ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ တစ္ႏွစ္တာ လုပ္ငန္းေဆာင္ရြက္ခ်က္ သတင္းစာရွင္းလင္းပြဲကို ဇြန္လ ၁၄ ရက္တြင္ ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, June 11, 2019

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ တစ္ႏွစ္တာ လုပ္ငန္းေဆာင္ရြက္ခ်က္ သတင္းစာရွင္းလင္းပြဲကို ဇြန္လ ၁၄ ရက္တြင္ ျပဳလုပ္မည္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ တစ္ႏွစ္တာအတြင္း လုပ္ငန္းးေဆာင္ရြက္ခ်က္မ်ား သတင္းစာရွင္းလင္းပြဲအား လာမည့္ ဇြန္လ ၁၄ ရက္ မြန္းလြဲပိုင္းတြင္ ေတာင္ႀကီးၿမိဳ႔၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရ သည္။
.
.
''အစိုးရသတင္းစာရွင္းလင္းပြဲကေတာ့ လာမယ့္ ၁၄ ရက္ေန႔လယ္ ၂ နာရီမွာ လုပ္မွာပါ။ ၿမိဳ႕ေတာ္ခန္းမမွာ လုပ္ပါမယ္။ တစ္ႏွစ္တာအတြင္း လုပ္ငန္းေဆာင္ရြက္ခ်က္ကို ရွင္းလင္းတာေပါ့။ ပထမက ၇ ရက္ေန႔မွာ လုပ္ဖို႔ စီစဥ္ ထားတာ ဝန္ႀကီးခ်ဳပ္ ခရီးထြက္သြားေနလို႔ မျဖစ္လိုက္ဘူး။ အခု ၁၄ ကေတာ့ Confirm ျဖစ္ပါၿပီ။ ဌာနဆိုင္ရာေတြကို အဆင္သင့္ျပင္ထားၾကဖို႔ စာထုတ္ေပးလိုက္ပါၿပီ'' ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ကေမ႓ာဇတိုင္းသို႔ေျပာၾကားခဲ့သည္။
.
အဆိုပါသတင္းစာရွင္းလင္းပြဲအား ရွမ္းျပည္နယ္အတြင္းရွိ သတင္းမီဒီယာအားလံုးကို ဖိတ္ၾကားသြားမည္ ျဖစ္ၿပီး သတင္းစာရွင္းလင္းပြဲသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္အပါအဝင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားႏွင့္တကြ အစိုးရဌာနမ်ား တက္ေရာက္ၾကမည္ျဖစ္ကာ သတင္းမီဒီယာမ်ား၏ေမးျမန္းမႈမ်ားကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ျပန္လည္ေျဖၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လုပ္ငန္းေဆာင္ရြက္မႈမ်ားႏွင့္ ပတ္သက္၍ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္သူ ဦးစိုင္းထြန္းဉာဏ္က ''ကြ်န္ေတာ္တို႔ လႊတ္ေတာ္ဘက္ကေတာ့ အဆိုေတြနဲ႔တိုက္တြန္းထားတာရွိတယ္။ အဲဒါကို အစိုးရဘက္က ေဆာင္ရြက္ႏိုင္မႈ ေတာ္ေတာ္အားနည္းတယ္။ မေဆာင္ရြက္ႏိုင္သေလာက္ကို ရွိတယ္။ ျပည္နယ္အစိုးရရဲ႕ စြမ္း ေဆာင္ရည္ပိုင္းကို အားမရဘူး။ အေပၚက ဘယ္လိုပဲ လုပ္ေနပါေစ ေအာက္ေျခမွာေတာ့ လံုးဝကို မေရြ႕ႏိုင္ဘူး” ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေမလ ၂၃ ရက္က ရွမ္းျပည္နယ္အစိုးရအဖြဲ႕ သက္တမ္း ၂ ႏွစ္ျပည့္ သတင္းစာ ရွင္းလင္းပြဲကို ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ျပဳလုပ္ခဲ့ၿပီး တက္ေရာက္လာသည့္ သတင္းမီဒီယာမ်ားအား သတင္းဌာန တစ္ခုလွ်င္ ေမးခြန္း ၃ ခုစီသာ ေမးျမန္းခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
.
''ဒီလိုပြဲမ်ိဳးမွမဟုတ္ဘူး။ ရွမ္းအစိုးရအဖြဲ႕က လူထုနဲ႔ေတြ႕ဆံုမႈ မ်ားမ်ားျပဳလုပ္ေပးဖို႔လိုအပ္ေနတယ္။ လူထုနဲ႔ ထိေတြ႕မႈက ေတာ္ေတာ္ေလးအားနည္းတယ္။ လုပ္ေဆာင္ခ်က္ပိုင္းကိုလည္း သိပ္အားမရဘူး''ဟု ေတာင္ႀကီးၿမိဳ႕ေန ေဒသခံျပည္သူတစ္ဦးက ကေမ႓ာဇတိုင္းတိုင္းသို႔ေျပာၾကားခဲ့သည္။
.
ထို႔အတူ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏လုပ္ေဆာင္ခ်က္အားနည္းမႈမ်ားကိုလည္း ႏိုင္ငံေရးသမားမ်ား၊ အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူမ်ားက ေဝဖန္မႈမ်ားရွိေနကာ ၿပီးခဲ့သည့္ ေမလ၁၄ရက္က ႏိုင္ငံေတာ္သမၼတ အေနျဖင့္ မလုပ္၊ မရႈပ္၊ မျပဳတ္၊ မရွင္း၊ မေတြ႕ဆံု မေမးျမန္းဘဲ လူထုႏွင့္ ေတြ႕ဆံုရမည္ကို ေၾကာက္ရြံ႕ေနေသာ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္အား လိုအပ္သလို ဆံုးမအေရးယူေပးရန္ႏွင့္ ဝန္ႀကီးခ်ဳပ္ကိုယ္စား ရွမ္းျပည္နယ္ရွိ ျပည္သူလူထုမ်ားသႏွင့္ လာေရာက္ေတြ႕ဆံုေပးရန္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ လင္းေခးခ႐ိုင္ အတြင္းေရးမွဴးမွ တင္ျပထားေၾကာင္း သိရသည္။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်တွင် ပြုလုပ်မည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ငန်းးဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲအား လာမည့် ဇွန်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
''အစိုးရသတင်းစာရှင်းလင်းပွဲကတော့ လာမယ့် ၁၄ ရက်နေ့လယ် ၂ နာရီမှာ လုပ်မှာပါ။ မြို့တော်ခန်းမမှာ လုပ်ပါမယ်။ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းတာပေါ့။ ပထမက ၇ ရက်နေ့မှာ လုပ်ဖို့ စီစဉ် ထားတာ ဝန်ကြီးချုပ် ခရီးထွက်သွားနေလို့ မဖြစ်လိုက်ဘူး။ အခု ၁၄ ကတော့ Confirm ဖြစ်ပါပြီ။ ဌာနဆိုင်ရာတွေကို အဆင်သင့်ပြင်ထားကြဖို့ စာထုတ်ပေးလိုက်ပါပြီ'' ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမေ႓ာဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါသတင်းစာရှင်းလင်းပွဲအား ရှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာအားလုံးကို ဖိတ်ကြားသွားမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တကွ အစိုးရဌာနများ တက်ရောက်ကြမည်ဖြစ်ကာ သတင်းမီဒီယာများ၏မေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းဉာဏ်က ''ကျွန်တော်တို့ လွှတ်တော်ဘက်ကတော့ အဆိုတွေနဲ့တိုက်တွန်းထားတာရှိတယ်။ အဲဒါကို အစိုးရဘက်က ဆောင်ရွက်နိုင်မှု တော်တော်အားနည်းတယ်။ မဆောင်ရွက်နိုင်သလောက်ကို ရှိတယ်။ ပြည်နယ်အစိုးရရဲ့ စွမ်း ဆောင်ရည်ပိုင်းကို အားမရဘူး။ အပေါ်က ဘယ်လိုပဲ လုပ်နေပါစေ အောက်ခြေမှာတော့ လုံးဝကို မရွေ့နိုင်ဘူး” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများအား သတင်းဌာန တစ်ခုလျှင် မေးခွန်း ၃ ခုစီသာ မေးမြန်းခွင့်ပြုခဲ့ကြောင်း သိရသည်။
.
''ဒီလိုပွဲမျိုးမှမဟုတ်ဘူး။ ရှမ်းအစိုးရအဖွဲ့က လူထုနဲ့တွေ့ဆုံမှု များများပြုလုပ်ပေးဖို့လိုအပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုက တော်တော်လေးအားနည်းတယ်။ လုပ်ဆောင်ချက်ပိုင်းကိုလည်း သိပ်အားမရဘူး''ဟု တောင်ကြီးမြို့နေ ဒေသခံပြည်သူတစ်ဦးက ကမေ႓ာဇတိုင်းတိုင်းသို့ပြောကြားခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လုပ်ဆောင်ချက်အားနည်းမှုများကိုလည်း နိုင်ငံရေးသမားများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက ဝေဖန်မှုများရှိနေကာ ပြီးခဲ့သည့် မေလ၁၄ရက်က နိုင်ငံတော်သမ္မတ အနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ်၊ မရှင်း၊ မတွေ့ဆုံ မမေးမြန်းဘဲ လူထုနှင့် တွေ့ဆုံရမည်ကို ကြောက်ရွံ့နေသော ရှမ်းပြည်နယ် ဝန်ကြီးချုပ်အား လိုအပ်သလို ဆုံးမအရေးယူပေးရန်နှင့် ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်ရှိ ပြည်သူလူထုများသနှင့် လာရောက်တွေ့ဆုံပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လင်းခေးခရိုင် အတွင်းရေးမှူးမှ တင်ပြထားကြောင်း သိရသည်။
.

No comments:

Post a Comment