ရွမ္းျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ တကၠသိုလ္၀င္တန္းစာေမးပြဲေအာင္ခ်က္ ယခင္ႏွစ္ထက္ အနည္းငယ္ ေလ်ာ့က် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, June 8, 2019

ရွမ္းျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ တကၠသိုလ္၀င္တန္းစာေမးပြဲေအာင္ခ်က္ ယခင္ႏွစ္ထက္ အနည္းငယ္ ေလ်ာ့က်


ကေမၻာဇတိုင္း
.
၂၀၁၉ ခုႏွစ္၊ တကၠသိုလ္၀င္တန္းစာေမးပြဲေအာင္စာရင္းမ်ားကို ယေန႔ ဇြန္လ ၈ ရက္၊ နံနက္ ၆ နာရီအခ်ိန္မွစတင္၍ ထုတ္ျပန္ခဲ့ရာ ရွမ္းျပည္နယ္အတြင္း တကၠသိုလ္၀င္တန္းေအာင္ခ်က္ရာခိုင္ႏႈန္း ယခင္ႏွစ္ထက္ အနည္းငယ္ ေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။
.
.
ရွမ္းျပည္နယ္တစ္ခုလံုးတြင္ ဘာသာတြဲ အသီးသီးအတြက္ ေျဖဆိုသူ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း ၅၆၅၅၈ ဦး ရွိသည့္အနက္ ၁၅၉၈၀ ဦး ေအာင္ျမင္သည့္အတြက္ ရာခိုင္ႏႈန္းအားျဖင့္ ၂၈ ဒသမ ၂၅ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့သည္။ ယခင္ႏွစ္ ၂၀၁၈ ခုႏွစ္ တကၠသိုလ္စာေမးပြဲ၌ ရွမ္းျပည္နယ္ တစ္ခုလံုးတြင္ ေအာင္ခ်က္ရာခိုင္ႏႈန္း ၂၉ ဒသမ ၅၉ ရာခိုင္ႏႈန္း ရွိခဲ့ရာ ယခုႏွစ္တြင္ ေအာင္ခ်က္ရာခိုင္ႏႈန္း အနည္းငယ္ ေလ်ာ့က်ခဲ့ျခင္း ျဖစ္သည္။
.
ဂုဏ္ထူးရဘာသာမ်ားအေနျဖင့္ ေျခာက္ဘာသာ ဂုဏ္ထူးရရွိသူ ၄ ဦး၊ ငါးဘာသာဂုဏ္ထူးရရွိသူ ၂၁ ဦး၊ ေလးဘာသာ ဂုဏ္ထူးရရွိသူ ၃၈  ဦး၊ သံုးဘာသာ ဂုဏ္ထူးရရွိသူ ၁၁၃ ဦး၊ ႏွစ္ဘာသာ ဂုဏ္ထူးရရွိသူ ၂၄၇ ဦးႏွင့္ တစ္ဘာသာဂုဏ္ထူးရရွိသူ ၁၆၁၁ ဦး၊ စုစုေပါင္း ၂၀၃၄ ဦးရွိေၾကာင္း သိရသည္။
.
အဆိုပါ တကၠသိုလ္၀င္တန္း ေအာင္စာရင္းမ်ားကို စာစစ္ဌာနအသီးသီးႏွင့္ သက္ဆုိင္ရာ ပညာေရးမွဴး႐ံုးမ်ားတြင္ သြားေရာက္ၾကည့္႐ႈႏုိင္သလို ရွမ္းျပည္နယ္အတြင္းရွိ ေအာင္စာရင္း မ်ားကို ပညာေရး၀န္ႀကီးဌာန၏ တရား၀င္ထုတ္ျပန္ထားေသာ ၀က္ဘ္ဆိုဒ္စာမ်က္ႏွာတြင္လည္း ၀င္ေရာက္ၾကည့္႐ႈႏုိင္ေၾကာင္း သိရသည္။
.
ရှမ်းပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ယခင်နှစ်ထက် အနည်းငယ် လျော့ကျ
.
ကမ္ဘောဇတိုင်း
.
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၆ နာရီအချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် အနည်းငယ် လျော့ကျခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင် ဘာသာတွဲ အသီးသီးအတွက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၆၅၅၈ ဦး ရှိသည့်အနက် ၁၅၉၈၀ ဦး အောင်မြင်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ ယခင်နှစ် ၂၀၁၈ ခုနှစ် တက္ကသိုလ်စာမေးပွဲ၌ ရှမ်းပြည်နယ် တစ်ခုလုံးတွင် အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့ရာ ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း အနည်းငယ် လျော့ကျခဲ့ခြင်း ဖြစ်သည်။
.
ဂုဏ်ထူးရဘာသာများအနေဖြင့် ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ ၄ ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၂၁ ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိသူ ၃၈  ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ ၁၁၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ ၂၄၇ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၆၁၁ ဦး၊ စုစုပေါင်း ၂၀၃၄ ဦးရှိကြောင်း သိရသည်။
.
အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို စာစစ်ဌာနအသီးသီးနှင့် သက်ဆိုင်ရာ ပညာရေးမှူးရုံးများတွင် သွားရောက်ကြည့်ရှုနိုင်သလို ရှမ်းပြည်နယ်အတွင်းရှိ အောင်စာရင်း များကို ပညာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)