မယ္ဆိုင္ေခ်ာင္း မတိမ္ေကာေရးႏွင့္ ေရစီးေရလာ ေကာင္းမြန္ေရးအတြက္ ျမန္မာ-ထိုင္း ပူးေပါင္း ေဆာင္ရြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, June 8, 2019

မယ္ဆိုင္ေခ်ာင္း မတိမ္ေကာေရးႏွင့္ ေရစီးေရလာ ေကာင္းမြန္ေရးအတြက္ ျမန္မာ-ထိုင္း ပူးေပါင္း ေဆာင္ရြက္


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပိုင္ မယ္ဆိုင္ေခ်ာင္း ေရစီးေရလာေကာင္းမြန္ ေစေရးအတြက္ တာခ်ီလိတ္ၿမိဳ႕ဘက္ျခမ္း ေရေခ်ာင္းအတြင္း ယႏၲရားမ်ား ျဖင့္ တူးေဖာ္မႈ လုပ္ငန္းမ်ားကို ေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
.
''ယႏၲရားေတြနဲ႔ တူးေဖာ္မႈလုပ္ ငန္းကို စတင္ေနပါၿပီ။ ေဆာင္ရြက္ ေနမႈအေပၚ ႏွစ္ႏုိင္ငံတာဝန္ရွိသူေတြ ကြင္းဆင္း ၾကည့္႐ႈတာေပါ့၊ မိုးရာသီ ကလည္း စတင္လာၿပီဆိုေတာ့ ေရစီး ေရလာ ေကာင္းမြန္လာရင္ ႏွစ္ႏုိင္ငံ ေတာင္သူေတြ အေနနဲ႔လည္း စိုက္ ပ်ဳိးေရး လုပ္ငန္းအတြက္ အဆင္ေျပ သြားပါလိမ့္မယ္''ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။
.
ႏွစ္ႏိုင္ငံပိုင္ မယ္ဆိုင္ေခ်ာင္း၏ ျမန္မာဘက္ျခမ္းတြင္ တိမ္ေကာေနမႈ မ်ား ရိွေနသျဖင့္ တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရး မွဴးႏွင့္ တာဝန္ရိွသူမ်ား၊ မယ္ဆိုင္ၿမိဳ႕ပိုင္ႏွင့္ တာဝန္ရိွသူမ်ားက ေမ ၂၆ ရက္တြင္ ေရႊနန္းေတာ္ကုန္ တိုက္ အစည္းအေဝးခန္းမ၌ အလြတ္ သေဘာ ေတြ႔ဆံုကာ ေခ်ာင္းေရ ညီ တူညီမွ် ခြဲေဝသံုးစြဲႏိုင္ေရး ေဆြးေႏြးခဲ့ၿပီး မယ္ဆိုင္ ေခ်ာင္းတစ္ေလွ်ာက္ ေရလမ္းေၾကာင္း ျပန္လည္ ေကာင္း မြန္ေရးအတြက္ ယႏၲရားမ်ားျဖင့္ ႏွစ္ ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ တူးေဖာ္ရန္ သေဘာတူညီမႈ ရရိွခဲ့ျခင္း ျဖစ္သည္။
.
ေရေခ်ာင္းအတြင္း ယႏၲယားမ်ားျဖင့္ တူးေဖာ္မႈ လုပ္ငန္းေနရာမ်ားသို႔ တာခ်ီလိတ္ခ႐ိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ ႏိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္း ေျမ့ေစာ ဦးေဆာင္ေသာ ျမန္မာႏိုင္ငံ တာဝန္ရွိသူမ်ား၊  ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ ၿမိဳ႕ပိုင္ ႏိုင္းဆုမ္ဆခနာခမ္း ဦးေဆာင္ ေသာ ထိုင္းႏုိင္ငံ တာဝန္ရွိသူမ်ားက ကြင္းဆင္း ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
မယ်ဆိုင်ချောင်း မတိမ်ကောရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြန်မာ-ထိုင်း ပူးပေါင်း ဆောင်ရွက်
.
မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်း နှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန် စေရေးအတွက် တာချီလိတ်မြို့ဘက်ခြမ်း ရေချောင်းအတွင်း ယန္တရားများ ဖြင့် တူးဖော်မှု လုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
''ယန္တရားတွေနဲ့ တူးဖော်မှုလုပ် ငန်းကို စတင်နေပါပြီ။ ဆောင်ရွက် နေမှုအပေါ် နှစ်နိုင်ငံတာဝန်ရှိသူတွေ ကွင်းဆင်း ကြည့်ရှုတာပေါ့၊ မိုးရာသီ ကလည်း စတင်လာပြီဆိုတော့ ရေစီး ရေလာ ကောင်းမွန်လာရင် နှစ်နိုင်ငံ တောင်သူတွေ အနေနဲ့လည်း စိုက် ပျိုးရေး လုပ်ငန်းအတွက် အဆင်ပြေ သွားပါလိမ့်မယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
နှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း၏ မြန်မာဘက်ခြမ်းတွင် တိမ်ကောနေမှု များ ရှိနေသဖြင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများ၊ မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများက မေ ၂၆ ရက်တွင် ရွှေနန်းတော်ကုန် တိုက် အစည်းအဝေးခန်းမ၌ အလွတ် သဘော တွေ့ဆုံကာ ချောင်းရေ ညီ တူညီမျှ ခွဲဝေသုံးစွဲနိုင်ရေး ဆွေးနွေးခဲ့ပြီး မယ်ဆိုင် ချောင်းတစ်လျှောက် ရေလမ်းကြောင်း ပြန်လည် ကောင်း မွန်ရေးအတွက် ယန္တရားများဖြင့် နှစ် နိုင်ငံ ပူးပေါင်းဆောင်ရွက် တူးဖော်ရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
.
ရေချောင်းအတွင်း ယန္တယားများဖြင့် တူးဖော်မှု လုပ်ငန်းနေရာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့် နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်း မြေ့စော ဦးဆောင်သော မြန်မာနိုင်ငံ တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့ပိုင် နိုင်းဆုမ်ဆခနာခမ်း ဦးဆောင် သော ထိုင်းနိုင်ငံ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats