လူထုႏွင့္သာ အနီးဆုံး ေနေပးပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, June 12, 2019

လူထုႏွင့္သာ အနီးဆုံး ေနေပးပါ


ကေမ႓ာဇတိုင္း
.

လာမည့္ဇြန္လ ၁၄ ရက္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ တတိယ တစ္ႏွစ္တာ လုပ္ငန္းေဆာင္ရြက္ခ်က္ သတင္း စာရွင္းလင္းပြဲကို က်င္းပျပဳလုပ္သြားမည္ဟု သိရပါသည္။ တစ္နည္းအားျဖင့္ ျပည္နယ္အစိုးရအဖြဲ႕၏ တစ္ႏွစ္တာ အတြင္း လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို မီဒီယာမ်ားမွတစ္ဆင့္ ျပည္သူမ်ားသို႔ အသိေပး ခ်ျပႏိုင္ရန္အတြက္ လုပ္ ေဆာင္ျခင္းျဖစ္သည္ဟု နားလည္ထားပါသည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျပည္သူလူထုမ်ားႏွင့္ ေတြ႕ဆုံမႈ နည္းပါးေနသည္မွာ အမွန္ပင္ျဖစ္သည္။ ျပည္ သူမ်ား/ႏိုင္ငံေရး ေလ့လာသူမ်ားအဖို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္ ေကာင္းသည္၊ ဆိုးသည္ကို ေဝဖန္ႏိုင္ရန္ အသာထားကာ လက္ရွိ ျပည္နယ္အစိုးရအဖြဲ႕ ဘာေတြလုပ္ေနသည္ကိုပင္ မသိရွိရေသးေခ်။ သတင္း ထုတ္ျပန္မႈ အားနည္းျခင္းကို ဆိုလိုရင္း ျဖစ္ပါသည္။
.
ျပည္ေထာင္စု အဆင့္ဆင့္ ႏိုင္ငံေတာ္ သမၼတ႐ုံးမွအစ သတင္းစာရွင္းလင္းပြဲမ်ား မၾကာခဏ ျပဳလုပ္ေနသည္ကို ေတြ႕ရမည္ ျဖစ္သလို သေဘာထား တင္းမာပါသည္ဟု ဆိုႏိုင္ေသာ တပ္မေတာ္ပိုင္းမွပင္လွ်င္ သတင္းစာရွင္းလင္း ပြဲမ်ား၊ လူထု/မီဒီယာမ်ားႏွင့္ ထိေတြ႕မႈမ်ား မၾကာခဏ ျပဳလုပ္ေနသည္ကို ေတြ႕ရမည္ ျဖစ္သည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လုပ္ငန္းေဆာင္ရြက္မႈမ်ားႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္သူ ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ ဦးစိုင္းထြန္းဉာဏ္ကလည္း ''ကြၽန္ေတာ္တို႔ လႊတ္ေတာ္ဘက္ ကေတာ့ အဆိုေတြနဲ႔ တိုက္တြန္းထားတာရွိတယ္။ အဲဒါကို အစိုးရဘက္က ေဆာင္ရြက္ႏိုင္မႈ ေတာ္ေတာ္အားနည္း တယ္။ မေဆာင္ရြက္ႏိုင္သေလာက္ကိုရွိတယ္။ ျပည္နယ္အစိုးရရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို အားမရဘူး။ အေပၚက ဘယ္လိုပဲ လုပ္ေနပါေစ ေအာက္ေျခမွာေတာ့ လုံးဝကို မေရြ႕ႏိုင္ဘူး''ဟု ေျပာဆိုထားသည္။
.
ဦးစိုင္းထြန္းဉာဏ္ကဲ့သို႔ပင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၏ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို အားမလို အားမရျဖစ္ ေနသူမ်ားလည္း ရွမ္းျပည္နယ္အတြင္း အမ်ားအျပား ရွိေနမည္သာ ျဖစ္သည္။
.
ရွမ္းျပည္နယ္သည္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္း မ်ားျပားၿပီး ျပည္နယ္တစ္ခုလုံး၏ ဧရိယာအက်ယ္အဝန္းသည္ ျမန္မာႏိုင္ငံ၏ ေလးပုံတစ္ပုံခန္႔ရွိသည့္အတြက္ ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျပည္သူလူထု၏ ေမွ်ာ္လင့္ခ်က္ အားလုံး ကို ျပည့္မီေအာင္ လုပ္ေဆာင္ရန္ အခက္အခဲမ်ား ရွိေနေသာ္လည္း ယင္းအခက္အခဲမ်ားကို ပြင့္လင္းစြာ သတင္း ထုတ္ျပန္ေပးႏိုင္လွ်င္ ျပည္သူလူထု၏ ယုံၾကည္အားကိုးမႈကို ျပန္လည္ထိန္းသိမ္းႏိုင္မည္ဟု ယူဆေၾကာင္း ေဒသခံ ျပည္သူတစ္ဦးမွလည္း ေျပာဆိုထားသည္။
.
ထို႔အတူ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္ အားနည္းမႈမ်ားႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ေမလ ၁၄ ရက္က ႏိုင္ငံေတာ္သမၼတအေနျဖင့္ မလုပ္၊ မ႐ႈပ္၊ မျပဳတ္၊ မရွင္း၊ မေတြ႕ဆုံ မေမးျမန္းဘဲ လူထုႏွင့္ ေတြ႕ဆုံရမည္ ကို ေၾကာက္႐ြံ႕ေနေသာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္အား လိုအပ္သလို ဆုံးမအေရးယူေပးရန္ႏွင့္ ဝန္ႀကီးခ်ဳပ္ကိုယ္စား ရွမ္းျပည္နယ္ရွိ ျပည္သူလူထုမ်ားႏွင့္ လာေရာက္ေတြ႕ဆုံေပးရန္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လင္းေခးခ႐ိုင္ အတြင္းေရးမွဴးမွ တင္ျပထားေၾကာင္း သိရသည္။
.
ျပည္သူလူထုမ်ား၊ ႏိုင္ငံေရးေလ့လာသူမ်ား အားလုံး၏ အျမင္သေဘာထား အားလုံးကို ေယဘုယ်အားျဖင့္ ၿခဳံငုံ သုံးသပ္ၾကည့္ေသာ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လုပ္ေဆာင္ခ်က္ အားနည္းျခင္းဟု မဆိုလိုဘဲ လုပ္ေဆာင္ေနမႈမ်ားကို မသိရွိျခင္းသာ ျဖစ္သည္ဟု သုံးသပ္ႏိုင္ပါသည္။ သို႔ျဖစ္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ က်န္ရွိသည့္ သက္တမ္း ကာလအတြင္း လူထုႏွင့္ အနီးကပ္ထိေတြ႕ကာ လူထု၏ လိုအင္ဆႏၵမ်ားကို ယခုထက္ပိုမို ျဖည့္ဆည္းေဆာင္ရြက္ ႏိုင္ပါေစေၾကာင္း၊ လူထုႏွင့္သာ အနီးဆံုး ေနေပးေစလိုပါေၾကာင္း။
.
လူထုနှင့်သာ အနီးဆုံး နေပေးပါ
.
ကမ္ဘောဇတိုင်း
.
လာမည့်ဇွန်လ ၁၄ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်း စာရှင်းလင်းပွဲကို ကျင်းပပြုလုပ်သွားမည်ဟု သိရပါသည်။ တစ်နည်းအားဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ အသိပေး ချပြနိုင်ရန်အတွက် လုပ် ဆောင်ခြင်းဖြစ်သည်ဟု နားလည်ထားပါသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုများနှင့် တွေ့ဆုံမှု နည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ပြည် သူများ/နိုင်ငံရေး လေ့လာသူများအဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် ကောင်းသည်၊ ဆိုးသည်ကို ဝေဖန်နိုင်ရန် အသာထားကာ လက်ရှိ ပြည်နယ်အစိုးရအဖွဲ့ ဘာတွေလုပ်နေသည်ကိုပင် မသိရှိရသေးချေ။ သတင်း ထုတ်ပြန်မှု အားနည်းခြင်းကို ဆိုလိုရင်း ဖြစ်ပါသည်။
.
ပြည်ထောင်စု အဆင့်ဆင့် နိုင်ငံတော် သမ္မတရုံးမှအစ သတင်းစာရှင်းလင်းပွဲများ မကြာခဏ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သလို သဘောထား တင်းမာပါသည်ဟု ဆိုနိုင်သော တပ်မတော်ပိုင်းမှပင်လျှင် သတင်းစာရှင်းလင်း ပွဲများ၊ လူထု/မီဒီယာများနှင့် ထိတွေ့မှုများ မကြာခဏ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းထွန်းဉာဏ်ကလည်း ''ကျွန်တော်တို့ လွှတ်တော်ဘက် ကတော့ အဆိုတွေနဲ့ တိုက်တွန်းထားတာရှိတယ်။ အဲဒါကို အစိုးရဘက်က ဆောင်ရွက်နိုင်မှု တော်တော်အားနည်း တယ်။ မဆောင်ရွက်နိုင်သလောက်ကိုရှိတယ်။ ပြည်နယ်အစိုးရရဲ့ စွမ်းဆောင်ရည်ပိုင်းကို အားမရဘူး။ အပေါ်က ဘယ်လိုပဲ လုပ်နေပါစေ အောက်ခြေမှာတော့ လုံးဝကို မရွေ့နိုင်ဘူး''ဟု ပြောဆိုထားသည်။
.
ဦးစိုင်းထွန်းဉာဏ်ကဲ့သို့ပင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အားမလို အားမရဖြစ် နေသူများလည်း ရှမ်းပြည်နယ်အတွင်း အများအပြား ရှိနေမည်သာ ဖြစ်သည်။
.
ရှမ်းပြည်နယ်သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များပြားပြီး ပြည်နယ်တစ်ခုလုံး၏ ဧရိယာအကျယ်အဝန်းသည် မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ မျှော်လင့်ချက် အားလုံး ကို ပြည့်မီအောင် လုပ်ဆောင်ရန် အခက်အခဲများ ရှိနေသော်လည်း ယင်းအခက်အခဲများကို ပွင့်လင်းစွာ သတင်း ထုတ်ပြန်ပေးနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု ယူဆကြောင်း ဒေသခံ ပြည်သူတစ်ဦးမှလည်း ပြောဆိုထားသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အားနည်းမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလ ၁၄ ရက်က နိုင်ငံတော်သမ္မတအနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ်၊ မရှင်း၊ မတွေ့ဆုံ မမေးမြန်းဘဲ လူထုနှင့် တွေ့ဆုံရမည် ကို ကြောက်ရွံ့နေသော ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား လိုအပ်သလို ဆုံးမအရေးယူပေးရန်နှင့် ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုများနှင့် လာရောက်တွေ့ဆုံပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လင်းခေးခရိုင် အတွင်းရေးမှူးမှ တင်ပြထားကြောင်း သိရသည်။
.
ပြည်သူလူထုများ၊ နိုင်ငံရေးလေ့လာသူများ အားလုံး၏ အမြင်သဘောထား အားလုံးကို ယေဘုယျအားဖြင့် ခြုံငုံ သုံးသပ်ကြည့်သော် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုပ်ဆောင်ချက် အားနည်းခြင်းဟု မဆိုလိုဘဲ လုပ်ဆောင်နေမှုများကို မသိရှိခြင်းသာ ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိသည့် သက်တမ်း ကာလအတွင်း လူထုနှင့် အနီးကပ်ထိတွေ့ကာ လူထု၏ လိုအင်ဆန္ဒများကို ယခုထက်ပိုမို ဖြည့်ဆည်းဆောင်ရွက် နိုင်ပါစေကြောင်း၊ လူထုနှင့်သာ အနီးဆုံး နေပေးစေလိုပါကြောင်း။
.

No comments:

Post a Comment