တာချီလိတ်တွင် ထိုင်းနိုင်ငံသားများထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, June 25, 2019


.
.
 .
.
ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ပီနိုင်(ခ)ညီညီနိုင်၏ နေအိမ်အား ဇွန် ၂၃ ရက် နံနက်ပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံသွားရောက်စစ်ဆေးရှာဖွေခဲ့ရာ နေအိမ်အတွင်း၌ ပီနိုင်(ခ)ညီညီနိုင်အား မတွေ့ရဘဲ အိမ်စောင့် ဖြစ်သူ စိုင်းဆိုင်မိုင်း(ခ)ကိုဇော်နှင့် စိုင်းဝမ်း(ဘ)ဦးအိုက်ဝမ်းတို့အား တွေ့ရှိရပြီးနေအိမ်အတွင်းမှ ပစ္စတိုသေနတ်မျိုးစုံ ရှစ်လက်၊ ၉ မမ CAI အမျိုး အစားသေနတ်တစ်လက်၊ အမ်-၂၂ သေနတ်(မှန်ပြောင်းပါ)တစ်လက်၊ အိပ်ခ်ျကေ-၃၃ သေနတ်တစ်လက်၊ တစ်လုံးထိုးသေနတ်အတိုတစ်လက်၊ ပွိုင့်-၂၂ သေနတ်(မှန်ပြောင်းပါ) ၂ လက်၊ လက်ဖြောင့်သေနတ်တစ်လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၁၄ဝ၆ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၄ ခုနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝဝ ပြား၊ ဘိန်းဖြူ ၆၆ဝ ဂရမ်ခန့်၊ အိုက်စ် ၂၇၃ ဂရမ်ခန့်၊ ကဖင်း ၄၇၃ ကီလိုဂရမ်(စုစုပေါင်း ဒေသတန်ဖိုးငွေကျပ် ၆၅၄ သိန်းကျော်)၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး၊ မော်တော်ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
.
ဆက်လက်၍ စိုင်းဆိုင်မိုင်း(ခ)ကိုဇော်နှင့် စိုင်းဝမ်း(ဘ)ဦးအိုက်ဝမ်းတို့၏ ထွက်ဆိုချက်အရ တာလေမြို့၊ မိုင်းလင်း (ရှေ့)အုပ်စု၊ မိုင်းလင်းကျေးရွာရှိ ပီနို(ခ)ညီညီနိုင်၏ နိုင်ရတနာရွှေတြိဂံအမည်ရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ ဂိုဒေါင်အား ဆက်လက်စစ်ဆေးရာ အာရ် ပီဂျီ တစ်လက်၊ အမ်-၂၂ သေနတ်(မှန်ပြောင်းပါ) တစ်လက်၊ ကျည်မျိုးစုံ ၁၃ဝ တောင့်၊ ကျည်အိမ်နှစ်ခု၊ ဆေးပြားရိုက်စက်တစ်လုံး၊ ဆေးပြားရိုက် ရာတွင်အသုံးပြုသော မို ၂၈ ချောင်း၊ ဆေးပြားအခြောက်ခံပန်း ၃ ခု၊ ဘက်ဟိုးယာဉ်တစ်စီး၊ မော်တော်ယာဉ် ၃ စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တို့အားလည်းကောင်း၊ မီးခံသေတ္တာအတွင်းမှ ပွိုင့် ၄၅ သေနတ် တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၄င်းကျည် ၈ တောင့်၊ ရွှေထည်မျိုးစုံ ၁၃ မျိုး၊ စုစုပေါင်း အလေးချိန် ၈၇၅ ဂရမ်ခန့်၊ ရွှေရည်စိမ် (အတု)မျိုးစုံ ၁၈ မျိုး၊ ငွေထည်ပစ္စည်းမျိုးစုံ ၁၁ မျိုး၊ ပတ္တမြားဟု ယူဆရသော အနီရောင် ကျောက်ရိုင်းမျိုးစုံ ၆ ထုပ်၊ စုစုပေါင်းအလေးချိန် ၁၂ ဒသမ ၃၉၃၅ ကီလို၊ ကျောက်စိမ်းပြား တစ်ချပ်၊ အလေးချိန် ၂၇၈ ဂရမ်ခန့်၊ ရောင်စုံကျောက်မျိုးစုံ ၁၂ မျိုး စုစုပေါင်းအပွင့်ရေ ၃ဝဝ ပွင့်၊ ဖုန်း/ဂျီပီအက်စ်/အသံဖမ်းစက်/Tablet တစ်လုံးစီ၊ စကားပြောစက် ၃ လုံး၊ အိုက်ကွန်အထိုင်စက် ၂ လုံးတို့အား လည်းကောင်းထပ်မံသိမ်းဆည်းရမိခဲ့သည်။
.
အဆိုပါဖြစ်စဉ်တွင် ပီနို(ခ)ညီညီနိုင်၏ နေအိမ်ခြံဝင်းနှင့် ၄င်းပိုင် နိုင်ရတနာရွှေတြိဂံအမည်ရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း နှစ်နေ ရာ၌ သိမ်းဆည်းရမိသည့် ကျပ်ငွေ ၆၅၄ သိန်းကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၁၅၄၄ တောင့်၊ မော်တော်ယာဉ်စုစုပေါင်း ၆ စီး၊ ဆိုင်ကယ် ၃ စီးတို့အား သိမ်း ဆည်းရမိသည်။
.
.
တာချီလိတ်တွင် ထိုင်းနိုင်ငံသားများထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နှင့် တာလေမြို့၊ မိုင်းလင်းကျေးရွာရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း၌ ဇွန်လ ၂၃ ရက်၊ ညပိုင်းက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကွင်းဆင်းအရ ငွေကျပ် ၆၅၄ သိန်းကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၁၅၄၄ တောင့်၊ မော်တော်ယာဉ် ၆ စီး၊ ဆိုင်ကယ် ၃ စီး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ်၊ ဖန်မင် ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ဇွန် ၂၂ ရက် ညနေပိုင်းတွင် တာလေ-မိုင်းလင်းမှ တာချီလိတ်သို့ ထိုင်းနိုင်ငံသား အနုချိုင်းကာတဲ မောင်းနှင်လာသည့် Super Benelli-300 အမျိုးအစား ဆိုင်ကယ်(လိုင်စင်မဲ့)အား ရပ် တန့်စစ်ဆေးရာ ၄င်းထံမှ ကျည်မျိုးစုံ ၆၉၇ တောင့်၊ ၉ မမကျည်အိမ် နှစ်ခု၊ အနံ့ဆေးရည်ပုလင်း ၁၂ ပုလင်းတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။
.
ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ပီနိုင်(ခ)ညီညီနိုင်၏ နေအိမ်အား ဇွန် ၂၃ ရက် နံနက်ပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံသွားရောက်စစ်ဆေးရှာဖွေခဲ့ရာ နေအိမ်အတွင်း၌ ပီနိုင်(ခ)ညီညီနိုင်အား မတွေ့ရဘဲ အိမ်စောင့် ဖြစ်သူ စိုင်းဆိုင်မိုင်း(ခ)ကိုဇော်နှင့် စိုင်းဝမ်း(ဘ)ဦးအိုက်ဝမ်းတို့အား တွေ့ရှိရပြီးနေအိမ်အတွင်းမှ ပစ္စတိုသေနတ်မျိုးစုံ ရှစ်လက်၊ ၉ မမ CAI အမျိုး အစားသေနတ်တစ်လက်၊ အမ်-၂၂ သေနတ်(မှန်ပြောင်းပါ)တစ်လက်၊ အိပ်ချ်ကေ-၃၃ သေနတ်တစ်လက်၊ တစ်လုံးထိုးသေနတ်အတိုတစ်လက်၊ ပွိုင့်-၂၂ သေနတ်(မှန်ပြောင်းပါ) ၂ လက်၊ လက်ဖြောင့်သေနတ်တစ်လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၁၄ဝ၆ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၄ ခုနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝဝ ပြား၊ ဘိန်းဖြူ ၆၆ဝ ဂရမ်ခန့်၊ အိုက်စ် ၂၇၃ ဂရမ်ခန့်၊ ကဖင်း ၄၇၃ ကီလိုဂရမ်(စုစုပေါင်း ဒေသတန်ဖိုးငွေကျပ် ၆၅၄ သိန်းကျော်)၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး၊ မော်တော်ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
.
ဆက်လက်၍ စိုင်းဆိုင်မိုင်း(ခ)ကိုဇော်နှင့် စိုင်းဝမ်း(ဘ)ဦးအိုက်ဝမ်းတို့၏ ထွက်ဆိုချက်အရ တာလေမြို့၊ မိုင်းလင်း (ရှေ့)အုပ်စု၊ မိုင်းလင်းကျေးရွာရှိ ပီနို်(ခ)ညီညီနိုင်၏ နိုင်ရတနာရွှေတြိဂံအမည်ရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ ဂိုဒေါင်အား ဆက်လက်စစ်ဆေးရာ အာရ် ပီဂျီ တစ်လက်၊ အမ်-၂၂ သေနတ်(မှန်ပြောင်းပါ) တစ်လက်၊ ကျည်မျိုးစုံ ၁၃ဝ တောင့်၊ ကျည်အိမ်နှစ်ခု၊ ဆေးပြားရိုက်စက်တစ်လုံး၊ ဆေးပြားရိုက် ရာတွင်အသုံးပြုသော မို ၂၈ ချောင်း၊ ဆေးပြားအခြောက်ခံပန်း ၃ ခု၊ ဘက်ဟိုးယာဉ်တစ်စီး၊ မော်တော်ယာဉ် ၃ စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တို့အားလည်းကောင်း၊ မီးခံသေတ္တာအတွင်းမှ ပွိုင့် ၄၅ သေနတ် တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၄င်းကျည် ၈ တောင့်၊ ရွှေထည်မျိုးစုံ ၁၃ မျိုး၊ စုစုပေါင်း အလေးချိန် ၈၇၅ ဂရမ်ခန့်၊ ရွှေရည်စိမ် (အတု)မျိုးစုံ ၁၈ မျိုး၊ ငွေထည်ပစ္စည်းမျိုးစုံ ၁၁ မျိုး၊ ပတ္တမြားဟု ယူဆရသော အနီရောင် ကျောက်ရိုင်းမျိုးစုံ ၆ ထုပ်၊ စုစုပေါင်းအလေးချိန် ၁၂ ဒသမ ၃၉၃၅ ကီလို၊ ကျောက်စိမ်းပြား တစ်ချပ်၊ အလေးချိန် ၂၇၈ ဂရမ်ခန့်၊ ရောင်စုံကျောက်မျိုးစုံ ၁၂ မျိုး စုစုပေါင်းအပွင့်ရေ ၃ဝဝ ပွင့်၊ ဖုန်း/ဂျီပီအက်စ်/အသံဖမ်းစက်/Tablet တစ်လုံးစီ၊ စကားပြောစက် ၃ လုံး၊ အိုက်ကွန်အထိုင်စက် ၂ လုံးတို့အား လည်းကောင်းထပ်မံသိမ်းဆည်းရမိခဲ့သည်။
.
အဆိုပါဖြစ်စဉ်တွင် ပီနို်(ခ)ညီညီနိုင်၏ နေအိမ်ခြံဝင်းနှင့် ၄င်းပိုင် နိုင်ရတနာရွှေတြိဂံအမည်ရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း နှစ်နေ ရာ၌ သိမ်းဆည်းရမိသည့် ကျပ်ငွေ ၆၅၄ သိန်းကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၁၅၄၄ တောင့်၊ မော်တော်ယာဉ်စုစုပေါင်း ၆ စီး၊ ဆိုင်ကယ် ၃ စီးတို့အား သိမ်း ဆည်းရမိသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါး/လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဆိုင်မိုင်း(ခ)ကိုဇော်(၄၁ နှစ်၊ စိုင်းဝမ်း(ခ)အိုက်ဝမ်း (၁၉ နှစ်) နှင့် ပီနိုင်(ခ)ညီညီနိုင်(ဖမ်းမမိသေး)(၄၃ နှစ်)တို့ ၃ ဦးအား တာချီလိတ်မြို့မရဲစခန်း တွင် မယ(ပ)၈၇/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၁၆(ခ)/၂၂(ခ)/၂၁ တို့ဖြင့် ဇွန် ၂၃ ရက်ည ၈ နာရီတွင် အမှုဖွင့်လှစ်ကာ အမှုမှ ကွင်းဆက်တရားခံ ပီနိုင်း(ခ)ညီညီနိုင်အား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့များ ဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats