ဝါးျပားအဝင္လမ္းတြင္ လမ္းမေပၚအထိ တက္ေရာက္ ရပ္နားထားသည့္ ယာဥ္မ်ားေၾကာင့္ ယာဥ္အႏၲရာယ္ ျဖစ္ေပၚလာမည္ကို စိုးရိမ္ေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, June 20, 2019

ဝါးျပားအဝင္လမ္းတြင္ လမ္းမေပၚအထိ တက္ေရာက္ ရပ္နားထားသည့္ ယာဥ္မ်ားေၾကာင့္ ယာဥ္အႏၲရာယ္ ျဖစ္ေပၚလာမည္ကို စိုးရိမ္ေနရ

ေအာင္ဆန္းဝင္း
.
ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစု ရပ္ကြက္၊ ဝါးျပားလမ္းဆံု မီးပြိဳင့္အ နီးရွိ ဝါးျပားအဝင္လမ္းတြင္ လမ္းမ ေပၚအထိ တက္ေရာက္ရပ္ နားထား သည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ မီးပြိဳင့္မီး နီေနစဥ္ တစ္ဘက္ယာဥ္ေၾကာ အထိ တက္ေရာက္ ရပ္နားၾကသည့္ ေမာ္ ေတာ္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္ မ်ားေၾကာင့္ ယာဥ္အႏၲရာယ္၊ လမ္း အႏၲရာယ္ ျဖစ္ေပၚလာမည္ကို စိုးရိမ္ ေနရေၾကာင္း သိရသည္။
.
.
အဆိုပါ ဝါးျပား အတက္လမ္း (တိုင္းရင္းသား ေပါင္းစံုသုသာန္သြား ရာလမ္း)သည္ ကားငယ္၂ စီး ေရွာင္ ႏိုင္႐ံုသာ က်ယ္ဝန္းၿပီး ကားႀကီးမ်ား၊ အုတ္သဲေက်ာက္ တင္ေဆာင္သည့္ ယာဥ္မ်ား၊ ကုန္တင္/ကုန္ခ် ျပဳလုပ္ သည့္ ေခါက္တိုယာဥ္မ်ား ဝင္ထြက္ သြားလာခ်ိန္တြင္ မၾကာခဏ ယာဥ္ ေၾကာ ပိတ္ဆို႔မႈမ်ား ျဖစ္ေပၚေနၿပီး ယာဥ္တိုက္မႈလည္း မၾကာခဏ ျဖစ္ ပြားေလ့ရွိေၾကာင္း သိရသည္။

.
''ဝါးျပားအဝင္လမ္းက ေတာ္ ေတာ္ေလးက်ဥ္းတယ္။ ကားငယ္ ၂ စီးေတာင္ မနည္းလြတ္ေအာင္ ေရွာင္ ရတယ္။ ကားႀကီးေတြဝင္တဲ့ အခ်ိန္ဆို လမ္းပိတ္ဆို႔မႈ မၾကာခဏ ျဖစ္တယ္။ ပိုဆိုးတာက လမ္းေပါက္ဝင္ လမ္းမ ေဘးမွာ ကားေလးေတြက လမ္းတစ္ ဝက္ေလာက္အထိ တက္ရပ္ထားခဲ့ၿပီး လူေတြက ဘယ္ေရာက္ေနမွန္း မသိ ေတာ့ အဝင္အထြက္ ကားေတြနဲ႔လမ္း ပိတ္ကုန္တယ္။ စည္းကမ္းတက် ျဖစ္ ေအာင္ တာဝန္ရွိတဲ့ သူေတြအေနနဲ႔ ေဆာင္ရြက္ေပးသင့္ပါတယ္''ဟု ဝါး ျပားလမ္းဆံုအနီး ေနထိုင္သူ ေဒသခံ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
ေန႔စဥ္ မြန္းလြဲပိုင္းတြင္ ေတာင္ ႀကီးၿမိဳ႕ေပၚရွိ နာေရးယာဥ္တန္းမ်ား အားလံုး အဆိုပါ ဝါးျပားလမ္းမွ သြား လာေနသည့္အတြက္ လမ္းေပါက္ ဝတြင္ စည္းကမ္းမဲ့ တက္ရပ္ထား သည့္ ယာဥ္မ်ားရွိပါက အခက္အခဲ ျဖစ္ေပၚေစၿပီး က်န္လမ္းအသံုးျပဳသူ မ်ားအတြက္လည္း စိတ္အေႏွာင့္ အ ယွက္ျဖစ္ေပၚရေၾကာင္း သိရသည္။
.
''ေန႔လယ္ ၁၂ နာရီေနာက္ပိုင္း ဆို နာေရးယာဥ္တန္းေတြ လာတယ္။ တစ္ခါတေလ ၂ ခု၊ ၃ ခု ဆံုၿပီး ေရာက္လာတယ္။ လမ္းကက်ဥ္း ပါတယ္ဆို လမ္းေပါက္ဝေပၚ တက္ ရပ္ထားတဲ့ ကားရွိေနရင္ ကားတန္း ရွည္ႀကီးနဲ႔ အကုန္ ႐ႈပ္ယွက္ခတ္ ကုန္ေရာ။ ကားသာ တက္ေမာင္းေန ၾကတာ။ ယာဥ္စည္းကမ္း၊ လမ္းစည္း ကမ္းေတြ မသိေတာ့ ေတာ္ေတာ္ ေလး စိတ္ပ်က္စရာ ေကာင္းပါတယ္'' ဟု ဝါးျပားလမ္းဆံုတြင္ အငွားယာဥ္ ေမာင္းႏွင္သူ ကိုမ်ိဳးက ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ အဆိုပါ ဝါးျပားလမ္းအျပင္ အခ်ိဳ႕ေသာ ေန ရာမ်ားတြင္လည္း စည္းကမ္းမဲ့ ယာဥ္ ရပ္နားမႈမ်ားေၾကာင့္ ယာဥ္ေၾကာ ပိတ္ဆို႔မႈမ်ား မၾကာခဏ ျဖစ္ေပၚေန ရသည့္အတြက္ တာဝန္ရွိသူမ်ား အ ေနျဖင့္ အေရးယူ ေဆာင္ရြက္ေပးရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
 
ဝါးပြားအဝင်လမ်းတွင် လမ်းမပေါ်အထိ တက်ရောက် ရပ်နားထားသည့် ယာဉ်များကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရ
.
အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ ဝါးပြားလမ်းဆုံ မီးပွိုင့်အ နီးရှိ ဝါးပြားအဝင်လမ်းတွင် လမ်းမ ပေါ်အထိ တက်ရောက်ရပ် နားထား သည့် မော်တော်ယာဉ်များနှင့် မီးပွိုင့်မီး နီနေစဉ် တစ်ဘက်ယာဉ်ကြော အထိ တက်ရောက် ရပ်နားကြသည့် မော် တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များကြောင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ် နေရကြောင်း သိရသည်။
.
အဆိုပါ ဝါးပြား အတက်လမ်း (တိုင်းရင်းသား ပေါင်းစုံသုသာန်သွား ရာလမ်း)သည် ကားငယ်၂ စီး ရှောင် နိုင်ရုံသာ ကျယ်ဝန်းပြီး ကားကြီးများ၊ အုတ်သဲကျောက် တင်ဆောင်သည့် ယာဉ်များ၊ ကုန်တင်/ကုန်ချ ပြုလုပ် သည့် ခေါက်တိုယာဉ်များ ဝင်ထွက် သွားလာချိန်တွင် မကြာခဏ ယာဉ် ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ယာဉ်တိုက်မှုလည်း မကြာခဏ ဖြစ် ပွားလေ့ရှိကြောင်း သိရသည်။
.
''ဝါးပြားအဝင်လမ်းက တော် တော်လေးကျဉ်းတယ်။ ကားငယ် ၂ စီးတောင် မနည်းလွတ်အောင် ရှောင် ရတယ်။ ကားကြီးတွေဝင်တဲ့ အချိန်ဆို လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်တယ်။ ပိုဆိုးတာက လမ်းပေါက်ဝင် လမ်းမ ဘေးမှာ ကားလေးတွေက လမ်းတစ် ဝက်လောက်အထိ တက်ရပ်ထားခဲ့ပြီး လူတွေက ဘယ်ရောက်နေမှန်း မသိ တော့ အဝင်အထွက် ကားတွေနဲ့လမ်း ပိတ်ကုန်တယ်။ စည်းကမ်းတကျ ဖြစ် အောင် တာဝန်ရှိတဲ့ သူတွေအနေနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်''ဟု ဝါး ပြားလမ်းဆုံအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နေ့စဉ် မွန်းလွဲပိုင်းတွင် တောင် ကြီးမြို့ပေါ်ရှိ နာရေးယာဉ်တန်းများ အားလုံး အဆိုပါ ဝါးပြားလမ်းမှ သွား လာနေသည့်အတွက် လမ်းပေါက် ဝတွင် စည်းကမ်းမဲ့ တက်ရပ်ထား သည့် ယာဉ်များရှိပါက အခက်အခဲ ဖြစ်ပေါ်စေပြီး ကျန်လမ်းအသုံးပြုသူ များအတွက်လည်း စိတ်အနှောင့် အ ယှက်ဖြစ်ပေါ်ရကြောင်း သိရသည်။
.
''နေ့လယ် ၁၂ နာရီနောက်ပိုင်း ဆို နာရေးယာဉ်တန်းတွေ လာတယ်။ တစ်ခါတလေ ၂ ခု၊ ၃ ခု ဆုံပြီး ရောက်လာတယ်။ လမ်းကကျဉ်း ပါတယ်ဆို လမ်းပေါက်ဝပေါ် တက် ရပ်ထားတဲ့ ကားရှိနေရင် ကားတန်း ရှည်ကြီးနဲ့ အကုန် ရှုပ်ယှက်ခတ် ကုန်ရော။ ကားသာ တက်မောင်းနေ ကြတာ။ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းတွေ မသိတော့ တော်တော် လေး စိတ်ပျက်စရာ ကောင်းပါတယ်'' ဟု ဝါးပြားလမ်းဆုံတွင် အငှားယာဉ် မောင်းနှင်သူ ကိုမျိုးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် အဆိုပါ ဝါးပြားလမ်းအပြင် အချို့သော နေ ရာများတွင်လည်း စည်းကမ်းမဲ့ ယာဉ် ရပ်နားမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေ ရသည့်အတွက် တာဝန်ရှိသူများ အ နေဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats