ရွမ္းအေရွ႕၌ အေျခခံပညာ ေက်ာင္းေပါင္း ၁၄၅ ေက်ာင္း အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 7, 2019

ရွမ္းအေရွ႕၌ အေျခခံပညာ ေက်ာင္းေပါင္း ၁၄၅ ေက်ာင္း အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရရွိ


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသရွိ က်ိဳင္းတံုခ႐ိုင္၊ တာခ်ီလိတ္ခ႐ိုင္ႏွင့္ မိုင္းဆတ္ခ႐ိုင္မ်ားမွ ၿမိဳ႕နယ္မ်ားတြင္ အေျခခံပညာ ေက်ာင္းေပါင္း ၁၄၅ ေက်ာင္း အဆင့္ျမႇင့္တင္ ဖြင့္လွစ္ရန္ ပညာေရးဝန္ႀကီးဌာနမွ ခြင့္ျပဳခ်က္ ရ ရွိခဲ့ၿပီး ယင္း ေက်ာင္းသစ္မ်ားတြင္ ေက်ာင္းအပ္လက္ခံ ေဆာင္ရြက္ေပးခဲ့ ေၾကာင္း သိရသည္။
.
.
ေက်ာင္းအဆင့္ တိုးျမႇင့္ဖြင့္လွစ္ ခြင့္ ရရွိခဲ့သည့္ ေက်ာင္းမ်ားမွာ အ ထကခြဲ ၂ ေက်ာင္း၊ အလက ၅ ေက်ာင္း၊ အလကခြဲ ၁၁ ေက်ာင္း၊ မူ လြန္ေက်ာင္း ၁၅ ေက်ာင္း၊ အမက ၆၆ ေက်ာင္းႏွင့္ အမကခြဲေက်ာင္း ၄၆ ေက်ာင္း၊ စုစုေပါင္း ၁၄၅ ေက်ာင္း ရွိသည္ဟု က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္ပညာေရးမွဴး (႐ံုးခြဲ)မွ သိရသည္။
.
ေက်ာင္းအဆင့္ တိုးျမႇင့္ဖြင့္လွစ္ခြင့္ ရရွိမႈႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္ပညာေရးမွဴး (႐ံုးခြဲ)မွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးတင့္ေဆြက ''ပညာေရးက႑တိုး တက္ဖြံ႕ၿဖိဳးဖို႔အတြက္ ႏိုင္ငံေတာ္ အစိုး ရနဲ႔ ပညာေရးဝန္ႀကီးဌာနရဲ႕ ေစတနာျဖစ္ပါတယ္။ ေက်ာင္းေနအရြယ္ ကေလးအားလံုး အေျခခံပညာသင္ ယူခြင့္ရၿပီး သက္ေမြးပညာနဲ႔ အဆင့္ျမင့္ တကၠသိုလ္ပညာေတြကို ဆက္လက္သင္ယူခြင့္ ရေစဖို႔အတြက္ ေဒသတာဝန္ရွိသူ ေတြနဲ႔ အုပ္ထိန္းသူ မိဘေတြက ဝိုင္းဝန္းအားျဖည့္ ကူညီ ေပးေစခ်င္ပါတယ္''ဟု ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ အေျခခံ ပညာေက်ာင္းေပါင္း ၁၄၅ ေက်ာင္း အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရရွိခဲ့မႈႏွင့္ ပတ္သက္၍ မိုင္းခတ္ၿမိဳ႕ေန ဦးေအးေမာင္က ''ဝမ္းသာ ႀကိဳဆိုပါတယ္။ ေဒသေန တိုင္းရင္းသား ကေလးေတြရဲ႕ ပညာသင္ယူဖို႔ အခြင့္အေရးေတြ ရသြားတာေပါ့။ တခ်ိဳ႕ဆိုရင္ ေသစာ၊ ရွင္စာေလးေတာင္ မဖတ္တတ္၊ မေရးတတ္နဲ႔ ဘာေရးထားမွန္း မသိတဲ့ စာခ်ဳပ္မွာ လက္ေဗြႏွိပ္ ေနၾကရဆဲ ျဖစ္ေနတာ စိတ္မေကာင္းပါဘူး'' ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ တြင္ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္က အေျခခံပညာ ေက်ာင္းေပါင္း ၈၇၉ ေက်ာင္း ရွိခဲ့ၿပီး ယင္းေက်ာင္းမ်ားတြင္ ပညာသင္ယူခဲ့သည့္ ေက်ာင္းသား/ ေက်ာင္းသူ စုစုေပါင္း တစ္သိန္းေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။
.
ရှမ်းအရှေ့၌ အခြေခံပညာ ကျောင်းပေါင်း ၁၄၅ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်များမှ မြို့နယ်များတွင် အခြေခံပညာ ကျောင်းပေါင်း ၁၄၅ ကျောင်း အဆင့်မြှင့်တင် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် ရ ရှိခဲ့ပြီး ယင်း ကျောင်းသစ်များတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
.
ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ် ခွင့် ရရှိခဲ့သည့် ကျောင်းများမှာ အ ထကခွဲ ၂ ကျောင်း၊ အလက ၅ ကျောင်း၊ အလကခွဲ ၁၁ ကျောင်း၊ မူ လွန်ကျောင်း ၁၅ ကျောင်း၊ အမက ၆၆ ကျောင်းနှင့် အမကခွဲကျောင်း ၄၆ ကျောင်း၊ စုစုပေါင်း ၁၄၅ ကျောင်း ရှိသည်ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူး (ရုံးခွဲ)မှ သိရသည်။
.
ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူး (ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ''ပညာရေးကဏ္ဍတိုး တက်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတော် အစိုး ရနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ စေတနာဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင် ယူခွင့်ရပြီး သက်မွေးပညာနဲ့ အဆင့်မြင့် တက္ကသိုလ်ပညာတွေကို ဆက်လက်သင်ယူခွင့် ရစေဖို့အတွက် ဒေသတာဝန်ရှိသူ တွေနဲ့ အုပ်ထိန်းသူ မိဘတွေက ဝိုင်းဝန်းအားဖြည့် ကူညီ ပေးစေချင်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အခြေခံ ပညာကျောင်းပေါင်း ၁၄၅ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့မှုနှင့် ပတ်သက်၍ မိုင်းခတ်မြို့နေ ဦးအေးမောင်က ''ဝမ်းသာ ကြိုဆိုပါတယ်။ ဒေသနေ တိုင်းရင်းသား ကလေးတွေရဲ့ ပညာသင်ယူဖို့ အခွင့်အရေးတွေ ရသွားတာပေါ့။ တချို့ဆိုရင် သေစာ၊ ရှင်စာလေးတောင် မဖတ်တတ်၊ မရေးတတ်နဲ့ ဘာရေးထားမှန်း မသိတဲ့ စာချုပ်မှာ လက်ဗွေနှိပ် နေကြရဆဲ ဖြစ်နေတာ စိတ်မကောင်းပါဘူး'' ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်က အခြေခံပညာ ကျောင်းပေါင်း ၈၇၉ ကျောင်း ရှိခဲ့ပြီး ယင်းကျောင်းများတွင် ပညာသင်ယူခဲ့သည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment