ေဂၚဖီထုပ္မ်ား ေစ်းေကာင္း ရသျဖင့္ ေတာင္သူမ်ား အဆင္ေျပေသာ္လည္း အထြက္ နည္းေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, June 7, 2019

ေဂၚဖီထုပ္မ်ား ေစ်းေကာင္း ရသျဖင့္ ေတာင္သူမ်ား အဆင္ေျပေသာ္လည္း အထြက္ နည္းေန


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟဲဟိုးၿမိဳ႕ ေက်းရြာမ်ားရွိ ေဂၚဖီစိုက္ ေတာင္သူမ်ားအဖို႔ ယခုႏွစ္တြင္ ေစ်းေကာင္းရ ေသာ္လည္း ယမန္ႏွစ္က အရင္းပါသည္အထိ ႐ႈံးခဲ့သျဖင့္ အစိုက္နည္းသည့္အတြက္ အထြက္နည္းေၾကာင္း ဟဲဟိုးၿမိဳ႕ ေဂၚဖီအသင္းမွ သိရွိရသည္။
.
.
''မႏွစ္က ထြန္ၿပီးကို ျခစ္ပစ္ရ တယ္။ အလကား ေပးတာေတာင္ ယူမယ့္လူ မရွိလို႔ ဒီႏွစ္က်ေတာ့ မစိုက္ျဖစ္ဘူး၊ အာလူး ေျပာင္းစိုက္ေတာ့ အာလူးကမကိုက္၊ ေဂၚဖီျမတ္တာကို ထုိင္ၾကည့္ေနရတယ္'' ဟု ဟဲဟိုးၿမိဳ႕ ေဂၚဖီအသင္း ဥကၠဌျဖစ္သူ ဦးစိုးဝင္းက ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
၂ဝ၁၈ ခုႏွစ္၊ ေဂၚဖီစိုက္ရာသီတြင္ ပင္ေရ သိန္းခ်ီစိုက္ပ်ိဳးခဲ့ၾကၿပီး တစ္ဧက သိန္း ၂ဝ ခန္႔ကုန္က်ခဲ့ေသာ္လည္း ေရာင္းအား မရွိသျဖင့္ အ႐ံႈးေပၚခဲ့ရာ ယခုႏွစ္တြင္ ေတာင္သူအနည္းစုသာ ေဂၚဖီစိုက္ပ်ိဳးခဲ့ၾကေၾကာင္း သိရသည္။
.
ေဂၚဖီစိုက္ပ်ိဳးရာတြင္ တစ္ပင္လွ်င္ အရင္း ၂ဝဝ က်ပ္ခန္႔အထိ ရွိေနၿပီး ပိုးဖ်က္သျဖင့္ အခ်ိဳ႕အပင္မ်ား ပ်က္စီး ၾကသည္ျဖစ္ရာ ယခုရသည့္ ေစ်းမွာ အျမတ္အနည္းငယ္က်န္ရွိၿပီး အခင္းျဖတ္ေစ်း တစ္ပင္လွ်င္ ၇ဝဝ မွ ၈ဝဝ က်ပ္အထိ ေစ်းရရွိေၾကာင္း သိရသည္။
.
ဟဲဟိုးၿမိဳ႕၊ ဝါး႐ံုပင္ရြာမွ ေဂၚဖီ စိုက္ေတာင္သူ ဦးခင္ေမာင္ေဌးက လည္း ယမန္ႏွစ္က ကြၽဲ ၄ ေကာင္ ေရာင္း၍ ေဂၚဖီစိုက္ခဲ့ရာ လံုးဝအ႐ႈံး ေပၚသျဖင့္ ယခုႏွစ္တြင္ အာလူးအပင္ ေရ တစ္သိန္း ေျပာင္းလဲ စိုက္ပ်ိဳးခဲ့ ၿပီး ၅ဝဝဝဝ  ခန္႔သာ အရင္းျပန္ရေၾကာင္း ေျပာဆိုခဲ့သည္။
.
''ပင္းတယနဲ႔ က်ံဳးဘက္က မိုး ေမွ်ာ္ၿပီးစိုက္ၾကေတာ့ မိုးက မမွန္တဲ့ အျပင္ နည္းလို႔ ပ်ိဳးပင္ေတြပါ ႏုတ္ ပစ္ရတဲ့အထိ ႐ႈံးၾကတယ္။ ၿပီးေတာ့ ရာသီဥတုက ပူေတာ့ ပိုးက်တာ အ ရမ္းမ်ားလို႔ ေဆးမႏိုင္ဘဲ ပ်က္စီးရတဲ့ အခင္းေတြလည္း ရွိေနတယ္။ ေဒသ ကလည္း အထြက္နည္းသလို ျပည္မမွာလည္း စိုက္ခင္းေတြ မိုးမရလို႔ ပ်က္ ၾကေတာ့ ေဂၚဖီေတြ ေစ်းရတာပါ။ အရင္းကလည္း မနည္းပါဘူး'' ဟု ေဂၚဖီစိုက္ေတာင္သူတစ္ဦးက ေျပာသည္။
.
ေဂၚဖီထုပ္ကို ဟဲဟိုးခ်ိဳင့္ဝွမ္းေဒ သ၌ ဇန္နဝါရီလက စိုက္ပ်ိဳးခဲ့ၾကၿပီး ရက္ေပါင္း ၆ဝ ေက်ာ္လွ်င္ ခူးဆြတ္ ေရာင္းခ်ႏိုင္ကာ ၾသဂုတ္လခန္႔အထိ ထြက္ရွိ ေရာင္းခ်ၾကရေၾကာင္း သိရ သည္။
.
ပင္းတယ၊ က်ံဳးဘက္တြင္မူ မိုးေရ ျဖင့္ စိုက္ပ်ိဳးသျဖင့္ ေနာက္က်ကာ ဒီ ဇင္ဘာလခန္႔အထိ ေရာင္းခ်ႏိုင္ၾက ေၾကာင္း၊ ေနာင္တရား ဘက္တြင္မူ ေရတင္စနစ္ျဖင့္ စိုက္ပ်ိဳးၾကသျဖင့္ အ ထြက္ ႏႈန္းေကာင္းၾကေၾကာင္းေတာင္ သူမ်ားထံက သိရသည္။
.
ဟဲဟိုးကြင္း တစ္ခုတည္းတြင္ပင္ ေဂၚဖီပင္ေရ ၁ဝ သိန္းအထက္ စိုက္ ပ်ိဳးထြက္ရွိၾကေသာ္လည္း ယမန္ႏွစ္က အ႐ႈံးေပၚခဲ့မႈေၾကာင့္ ယခုႏွစ္တြင္ ပင္ေရ ၅ သိန္းခန္႔သာ ထြက္ရွိႏိုင္မည္ဟု ခန္႕မွန္းၾကေၾကာင္း ေျပာဆို  ၾကသည္။
.
ဂေါ်ဖီထုပ်များ စျေးကောင်း ရသဖြင့် တောင်သူများ အဆင်ပြေသော်လည်း အထွက် နည်းနေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ ကျေးရွာများရှိ ဂေါ်ဖီစိုက် တောင်သူများအဖို့ ယခုနှစ်တွင် စျေးကောင်းရ သော်လည်း ယမန်နှစ်က အရင်းပါသည်အထိ ရှုံးခဲ့သဖြင့် အစိုက်နည်းသည့်အတွက် အထွက်နည်းကြောင်း ဟဲဟိုးမြို့ ဂေါ်ဖီအသင်းမှ သိရှိရသည်။
.
''မနှစ်က ထွန်ပြီးကို ခြစ်ပစ်ရ တယ်။ အလကား ပေးတာတောင် ယူမယ့်လူ မရှိလို့ ဒီနှစ်ကျတော့ မစိုက်ဖြစ်ဘူး၊ အာလူး ပြောင်းစိုက်တော့ အာလူးကမကိုက်၊ ဂေါ်ဖီမြတ်တာကို ထိုင်ကြည့်နေရတယ်'' ဟု ဟဲဟိုးမြို့ ဂေါ်ဖီအသင်း ဥက္ကဌဖြစ်သူ ဦးစိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၂ဝ၁၈ ခုနှစ်၊ ဂေါ်ဖီစိုက်ရာသီတွင် ပင်ရေ သိန်းချီစိုက်ပျိုးခဲ့ကြပြီး တစ်ဧက သိန်း ၂ဝ ခန့်ကုန်ကျခဲ့သော်လည်း ရောင်းအား မရှိသဖြင့် အရှုံးပေါ်ခဲ့ရာ ယခုနှစ်တွင် တောင်သူအနည်းစုသာ ဂေါ်ဖီစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
.
ဂေါ်ဖီစိုက်ပျိုးရာတွင် တစ်ပင်လျှင် အရင်း ၂ဝဝ ကျပ်ခန့်အထိ ရှိနေပြီး ပိုးဖျက်သဖြင့် အချို့အပင်များ ပျက်စီး ကြသည်ဖြစ်ရာ ယခုရသည့် စျေးမှာ အမြတ်အနည်းငယ်ကျန်ရှိပြီး အခင်းဖြတ်စျေး တစ်ပင်လျှင် ရဝဝ မှ ၈ဝဝ ကျပ်အထိ စျေးရရှိကြောင်း သိရသည်။
.
ဟဲဟိုးမြို့၊ ဝါးရုံပင်ရွာမှ ဂေါ်ဖီ စိုက်တောင်သူ ဦးခင်မောင်ဌေးက လည်း ယမန်နှစ်က ကျွဲ ၄ ကောင် ရောင်း၍ ဂေါ်ဖီစိုက်ခဲ့ရာ လုံးဝအရှုံး ပေါ်သဖြင့် ယခုနှစ်တွင် အာလူးအပင် ရေ တစ်သိန်း ပြောင်းလဲ စိုက်ပျိုးခဲ့ ပြီး ၅ဝဝဝဝ  ခန့်သာ အရင်းပြန်ရကြောင်း ပြောဆိုခဲ့သည်။
.
''ပင်းတယနဲ့ ကျုံးဘက်က မိုး မျှော်ပြီးစိုက်ကြတော့ မိုးက မမှန်တဲ့ အပြင် နည်းလို့ ပျိုးပင်တွေပါ နုတ် ပစ်ရတဲ့အထိ ရှုံးကြတယ်။ ပြီးတော့ ရာသီဥတုက ပူတော့ ပိုးကျတာ အ ရမ်းများလို့ ဆေးမနိုင်ဘဲ ပျက်စီးရတဲ့ အခင်းတွေလည်း ရှိနေတယ်။ ဒေသ ကလည်း အထွက်နည်းသလို ပြည်မမှာလည်း စိုက်ခင်းတွေ မိုးမရလို့ ပျက် ကြတော့ ဂေါ်ဖီတွေ စျေးရတာပါ။ အရင်းကလည်း မနည်းပါဘူး'' ဟု ဂေါ်ဖီစိုက်တောင်သူတစ်ဦးက ပြောသည်။
.
ဂေါ်ဖီထုပ်ကို ဟဲဟိုးချိုင့်ဝှမ်းဒေ သ၌ ဇန်နဝါရီလက စိုက်ပျိုးခဲ့ကြပြီး ရက်ပေါင်း ၆ဝ ကျော်လျှင် ခူးဆွတ် ရောင်းချနိုင်ကာ သြဂုတ်လခန့်အထိ ထွက်ရှိ ရောင်းချကြရကြောင်း သိရ သည်။
.
ပင်းတယ၊ ကျုံးဘက်တွင်မူ မိုးရေ ဖြင့် စိုက်ပျိုးသဖြင့် နောက်ကျကာ ဒီ ဇင်ဘာလခန့်အထိ ရောင်းချနိုင်ကြ ကြောင်း၊ နောင်တရား ဘက်တွင်မူ ရေတင်စနစ်ဖြင့် စိုက်ပျိုးကြသဖြင့် အ ထွက် နှုန်းကောင်းကြကြောင်းတောင် သူများထံက သိရသည်။
.
ဟဲဟိုးကွင်း တစ်ခုတည်းတွင်ပင် ဂေါ်ဖီပင်ရေ ၁ဝ သိန်းအထက် စိုက် ပျိုးထွက်ရှိကြသော်လည်း ယမန်နှစ်က အရှုံးပေါ်ခဲ့မှုကြောင့် ယခုနှစ်တွင် ပင်ရေ ၅ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းကြကြောင်း ပြောဆို  ကြသည်။
.

No comments:

Post a Comment