က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီးတြင္ နယ္လွည့္၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္မ်ားမွ အခမဲ့ လာေရာက္ ကုသေပးမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, June 2, 2019

က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီးတြင္ နယ္လွည့္၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္မ်ားမွ အခမဲ့ လာေရာက္ ကုသေပးမည္


ထက္တိုင္းေက်ာ္
.
က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာန၏ လမ္းၫႊန္ခ်က္ျဖင့္ နယ္ လွည့္နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္ႀကီး ၁၃ ဦးပါဝင္ ေသာ အဖြဲ႕သည္ လာမည့္ ဇြန္လ ၃ ရက္မွ ၅ ရက္အထိ က်ိဳင္းတုံၿမိဳ႕ ရွိ ကုတင္ ၂ဝဝ ဆံ့အေထြေထြေရာ ဂါကု ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆး စစ္ျခင္း၊ ခြဲစိတ္ကုသေပးျခင္း လုပ္ငန္းမ်ားကို အခမဲ့ ေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္းသိရသည္။
.
.
အထူးကုဆရာဝန္ႀကီးမ်ားအဖြဲ႕ သည္ ဇြန္လ ၂ ရက္တြင္ က်ိဳင္းတုံ ၿမိဳ႕သို႔ ေရာက္ရွိလာမည္ျဖစ္ၿပီး ေဆး ႐ုံႀကီးရွိ ျပင္ပလူနာဌာန(ဥဏီ)တြင္ ဇြန္လ ၃ ရက္မွစတင္၍ နား၊ ႏွာ ေခါင္း၊ လည္ေခ်ာင္း ေဝဒနာသည္ မ်ားကို စစ္ေဆးေပးျခင္းမ်ား ျပဳလုပ္ေပးၿပီးေနာက္ ခြဲစိတ္ျခင္းႏွင့္ ကုသျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
နယ္လွည့္အထူးကု ဆရာဝန္ႀကီး မ်ား ေဆးစစ္ဓာတ္ခြဲစမ္းသပ္ရန္အ တြက္ လိုအပ္သည့္ စက္ကိရိယာအား ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၏ တပ္မေတာ္ စစ္ေဆး႐ုံ ၃/၃ဝဝ ႏွင့္ ခ်ိတ္ဆက္ကူညီေပးထားၿပီး ဆရာဝန္ႀကီးမ်ား တည္းခိုေနထိုင္ သြားလာေရးအတြက္ က်ိဳင္းတုံခ႐ိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီမွ စီစဥ္ကူညီေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
''ေစတနာရွင္ေတြအေနနဲ႔ သဒၶါ တရားအေလ်ာက္ ပါဝင္လွဴဒါန္းမႈကို ႀကိဳဆိုလက္ခံေနပါတယ္။ ေဆးဝါး၊ ေငြေၾကး၊ အာဟာရဒါန မိမိတို႔ႏွစ္ သက္ရာ အစီအစဥ္နဲ႔ ပါဝင္လွဴဒါန္း ကုသိုလ္ယူၾကဖို႔ တိုက္တြန္းခ်င္ပါ တယ္။''ဟု က်ိဳင္းတုံၿမိဳ႕ရွိ ကုတင္ ၂ဝဝ ဆံ့အေထြေထြေရာဂါကု ျပည္ သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာဥာဏ္ ျမင့္က ကေမၻာဇတိုင္းသို႔ေျပာသည္။
.
ယင္းကဲ့သို႔ အခမဲ့လာေရာက္ ေဆးဝါးကုသေပးမႈႏွင့္ ပတ္သက္၍ က်ိဳင္းတုံေဒသခံ ဝန္ထမ္းတစ္ဦးက ''ျပင္ပပုဂၢလိက ေဆး႐ုံ၊ ေဆးခန္း ေတြမွာဆိုရင္ေတာ့ ေငြကုန္ေၾကးက် သိပ္မ်ားပါတယ္။ နယ္လွည့္ေဆးကု သေရးအထူးကုဆရာဝန္ေတြက အခု လိုမ်ိဳး ကိုယ့္ေနရာေဒသကို အ ေရာက္လာၿပီး ေမတၱာ၊ ေစတနာနဲ႔ လုပ္ေပးတာကိုေတာ့ ေက်းဇူးတုံ႔ျပန္ တဲ့အေနနဲ႔ တတ္ႏိုင္သေလာက္ပါဝင္ လွဴဒါန္းကုသိုလ္ယူဖို႔သင့္ပါတယ္။''ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
က်ိဳင္းတုံၿမိဳ႕ရွိ ကုတင္ ၂ဝဝ ဆံ့ အေထြေထြေရာဂါကု ျပည္သူ႔ေဆး႐ုံ ႀကီးတြင္ လက္ရွိတာဝန္ထမ္းေဆာင္ ေနသည့္ နား၊ ႏွာေခါင္း၊ လည္ ေခ်ာင္း အထူးကုဆရာဝန္တစ္ဦးသာ ရွိၿပီး လည္ပင္းႀကီးႏွင့္ လည္ေခ်ာင္း ေရာဂါမ်ားအတြက္ ဓာတ္ခြဲစမ္းသပ္ ႏိုင္သည့္ ကိရိယာမွာ လိုအပ္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။
.
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် နယ်လှည့်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များမှ အခမဲ့ လာရောက် ကုသပေးမည်
.
ထက်တိုင်းကျော်
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် နယ် လှည့်နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ၁၃ ဦးပါဝင် သော အဖွဲ့သည် လာမည့် ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ကျိုင်းတုံမြို့ ရှိ ကုတင် ၂ဝဝ ဆံ့အထွေထွေရော ဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေး စစ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
.
အထူးကုဆရာဝန်ကြီးများအဖွဲ့ သည် ဇွန်လ ၂ ရက်တွင် ကျိုင်းတုံ မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ဆေး ရုံကြီးရှိ ပြင်ပလူနာဌာန(ဥဏီ)တွင် ဇွန်လ ၃ ရက်မှစတင်၍ နား၊ နှာ ခေါင်း၊ လည်ချောင်း ဝေဒနာသည် များကို စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးပြီးနောက် ခွဲစိတ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
နယ်လှည့်အထူးကု ဆရာဝန်ကြီး များ ဆေးစစ်ဓာတ်ခွဲစမ်းသပ်ရန်အ တွက် လိုအပ်သည့် စက်ကိရိယာအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တပ်မတော် စစ်ဆေးရုံ ၃/၃ဝဝ နှင့် ချိတ်ဆက်ကူညီပေးထားပြီး ဆရာဝန်ကြီးများ တည်းခိုနေထိုင် သွားလာရေးအတွက် ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
''စေတနာရှင်တွေအနေနဲ့ သဒ္ဓါ တရားအလျောက် ပါဝင်လှူဒါန်းမှုကို ကြိုဆိုလက်ခံနေပါတယ်။ ဆေးဝါး၊ ငွေကြေး၊ အာဟာရဒါန မိမိတို့နှစ် သက်ရာ အစီအစဉ်နဲ့ ပါဝင်လှူဒါန်း ကုသိုလ်ယူကြဖို့ တိုက်တွန်းချင်ပါ တယ်။''ဟု ကျိုင်းတုံမြို့ရှိ ကုတင် ၂ဝဝ ဆံ့အထွေထွေရောဂါကု ပြည် သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ် မြင့်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယင်းကဲ့သို့ အခမဲ့လာရောက် ဆေးဝါးကုသပေးမှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံ ဝန်ထမ်းတစ်ဦးက ''ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း တွေမှာဆိုရင်တော့ ငွေကုန်ကြေးကျ သိပ်များပါတယ်။ နယ်လှည့်ဆေးကု သရေးအထူးကုဆရာဝန်တွေက အခု လိုမျိုး ကိုယ့်နေရာဒေသကို အ ရောက်လာပြီး မေတ္တာ၊ စေတနာနဲ့ လုပ်ပေးတာကိုတော့ ကျေးဇူးတုံ့ပြန် တဲ့အနေနဲ့ တတ်နိုင်သလောက်ပါဝင် လှူဒါန်းကုသိုလ်ယူဖို့သင့်ပါတယ်။''ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့ရှိ ကုတင် ၂ဝဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီးတွင် လက်ရှိတာဝန်ထမ်းဆောင် နေသည့် နား၊ နှာခေါင်း၊ လည် ချောင်း အထူးကုဆရာဝန်တစ်ဦးသာ ရှိပြီး လည်ပင်းကြီးနှင့် လည်ချောင်း ရောဂါများအတွက် ဓာတ်ခွဲစမ်းသပ် နိုင်သည့် ကိရိယာမှာ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment