တာခ်ီလိတ္၌ ငါးဂိမ္းခုံေလာင္းကစား ျပဳလုပ္သူ ၄ ဦးကို ဂိမ္းခုံမ်ားႏွင့္အတူ ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, June 10, 2019

တာခ်ီလိတ္၌ ငါးဂိမ္းခုံေလာင္းကစား ျပဳလုပ္သူ ၄ ဦးကို ဂိမ္းခုံမ်ားႏွင့္အတူ ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္တြင္ ဇြန္လ ၉ ရက္၊ ညပိုင္းက တရားမဝင္ ငါးဂိမ္းခုံေလာင္းကစား ျပဳလုပ္ေနသူ ၄ ဦးအား ဂိမ္းခံုမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
.
တာခ်ီလိတ္ၿမဳိ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ျမသဟာေဆး႐ုံသြားလမ္းအနီး၊ အခန္းအမွတ္(၁)ရွင္းရွဆိုင္ခန္း၌ ငါးဂိမ္းေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းအရ ဇြန္ ၉ ရက္ည ၁ဝ နာရီေက်ာ္ခန္႔တြင္ တာဝန္မွဴး ဒုရဲအုပ္ မင္းမင္းထြန္း၊ ေခတၱနယ္ထိန္းေခါင္းေဆာင္ ရဲအရာခံ ေက်ာ္ေဇယ် ဦးစီးနယ္ထိန္းအဖြဲ႕ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြရာ အမ်ဳိးသား ၃ ဦးႏွင့္ အမ်ဳိးသမီး ၁ ဦး၊ စုစုေပါင္း ၄ ဦးတို႔အား ေတြ႕ရွိရၿပီး ဆိုင္အတြင္း ေလာင္းကစားျပဳလုပ္ရာ၌ အသုံးျပဳေသာ ငါးဂိမ္းခုံ အႀကီး တစ္လုံး၊ အေသး ၅ လုံး၊ ေလာင္းကစားရာတြင္ အသုံးျပဳေသာ ထိုင္းဘတ္ေငြ စကၠဴႏွင့္ အေၾကြေစ့ေရာရာ ၄၃၇၃ဝ ဘတ္ တို႔အား ရွာေဖြေတြ႕ရွိခဲ့သည္။
.
''ကြၽန္ေတာ့္ဆီကို လာေရာက္တိုင္းတန္းတုန္းက တာခ်ီလိတ္ၿမိဳ႕ေပၚမွာ တရားမဝင္ ေလာင္းကစားေတြ လုပ္ေနတာေၾကာင့္ မိသားစုဝင္ေတြ စိတ္ဒုကၡေရာက္ေနတယ္၊ ဘဝေတြ ပ်က္စီးေနတယ္၊ တရားဥပေဒစိုးမိုးေရး ကိုလည္း ထိခိုက္ေနတဲ့ အေနအထားေတြရွိေနတဲ့အျပင္၊ လူငယ္လူရြယ္၊ ေက်ာင္းသား၊ ေက်ာင္းသူေတြကအစ ဒီဂိမ္းခုံေတြမွာ ပါဝင္ပတ္ သက္မႈရွိလာလို႔ ျပည္သူတစ္ဦးက လာေရာက္တန္းတိုင္းလို႔ ရဲတပ္ဖြဲ႕ႏွင့္အတူ ပါဝင္ေဆာင္ရြက္ေပးခဲ့ပါတယ္''ဟု ဖမ္းဆီးရာတြင္ ပါဝင္ခဲ့သည့္ လူမႈေရးအသင္းအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာသည္။
.
အမႈမွ တရားမဝင္ ငါးဂိမ္းျပဳလုပ္ ေလာင္းကစားသူ ရွင္းရွ (၃၂ ႏွစ္) ဝမ္ေကာင္းရပ္ကြက္၊ ေဘဝင္းသိန္း (၁၉ ႏွစ္) မိုင္းကိုးေက်းရြာအုပ္စု၊ သူရေအာင္ (၂၂ႏွစ္) ဝမ္ေကာင္းရပ္ကြက္၊ မသီရိဦး (၂၁ႏွစ္) မိုင္းကိုးေက်းရြာအုပ္စုေနသူတို႔ ၄ ဦးကို တာခ်ီလိတ္ၿမဳိ႕မရဲစခန္းက (ပ)၃၁၃/၂ဝ၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၆(က)/၁၇(က) အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရပါသည္။
.
တာချီလိတ်၌ ငါးဂိမ်းခုံလောင်းကစား ပြုလုပ်သူ ၄ ဦးကို ဂိမ်းခုံများနှင့်အတူ ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ဇွန်လ ၉ ရက်၊ ညပိုင်းက တရားမဝင် ငါးဂိမ်းခုံလောင်းကစား ပြုလုပ်နေသူ ၄ ဦးအား ဂိမ်းခုံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ မြသဟာဆေးရုံသွားလမ်းအနီး၊ အခန်းအမှတ်(၁)ရှင်းရှဆိုင်ခန်း၌ ငါးဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဇွန် ၉ ရက်ည ၁ဝ နာရီကျော်ခန့်တွင် တာဝန်မှူး ဒုရဲအုပ် မင်းမင်းထွန်း၊ ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲအရာခံ ကျော်ဇေယျ ဦးစီးနယ်ထိန်းအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား တွေ့ရှိရပြီး ဆိုင်အတွင်း လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသော ငါးဂိမ်းခုံ အကြီး တစ်လုံး၊ အသေး ၅ လုံး၊ လောင်းကစားရာတွင် အသုံးပြုသော ထိုင်းဘတ်ငွေ စက္ကူနှင့် အကြွေစေ့ရောရာ ၄၃၇၃ဝ ဘတ် တို့အား ရှာဖွေတွေ့ရှိခဲ့သည်။
.
''ကျွန်တော့်ဆီကို လာရောက်တိုင်းတန်းတုန်းက တာချီလိတ်မြို့ပေါ်မှာ တရားမဝင် လောင်းကစားတွေ လုပ်နေတာကြောင့် မိသားစုဝင်တွေ စိတ်ဒုက္ခရောက်နေတယ်၊ ဘဝတွေ ပျက်စီးနေတယ်၊ တရားဥပဒေစိုးမိုးရေး ကိုလည်း ထိခိုက်နေတဲ့ အနေအထားတွေရှိနေတဲ့အပြင်၊ လူငယ်လူရွယ်၊ ကျောင်းသား၊ ကျောင်းသူတွေကအစ ဒီဂိမ်းခုံတွေမှာ ပါဝင်ပတ် သက်မှုရှိလာလို့ ပြည်သူတစ်ဦးက လာရောက်တန်းတိုင်းလို့ ရဲတပ်ဖွဲ့နှင့်အတူ ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
အမှုမှ တရားမဝင် ငါးဂိမ်းပြုလုပ် လောင်းကစားသူ ရှင်းရှ (၃၂ နှစ်) ဝမ်ကောင်းရပ်ကွက်၊ ဘေဝင်းသိန်း (၁၉ နှစ်) မိုင်းကိုးကျေးရွာအုပ်စု၊ သူရအောင် (၂၂နှစ်) ဝမ်ကောင်းရပ်ကွက်၊ မသီရိဦး (၂၁နှစ်) မိုင်းကိုးကျေးရွာအုပ်စုနေသူတို့ ၄ ဦးကို တာချီလိတ်မြို့မရဲစခန်းက (ပ)၃၁၃/၂ဝ၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါသည်။
.

No comments:

Post a Comment