယ်။ ဒီလိုပဲ ဆေးလိပ်သောက်လို့ရတဲ့ နေရာတွေသတ် မှတ်ပေးထားပါတယ်။ ဆေးလိပ် စီးကရက်တွေ စျေးနှုန်း မြှင့်တင်ထားပြီး အခွန်အခတွေ အများကြီးကောက်တယ်ဗျ။ ဒါ့အပြင် ဆေးလိပ်စီးက ရက်တွေကို နေရာတကာမှာ ရောင်းချခွင့် မပေးထားသလို လာဝယ်သူ မှန်သမျှကိုလည်းရောင်းချခွင့် မပြုပါဘူး။ နိုင်ငံအလိုက် အသက်အရွယ် အပိုင်းအခြား အနည်းငယ် ကွဲလွဲနိုင်တာကလွဲရင် အများအားဖြင့် အသက် ၁၈ နှစ်ပြည့်မှ စီး ကရက် ဝယ်လို့ရတာဗျ။ အသက်မပြည့်ဘူးလို့ ရောင်းတဲ့သူက သံသယဝင်ရင် သက်သေခံကတ်ပြား တစ်ခုခုကို တောင်း ကြည့်နိုင်သလို မရောင်းဘဲ ငြင်းပယ်လို့လည်း ရတယ်ဗျ။ ဒါတွေဟာ ဆေးလိပ်စီးကရက် တစ်ခုထဲတင်မဟုတ်ဘဲ အရက်သေစာလည်း ဒီလိုပဲ သတ်မှတ်ထားပါတယ်။ ရောင်းပြီး ငွေရပြီးပြီးရော လုပ်လို့ မရ နို်င်အောင် ဥပဒေတွေနဲ့ ထိန်းချုပ်ထားပါတယ်။
.
ကျွန်တော်တို့လို ဆင်းရဲတွင်းနက်ပြီး ဖွံ့ဖြိုး ဆဲ နိုင်ငံမှာရော။ ထားပါ နိုင်ငံနဲ့ချီပြီး မပြော တော့ပါဘူး။ ကိုယ့်ရှမ်းပြည် နယ် တောင်ကြီးမြို့မှာ ဆေးလိပ်ငွေ့ ကင်းစင် ဘာညာဆိုပြီး လုပ် နေလေတော့ ကိုယ့်မြို့အကြောင်းပဲ ပြောတာပို ကောင်းပါတယ်။ ဆေးလိပ်ငွေ့ ကင်းစင်တော့ မကောင်းဘူးလား။ ကောင်းတာပေါ့။ ကျွန်တော့် လို ဆေးလိပ် မသောက်တတ်တဲ့ သူအဖို့လက် ဖက်ရည်ဆိုင်သွားရင် ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် အနီးအနား စားပွဲဝိုင်းတွေက သောက်တဲ့ ဆေးလိပ်ငွေ့ မရှူရှိုက်ရတော့ ကောင်းတာပေါ့။ ဒီလိုပဲ စားသောက်ဆိုင် ပေါင်းစုံရဲ့ မီးခိုးခေါင်း တိုင်က အလိပ်လိုက် မည်းနေအောင် အူထွက် နေတဲ့ မီးခိုးငွေ့တွေလည်း ကင်းစင်စေချင်တာပဲ။ မြို့တွင်း ဝင်ထွက်သွားလာ မောင်းနှင်နေကြတဲ့ ထော်လာဂျီတွေ၊ မြေသယ်ယာဉ်တွေ၊ လမ်းကြိတ်စက်တွေ စတဲ့ ယာဉ်တွေဆီက ထွက်တဲ့ မီးခိုးငွေ့တွေလည်း ကင်းစင်စေချင်တာပါပဲ။ ဒါ့ အပြင် ဆေးလိပ် စီးကရက်တွေကို ပေါပေါများ များ ရောင်းတဲ့ဆိုင်တွေ၊ အရက်ဘီယာတွေကို ကြုံသလို ဆုံသလို လွတ်လွတ်လပ်လပ် ရောင်း ချခွင့် ရှိနေတဲ့ဆိုင်တွေ စတာတွေကိုလည်း ကင်းစင်စေချင်ပါရဲ့။ အထူးသဖြင့် စာသင် ကျောင်းအနီးက ကုန်စုံဆိုင်တွေ၊ လမ်းဘေးဆိုင် တွေမှာ ဆေးလိပ် စီးကရက် အရက်တွေရောင်း ချနေတာကိုလည်း ကင်းစင်စေချင်ရဲ့ဗျာ။
.
တောင်ကြီးမြို့ အတိုင်းအတာမှာ စာအုပ်စာ ပေတွေ ရောင်းတဲ့ဆိုင်၊ ငှားဖတ်ခွင့်ရှိတဲ့ဆိုင်၊ စာကြည့်တိုက်တွေထက် အရက်ဘီယာ ဆေးလိပ်စီးကရက် ရောင်းချတဲ့ ဆိုင်တွေက အဆမတန် ပိုများနေတယ်လို့ ပြောရင် စာဖတ်သူတွေ ငြင်းမယ် မထင်ပါဘူး။ ဒါ့အပြင် အဆိုးဆုံးက ကျောင်းတွေနဲ့ အနီးဆုံးမှာ အရက်ဘီယာ ဆိုင်းဘုတ်အကြီးကြီးတွေ ထောင်ပြီး ရောင်းချနေတဲ့ ဆိုင်တွေကလည်း အများသား မဟုတ်လားဗျ။ ဝေးဝေးမကြည့်နဲ့ အထက (၁) ကျောင်းရဲ့အနောက်ဘက်က လမ်းကျော်လိုက်တာနဲ့ အရက် ဘီယာ ဆေးလိပ်စီးကရက်တွေရောင်းတဲ့ ဆိုင် တန်းတွေ အပြည့်။ အထက(၄)ရဲ့ ကျောင်းဝင် ပေါက် ဂိတ်ကြီးရှေ့တည့်တည့်မှာ အရက်ဘီယာ ဆိုင်းဘုတ်ကြီးထောင်ပြီး ရောင်းနေတဲ့စား သောက်ဆိုင်က ကပ်လျက်အနေအထားမှာ ရှိသလို ကျောင်းအရှေ့ ဘက်မှာဆိုလည်း ကာရာ အိုကေလား အရက်၊ ဘီယာဘားလားမသိ နီး ကပ်စွာ ရှိနေပါရဲ့ ဘယ်လို ရွှေဉာဏ်တော် စူး ရောက်သူတွေကများ ဘယ်လိုယူဆတွက်ချကf်ပြီး ခွင့်ပြုချက် လိုင်စင်ထုတ်ပေးလဲ မပြောတတ် ပါ။ ထိုနည်းတူ တစ်မြို့လုံး နေရာအနှံ့မှာ အ ရက်ဘီယာ ဆေးလိပ်စတာတွေကို စျေးပေါပေါ နဲ့ အတားအဆီးမရှိ၊ အသက်ပြည့် မပြည့်မသိ၊ လွတ်လွတ်လပ်လပ် ဝယ်လို့ရနေတာမျိုးကို မ ကြပ်မတ်၊ မထိန်းသိမ်း၊ ဘယ်လို အရေးယူမှုမှ မရှိ မလုပ်ပါပဲ ''ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည် တစ်ခွင်''ဆိုပြီး အူကြောင်ကြောင်နိုင်တဲ့ အလုပ် ကို လုပ်တာ အလုပ်မရှိ ကြောင်ရေချိုးလို့ပြော တဲ့ ကျွန်တော်မျိုး မမှားလောက်ဘူးလို့ ထင်ပါ ရဲ့။
.
နောက်ပြီး ရှိသေးတယ်ဗျ။ တောင်ကြီးမြို့ ရဲ့ အထင်ကရ ပွဲတော်ကြီးဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်မျိုးမှာ မုဒ်ဦး အဝင်ဝနားမှာ တစ်ခါသုံး ခွက်သေးသေးလေးတွေနဲ့ ပွဲတော် လာတဲ့ လူတွေကို အရက်စတုဒိသာ ပေးဝေနေ တာမျိုး အံ့သြဖွယ်လုပ်ရပ်ကလည်း ရှိသေးတယ်ဗျ။ ဘယ်သူသေသေ ငတေမာဖို့ ဘာမဆိုင် လုပ်ဝံ့သူတွေနဲ့ ခွင့်ပြုသူတွေရဲ့လက်ရဲဇက်ရဲလုပ် ရပ်တွေပေါ့။ ဆေးလိပ်စီးကရက်ကို တစ်ဆင့်ပြန် လည်ရောင်းချသူများကို ကြပ်မတ်ဆောင်ရွက်ခြင်း ဘာမှ မရှိတဲ့အပြင် ဆေးလိပ်ကုမ္ပဏီအ ရောင်းကားတွေက နေရာတိုင်း မားကက်တင်း ဆင်း၊ တွေ့သမျှ ကုန်စုံဆိုင် ကွမ်းယာဆိုင်ပါမ ကျန်၊ ဘယ်လိုဆိုင်မျိုးကိုမဆို သူ့ပစ္စည်းရောင်း ရပြီးရောဆိုပြီး လုပ်ချင်သလို လုပ်ခွင့်ပေးထား တာလည်း အံ့သြမဆုံး ဖြစ်မိပါတယ်။ အဆိုးဆုံး က မနက်ခင်း မိသားစု လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ ဝတ်စုံတူညီဝတ်ထားတဲ့ ဆေးလိပ်အ ရောင်း မိန်းကလေးတွေ တစ်ဝိုင်းဝင် တစ်ဝိုင်း ထွက် စီးကရက် လိုက်ရောင်းနေတာကိုပါ။ စား ပွဲဝိုင်းမှာ စားသောက်နေသူများထဲမှာ ကလေး ငယ်တွေပါသလား။ အသက်မပြည့်သေးတဲ့ လူ ငယ်လူရွယ်တွေ ပါသလား။ သင့်တော်လား မ သင့်တော်လား ဘာမှကို မစဉ်းစားတော့တာပါ။ လက်ဘက်ရည်ဆိုင်ကို ဝင်ထိုင်လိုက်တာနဲ့လက် ဘက်ရည်၊ စားသောက်စရာ ဘာမှ မမှာရခင် အရင်ဦးဆုံးလာချတာက ဆေးလိပ်ပါ။ ဆေးလိပ်ကို ဒီလောက် လွတ်လပ်စွာ ရောင်းချလို့ရတာ ကမ္ဘာမှာ ကျွန်တော်တို့ နိုင်ငံပဲရှိတော့တယ်ထင်ပါရဲ့။ ထိုနည်းတူပဲ အရက်၊ ဘီယာကိုလည်း တံဆိပ်ပေါင်းစုံနဲ့ ပေါပေါများများ ထုတ်ချင်သလို ထုတ်ခွင့် ရောင်းချင်သလို ရောင်းခွင့် ပြုထားတာလည်း ကျွန်တော်တို့နိုင်ငံပဲ ရှိတော့မယ် ထင်ပါရဲ့။
.
ဒီရက်ပိုင်း သတင်းတစ်ခု ဖတ်လိုက်ရတယ်။ အဋ္ဌမတန်း မြန်မာစာမှာ သင်နေရတဲ့ ''မယ် ခွေ''ရဲ့ ''လက်ဆောင်'' ဆိုတဲ့ ကဗျာကို သင် ရိုးညွှန်းတမ်းက ထုတ်ပယ်လိုက်သတဲ့။ အကြောင်းကတော့ ကလေးတွေ အတုယူမှားပြီး ဆေးလိပ်တွေ သောက်တတ်လာမှာစိုးလို့တဲ့။ အံ့သြလို့ကို မဆုံးပါဘူး။ အဲ့ဒီကဗျာဟာ ချစ် ခြင်းမေတ္တာကို ညွှန်းဖွဲ့ထားသလို မြန်မာ့ဓလေ့ နဲ့ သဘာဝကိုလည်း ပုံဖော်ထားတဲ့ ခပ်တိုတိုက ဗျာလေးပါ။ ကျွန်တော်တို့ ကျောင်းသားအရွယ် က အဲ့ကဗျာလေးကို အတုယူပြီး ဆင်တူကဗျာ လေးတွေ ရေးကြည့်ခဲ့ကြတယ်။ ဒီကဗျာကို န မူနာယူပြီး ကာရံတွေ လေ့လာခဲ့တယ်။ သိပ် ကောင်းတဲ့ ကဗျာကိုး။ ကျွန်တော်လည် ဆေး လိပ်မသောက်တတ်ခဲ့သလို သူငယ်ချင်းအများ အပြားလည်း ဆေးလိပ်သောက်ရကောင်းမှန်း မသိခဲ့ကြပါဘူး။ အခုတော့ သင်ရိုးက ဖြုတ် လိုက်လေသတဲ့။ ကျောင်းအနီးဝန်းကျင်မှာဆေး လိပ်အရက် ဘီယာ ဒီလောက်ပေါများနေတာကို ထိန်းချုပ် ကြပ်မတ်နိုင်ခြင်း မရှိသလို တချို့ သော ကျောင်းတွေမှာ ကျောင်းတွင်းမုန့်ဆိုင်တွေ မှာ တိုးတိုးတိတ်တိတ် စီးကရက်၊ ဘီယာတွေ ရောင်းချပေးနေတာမျိုးတောင် မသိရှိ အရေး ယူမှု မရှိဘဲနဲ့ ကဗျာတစ်ပုဒ်ကြောင့် ကလေး တွေ ဆေးလိပ် သောက်တတ်လာမှာကို စိုး ရိမ်လွန်တာကတော့ ဦးနှောက်မှ ကောင်းကြ သေးရဲ့လား လို့ မေးရမလိုပါပဲ။ ကျွန်တော်တို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင် ဆိုတဲ့ ဆိုင်းဘုတ် ထောင်တဲ့ သူတွေနဲ့ အတူတူပါပဲလားလို့ စဉ်း စားမိပါရဲ့။
.
ဒါကြောင့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည် တစ်ခွင် ဖြစ်ချင်ရင် ဆိုင်းဘုတ် ထောင်ပြီး ဟန် လုပ်ပြမနေပါနဲ့။ အနာဂတ်တိုင်းပြည်ရဲ့ ရတ နာလေးတွေ ဆေးလိပ်တွေကို အလွယ်တကူ ဝယ်မရအောင် သောက်မရအောင် ကြပ်မတ်ပေး ပါ။ တိကျတဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပြ ဌာန်းပြီး ထိန်းချုပ်ပေးပါ။ အရက်၊ ဘီယာ၊ စီး ကရက်တွေကို စျေးနှုန်းကြီးမြင့်စေပြီး လက် လှမ်းမမီနိုင်အောင် နဂိုကောက်နေတဲ့ အခွန်နှုန်း ထားထက် အဆပေါင်းများစွာတိုးကောက်ခြင်း နဲ့ ထိန်းညှိပေးပါ။ ထုတ်လုပ်သူတွေကို မည် သည့် အဖွဲ့အစည်း အမည်နာမကိုမှ မကြည့်ပါ ပဲ ပြည်သူ့အနာဂတ်ကိုသာ မျက်နှာမူပြီး အခွန် တွေ တိုးကောက်ခြင်းနဲ့ ကြပ်မတ်ပေးပါ။ စတိုး ဆိုင်လို့ အမည်တပ်လိုက်တာနဲ့ အရက်၊ဘီယာ၊ စီးကရက်တွေကို တရားဝင်လိုလို ရောင်းချနေ တဲ့ ဆိုင်တွေကို အရေးယူပေးပါ။ သာသ နာ့နယ်မြေ၊ ဘုရားစေတီရင်ပြင်၊ စာသင် ကျောင်း၊ အများသူငှာ အပန်းဖြေ အနားယူရာ နေရာ၊ အများနဲ့ သက်ဆိုင်တဲ့နေရာ စတဲ့ နေ ရာတွေမှာ လွတ်လပ်စွာ ရောင်းချခွင့် သုံးစွဲ သောက်သုံးခွင့်တွေကို တားဆီးပေးပါ။ အဲဒီ နေရာတွေနဲ့ ပတ်ပတ်လည် ဘယ်လောက် ကီလိုမီတာ အကွာအဝေးအတွင်း ရောင်းချ ဖြန့်ဖြူးခြင်း ခွင့်မပြုလို့ သတ်မှတ်ပေးပါ။ န ဂိုက ခွင့်ပြုချက်လိုင်စင် ချပေးထားမှု တွေကို ပြန်လည် စိစစ်ပေးပါ။ နယ်စပ်က ဝင်နိုင်တဲ့ လမ်းကြောင်းတွေကို အဂတိတရား ကင်း ရှင်းစွာနဲ့ ထိန်းချုပ်အရေးယူ တားဆီးပေးပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် အမှန်တကယ် စေတ နာထားတယ်ဆိုရင် အသံကောင်းဟစ်ပြီး ဟန် ပြလှဖို့ င်္သမ ျ့သတ တွေ လျှော့ပါ။ ပြည်သူလူ ထုအနားကို ဆင်းကြည့်ပါ။ ပလ္လင်ပေါ်က ထိုင် တော်မူ မထပါဘဲ၊ အောက်ခြေက ပေးလာ တဲ့ ဆာဗေးတွေကို ကြည့်ပြီး အားရတော်မူ မ နေပါနဲ့။ မြို့တစ်မြို့လုံးမှာ စီးကရက် ဆေးလိပ် ရောင်းချမှု လျော့ပါးလာရင်၊ အများနဲ့ သက်ဆိုင် တဲ့ နေရာတွေမှာ စီးကရက်ဆေးလိပ်သောက် သုံးမှု လျော့ပါးလာရင် မင်းတရားကြီးတို့ မျှော် မှန်းထားတဲ့ ''ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည် တစ်ခွင်'' ဆိုတာ အလှမ်းမဝေးတော့ကြောင်းပါ။ သို့မဟုတ်လျှင်တော့ ပြာသာပြာသည် ဖွဲမထွက် ဆိုတဲ့အတိုင်း အချိန်ကုန်ငွေကုန်ပြီး မင်းတရား ကြီးတို့ မော မမော မသိပေမယ့် ကျွန်ုပ်တို့ပြည် သူတွေတော့ ဆောင်ပုဒ်တွေကြား ဗျာများပြီး မောပန်းလှပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
.

No comments:

Post a Comment

Journal Download

Photo of three cats