ျမန္မာျပည္အတြက္ အေရးႀကီးေသာ လုပ္ငန္းစဥ္မ်ား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, June 26, 2019

ျမန္မာျပည္အတြက္ အေရးႀကီးေသာ လုပ္ငန္းစဥ္မ်ား


ကေမ႓ာဇတိုင္း
.
ဇြန္လ ၂၆ ရက္က ရွမ္းျပည္နယ္အတြင္း ဖမ္းဆီးရမိခဲ့ေသာ ေငြက်ပ္တန္ဖိုး ၂၁၂ သိန္းေက်ာ္ တန္ဖိုးရွိ မူးယစ္ ေဆးဝါးမ်ားကို မီး႐ႈိ႕ဖ်က္ဆီးခဲ့ပါသည္။ ယင္း ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားမွာ ၂ဝ၁၈ ခုႏွစ္၊ ေမလ ၂၅ ရက္မွ ၂ဝ၁၉ ခုႏွစ္၊ ေမလ ၂၄ ရက္အထိ တစ္ႏွစ္တာ ကာလအတြင္း ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ား ျဖစ္သည္ ဟု သိရပါသည္။ 
.
ယင္း ပမာဏသည္ ႏိုင္ငံေတာ္အစိုးရမွ ဖမ္းဆီးရမိခဲ့သည့္ ပမာဏသာျဖစ္ၿပီး ႏွစ္စဥ္ ''ဝ''တပ္ဖြဲ႕၊ RCSS/SSA မိုင္းလားကဲ့သို႔ေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ား တန္ဖိုး မပါဝင္သလို ဖမ္းဆီးရမိျခင္း မရွိဘဲ လြတ္ေျမာက္ေနသည့္ မူးယစ္ေဆးဝါးမ်ား၏ တန္ဖိုးမွာလည္း တြက္ခ်က္၍ မရ ႏိုင္ေအာင္ မ်ားျပားေနဦးမည္သာျဖစ္သည္။
.
၁၉၄၈ ခုႏွစ္၊ နယ္ခ်ဲ႕ကိုလိုနီလက္ေအာက္မွ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရယူခ်ိန္မွစ၍ လြတ္လပ္ေရးႏွင့္အတူ ဖြားဖက္ေတာ္အျဖစ္ ပါလာခဲ့ေသာ ျပည္တြင္းစစ္၏ ဆိုးေမြမ်ားမွာ ယေန႔တိုင္ ခံစားေနရဆဲဟုဆိုလွ်င္ မွားႏိုင္မည္ မထင္ေခ်။ ဆယ္စုႏွစ္ေပါင္း ၇ ခုေက်ာ္ ျဖစ္ပြားခဲ့သည့္ ျပည္တြင္းစစ္က ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ျပည္သူတို႔၏ အ သက္အိုးအိမ္၊ စည္းစိမ္၊ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ကို အေႏွာင့္အယွက္အဟန္႔အတား ျပဳေနခဲ့သည္။ ယင္းကဲ့သို႔ တရားဥပေဒစိုးမိုးမႈ မရွိျခင္းေၾကာင့္ ေတာမီးေလာင္၊ ေတာေၾကာင္ လက္ခေမာင္းခတ္ ဆိုသကဲ့သို႔ ျပည္ တြင္းစစ္၏ အနိ႒ာ႐ုံမ်ားမွာ ဒုစ႐ိုက္သမားတို႔အတြက္ ေပ်ာ္စံရာနိဗၺာန္ျဖစ္ခဲ့ရသည္။ တစ္ကမၻာလုံးက လက္မခံႏိုင္ ေသာ မူးယစ္ေဆးဝါး အမ်ိဳးမ်ိဳးကို တရားဥပေဒ စိုးမိုးမႈမရွိေသာ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္ အလြယ္တ ကူ စိုက္ပ်ိဳး/ခ်က္လုပ္/ေရာင္းဝယ္ ေဖာက္ကားႏိုင္ခဲ့ၾကသည္။ ကမၻာတြင္ အာဖဂန္နစၥတန္ၿပီးလွ်င္ ျမန္မာႏိုင္ငံ ေရႊ ႀတိဂံေဒသသည္ မူးယစ္ေဆး ဒုတိယအမ်ားဆုံး ကူးသန္းေရာင္းဝယ္ေဖာက္ကားရာ ေဒသအျဖစ္ ထင္ရွားခဲ့ရသည္။
.
ဘယ္သူေသေသ ငေတမာၿပီးေရာဆိုသည့္ စိတ္ဓာတ္မ်ိဳးျဖင့္ မူးယစ္ရာဇာမ်ား၊ ဒုစ႐ိုက္သမားမ်ားက ေခါင္း ေထာင္ေနခ်ိန္တြင္ ျပည္သူမ်ား အထူးအားျဖင့္ ေဆးစြဲသူမ်ား၏ မိခင္မ်ား၊ ဇနီးမယားမ်ား၊ သားသမီးမ်ားအဖို႔ ဒူးႏွင့္ မ်က္ရည္ သုတ္ေနခဲ့ၾကရသည္။ အခန္႔မသင့္လွ်င္ အသက္ေပးရသည္အထိ အႏၲရာယ္ဆိုးႏွင့္ ရင္ဆိုင္ေနခဲ့ၾကရသည္။
.
ေဆးစြဲသူမ်ားထဲတြင္ ေဆးေလာကႏွင့္ ထိေတြ႕ေနရသည့္ ဌာနဆိုင္ရာပိုင္းမွလည္း စြဲေနသူမ်ား ရွိလာၾကသည္။ ၿပီးခဲ့သည့္ ဇြန္လ ၁၇ ရက္က ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕ရွိ အက်ဥ္းေထာင္တြင္ ေထာင္္ဝန္ထမ္း တစ္ဦး ထံမွ စိတ္ၾကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းကိုလည္း စိတ္မေကာင္းဖြယ္ ၾကားသိေနရသည္။ ထို႔အတူ ပင္ ႏိုင္ငံဝန္ထမ္းမ်ားထဲမွ မူးယစ္ေဆးအသုံးျပဳေနမႈမ်ားကိုလည္း မၾကာခဏဆိုသလို ၾကားသိလာေနရသည္။
.
အမွန္ေတာ့ ဝန္ထမ္းဆိုသည္မွာလည္း သစ္သားျဖင့္ ထုလုပ္ထားေသာ ပန္းပု႐ုပ္ မဟုတ္ဘဲ အေသြးအသား၊ အသည္းႏွလုံးျဖင့္ တည္ေဆာက္ထားသည့္ လူသားပင္ျဖစ္သည္။ လူသားမွန္လွ်င္ အေသြးအသား ေတာင္းဆိုမႈမ်ား ရွိလာမည္။ ပတ္ဝန္းက်င္၊ မိတ္ေဆြအသိုင္းအဝိုင္းတို႔၏ ႐ိုက္ခတ္မႈမ်ား ရွိလာမည္။ မူးယစ္ေဆးႏွင့္ ဆက္ႏြယ္မႈမ်ား လည္း ရွိလာႏိုင္မည္မွာ အမွန္ပင္ျဖစ္သည္။
.
သို႔ေသာ္ လူသားတစ္ဦးအေနျဖင့္ မစဥ္းစားဘဲ လူသားတို႔ကို အက်ိဳးေဆာင္ေနရေသာ စံျပလူသားတစ္ဦးအေန ျဖင့္ ခံစားၾကည့္လွ်င္မူ ယင္းကဲ့သို႔ မူးယစ္ေဆးဝါး သုံးစြဲျခင္း တစ္နည္းအားျဖင့္ လူသားထုတစ္ရပ္လုံး လက္မခံ ထားေသာ အလုပ္တစ္ခုကို လုပ္ေဆာင္ျခင္းသည္ အင္မတန္မွ ဆိုးရြားလွစြာေသာ ျပစ္မႈတစ္ရပ္ပင္ ျဖစ္ပါသည္။
.
ျမန္မာႏိုင္ငံအဖို႔ အစစအရာရာ ေနာက္က်က်န္ရစ္ေနခဲ့ေသာ အေျခအေနတစ္ရပ္မွ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္မ်ားကို အစိုးရ၊ ျပည္သူ၊ ဝန္ထမ္း၊ ပူးေပါင္းကာ အားသြန္ခြန္စိုက္ ေဆာင္ရြက္ေနခ်ိန္တြင္ ယင္းကဲ့သို႔ မွားယြင္းေသာ အက်င့္စ႐ိုက္မ်ားက လူသားတစ္ဦးခ်င္းအတြက္သာမက ျမန္မာျပည္သူတစ္ရပ္လုံးအတြက္ ႀကီးမား သည့္ အေႏွာင့္အယွက္ အဟန္႔အတားတစ္ခုပင္ ျဖစ္ပါေတာ့သည္။
.
ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ေရးတို႔ ႏွင့္အတူ မူးယစ္ေဆးဝါး လုံးဝဥႆုံ ပေပ်ာက္ေရးတို႔သည္လည္း အမိျမန္မာႏိုင္ငံေတာ္အတြက္ အေရးႀကီးေသာ လုပ္ငန္းစဥ္မ်ားပင္ ျဖစ္ပါေၾကာင္း မီးေမာင္းထိုး တင္ျပအပ္ပါသည္။   
.
မြန်မာပြည်အတွက် အရေးကြီးသော လုပ်ငန်းစဉ်များ
.
ကမ္ဘောဇတိုင်း
.
ဇွန်လ ၂၆ ရက်က ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သော ငွေကျပ်တန်ဖိုး ၂၁၂ သိန်းကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ယင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ ၂ဝ၁၈ ခုနှစ်၊ မေလ ၂၅ ရက်မှ ၂ဝ၁၉ ခုနှစ်၊ မေလ ၂၄ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ ဖြစ်သည် ဟု သိရပါသည်။
.
ယင်း ပမာဏသည် နိုင်ငံတော်အစိုးရမှ ဖမ်းဆီးရမိခဲ့သည့် ပမာဏသာဖြစ်ပြီး နှစ်စဉ် ''ဝ''တပ်ဖွဲ့၊ RCSS/SSA မိုင်းလားကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ တန်ဖိုး မပါဝင်သလို ဖမ်းဆီးရမိခြင်း မရှိဘဲ လွတ်မြောက်နေသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာလည်း တွက်ချက်၍ မရ နိုင်အောင် များပြားနေဦးမည်သာဖြစ်သည်။
.
၁၉၄၈ ခုနှစ်၊ နယ်ချဲ့ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူချိန်မှစ၍ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်အဖြစ် ပါလာခဲ့သော ပြည်တွင်းစစ်၏ ဆိုးမွေများမှာ ယနေ့တိုင် ခံစားနေရဆဲဟုဆိုလျှင် မှားနိုင်မည် မထင်ချေ။ ဆယ်စုနှစ်ပေါင်း ၇ ခုကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်က ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ အ သက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အနှောင့်အယှက်အဟန့်အတား ပြုနေခဲ့သည်။ ယင်းကဲ့သို့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ ပြည် တွင်းစစ်၏ အနိဋ္ဌာရုံများမှာ ဒုစရိုက်သမားတို့အတွက် ပျော်စံရာနိဗ္ဗာန်ဖြစ်ခဲ့ရသည်။ တစ်ကမ္ဘာလုံးက လက်မခံနိုင် သော မူးယစ်ဆေးဝါး အမျိုးမျိုးကို တရားဥပဒေ စိုးမိုးမှုမရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အလွယ်တ ကူ စိုက်ပျိုး/ချက်လုပ်/ရောင်းဝယ် ဖောက်ကားနိုင်ခဲ့ကြသည်။ ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံ ရွှေ တြိဂံဒေသသည် မူးယစ်ဆေး ဒုတိယအများဆုံး ကူးသန်းရောင်းဝယ်ဖောက်ကားရာ ဒေသအဖြစ် ထင်ရှားခဲ့ရသည်။
.
ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စိတ်ဓာတ်မျိုးဖြင့် မူးယစ်ရာဇာများ၊ ဒုစရိုက်သမားများက ခေါင်း ထောင်နေချိန်တွင် ပြည်သူများ အထူးအားဖြင့် ဆေးစွဲသူများ၏ မိခင်များ၊ ဇနီးမယားများ၊ သားသမီးများအဖို့ ဒူးနှင့် မျက်ရည် သုတ်နေခဲ့ကြရသည်။ အခန့်မသင့်လျှင် အသက်ပေးရသည်အထိ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေခဲ့ကြရသည်။
.
ဆေးစွဲသူများထဲတွင် ဆေးလောကနှင့် ထိတွေ့နေရသည့် ဌာနဆိုင်ရာပိုင်းမှလည်း စွဲနေသူများ ရှိလာကြသည်။ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်တွင် ထောင််ဝန်ထမ်း တစ်ဦး ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းကိုလည်း စိတ်မကောင်းဖွယ် ကြားသိနေရသည်။ ထို့အတူ ပင် နိုင်ငံဝန်ထမ်းများထဲမှ မူးယစ်ဆေးအသုံးပြုနေမှုများကိုလည်း မကြာခဏဆိုသလို ကြားသိလာနေရသည်။
.
အမှန်တော့ ဝန်ထမ်းဆိုသည်မှာလည်း သစ်သားဖြင့် ထုလုပ်ထားသော ပန်းပုရုပ် မဟုတ်ဘဲ အသွေးအသား၊ အသည်းနှလုံးဖြင့် တည်ဆောက်ထားသည့် လူသားပင်ဖြစ်သည်။ လူသားမှန်လျှင် အသွေးအသား တောင်းဆိုမှုများ ရှိလာမည်။ ပတ်ဝန်းကျင်၊ မိတ်ဆွေအသိုင်းအဝိုင်းတို့၏ ရိုက်ခတ်မှုများ ရှိလာမည်။ မူးယစ်ဆေးနှင့် ဆက်နွယ်မှုများ လည်း ရှိလာနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။
.
သို့သော် လူသားတစ်ဦးအနေဖြင့် မစဉ်းစားဘဲ လူသားတို့ကို အကျိုးဆောင်နေရသော စံပြလူသားတစ်ဦးအနေ ဖြင့် ခံစားကြည့်လျှင်မူ ယင်းကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲခြင်း တစ်နည်းအားဖြင့် လူသားထုတစ်ရပ်လုံး လက်မခံ ထားသော အလုပ်တစ်ခုကို လုပ်ဆောင်ခြင်းသည် အင်မတန်မှ ဆိုးရွားလှစွာသော ပြစ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။
.
မြန်မာနိုင်ငံအဖို့ အစစအရာရာ နောက်ကျကျန်ရစ်နေခဲ့သော အခြေအနေတစ်ရပ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အစိုးရ၊ ပြည်သူ၊ ဝန်ထမ်း၊ ပူးပေါင်းကာ အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင် ယင်းကဲ့သို့ မှားယွင်းသော အကျင့်စရိုက်များက လူသားတစ်ဦးချင်းအတွက်သာမက မြန်မာပြည်သူတစ်ရပ်လုံးအတွက် ကြီးမား သည့် အနှောင့်အယှက် အဟန့်အတားတစ်ခုပင် ဖြစ်ပါတော့သည်။
.
ပြည်တွင်းငြိမ်းချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့ နှင့်အတူ မူးယစ်ဆေးဝါး လုံးဝဥဿုံ ပပျောက်ရေးတို့သည်လည်း အမိမြန်မာနိုင်ငံတော်အတွက် အရေးကြီးသော လုပ်ငန်းစဉ်များပင် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြအပ်ပါသည်။   
.

No comments:

Post a Comment

Journal Download

Photo of three cats